ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)



ကျိန်ခြင်း၏ အရင်းအမြစ်
            ကျိန်ခြင်းတိုင်းတွင် အကြောင်းတစ်ခုခုရှိစမြဲဟု ရှောလမုန်က (သု၊ ၂၆း၂) တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။
စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဧရက်သည်လည်း ပျံသွားသကဲ့သို့ ထိုနည်းတူ အကြောင်းမရှိသောကျိန်ခြင်းသည် မသင့်မရောက်တတ်။
            ဤအခြေခံမူကို နှစ်ဖက်ချွန် အသုံးချနိုင်ပါသည်။ တစ်ဘက်တွင် ကျိန်ခြင်းသည် အကြောင်းမရှိလျှင် ထိရောက်မှုမရှိသလို၊ တစ်ဘက်တွင် ဆန့်ကျင်ဘက် မှန်ကန်ပါသည်။ ကျိန်ခြင်းရှိသည့်အကြောင်းတရားကို အတိအကျဖော်ထုတ်ဖို့ရန် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ပိုင်းခြားသိတတ်ရန် လိုအပ်ပါသည်။ သီးခြားပြဿနာတစ်ခုစီအတွက် အကြောင်းတရားကို ဖော်ထုတ်နိုင်ပါက ထိရောက်စွာ ရင်ဆိုင်နိုင်ပါလိမ့်မည်။
            ဤအပိုင်းသည် ကျွန်တော်တို့၏ အသက်ရှင်သန်မှုကို ဒုက္ခဝေဒနာရောက်စေ တတ်သော အဓိကကျိန်ခြင်းဟူသမျှ၏ အကြောင်းတရားများကို လမ်းဖွင့်ပေးပါလိမ့်မည်။ ဖတ်ရှုပြီးလျှင် ပိုမိုနားလည်သဘောပေါက်သည်သာမက ရှေ့ပိုင်းတွင် ဖော်ပြသွားမည့် ဘုရားသခင်၏ဖြေဆေးကို အသုံးပြုနိုင်ပါသည်။




             ဘုရားသခင်ကို ကျိန်ခြင်း၏ အရင်းအမြစ်အနေဖြင့်
            လူ့အမြောက်အမြားသည် ဘုရားသခင်၏ ထူးခြားသော ဂုဏ်အင်္ဂါရပ်တို့ကို နားမ လည်ခြင်းကြောင့် အဟန့်အတားခံနေရပါသည်။ သူတို့၏အထင်တွင် ဓမ္မဟောင်းသည် ဘုရားသခင်ကို အမျက်ဒေါသကြီး၍ တရားစီရင်သောဘုရားအဖြစ်ဖြင့်လည်းကောင်း၊ ဓမ္မသစ်တွင် ချစ်ခြင်းမေတ္တာနှင့် ကရုဏာဘုရားအဖြစ်ဖြင့်လည်းကောင်း မြင်ကြသည်။
            ဤကဲ့သို့ဖြစ်စေကာမူ သမ္မာကျမ်း၏ ထင်မြင်ယူဆချက် နှစ်ခုလုံးသည် တစ်ခုနှင့် တစ်ခု ညီညွတ်သည်ဖြစ်၍ ဘုရားသခင်၏ ရုပ်သဏ္ဍာန်နှစ်ခုလုံးကို မှန်ကန်စွာမြင်တတ်ဖို့ လိုပါသည်။ (ရော၊ ၁၁း၂၁-၂၂)တွင် ရှင်ပေါလုသည် ဘုရားသခင်၏ လုပ်ဆောင်မှု အသွင် အပြင်နှစ်ခုကို ဘေးယှဉ်၍ တင်ဆက်ထားပါသည်။ “အကြောင်းမူကား ဘုရားသခင် ပကတိ အခက်များကို နှမြောတော်မမူလျှင် သင်တို့ကို နှမြေတော်မူမည်လော။ သို့ဖြစ်၍ လဲသော သူ၌ ပြင်းစွာသော စီရင်တော်မူခြင်းကို၎င်း၊ ကျေးဇူးတော်၌ သင်သည် တည်နေလျှင်၊ သင်၌ ပြုတော်မူသော ကျေးဇူးတော်ကို၎င်း၊ အောက်မေ့ကြလော့။” ဘုရားသခင်၏ ကောင်းချီးမင်္ဂ လာသည် ဘုရားသခင်၏ကျေးဇူးတော်၌တည်သည်။ သို့သော်လည်း ကိုယ်တော်၏ တရား စီရင်ခြင်းသည် ကိုယ်တော်၏ကရုဏာကင်းမဲ့ခြင်းမှ ပေါ်ထွက်လာသည်။ နှစ်ခုလုံးမှာ အညီ အမျှ ယုတ္တိရှိသည်။
            ကြိမ်ဖန်များစွာ ဘုရားသခင်သည် လူတစ်ယောက်ချင်းအပေါ်သို့ သို့မဟုတ် တစ် နိုင်ငံလုံးအပေါ် ကျိန်ခြင်းဒဏ်ချမှတ်ခဲ့ပါသည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ လူတို့၏ အာရုံကို ဆွဲဆောင်၍ မနာခံခြင်း၏ကြောက်မက် တုန်လှုပ်ဖွယ်ကောင်းသော ဆိုးကျိုးကို သတိပေးရန်ဖြစ်ပါသည်။ ကျိန်ခြင်းသည် ဘုရားသခင်၏ အပြင်းထန်ဆုံးသော တရားစီရင် ခြင်း ပုံစံတစ်ခုဖြစ်ပါသည်။ သို့သော်လည်း ကိုယ်တော်၏ဆန္ဒမှာ လူတို့သည် နောင်တရ၍ သူ့ထံသို့ ပြန်လှည့်ဖို့သာဖြစ်သည်။
            ဘုရားသခင်သည် ကျိန်ခြင်း၏ အရင်းအမြစ်ဖြစ်ခဲ့သည်။ ရှေးအကျဆုံး ဥပမာတစ် ခုကို ကမ္ဘာဦးကျမ်း အခန်း(၁၂)ရှိ အာဗြဟံကို ခေါ်ထုတ်ရာ၌ တွေ့ရှိရပါသည်။ ဤခေါ် တော်မူခြင်းတွင် အဆင့်ခုနစ်ဆင့်ကို တိတိကျကျဖော်ပြခဲ့သည်။ ၎င်းတို့အနက် အဆင့် ခြောက်ဆင့်သည် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာချပေးမည့် ကတိတော်များဖြစ်၍ စိုးရိမ် ကြောက်လန့်ဖွယ်ကောင်းသော သတိပေးချက်များလည်းပါဝင်သည်။
            (၁)        သင့်ကို လူမျိုးကြီးဖြစ်စေမည်။
            (၂)        သင့်ကို ငါ ကောင်းကြီးပေးမည်။
            (၃)        သင်၏နာမကို ကြီးမြတ်စေမည်။
            (၄)        သင်သည် ကောင်းကြီးခံရသောသူဖြစ်စေမည်။
            (၅)        သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။
            (၆)        သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။
            (၇)        သင့်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို              ခံရကြလိမ့်မည်။                            (ကမ္ဘာ၊၁၂း၁-၃)။
ရဟူဒီ ဆန့်ကျင်ခြင်းဝါဒ
            အာဗြဟံကို ဘုရားသခင်ခေါ်တော်မူသည် ဆဌမအချက်သည် အာဗြဟံကို ကျိန်ဆဲသောသူကို ကျိန်ဆဲဖို့ဖြစ်ကြောင်း မှတ်ထားရမည်။ အာဗြဟံအတွက်သာမဟုတ်ဘဲ သူ၏သားစဉ်မြေးဆက်အတွက်ပါဝင်သည်။ ဘုရားသခင်သည် လူတစ်ယောက်ကို အထူး တာဝန်တစ်ရပ် ပေးအပ်သည့်အခါ ထိုသူသည် စာတန်မာရ်နတ်ကို ဆန့်ကျင်ဖို့ရန် သီးခြား ပစ်မှတ်ဖြစ်သောကြောင့် ဘုရားသခင်သည် အကာအကွယ်တစ်ခုခုလုပ်ပေးရန် လိုအပ်ပါ သည်။
            (ကမ္ဘာ၊၂၇း၂၉)တွင် ဖော်ပြခဲ့သည် ဣဇာက်မှ သားယာကုပ်ကို ကောင်းချီးပေးရာ တွင် အလားတူ အကာအကွယ်လုပ်ပေးခဲ့သည်ကိုတွေ့ရပါသည်။ သင့်ကို ကျိန်ဆဲသောသူ အပေါင်းတို့သည် ကျိန်ခြင်းကို ခံရကြစေသတည်။ ဤကဲ့သို့ အာဗြဟံအပေါ်တွင် မူလက ဘုရားးသခင် ချပေးတော်မူသော ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့သည် အာဗြဟံ၏ သားစဉ်မြေးဆက်အထိ ကျယ်ပြန့်သွားခဲ့ပါသည်။ ဤအဖြစ်အပျက်သည် ရဟူဒီလူမျိုးတစ် ရပ်လုံး အနေဖြင့်သော်လည်းကောင်း၊ ဣသရေလနိုင်ငံသားတစ်ရပ်လုံးအနေဖြင့်သော် လည်းကောင်း တိုက်ရိုက်ကျရောက်သွားခဲ့သည်ကို သဘောပေါက်ရန် အလွန်အရေးကြီး ပါသည်။
            နောက်တစ်ချက် မှတ်သားရန်မှာ ဘုရားသခင်သည် အာဗြဟံနှင့် သူ၏သားစဉ် မြေးဆက်တို့ကို ရန်ပြုသောသူများမှ မကျိန်ဆဲနိုင်အောင် ဖန်တီးခြင်းမပြုဘဲ ကျိန်ဆဲ၊ ညှဉ်း ဆဲခြင်းပြုသောသူတို့သည် ကြောက်မတ်ဖွယ်ကောင်းသော ဆိုးကျိုးများကို ခံရလိမ့်မည်ဟု အာမခံသည့်အကြောင်းဖြစ်ပါသည်။ ရဟူဒီဆန့်ကျင်ရေးကို မှတ်တမ်းတင်ထားသော ကြေ ကွဲဖွယ်ရာ ကမ္ဘာ့သမိုင်းသည် ဤကျိန်ခြင်းဒဏ်ကို ၀မ်းနည်းဖွယ်သက်သေခံခဲ့ပါသည်။ ရဟူဒီဆန့်ကျင်ရေးတွင် ဘုရားသခင်၏ ကျိန်ခြင်းကို ပင့်ခေါ်သည်။
            ကံဆိုးမိုးမှောင်ကျရောက်ကာ၊ နှစ်ပေါင်းရာစုများမှာ ခရစ်တော်ကို ၀န်ခံခဲ့သော ခရစ်ယာန်အသင်းပငင် ရဟူဒီဆန့်ကျင်ခြင်း၌ ပါဝင်ခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် လည်း အသင်းတော်သည် ထိုခရစ်ယာန်အသင်းမှ သူ၏ယဇ်ကောင်အဖြစ်အရေးဆိုခဲ့သော ရဟူဒီလူမျိုးအား ၀ိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာအဖြာဖြာအတွက် ကျေးဇူးဥပကာရတင်ရ ပါသည်။ ရဟူဒီလူမျိုးသာမရှိလျှင် ခရစ်ယာန်အသင်းတော်သည် တမန်တော်များမရှိ၊ ကျမ်း စာမရှိ၊ ကယ်တင်ရှင်မရှိဖြစ်ပါမည်။
            သင် သို့မဟုတ် သင်၏ဘိုးဘေးဘီဘင်တို့သည် ရဟူဒီလူမျိုးတို့၏ ရန်သူဖြစ် ကောင်းဖြစ်ပါမည်။ သင်ကိုယ်တိုင် ရဟူဒီလူမျိုးကို ဝေဖန်သုံးသပ်သည်သာမက ကျိန်ခြင်း ပြုကောင်းပြုပါမည်။ ဤကဲ့သို့သော လုပ်ဆောင်မှုများသည် မကောင်းသော ဆိုးကျိုးဖြစ်စေ နိုင်သည် သင်၏အသက်တာတွင် ကျိန်ခြင်းကျရောက်လာပါမည်။ မည်သို့ဖြစ်စေ သင် သည် လွတ်ကျွတ်နိုင်သည့်အကြောင်းရှိပါသည်။
မနာခံခြင်း
          (တရား၊၂၇း၁၁-၂၆) တွင် ဘုရားသခင်သည် အမိန့်ထုတ်ဆင့်ခဲ့သည့်အကြောင်း မှာ ဣသရေလလူမျိုးတို့သည် ကတိတော်ရှိသည့်အတိုင်းပေးတော်မူသောပြည်သို့ရောက် သောအခါ ဘုရားသခင်ချမှတ်ပေးတော်မူသော အကြောင်းအရာတချို့ကို လိုက်နာခြင်းမရှိ လျှင် သူတို့အပေါ် ကျိန်ခြင်းဆယ်နှစ်မျိုးတို့ ကျရောက်မည့်အကြောင်းဖြစ်ပါသည်။ ဘုရား သခင်၏စကားကို နာခံလျှင် ကောင်းချီးမင်္ဂလာခံစားရမည်။ မနာခံလျှင် ကျိန်ခြင်းခံရမည်ဟူ သော ခြွင်းချက်နှစ်ချက်ကို လုံးလုံးလျားလျား သိရှိနားလည်ခြင်းမရှိဘဲ  ကတိပေးတော်မူ သောပြည်သို့ မ၀င်စားနိုင်ပါ။ ဤနှစ်ချက်အကြားတွင် အလယ်အလတ်လိုက်လျောမှုမရှိပါ။ အခြားရွေးစရာ လမ်းကြောင်းလည်းမရှိတော့ပါ။
            ကျိန်ခြင်းဆယ်မျိုးတို့ကို သီးခြားစီ အသေးစိတ် အစဉ်လိုက်စာရင်းပြုစုခဲ့ရာ၊ ၎င်းတို့ကို အောက်ပါအတိုင်း ခေါင်းစဉ်တပ်၍ ပေါင်းချုပ်နိုင်ပါသည်။
            + ရုပ်တုကိုးကွယ်ခြင်းနှင့် ဘုရားတုများကိုးကွယ်ခြင်း
            + မိဘကို မထီမဲ့မြင်ပြုခြင်း။
            + တရားမ၀င်၊ သဘာဝမကျသော လိင်ဆက်ဆံခြင်း၊
            + အားနွဲ့သောသူ၊ ခိုကိုးရာမဲ့ဖြစ်သူတို့အား မတရားပြုခြင်း။
ရုပ်တုကိုးကွယ်ခြင်းနှင့် ဘုရားတုကိုးကွယ်ခြင်း
          (ထွက်၊၂၀း၃)၌ ပထမဆုံးသော ပညတ်တော်ဆယ်ပါး၏ ပထမဆိုးကျိုးကို ဘုရား သခင်က ဤကဲ့သို့ ဖွင့်ဆိုထားပါသည်။
            ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါမှတပါး အခြားသော ဘုရားကို မကိုးကွယ်ရ။ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ ထို့ ကြောင့် ဘုရားအတု၊ ရုပ်တုဆင်းတုတို့ကို ၀တ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်ကို တိုက် ရိုက်မနာခံခြင်းဖြစ်သည်။ စစ်မှန်သော ဘုရားသခင်သည် ဖန်ဆင်းခြင်း၌ ပထမဆုံး ထင်ရှား သိသာသကဲ့သို့ တစ်ဖန် ကျမ်းစာထဲတွင် သန့်ရှင်းသော၊ အံ့ဩဖွယ်ကောင်းသော၊ ဘုန်း တော်ထင်ရှားသော၊ အနန္တတန်ခိုးနှင့်ပြည့်စုံသောဘုရားအဖြစ် အပြည့်အ၀ ထင်ရှားဖော်ပြ ခဲ့ပါသည်။ ဖန်ဆင်းခြင်းခံရသော သက်ရှိသက်မဲ့တစ်ခုခုကို လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ဘုရားနှင့်တူအောင် ထုလုပ်၍ ဖန်ဆင်းရှင်ကို ကိုယ်စားပြုစေခြင်းမှာ ကိုယ်တော်ကို စော် ကားခြင်းဖြစ်သည်။ ဘုရားသခင်အား အမျက်ဒေါသထွက်စေသည်မှာ အံ့ဩစရာမလိုပါ။
“ထာဝရဘုရားစက်ဆုပ်ရွံ့ရှာသောအရာ၊ လက်သမားလက်နှင့်ထုလုပ်သော ရုပ်တု၊ ထွင်းသောဆင်းတုကို လုပ်၍ မထင်ရှားသောအရပ်၌ ထားသောသူသည် အမင်္ဂလာရှိ စေသတည်း။”                                                       (တရား၊၂၇း၁၅)။
            မည်ရွေ့မည်မျှပင်ဖြစ်စေကာမူ၊ ပွင့်ပွင့်လင်းလင်း ရုပ်တုဆင်းတု ကိုးကွယ်ခြင်း သို့မဟုတ် ကိုးကွယ်သည့် ဘာသာရေး သဏ္ဍာန်မဆောင်သည့်တိုင်အောင် ပို၍ကျယ်ပြန့် သော ဒုတိယရုပ်တုကိုးကွယ်ခြင်းမျိုးတစ်မျိုးလည်း ရှိပါသေးသည်။ ၎င်းအကျင့်မျိုး၏ စစ်မှန် သောသဘောသဘာဝကို ထင်ယောင်ထင်မှားသောအခေါ်အဝေါ်မှ ဖုံးကွယ်ထားခြင်း ကြောင့် occult ဟု လျောက်ပတ်စွာ ဖော်ပြခဲ့ပါသည်။ occult မှာ Latin စကားဖြစ်၍ “ဖုံး အုပ်ထားခြင်း” သို့မဟုတ် “ကွယ်ဝှက်ခြင်း”ဟု အဓိပ္ပါယ်ရှိသည်။ ဤအထက်လမ်းပညာမျိုး သည် အတတ်ပညာနှင့် တန်ခိုးအရှိန်အ၀ါတို့ကို လိုချင်သော ဆန္ဒနှစ်ခုတည်းဟူသော အပြင်းထန်ဆုံး ဇာတိပကတိတောင့်တမှုနှစ်ခုကို ဗဟိုပြုသည်။ အတိုင်းအတာတစ်ခုအရ၊ လူသားသည် ဤတောင့်တမှုတို့ကို သဘာဝအရင်းအမြစ်မှ သဘာဝနည်းလမ်းဖြင့် ရယူ တင်းတိမ်နိုင်ပါသည်။ ဤနည်းလမ်းဖြင့်ရရှိသော အတိုင်းအတာဖြင့် အပြည့်အ၀ ကျေနပ် တင်းတိမ်မှုမရှိခဲ့လျှင် ထိုသူသည် လူမတတ်နိုင်သော အရင်းအမြစ်သို့ ဦးလှည့်မည်မှာ မြေကြီးလက်ခတ်မလွဲပါ။ ဤအဆင့်သို့ရောက်သွားသည့်အခါ အထက်လမ်းပညာတွင် အလိုအလျောက်ထောင်ချောက်မိပြီးသားဖြစ်လေသည်။
            ဤသို့ဖြစ်ရသည်မှာ အမှန်တကယ်တွင် လူမတတ်စွမ်းနိုင်သော ဥာဏ်ပညာနှင့် တန်ခိုးကို ရနိုင်သည့် အရင်းအမြစ်နှစ်ခုတည်းသာရှိသောကြောင့်ဖြစ်လေသည်။ ထိုအရင်း အမြစ်တို့မှာ ဘုရားသခင် သို့မဟုတ် စာတန်မာရ်နတ်ဖြစ်ပါသည်။ လူမတတ်စွမ်းနိုင်သော ဥာဏ်ပညာနှင့် တန်ခိုးတို့သည် ဘုရားသခင်ထံမှ ရယူခြင်းဖြစ်လျှင် တရားဝင်သည်။ စာတန်ထံမှ ရယူခြင်းဖြစ်လျှင် တရားမ၀င်ပါ။ အကောင်းအဆိုးကို သိနိုင်သော ထိုတားမြစ် ထားသည့်သစ်ပင်မှ ဤတရားမ၀င်သော ဥာဏ်ပညာကို ရယူရန် တောင့်တမှုကြောင့် ဧဒင် ဥယျာဉ်ထဲတွင် အပြစ်ကျူးလွန်ရန် လူ၏စိတ်ကို ဆွပေးခဲ့ပါသည်။ ဤကဲ့သို့ လုပ်ဆောင် ခြင်းအားဖြင့် လူသည် စာတန်၏ နယ်ပယ်ထဲသို့မျက်စိဖြင့် မမြင်နိုင်သော နယ်နိမိတ်ကို ဖြတ်ကျော်ခဲ့ပါသည်။ ထိုအချိန်မှစ၍ လူသည် လှည့်ဖြားခြင်းအလွယ်တကူ ခံတတ်ခြင်းဖြစ် သည်။
            အထက်လမ်းပညာ၏ မတရားလှည့်ဖြားခြင်းပုံစံအမျိုးမျိုးရှိပြီး အကန့်အသတ်မရှိ ကျင့်သုံးနိုင်ခဲ့သော်လည်း အဓိကအကိုင်းသုံးခု၏ ပုံပန်းသဏ္ဍာန်ကို ဖော်ထုတ်နိုင်ပါသည်။ ၎င်းတို့မှာ မှော်အတတ်၊ နတ်ဝိဇ္ဇာအတတ်ဖြင့် ဗေဒင်ဟောပြောခြင်းနှင့် ပြုစားခြင်းတို့ဖြစ်ပါ သည်။
            မှော်အတတ်သည် အထက်လမ်း၏ တန်ခိုးအကိုင်းဖြစ်ပါသည်။ အရင်းအမြစ်ကို (၁ရာ၊ ၁၅း၂၃)တွင် အတိုချုပ်ဖော်ပြထားပါသည်။ “ငြင်းဆန်သော သဘောသည် နတ်ဆိုး နှင့်ပေါင်းသင်ခြင်းကဲ့သို့၎င်း၊” မှော်အတတ်သည် လူသား၏ဘုရားသခင်ကို ပုန်ကန်သော နည်းတစ်နည်းဖြစ်ပါသည်။ ဘုရားသခင်၏ နည်းဥပဒေအတိုင်း ကျိုးနွံခြင်းမရှိဘဲ လူသား သည် သူလိုချင်သောအရာများကို သူ့ဟာသူ ရယူရန် အားထုတ်ခြင်းဖြစ်သည်။ မှော်အ တတ်၏ တစ်ခုတည်းသောဆန္ဒမှာ လူနှင့်ပတ်ဝန်းကျင် အခြေအနေတို့ကို အုပ်စိုးလိုခြင်းဖြစ် ပါသည်။ ဤပန်းတိုင်ကို ရောက်နိုင်ရန် စိတ်ကို ဖိအားပေးခြင်း သို့မဟုတ် နာမ်ဝိညာဉ်နည်း သို့မဟုတ် နှစ်ခုလုံးဖြင့် ကြိုးဆွဲကိုင်တွယ်မည်၊ ခြိမ်းခြောက်မည်၊ တန်ခိုးအရှိန်အဟုန်ဖြင့် လွှမ်းမိုးမည်။
            နတ်ဝိဇ္ဇာအတတ်ဖြင့် ဗေဒင်ဟောခြင်းသည် အထက်လမ်း၏ ဥာဏ်ပညာအကိုင်း ဖြစ်ပါသည်။ သဘာဝနည်းလမ်းဖြင့် သန့်သန့်ရှင်းရှင်း မရနိုင်သော ဥာဏ်ပညာပုံစံအမျိုးမျိုး တို့ကို နတ်ဝိဇ္ဇာအတတ်က ကမ်းလှမ်းသည်။ လူသိအများဆုံးပုံစ့တွင် ဗေဒင်ဟောပြောခြင်း သည် အနာဂတ်ကို လူမတတ်စွမ်းနိုင်သော အသိပညာဖြင့် ကမ်းလှမ်းခြင်းဖြစ်သည်။ နတ် ၀ိဇ္ဇာအတတ်သည် အနန္တတန်ခိုးရှင်ထံမှရယူသည်ဟုပင် အရေးဆိုသော ဘာသာရေးဗျာ ဒိတ်တော်ပုံစံ အတုအယောင်အမျိုးမျိုးလည်းပါဝင်သည်။
            ပြုစားခြင်းသည် ရုပ်ပစ္စည်းအားဖြင့် သို့မဟုတ် ဆေးဝါးနှင့် သံချိုတေး စသည်တို့ ကို အသုံးပြု၍ အာရုံငါးပါးကို ထိခိုက်စေခြင်းဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ (ဗျာ၊၉း၂၁) တွင် ပြုစားခြင်းစကားလုံးသည် ဂရိစကား ဆေးဝါးကို တိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။ ဘာသာရေးဆိုင်ရာ လက်လုပ်အနုပညာပစ္စည်းများ၊ ရုပ်တု၊ ဆင်းတုအသေးအမွှားများ၊ လက်ဖွဲ့အဆောင်အယောက်များစသော ရုပ်ပစ္စည်း အမျိုးမျိုးကို အသုံးပြုသည်။ စာအုပ် လည်း အထက်လမ်းတန်ခိုးလမ်းကြောင်းအဖြစ် အသုံးပြုနိုင်သည်ဟု မှတ်သားရန် အရေး ကြီးပါသည်။ ဧဖက်အသင်းတော်ရှိ ခရစ်ယာန်များသည် (တမန်၊ ၁၉း၁၈-၁၉)တွင် သူတို့၏ နတ်ဝိဇ္ဇာအတတ်၊ စာအုပ်များသည် ချုပ်နှောင်ခြင်း၏အရင်းအမြစ်တစ်ခုဖြစ်သည်ကို သဘောပေါက်ကြသဖြင့် မည်မျှတန်ခိုးကြီးစေကာမူ မီးရှို့ဖျက်ဆီးကြသည်။ နတ်ဝိဇ္ဇာအ တတ်ပညာနှင့် ပတ်သက်သော ပစ္စည်းပစ္စယအားလုံးကို လုံးဝဖျက်ဆီးရန် မီးရှို့ခြင်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။
            ဤအထက်လမ်းအောက်လမ်း နတ်ဝိဇ္ဇာအတတ်ပညာ၏ နယ်ပယ်တွင် ကျင်လည် သူတို့သည် စာတန်မာရ်နတ်ထံမှ ပညာအတတ်နှင့် တန်ခိုးကို ရှာဖွေခြင်းဖြစ်သည်။ ဘုရား သခင်သည် သူ့ထံမှလွဲ၍ ဥာဏ်ပညာနှင့်တန်ခိုးကို ရှာဖွေရန် အခြားနေရာများကို ခွင့်မပြုပါ။ ဤကဲသို့ စာတန်မာရ်နတ်ထံမှ ဥာဏ်ပညာ ဘုန်းတန်ခိုးရှာဖွေခြင်းသည် စာတန်ကို ဘုရား အဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။ စစ်မှန်သော ဘုရားသခင်ကို ဘေးဖယ်ခြင်းဖြင့် ပညတ်တော်ဆယ်ပါး၏ပထမကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်။
            ဤနည်းလမ်းဖြင့် နတ်ဝိဇ္ဇာကို အသုံးပြုသူတို့သည် ဘုရားသခင်၏ ပညတ်တော် ကို ချိုးဖောက်သူများထံကျရောက်မည့် ကျိန်ဆဲခြင်းကိုခံရန် သူတို့ကိုယ်ကိုအပ်နှံခြင်းသာ ဖြစ်သည်။ ထိုကျိန်ဆဲခြင်းသည် သားစဉ်မြေးဆက်လေးဆက်အထိကူးစက်သွားမည်ဖြစ် သည်။ ဣသရေလတစ်မျိုးသားလုံးသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်၊ အခြားသောဘုရား အတုကိုးကွယ်ခြင်းတွင် ပါဝင်ပတ်သက်လျှင် သို့မဟုတ် ယနေ့အခေါ် အထက်လမ်း၊ အောက်လမ်း နတ်ဝိဇ္ဇာအတတ်နှင့် ပုံပန် သဏ္ဍာန်တူညီသော ရှိခိုးကိုးကွယ်ခြင်းအမျိုးမျိုး၊ ပရောဖက်အတုအမျိုးမျိုးတို့ကို ယုံကြည်လျှင် ထိုကျိန်ခြင်းကို အလိုအလျောက် ပင့်ဆောင် ခြင်းဖြစ်သည်။ လူတို့၏ အလယ်တွင် အသက်ရှင်လှုပ်ရှားရာ၌ ခံစားခဲ့သောကျိန်ခြင်း၏ မူလအကြောင်းတရားမှာ ဤအကြောင်းပင်ဖြစ်ပါသည်။ ဤအပြုအမူ အကျင့်စရိုက်များတွင် ပါဝင်သူသည် သားစဉ်မြေးဆက်သုံးဆက်အထိပင် ကျိန်ခြင်းခံရမည်ဟု ဘုရားသခင်သည် အတိအလင်း သတိပေးခဲ့ပါသည်။
            ယခုပင် သင်၏အသက်တာတွင် မည်သည့်အရာဟူ၍ အတိအကျ မဖော်ပြနိုင် သော အရာတစ်ခုခုနှင့် ရင်ဆိုင်ကောင်းရင်ဆိုင်နိုင်ပါသည်။ ထိုတစ်စုံတစ်ရာ၏ မူရင်း အကြောင်းအရာမှာ သင်၏မိဘ၊ သင်၏ဘိုးဘေး၊ သို့မဟုတ် ဘီဘင်များ သို့မဟုတ် အခြား သွေးချင်းများ ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ပြဿနာကို ထိရောက်စွာ ရှင်းပစ်နိုင်အောင် အရင်းအမြစ်ကို ဖော်ထုတ်ဖို့ အရေးကြီးမှန်း သင်သဘောပေါက်နေသည်။
            ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြပါစို့။ အဘယ်ကြောင့်ဆိုသော် မည် သည့်အရင်းအမြစ်ကလာသည်ဖြစ်စေ၊ ကျိန်ခြင်းမှ လွတ်မြောက်နိုင်အောင် ဘုရားသခင် သည် ထွက်ပေါက်ကို ပြင်ဆင်ပေးခဲ့ပါပြီ။ ဘုရားသခင်၏ ပြင်ဆင်ပေးထားမှုကို အဆင်သင့် ရနိုင်ပါပြီ။ နောက်ဆုံးနေ့ရက်ကို လက်ချိုးရေတွက်ရာတွင် ကျွန်တော်တို့၏ ဘိုးဘွားဘီဘင် များမှ  ကျွန်တော်တို့အပေါ် ကျိန်ခြင်းအမွေကိုပေးခဲ့သည်ဟု ဘုရားသခင်သည် ကျွန်တော် တို့အား တရားခံအဖြစ် သဘောမထားရတော့ပါ။ သို့သော် ထိုကဲ့သို့သောကျိန်ခြင်းမှ လွတ် ကင်းနိုင်ရန် ကျွန်တော်တို့အတွက် ကိုယ်တော်ပြင်ဆင်ထားခြင်းကို ငြင်းပယ်လျှင် ကျွန် တော်တို့၏အပြစ်သာဖြစ်သည်ဟု ကိုယ်တော် သဘောထားပါလိမ့်မည်။
မိဘတို့ကို မထီမဲ့မြင်ပြုခြင်း
            ဤကိစ္စတွင် သတိဝီရိယရှိဖို့ အလွန်အရေးကြီးသည်။ ကျွန်တော်တို့၏ ပြဿနာသည် သူတပါး၏ လုပ်ရပ်ကြောင့်ဖြစ်သည်ဟု အပြစ်တင်ရာတွင် မှန်ကန်မှုရှိ ကောင်းရှိမည်။ အခိုက်အတန့်တွင် ကျွန်တော်တို့ကိုယ်တိုင်က တရားခံဖြစ်လျက် သူတစ်ပါး ကို အပြစ်မတင်မီဖို့ သတိပြုရန် အရေးကြီးပါသည်။
            ကျွန်တော်တို့၏ မိဘများနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရာတွင် သီးခြား သတိတရားလိုအပ်ပါသည်။ ယခုခေတ် မရေတွက်နိုင်သောလူတို့သည် (ခရစ်ယာန် အမြောက်အမြားအပါအ၀င်) မိဘတို့ကို မထီမဲ့မြင်ပြုလုပ်ခြင်းသည် ဘုရားသခင်၏ကျိန်ခြင်း ကို ပင့်ခေါ်နေသည်ဟု သတိမပြုမိကြပါ။ လူအမြောက်အမြားတို့သည် မိဘအပေါ် စိတ်နေ သဘောထား၊ အပြုအမူ မမှန်ကန် မလျောက်ပတ်သောကြောင့် နေ့စဉ်အသက်ရှင်လှုပ်ရှား ရာတွင် ပြဿနာမျိုးစုံကို ကြုံတွေ့နေရပါသည်။ မိဘများ မပြည့်စုံသည့်တိုင်အောင် သားသမီးတို့သည် အခွင့်ကောင်းကို ယူ၍ မိဘတို့ကို မလေးမခန့်ပြုရန် မသင့်တော်ပါ။ မိဘ နှင့်ပတ်သက်၍ ပထမ ပညတ်တော်ဆယ်ပါးတွင် ကောင်းသောအလားအလာဖြင့် ဤကဲ့သို့ မိန့်တော်မူခဲ့ပါသည်။ “သင်၏ ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်၏အသက်တာရှည်မည်အကြောင်း သင်၏မိဘကို ရိုသေစွာပြုလော့။”
            ကျွန်တော်၏ အမှုတော်ဆောင်သည့်ကာလတစ်လျှောက်တွင် “မိဘကို မထီမဲ့မြင် ပြုလုပ်၍ ဘ၀အဆင်ပြေသောသူကို တစ်ခါမျှမဆုံမိခဲ့ပါ။ ဤကဲ့သို့သော အပြုအမူသည် ကျိန်ခြင်းခံရန် လမ်းစဖွင့်သကဲ့သို့ဖြစ်ပါသည်။ သင်၏မိဘနှင့်အရာတွင် သဘောထားချင်း တိုက်ဆိုင်ရမည်ဟု မဆိုလိုပါ။ သို့မဟုတ် မိဘစေခိုင်းသမျှကို ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ၊ လိုက်နာရမည်ဟု လည်းမဆိုလိုပါ။ ဤကိစ္စသည် သင်၏မိဘများ၏ အသက်ရှင်သန်ပုံအပေါ်တွင် မူတည်ပါသည်။ မည်သို့ဖြစ်စေ မိဘကို ရိုသေရပါမည်။ မိဘ အပေါ် စိတ်နေသဘောထားအပြုအမူကို ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ဘ၀ကို ဖြောင့်တန်း ခဲ့သော လူအမြောက်အမြားတို့နှင့် ဆုံဖူးခဲ့ပါသည်။
            မပြုပြင်၊ မပြောင်းလဲသဖြင့် ကောင်းချီးမင်္ဂလာ မခံစားရသော အခြားသူများကို ကျွန်တော့်စိတ်ထဲတွင် မပျောက်နိုင်ပါ။ အသက်လေးဆယ်အရွယ်တွင် ကင်ဆာရောဂါဖြင့် သေဆုံးခဲ့သော ကျွန်တော့်ဆွေမျိုးသားချင်းတစ်ယောက်ကို သတိရပါသည်။ သူသည် ကယ်တင်ခြင်းရပြီးသူ၊ သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံပြီးသူ၊ ဘုရားသခင်၏ အစေကိုခံသူဖြစ်ပါသည်။ သို့သော်လည်း သူ၏မိခင်နှင့် ဆက်ဆံရေးမပြေလည်ခဲ့သော ကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို မခံစားခဲ့ရခြင်းဖြစ်ပါသည်။ သူ၏မိခင်သည် နာမ်ဝိညာဉ်ကို ယုံကြည်ကိုးစားသောသူဖြစ်ပါသည်။ ထို့ကြောင့် သူမတွင် ပြဿနာဟူသမျှ ထူပြောနေပါသည်။ သားဖြစ်သူသည် မိခင်နှင့်ဆက်ဆံရာတွင် ပြေလည်အောင်လုပ်ခဲ့လျှင် ထိုပြဿနာပေါင်းစုံမှ လွတ်မြောက်နိုင်စရာအကြောင်းရှိပါသည်။ ကျွန်တော်အတွေးအခေါ် အကြောင်းကို သွန်သင်ခြင်းမဟုတ်ပါ။ အတွေ့အကြုံများအကြောင်းကို သွန်သင်ခြင်းဖြစ်ပါ သည်။
တရာမ၀င် သို့မဟုတ် သဘာဝမကျသော လိင်ဆက်ဆံမှု
            သဘာဝမကျသောလိင်ဆက်ဆံမှု ပုံစံဟူသမျှသည် ကျိန်ခြင်းကို ပင့်ဆောင်သည်။ လိင်တူချင်း ကာမဆက်ဆံမှုနှင့် တိရိစ္ဆာန်နှင့် ကာမဆက်ဆံမှုတို့အပါအ၀င်ဖြစ်ပါသည်။ မိမိ အိမ်သူအိမ်သား ဆွေမျိုးသားချင်းနှင့် ဆက်ဆံခြင်း၊ တရားဘောင်မ၀င်သော ပြင်ပဖြစ်လျှင် ကျိန်ခြင်းခံရပါမည်။ အလွန်ဝမ်းနည်းစရာကောင်းသည်မှာ ယခုခေတ်တွင် ဖခင်များမှ ကာမရာဂအပြုအမူဖြင့် စော်ကားခဲ့သော ကလေးငယ်သိန်းဂဏာန်းချီ၍ ရှိခဲ့သည်ကို ၀န်ခံ ရပါမည်။
အားနွဲ့သောသူ၊ ခိုကိုးရာမဲ့ဖြစ်သောသူတို့အား မတရားပြုခြင်း
            အမေရိကန်အစိုးရသည် အမေရိကန် အင်ဒီယန်းလူမျိုးစုများနှင့် သဘောတူစာ ချုပ်များကို ချိုးဖောက်လေ့ရှိသောကြောင့် အင်ဒီယန်းတို့သည် အိမ်ဖြူတော်ကို ကျိန်ဆဲကြ သည်။ ထိုအကြောင်းကြောင့် (၁၈၆၀)ခုနှစ်မှ (၁၉၈၀)ခုနှစ်အထိ နှစ်ပေါင်း(၁၂၀)အတွင်း ရွေးကောက်ခြင်းခံခဲ့ရသော သမ္မတတို့သည် တာဝန်ထမ်းဆောင်ချိန်တွင် ကွယ်လွန်ကြပါ သည်။ ဤဖြစ်ရပ်သည် ဖြစ်စဉ်နှစ်ခုကြောင့်ဖြစ်သည်ဟု နောက်ခံသမိုင်းကို ပြန်ကောက်၍ရ ပါသည်။ ထိုနောက်ခံသမိုင်း ဖြစ်စဉ်နှစ်ခုမှာ အမေရိကန်အင်ဒီယန်းလူမျိုးစုအပေါ် အမေရိ ကန်အစိုးရ သစ္စာမရှိခြင်းနှင့် (၁၈၆၀)ခုနှစ်တွင် ရွေးကောက်ခြင်းခံခဲ့ရသော သမ္မတအာဗြ ဟံလင်ကွန်းသည် အိမ်ဖြူတော်ထဲသို့ သူ့ဇနီးအား နတ်ပွဲကျင်းပခွင့်ပေးခဲ့သောကြောင့် ဖြစ် ပါသည်။ သူ့ဇနီးသည် များမကြာမီ စိတ္တဇဆေးရုံတစ်ခုတွင် သေဆုံးခဲ့ပါသည်။ မဖွယ်မရာ လုပ်ဆောင်မှုကြောင့် တစ်ဦးတစ်ယောက်ချင်းကို မထိခိုက်ဘဲ တစ်နိုင်ငံလုံးကိုပါ ထိခိုက်နိုင် ကြောင်း အလွန်မှတ်သားစရာ ကောင်းပါသည်။
            သမ္မတရေဂင်သည်လည်း သေကောင်းသေနိုင်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သင်သိရှိပြီးသည်အတိုင်း သူသည် သမ္မတဖြစ်ကာစတွင် လုပ်ကြံခံခဲ့ရသည်။ သို့ဖြစ်စေကာ မူ သမ္မတဖြစ်ရန် ကျမ်းမကျိန်မီ အချိန်လေးတွင် ကျွန်တော်တို့အမှုတော်ဆောင်တစ်စု ဦး ဆောင်၍ စည်းဝေးကြီးတစ်ခုကိုကျင်းပကာ သမ္မတရေဂင်တင်မကဘဲ သမ္မတအုပ်ချုပ်မှုကို ပါ ကျိန်ခြင်းမှ ကျွတ်လွတ်ရန် ယုံကြည်ခြင်းအားဖြင့် စုပေါင်းဆုတောင်းပွဲတစ်ရပ်ကျင်းပခဲ့ ပါသည်။ သမ္မတရေဂင် လုပ်ကြံခံရာတွင် ကျိန်ခြင်းပြည့်စုံဖို့ အနည်းငယ်သာ လိုပါသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ကြံသူပစ်လိုက်သော ကျည်ဆံသည် သူ၏နှလုံးမှ တစ်လက်မ အကွာတွင် ရပ်တန့်သွားသည် ကျွန်တော်တို့၏ ဆုတောင်းချက်ကို ဘုရားသခင် နားညောင်းတော်မူခြင်းအားဖြင့် ကျိန်ခြင်းဒဏ်မှ လွတ်သွားသည်ဟု ကျွန်တော်ယုံကြည်ပါ သည်။ ဤဖြစ်စဉ်သည် အတွေးအခေါ်သက်သက်မဟုတ်ပါ။ လူမျိုးတကာ၊ နိုင်ငံတကာတွင် လည်း ကျိန်ခြင်းသည် မကောင်းဆိုးဝါးကို ထိခိုက်စေပါသည်။
ကိုယ့်ကိုကိုယ် အားကိုးခြင်း
            (ယေ၊၁၇း၅-၆)၌ လုံးဝထူးခြားသောကျိန်ခြင်းတစ်မျိုးကို တွေ့ရှိရပါသည်။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍ လူသတ္တ၀ါကို အမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။
            ကျိန်ခြင်းက ဤကဲ့သို့ ဆက်လိုက်လာသည်။
ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက်ကဲ့သို့ဖြစ်၍ ကောင်းကျိုးရောက် ကြောင်းကိုမသိရ။ အဘယ်သူမှ မနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။       
            ဤသည်မှာ ကျိန်ခြင်းခံရသော လူတစ်ယောက်ကို ပုံဆောင်ခြင်းဖြစ်သည်။ သူတစ်ပါးတို့သည် မိုဃ်းရေကို ရရှိကြသောအခါတွင် (ကောင်းချီးမင်္ဂလာကြီးပွားချမ်းသာ ခြင်း) ထိုသူသည် ခြောက်သွေးသောလွင်ပြင်၌နေ၍ ကောင်းချီးမင်္ဂလာကို ဘယ်သောအခါ မှ မခံစားရချေ။ မည်သည့်အတွက်ကြောင့်ဖြစ်ပါသလဲ။ ကျိန်ဆဲခြင်းခံသောကြောင့်ဖြစ်ပါ သည်။ လူ၏အစွမ်းသတ္တိနှင့် ရုပ်ပစ္စည်းတို့ကို အားကိုးအားထားပြု၍ သူ၏နှလုံးသားသည် ဘုရားသခင်ထံမှ ထွက်ခွာသောသူသည် ကျိန်ခြင်းကိုခံရပါသည်။ အဆိုးကို လုပ်လိုသော ဆန္ဒအား ဖော်ထုတ်ရန် အဓိကမဟုတ်ဘဲ ဘုရားသခင်ကို အားမကိုးလိုသောဆန္ဒ၏သက် သေသဘာဝကို ဖော်ထုတ်ခြင်းဖြစ်သည်။ ထိုလူစားမျိုးသည် ဘုရားသခင်၏ အံ့ဩဖွယ် ကျေးဇူးတော်မပါဘဲလျက် ဖြောင့်မှန်သော လုပ်ဆောင်ချက်များကိုပင် ရှာဖွေကောင်းရှာဖွေ ပါလိမ့်မည်။
            ဤမိမိကိုယ်ကို အားထားခြင်းကြောင့် ပေါ်ပေါက်လာသောကျိန်ခြင်းသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို မြည်းစမ်းပြီးမှ ဦးပြန်လှည်သော သူတို့၏ အားထုတ်မှု၊ ဥာဏ်ပညာနှင့် ဘာသာရေးကို စတင်အားထားသော ခရစ်ယာန်အသင်းတော်ခပ်များများ အပေါ်တွင် ကျရောက်နေသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ ဂလာတိအသင်းသားများ ကဲ့သို့ သူတို့သည် “၀ိညာဉ်တော်၌ အစပြုခဲ့ကြသော်လည်း ဇာတိပကတိ၌ လှုပ်ရှားအဆုံး သတ်ကောင်းသတ်ပါလိမ့်မည်။” ဘုရားသခင်၏ကောင်းချီးမင်္ဂလာသည် ရပ်တန့်၍ သူတို့ အပေါ် ကျိန်ခြင်းကျရောက်ခဲ့ပါသည်။ ကျွန်တော်တရားဒေသနာဟောပြောခဲ့သော အသင်း တော်များသည် ကျိန်ခြင်းခံသည်ဟု ကျွန်တော်ပြောရဲပါသည်။ မည်ကဲ့သို့ တရားဒေသနာ ဟောပြော၍ တိုက်ခိုက်လုံးပန်းစေကာမူ၊ ကျိန်ခြင်းကို အပြီးသတ်မတိုက်မချင်း၊ မည်သည့် အကျိုးမျှ သက်ရောက်မည်မဟုတ်ပါ။
ခိုးဝှက်ခြင်းနှင့် မမှန်မကန် ကျိန်ဆိုခြင်း
            ဓမ္မဟောင်း၏နောက်ဆုံး ပရောဖက်များဖြစ်ကြသော ဟဂ္ဂဲ၊ ဇာခရိနှင့် မာလခိတို့ အားလုံးသည် ဘုရားသခင် ကျိန်ခြင်း၏ အဆုံးသတ်ပုံကို တွေ့ကြုံခံစားခဲ့သောအကြောင်း အမျိုးမျိုးကို ဣသရေလလူမျိုးတို့အား ဆွေးနွေးဖော်ပြခဲ့ပါသည်။ (ဇာ၊၅း၁-၄)တွင် ပရော ဖက်ဇာခရိသည် ကျိန်ခြင်းကိုရေးသားသော စာစောင်ကို မြင်ခဲ့ပါသည်။ စာစောင်၏ တစ် ဘက်တွင် ခိုးတတ်သောသူရှိ၍ တစ်ဘက်တွင်မူ မမှန်မကန်ကျိန်ဆိုသောသူ၊ ဘုရားသခင် ၏နာမတော်၌ မှားယွင်းစွာ ကျိန်သောသူပါရှိသညါ။
            ဤကျိန်ခြင်းကို အဆုံးသတ်ရာတွင် ဖြစ်ပေါ်လာသည့် ပျက်စီးခြင်းက ထင်ထင်ရှား ရှားမြင်နိုင်သည်။ ဟေဗြဲကျမ်းတွင် “အိမ်” စကားလုံးသည် အဆောက်အဦးတစ်ခုတည်းကို သာ ဖော်ပြရုံမဟုတ်ဘဲ အိမ်ထဲတွင် နေထိုင်သောလူများကို ဆိုလိုပါသည်။ ယနေ့ ကျွန်တော်တို့တွေ့ကြုံနေရသော အိမ်ထောင်စုပြိုကွဲခြင်းတို့သည် ထိုကဲ့သို့သော ကျိန်ခြင်း ၏ မလွှဲမရှောင်သာသော ထိခိုက်မှု၏ လက္ခဏာဖြစ်လေသည်။
            နောင်တရခြင်းနှင့် အခြေအနေအရင်းသို့ ပြန်ရောက်ခြင်းမရှိခဲ့လျှင် အမျိုးသားတစ် ရပ်လုံးသာမကဘဲ လူမျိုးယဉ်ကျေးမှု အဆောက်အအုံတစ်ခုလုံးကိုပင် တရွေ့ရွေ့အစားခံ နိုင်ပါသည်။ ခိုးဝှက်၍ မမှန်မကန် ကျိန်ဆိုကြသောသူတို့ကိုပါ ထည့်တွက်လျှင်လူပေါင်းမည် မျှ ကျိန်ခြင်းဒဏ်အောက်တွင် ပြားပြားဝပ်နေကြရမည်ကို ကျွန်တော်ခန့်မှန်း၍မရပါ။ အမြတ် ခွန်၊ ၀င်ငွေခွန်တွင် မရိုးသားသောလူ ဘယ်နှစ်ယောက်ရှိသနည်း။ တိုင်းပြည်တစ်ပြည်တွင် လူပေါင်းမြောက်မြားစွာပါဝင်လိမ့်မည်။ ထိုလူလိမ်၊ လူညာအထဲတွင် မည်မျှ ဘုရားရှိခိုး ကျောင်းတက်သောသူဖြစ်မည်နည်း။
            (ဟဂ္ဂဲ၊ ၁း၎-၆)တွင် လူတို့သည် များစွာသော မျိုးစေ့ကိုကြဲသော်လည်း အသီးအနှံ နည်းပါးသည့်အကြောင်းနှင့် အလုပ်လုပ်၍ အခကိုခံရသော်လည်း မလုံသောအိတ်ထဲမှာ သို ထားကြသည့်အကြောင်းကို အလားတူ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပါသည်။ ဘုရားသခင်၏ အိမ်တော်အတွက် လိုအပ်မှုကို ရှေ့တန်းမတင်ဘဲ မိမိတို့၏ ကိုယ်ကျိုးကိုသာ ငဲ့ကွက်ခြင်း အားဖြင့် မျက်စိဖြင့်မမြင်နိုင်သော တန်ခိုးသည် သူတို့၏ဥစ္စာပစ္စည်းများကို လုံးပါးစေခဲ့သည့် အကြောင်း ဣသရေလလူမျိုးတို့အား ပြောကြားရန် ဘုရားသခင်သည် ပရောဖက်တစ်ပါးကို စေလွှတ်ခဲ့သည်အထိ အဖြစ်ဆိုးဝါးခဲ့ပါသည်။
× × × × × × × ×× × × × × × 

############
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (အပိုင်း ၄) ကို ဆက်လက်ဖော်ပြပေးပါမည်။

[[[ အသက်တာပြောင်းလဲစေသော ၀ိညာဉ်ရေးရာ တန်ခိုးတော် ]]]
{{ ဒေရက်ပရင့်စ် }}


Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့