သစ္စာစောင့်၍

"သစ္စာစောင့်၍ဖြောင့်မတ်သောလူမျိုးဝင်ပါစေ။ စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်၌ခိုလှုံသောကြောင့်၊ ငြိမ်သက်ခြင်း သက်သက်ရှိမည့်အကြောင်းစောင့်ရှောက်တော်မူလိမ့်မည်။" (ဟေရှာယ ၂၆း၃)
ဘဝမှာခက်ခဲပြဿနာရင်ဆိုင်လာရတဲ့အခါ ဘုရားသခင်အပေါ် ဘယ်လောက်သစ္စာစောင့်၊သစ္စာရှိသလဲ ဘုရားသခင်သူသည်စိတ်ဝင်စားသည်။ ကျမ်းစာထဲ၌ ဘုရားသခင်အပေါ်သစ္စာရှိသောသူများစွာတွေ့ရသည်။ ထိုသစ္စာရှိသောသူများထဲတွင် ကျွန်ုပ်တို့ပါဝင်နေရမည်။ သစ္စာရှိသောသူ ယောဘအကြောင်းကိုလည်း များစွာဆင်ခြင်နိုင်ပါသည်။ နောက် ယနေ့တွင် ဒံယေလ၏ သစ္စာစောင့်ခြင်းကို ဆင်ခြင်မိမယ်ဆို ကျွန်ုပ်တို့၏ ဘဝခက်ခဲပြဿနာရင်ဆိုင်မှုများသည် အလွန်လွယ်ကူနေပေလိမ့်မည်။ ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးဖတ်ကြည့်၍ ခွန်အားယူကြပါစို့။ (ကိုယ်ပိုင်ကျမ်းစာအုပ်ဖွင့်၍ဖတ်ရှုပါ)။
ဒံယေလအနာဂတ္တိကျမ်း ၆ တခန်းလုံးကို ဖတ်ရှုပြီနောက် ဒံယေလ၏တွေ့ကြုံသော အခက်အခဲကို တွေ့ရပေမည် သူ၌ရွေးချယ်ရမည် ရှင်ဘုရင်အမိန့်နှင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ထိုမိတ်သဟာယဖွဲ့ခြင်းသည် တနေ့ကို သုံးကြိမ်ဖြစ်သည်။ ရှင်ဘုရင်အမိန့်ကို ရက်သုံးဆယ်အတွင်း တနေ့ကို သုံးကြိမ်ဆန့်ကျင့်ခဲ့သည်။ ထိုကြောင့် ဒံယေလ ခြင်္သေတွင်းထဲ ချခံရသည်။ သို့သော် ဘုရားသခင်အပေါ်သစ္စာရှိခြင်းကြောင့် ကယ်တင်ခြင်းခံရသည်။ ဒံယေလ၏ ရှင်ဘုရင်ကို ပြန်ပြောသောစကား၌ "အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ခြင်္သေ့နှုတ်ကိုပိတ်ထားတော်မူသဖြင့်၊ အကျွန်ုပ်သည် ခြင်္သေ့ဘေးနှင့်လွတ်ပါ၏။ အကြောင်းမူကား၊ ဘုရားသခင်ရှေ့၌ အကျွန်ုသည် အပြစ်ကင်းပါ၏။ ကိုယ်တော်မြတ်ကိုလည်း အလျှင်းမပြစ်မှားပါဟုပြန်လျှောက်လေ၏။ ဒံယေလ ၆း၂၂" ထိုအဖြေစကားသည် လွန်စွာပါးနပ်လှသည်။ ကျွန်ုပ်တို့ဘဝတွင် ဘုရားသခင်နှင့် လောက နှစ်ခု ရွေးချယ်ရတိုင်း မည်သည်ကိုရွေးချယ်မည်နည်း။ ဘုရားသခင်အတွက်လား လောကအတွက်လား အမြဲအရွေးရခက်သော အမေးပုစ္ဆာကဲ့သို့ မဖြစ်ဖို့အလွန်အရေးကြီးသည်။ ဒံယေလသည် ရှင်ဘုရင်အမိန့်တော်ကို ကြားသောလည်း ဘုရားသခင်ကိုဆုတောင်းခြင်းကို မလှစ်ဟင်းခဲ့ပါ။ ရှင်ဘုရင်၏အမိန့်တော်သည် သူနှင့်ဘုရား မိတ်သဟာယပျက်ခြင်းကို သူလက်မခံခဲ့ပါ။ ဘယ်အရာဟာ ပိုအရေးကြီးသလဲသူသိသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကို အရာအားလုံးထက်ပို၍ ဦးစားပေးရမည် ဘယ်လိုအချိန်အနေဖြစ်နေပါစေ ဦးစားပေးချင်သောစိတ်ကို မွေးရမည်။ ဘဝရဲ့သေရေးရှင်ရေးဖြစ်နေပါစေ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကို သစ္စာစောင့်၍ အမြဲမပျက်ဆုတောင်းကျမ်းစာဖတ်ပါဟု ခွန်အားပေးတိုက်တွန်းပါရစေ။

ဆုတောင်းချက် - ကောင်းကင်ဘုံ၌ရှိတော်မူအဖဘုရားသခင် ကိုယ်တော်အတူ အမြဲဆုတောင်းချင်ပါသည် အရာအားလုံးထက် ကိုယ်တော်ကိုသာ ဦးစားပေးပါ၏။ ယေရှုနာမ၌ဆုတောင်းပါ၏။ အာမင်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

သင်၏တဲရာကို ကျယ်စေလော့

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း