ထိုသခင်အတွက်

"ထိုသခင်သည် တိုးပွါးခြင်းရှိရမည်။ ငါမူကားဆုတ်ယုတ်ခြင်းရှိရမည်" ရှင်ယောဟန် ၃း၃၀
ဗတ္တိဇံဆရာယောဟန်သည် ခရစ်တော်ရှေ့၌စေလွှတ်ခြင်းကိုခံရသောသူဖြစ်သည်။ ယေရှုခရစ်တော်အတွက် လမ်းခင်းပေးသောသူဖြစ်သည်။ ယေရှုနှင့် သူ၏တပည့်တော်တို့အတူ ယုဒကျေးလက်တို့မှာ နေ၍ ဗတ္တိဇံပေးသည်ကို ယောဟန်၏တပည့်တော်များသည်ကြားသောကြောင့် သူ၏ဆရာထံသို့သွား၍ ပြောပြသည်။ ထိုအခါ ဗတ္တိဇံဆရာယောဟန်၏တုံ့ပြန်မှုသည် ဝန်ခံခြင်းနဲ့ သူ၏တပည့်များကို ပြန်၍ ပြောခဲ့သည်။ ယေရှုခရစ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်သည် (ရှင်ယောဟန် ၃း၂၇-၃၆) ၌ ဟောပြောထားသည်။ အတူတကွ ကျမ်းစာဖတ်၍ ဆင်ခြင်ကြည်ပါစို့။
ယနေ့အသက်တာ၌ ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို များစွာ သက်သေခံရမည်။ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း လူသားများကို အပြစ်ငရဲမှ ကယ်တင်သောအရှင်ဖြစ်ကြောင်းကို လောကီလူသားများကို ကျွန်ုပ်တို့သည် များစွာသက်သေခံရန်အထူးလိုအပ်နေပေသည်။ အတိုက်အခံများစွာဖြင့် တုန့်ပြန်နေသောလည်း ဗတ္တိဇံဆရာယောဟန်ကဲ့သို့ ယေရှုခရစ်တော်အကြောင်းကို သက်သေခံချက်များဖြင့် ကျွန်ုပ်တို့သည်လည်း ဟောပြောသက်သေခံနေရမည်ဖြစ်သည်။
အဘယ်ကြောင့်နည်း ထာဝရဘုရားသခင်ကို ယုံကြည်သောသူတိုင်းအတွက် အထူးတာဝန်ဖြစ်ပေသည်။ အချိန်ရှိသည်ဖြစ်စေအချိန်မရှိသည်ဖြစ်စေ ယေရှုခရစ်တော်အကြောင်းကို သက်သေခံနေရမည်ဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်သည် သူ့အကြောင်းကိုသူ သက်သေမခံ၊ ယေရှုခရစ်တော်အကြောင်းကို "ဘုရားသခင်စေလွှတ်တော်မူသောသူသည် ဘုရားသခင်၏စကားတော်ကိုပြောဆိုတတ်၏။ ထိုသူအားဘုရားသခင်သည် ဝိညာဥ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏။" ရှင်ယောဟန် ၃း၃၄ "ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့အပ်ပေးတော်မူပြီ။ သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ၊ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်ဟု ယောဟန်ဟောလေ၏" ယောဟန် ၃း၃၅-၃၆ သက်သေခံသည်။

ဆုတောင်းချက် - ထာဝရဘုရားသခင် ယနေ့မှစ၍ လောကီလူသားများအတွက် ဧဝံဂေလိသတင်းကောင်းကို ဟောပြောပါမည်။ ယေရှုနာမ၌ဆုတောင်းပါ၏-အာမင်

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)