ဒေါက်တာဒေးဗစ်ယုံကီချို



အခန်း (၂)
ဘုရားသခင်အထံတော်၌ ရှေးဦးစွာအစေခံပါ
(ယေဇကျေ၊ ၄၄း ၁၅ - ၁၈)

“ဘုရားသခင်အထံတော်၌ ရှေးဦးစွာ အစေခံပါ” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါသည်။ အခြေပြုရမည့် ကျမ်းပိုဒ်မှာ (ယေဇကျေ၊ ၄၄း၁၅-၁၈) ဖြစ်ပါသည်။
သင်းအုပ်ဆရာတစ်ယောက်သည် တနင်္ဂနွေဝတ်ပြုအစီအစဉ်၌ ဝေငှရန် တရားဟောချက်တစ်ပုဒ်ကို အပြင်းအထန်ပြင်ဆင်နေသည်။ ထို အချိန်၌ သူ၏သားငယ်သည် ကြားဝင်ပြီး လာရောက်စကားပြောသည်။ သားငယ်လေးထွက်သွားစေရန်အတွက် သင်းအုပ်ဆရာသည် က မ္ဘာမြေပုံတစ်ပုံကို မဂ္ဂဇင်းစာအုပ်တစ်အုပ်မှ ဆွဲဖြဲလိုက်သည်။ ထိုမြေပုံကို တစစီဖြစ်အောင်ဆုတ်ဖြဲကာ “အစိတ်အပိုင်းတစ်ခုစီကို ဆက်နိုင် သည့်အခါကျမှပြန်လာပါ”ဟု သူ့သားငယ်အားပြောလိုက်ပြီး၊ သင်းအုပ်ဆရာသည် သူ့သားအားတံခါးကို ညွှန်ပြ၍ထွက်ခိုင်းလိုက်သည်။
မကြာမှီ သူ၏သားပြန်လာကာ မှန်ကန်စွာဖြင့် ဆက်ထားသည့် ကမ္ဘာမြေပုံကို သူဖခင်အားပေးလိုက်သည်။ သင်းအုပ်ဆရာက “အံ့ဩစွာ ဖြင့် ဘယ်လိုပြန်ဆက်နိုင်တာလဲ”ဟု မေးရာ “ဖေဖေ့မြေပုံနောက်ကြောမှာ ပုံတူတစ်ခုရှိတယ်။ ပုံတူကို ဆက်ရန် လွယ်တယ်။ တဖက်လှန် ပြီး ဆက်လိုက်တာ မြေပုံထွက်လာတယ်”ဟုဆို၏။
ထိုအချိန်၌ပက် သင်းအုပ်ဆရာ၏ စိတ်ထဲ၌ အလင်းတစ်ခုရရှိလာသည်။ အကယ်၍ လူများသည် မှန်ကန်စွာဖြင့် ပေါင်းသင်းဆက်ဆံကြပါ က ကမ္ဘာလောကကြီးသည် အလိုလို ပေါင်းစပ်ပြီးသား ဖြစ်လိမ့်မည်ဟု တစ်ယောက်တည်း ပြောမိသည်။ အကြံသည် တရားဟောချက် ဖြစ်လာသည်။
အကယ်၍ သူတို့သည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်စွာ ရပ်တည်နေပါက အရာခပ်သိမ့်၌ ကြွယ်ဝချမ်းသာပြီး ငြိမ်သက်ခြင်းရရှိမည်ဖြစ် သည်။ အရေးကြီးဆုံးသော မေးခွန်းမှာ လူနေမှုနှင့် နိုင်ငံရေးစနစ်တို့ကို မည်ကဲ့သို့ပြုလုပ်ရမည်ဟူ၍ မဟုတ်ဘဲ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းဖြင့် မည်သို့ရပ်တည်မည်နည်းဟူ၍ ကျေးဇူးတော်ကို သင်အားဝေငှလိုပါသည်။
ပထမအနေနှင့် လူတို့သည် လောက၌အသက်ရှင်စဉ် ဆောင်ရွက်ရမည့် အရေးကိစ္စတစ်ခုကြောင့် မွေးဖွားလာကြခြင်း ဖြစ်သည်။
ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်တူအောင် ဖန်ဆင်းခြင်းခံရသော လူသားတို့သည် ဘုရားသခင်၏အစေကိုခံရန် ဖန်ဆင်းခံရခြင်းဖြစ် သည်။ ထို့ကြောင့် လူ၏အရေးကြီးဆုံးသောတာဝန်မှာ ဘုရားသခင်ကို အစေခံရန်ဖြစ်သည်။ (မဿဲ၊ ၆း၃၆)သည် “နိုင်ငံတော်နှင့်ဖြောင့် မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့၊ ကျန်သောအရာကို ထပ်၍ပေးမည်”ဟု ဆို၏။ လူများအတွက် အခြားသောအရာတို့ကို မပြုမှီ ပြု ရမည့်အရာများရှိသည်။ ဦးစားပေးခြင်း ပြောင်းလဲသွားသောအခါ အသက်တာဦးတည်ချက်သည်လည်း ဖရိုဖရဲဖြစ်သွားမည်ဖြစ်သည်။
ယေရှုသည် အသက်တာ၌ ဦးစားပေးမည့်အရာကို (လုကာ၊ ၁၇း၇-၈)၌ ဖော်ပြထားပါသည်။ ထိုကျမ်းပိုဒ်၌အစေအပါးသည်။ လယ်ထွန် သော်၎င်း၊ သိုးနွားကျောင်းသော်၎င်း၊ လယ်ပြင်မှာလာ၍ အိမ်သို့ဝင်သောအခါ ထိုအစေအပါးကို အသော့လာ၍ စားပွဲ၌လျောင်းလော့ဟု သင်တို့ထဲ၌အဘယ်သူပြောမည်နည်း။ ထိုအစေအပါးကို ငါစားစရာဘို့ပြင်လော့၊ ငါစားသောက်စဉ်တွင် ခါးကိုစည်း၍ငါ့ကိုလုပ်ကျွေးလော့။ ထို့နောက်မှ သင်သည် စားသောက်ရမည်ဟု ပြောမည်မဟုတ်လော” ဟုဆို၏။
ချစ်သော သောတရှင်များခင်ဗျား -
အစေအပါးတစ်ယောက်သည် တနေကုန်အလုပ်လုပ်ပြီး လယ်မှပြန်လာသောအခါ “အလုပ်လုပ်ပြီးလို့ ကျေးဇူးတင်ပါတယ်။ ထမင်းအရင် စားပါ။ ကျန်တာငါစားမည်” ဟု ထမင်းပွဲကို ပြင်ရင်း အစေအပါးကို ပြောမည့်သခင်မရှိပါ။ အစေအပါးသည် အလုပ်မှ ပြန်လာသောအခါ၌ ပင်လျှင် ညနေစာကို ပြင်ဆင်ပြီး သခင်စားသောက်နေသောအချိန်တွင် စောင့်ရသည်။ ထို့နောက်မှ အစေအပါးက စားရသည်။
ထို့ကြောင့် ဘုရားသခင်ဖန်ဆင်းသော လူတို့သည်မည်မျှပင် အလုပ်များပါစေ အလုပ်များလွန်းသောကြောင့် မည်မျှပင် ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းနေပါစေ၊ ဘုရားသခင်ကို ပထမဦးဆုံး အစေခံရမည်ဖြစ်သည်။ ပထမလုပ်ရမည့်အရာကို ပထမလုပ်ရန်နှင့် နောက်လုပ်ရ မည့်အရာကိုနောက်မှလုပ်ရန်အတွက် သခင်ဘုရားက ကျွန်ုပ်တို့ကို ခိုင်းသည်။ တပတ်တွင် ပထမနေ့ရက်ဖြစ်သော တနင်္ဂနွေနေ့တွင် ကျွန်ုပ်တို့သည် ၀တ်ပြုကိုးကွယ်ခြင်း အစီအစဉ်၌ တက်ရောက်ကြရမည်ဖြစ်သည်။ သင်၏နေ့စဉ်အသက်တာ၌ နှုတ်ကပတ်တော်ဖတ်ခြင်း နှင့် ဆုတောင်းခြင်းသည် အခြားသောအရာများထက် ဦးစားပေးရမည့်အရာ ဖြစ်သင့်သည်။ ထိုနည်းအားဖြင့် ဘုရားသခင် ရှေ့တော်တွင် အစေခံခြင်းဖြင့် ဘုရားသခင်၏ ကျေနပ်နှစ်သက်ခြင်းကို ပြုပြီးသောအခါ၌ ထိုနေ့၏ အလုပ်ကို စလုပ်ပါ။ ထိုနေ့သည် မင်္ဂလာရှိသော သီ တင်းပတ်ဖြစ်မည်။ ထိုသို့သောနှစ်သည် မင်္ဂလာရှိသော နှစ်ဖြစ်ပါသည်။
ဒုတိယအနေနှင့် ဘုရားသခင်ရှေ့တော်၌ မည်သို့အစေခံရမည်ကို ဟောပြောလိုပါသည်။ ယေဇကျေလ၊ ၄၄း၁၅ သည် ဘုရားသခင်အား အစေခံရန် ရှေ့တော်သို့လာဖို့ဖိတ်ခေါ်ပါသည်။ ဘုရားသခင်၏ရှေ့တော်၌ သင်အစေခံလိုပါက ဘုရားသခင်၏ရှေ့တော်သို့ လာရမည့်အ ချိန်ကို သင်ပေးရမည်ဖြစ်သည်။
သမ္မာကျမ်းစာက မည်သို့အစေခံရမည်ကို (လုကာ၊ ၁၀း၃၈-၄၀) ၌ အောက်ပါအတိုင်း ဖော်ပြရှင်းလင်းထားပါသည်။
“ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတစ်ရွာသို့ဝင်တော်မူ၍ မာသအမည်ရှိသော မိန်းမတစ်ဦးသည် မိမိအိမ်၌ ကိုယ်တော် ကို ဧည့်ခံလေ၏ ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတစ်ယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်၌ ထိုင်၍စကားတော်ကို နား ထောင်လျက်နေ၏။ မာသမူကား လုပ်ကျွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍ သခင်ကျွန်မ၏ညီမသည် ကျွန် မတစ်ယောက်တည်းလုပ်ကျွေးစေခြင်းငှါ ကျွန်မကို ပစ်ထားသည့်အရာကို လျစ်လျူသောစိတ်ရှိတော်မူသလော။ သူသည် ကျွန်မကို ကူညီ မည်အကြောင်း မိန့်တော်မူပါဟု လျှောက်သော် ယေရှုက မာသ၊မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍ နှောင့်ယှက်ခြင်းကိုခံရ၏။ လိုသောအရာ တခုတည်းရှိ၏။ မာရိမူကား ကောင်းသောအရာကို ရွေးယူပြီ။ ထိုအရာကို အဘယ်သူမျှ မနှုတ်မယူရာဟု မိန့်တော်မူ၏။
မာသသည် မာရိထက်ပင် စိုးရိမ်ပူပန်သော်လည်း ယေရှု၏ ချီးမွမ်းခြင်းကို မခံရပါ။ နှုတ်ထွက်စကားကို နားထောင်ခြင်းသည် ယေရှုအား ကျေနပ်ဝမ်းမြောက်စေသည်နှင့်အညီ မာရိသည် သခင်ဘုရား၏ချီးမွမ်းခြင်းကို ခံရ၏။ ဤနေရာ၌ ဘုရားသခင် ရှေ့တော်၌ အစေကို ခံ ခြင်းသည် မည်မျှအရေးကြီးကြောင်း ကျွန်ုပ်တို့ နားလည်နိုင်သည်။
ယခု (ယေဇကျေလ၊ ၄၄း၁၅)၌ “ငါ့အား ဆီဥနှင့်အသွေးကို ပူဇော်ခြင်းငှါ ငါ့ရှေ့မှာ ရပ်ရကြမည်” ဟုဆို၏။ ဆီဥကို ပူဇော်ရန် ဘုရားသခင် အဘယ်ကြောင့်ခိုင်းပါသနည်း။ ဆီဥသည် အဖိုးတန်ဆုံးဖြစ်သည်။ ဓမ္မဟောင်းခေတ်၌ ဘုရားသခင်အား ယဇ်ပူဇော်သောအချိန် တိရစ္ဆာန် များ၏ အဆီကို အသုံပြုကြသည်။ သူတို့သည် တိရစ္ဆာန်တစ်ကောင်ကို သတ်ကြပြီး အဆီကို ထုတ်ကာ မီးရှို့ရာယဇ်အဖြစ် ပူဇော်ကြသည် မီးရှို့ရာယဇ်သည် ဘုရားသခင်ကို ကျေနပ်စေသော အမွှေးအကြိုင်ပူဇော်သက္ကာဖြစ်သည်။ ဘုရားသခင်ရှေ့တော်၌ အစေခံရန် ချဉ်းကပ် လာသောအခါ ဆီဥနှင့်အသွေးကို ပူဇော်ရန်ခိုင်းပါသည်။ သင်၏စိတ်နှလုံးအကြွင်းမဲ့နှင့် အာရုံပြုဆင်ခြင်ရန်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဘုရားသခင်ရှေ့တော်၌အစေခံရန် ချဉ်းကပ်လာခြင်းသည် မလွယ်ကူလွန်းပါသလော။ အကယ်၍ တစ်စုံတစ်ယောက်သောသူသည် စိတ် နှလုံးအကြွင်းမဲ့ဖြင့် အာရုံပြုစူးစိုက်ရန် ယေရှု၏အသွေးတော်ကို ယုံကြည်အားကိုးရန်ချီးမွမ်းရန် ဘုရားသခင်၏နှုတ်ကပတ်တော်ကို နား ထောင်ရန်နှင့်ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်သို့ တက်ရောက်ရန် ဆုံးဖြတ်ပါက ထိုသို့သော အစေခံခြင်းကို ဘုရားသခင် လက်ခံမည်မှာ မ လွဲပါ။ သင်သည် ဘုရားသခင်အား ကျေနပ်နှစ်သက်စေပါက သခင်ဘုရားသည် သူ၏မင်္ဂလာကို သင်အား ထပ်ဆင့်ပေးမည်မှာ မလွဲဧကန် ဖြစ်သည်။ ထိုမင်္ဂလာများသည် မည်သည့်အရာနှင့်တူသည်ကို ယခုကြည့်ကြပါစို့။
တတိယအနေနှင့် -  ချွေးထွက်စေသော အ၀တ်ကို မ၀တ်ရန် ဘုရားသခင်ခိုင်းသည်။
ချွေးထွက်စေသည့်အရာတစ်စုံတစ်ခုကိုမျှ မ၀တ်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်နိုင်သည့်အကြောင်းကို ကျွန်ုပ်တို့ အံ့ဩကောင်းအံ့ဩကြ မည် ဖြစ်သည်။
(ကမ္ဘာဦးကျမ်း၊ ၃း၁၇-၁၉) ၌ ချွေးသည် ကျိန်ဆဲခြင်းဖြစ်ကြောင်းကို အောက်ပါအတိုင်း ဖော်ပြထားသည်။
“ယောက်ျားကိုလည်း ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း သင်သည် မယား၏စကားကို နားထောင်၍ စားမိသောကြောင့် မြေသည် သင့်အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံးပင်ပန်းစွာ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင့် အဘို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းရွက်တို့ကို စားရမည်။ သင်ထွက်ရာမြေသို့ မပြန်မှီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက် လျက် အစာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” ဟု မိန့်တော်မူ၏။
ချွေးထွက်စေသည့်အရာတစ်စုံတစ်ခုကို မ၀တ်ခြင်းဆိုသည်မှာ ကျိန်ဆဲခြင်းကို ဖယ်ရှားရန် ဆိုလိုပါသည်။ ဤအရာထက်ပို၍ ကြီးမြတ် သောမင်္ဂလာရှိပါသလော။ သခင်ဘုရားသည် သင့်အား ချွေးမထွက်စေရန် ပြုပေးမည်ဖြစ်သည်။
(၂ကော၊ ၈း၉) ၌ “အကြောင်းမူကား ငါတို့ သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်း စိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။” ဟုဆို၏။
(ရှင်ယောဟန်၊ ၁၀း၁၀) ၌ “သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာလာတတ်၏။ ငါမူကား သိုးတို့သည် အသက်လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှါလာသတည်း” ဟုဆို၏။
ထို့နောက် (၃ယော) ဒုတိယအပိုဒ်၌ “အချင်းချစ်သူ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။”
အထက်ပါ နှုတ်ကပတ်တော်များကို ဆင်ခြင်စဉ်းစားသောအခါ ကျွန်ုပ်တို့သည် ချွေးထွက်စေမည့်အ၀တ်အစားများကို စွန့်ပစ်ရန်ဖြစ် ကြောင်း နားလည်လာရသည်။ သင်းအုပ်ဆရာ၏သားသည် ပုံတူကို ပြန်ဆက်နိုင်သောကြောင့် ကမ္ဘာ့မြေပုံကို ယခင်အတိုင်း ပြန်ဖြစ်စေပါ သည်။
ထိုနည်းတူ ဘုရားသခင် ဖန်ဆင်းသောလူသားတို့သည် ဘုရားသခင်၏ရှေ့တော်၌ ဖြောင့်မတ်ခြင်းဖြင့်ရပ်သောအခါ သင်၏မိသားစု၊ သင် ၏အသိုင်းအ၀ိုင်းနှင့် လောကကြီးတစ်ခုလုံးသည် မှန်ကန်စွာဖြင့် ရပ်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဘုရားသခင်ရှေ့တော်သို့ ဦးစွာလာပါ။ သူ၏အစေကို ခံပါ။ ကျိန်ဆဲခြင်းချွေးများစွန့်ပေသည့် အ၀တ်အစားများကို စွန့်ပစ်ပါ။
ထိုသို့ ပြုလုပ်ပါက ဘုရားသခင်သည် သင့်အား ကယ်တင်ခြင်းသုံးပါးထဲသို့ ပို့ဆောင်မည်ဖြစ်ပါသည်။ ၎င်းမှာ စိတ်ဝိညာဉ်ကောင်းစားခြင်း၊ အရာခပ်သိမ်း၌ ကောင်းစားခြင်းနှင့် ကျန်းမာသော အသက်တာဖြစ်သည်။ သင်သည် ကျန်းမာခြင်းကို ခံစားပြီး သင်၏စိတ်ဝိညာဉ်ကောင်း စားသည့်အတွက် အရာရာတိုင်း ကောင်စားခြင်းနှင့်ပြည့်စုံသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့