ဒေါက်တာဒေးဗစ်ယုံကီချို (၁)



အခန်း (၁)
အသက်တာနှင့် နားလည်သိတတ်မှု
(ယော၊ ၈း၁-၁၁)

“အသက်တာနှင့် နားလည်သိတတ်မှု” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝေငှလိုပါသည်။ ယနေ့အခြေပြုမည့် ကျမ်းပိုဒ်မှာ (ယော၊ ၈း၁ - ၁၁) ဖြစ်ပါသည်။
ယေရှုအတွက် လူသည် အမွန်မြတ်ဆုံးဖြစ်ပါသည်။ လူတို့သည် ဥပဒေများ စနစ်များထက်ပို၍ တန်ဘိုးထားသည်။ ထို့ကြောင့် ပြိုလဲသော သူများအတွက် ယေရှုသည် မိမိအသက်တာကို ပူဇော်ရခြင်း ဖြစ်ပါသည်။
တစ်နေ့သော် နံနက်စောစောအချိန်တွင် ယေရှုသည် လူထုကြီးကို ဗိမာန်တော်၌ သွန်သင်ဆုံးမနေစဉ် ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့ သည် အမျိုးသမီးတစ်ယောက်ကို ခေါ်လာကြကာ “ဆရာ -  ဤအမျိုးသမီးသည် မတရားသောမေထုန်ပြုနေစဉ်မှာပင် တွေ့မိပါ၏။ မော ရှေ၏ ပညတ်တော်အရ ထိုအမျိုးသမီးအား ကျောက်ခဲနှင့်ပစ်သတ်ရန် ဖြစ်ပါသည်။  ယခု ကိုယ်တော်မည်သို့ပြုမည်နည်း” ဟုဆိုကြ၏။ ယေရှုသည် ခါးကိုညွတ်ကာ လက်ညှိုးတော်ဖြင့် မြေကြီးပေါ်စတင်၍ စာရေးလိုက်သည်။ ထိုသူတို့သည် မိမိတို့၏အခွင့်အရေးအတွက် ပညတ်တော်ကို အသုံးပြုကြသည်နှင့်အညီ ကိုယ်တော်သည် လက်ညှိုးတော်ဖြင့် ထို ပညတ်တော်ကို ရေးသားရခြင်းဖြစ်ကောင်းဖြစ်နိုင် သည်။ ထိုပညတ်တော်ကို ရေးသားပြီးနောက် ယေရှုသည် ကိုယ်ကိုလှန်လျက် မိမိပတ်ဝန်းကျင်၌ ရှိသောလူတစ်ယောက်ချင်းစီကို ကြည့် ရှုသည်။
ထို့နောက် ယေရှုသည် “သင်တို့အထဲ၌ အပြစ်ကင်းသောသူရှိပါက သူမအား ကျောက်ခဲ့နှင့်အရင်ဆုံးပစ်ပါ” ဟု သူတို့ကို ပြောသည်။ ထို့ နောက်ယေရှုသည် တဖန်ခါးကိုညွတ်ကာ မြေပေါ်၌စာရေးပြန်၏။ ထို့နောက် သူတို့ပစ်သော ကျောက်တုံးသည် သူ့အနီးအနား၌ရှိမရှိကို ကြည့်ရှုရှာဖွေပြန်သည်။ လူတစ်ယောက်မှ မကျန် ထိုအမျိုးသမီးတစ်ယောက်တည်း ကျန်ရှိနေသည်ကို တွေ့သောအခါ ယေရှုက “အမျိုး သမီး၊ သူတို့ဘယ်မှာ ရှိကြပါသနည်း။ သင့်ကို မစီရင်ကြပါသလော” ဟုဆို၏။ ထိုအမျိုးသမီးကလည်း “တစ်ယောက်မှမစီရင်ကြပါဆရာ”  ဟုဆို၏။ ယေရှုကလည်း “ငါသည်လည်း သင့်ကို မစီရင်၊ နောက်ထပ်အပြစ်မပြုပါနှင့်” ဟုဆိုကာ လွှတ်လိုက်သည်။
ဤနည်းအားဖြင့် ယေရှုသည် မောရှေ၏ပညတ်ထက် ထိုအမျိုးသမီးတစ်ယောက်၏ စိတ်ဝိညာဉ်နှင့်အသက်တာကို ပို၍တန်ဘိုးထားပါ သည်။ ဤမတရားသောမေထုန်ပြုစဉ်၌ တွေ့မိသောအမျိုးသမီးအားဖြင့် လူသားများအပေါ်ယေရှု၏ချစ်ခြင်းအကြောင်းကို များစွာပြောပြပါ သည်။ ထို့ကြောင့်  ဤအဖြစ်အပျက်မှရရှိသော သင်ခန်းစာသုံးခုကို ကျွန်တော်တင်ဆက်လိုပါသည်။
ပထမဦးဆုံးအနေနှင့် ပညတ်တရားအားဖြင့် ပညတ်တော်ကို ကျွန်တော်ပြောပြလိုပါသည်။
များစွာသော လူတို့သည် ပညတ်တရားအားဖြင့် အရာခပ်သိမ်းတို့ကို နားလည်သဘောပေါက်နိုင်သည်ဟု ယူဆကြသည်။ ကျမ်းပြုဆရာ နှင့် ဖာရိရှဲတို့သည် ထိုသို့သော လူအမျိုးအစားများဖြစ်ကြသည်။ ထိုအမျိုးသမီးထက် ပညတ်တော်ကို ပို၍ တန်ဘိုးထားကြသည်။ လူတစ် ယောက်၌ မည်မျှဆုံးရှုံးနစ်နာမည်ကို မစဉ်းစားဘဲ ပညတ်တော်ကိုသာ ထောက်ပြကြသည်။
ပညတ်တော်ကြောင့် သူတို့အရာခပ်သိမ်းနားလည်သည်ဟု ထင်ကြသော်လည်း သူတို့သွားသည့်နေရာတိုင်း၌ အခြားသောသူတို့၏အမှား ကိုသာ ထောက်ပြတတ်ကြသည်။ အခြားသောသူတို့၏ အမှားကို စီရင်ကြသည်။ ထို့ကြောင့် ပညတ်တရားတော်၌ တဖက်ကမ်းခတ်တတ် မြောက်သော ဖာရိရှဲတို့နှင့် ကျမ်းတတ်ဆရာတို့သည် ပညတ်တရား၏မိန့်မှာချက်အရ ထိုအမျိုးသမီးကို ပစ်သတ်ရန်ကိုသာ စဉ်းစားကြခြင်း ဖြစ်ပါသည်။ ပညတ်တရားကို စံချိန်ထား၍ အသက်ရှင်သောသူတို့သည် အခြားသောသူများအပေါ် အပြစ်မြင်ရာ၌ အားသန်ကြသည်။ အ ခြားသောသူတို့၏ အပြစ်ကို ဖော်ပြရာ၌၎င်း၊ စီရင်ရာ၌၎င်း အားသန်ကြသည်။
မိသားစုအတွင်း၌ အဘယ်ကြောင့် ရန်ငြိုးရှိသည်ဟု သင်ယူဆပါသနည်း။ အဘယ်ကြောင့်ဆိုသော် ခင်ပွန်းသည် ဇနီးကို ပညတ်တရားနှင့် တိုင်းတာသောကြောင့်ဖြစ်သည်။ ဇနီးကလည်း သူမ၏ခင်ပွန်းကို ထိုသို့တိုင်းတာသောကြောင့်ဖြစ်သည်။ သားသမီးများက မိဘများကို ထို သို့တိုင်းတာသောကြောင့် ဖြစ်သည်။ အကယ်၍ ခင်ပွန်းသည် ဇနီးကို ထိုသို့သာတိုင်းပါက သူသည်အပြစ်ရှာသောသူတစ်ယောက်သာ ဖြစ်လာနိုင်သည်။ လင်ယောက်ျားသည် အလုပ်မှပြန်လာသောအခါ သူ့ဇနီးအား “အဘယ်ကြောင့် ဤအ၀တ်အစားဝတ်ပါသနညည်း။” “အဘယ်ကြောင့် အခန်းမရှင်းထားပါသနည်း။” “အဘယ်ကြောင့် ကလားများဤမျှလောက်ညစ်ပတ်ကြပါသနည်း။” စသည့်အပြစ်တစ်ခုစီ ကို ဖော်ပြပြီး အပြစ်တင်နေပါက ဇနီးသည်နောက်ဆုံးတွင် မခံနိုင်ဘဲ ထွက်ပြေးသွားကာ လင်မယားကွာရှင်းပြတ်စဲသည်အထိဖြစ်နိုင်သည်
တဘက်၌လည်း ဇနီးက “အိမ်နီးချင်းများ လေအေးစက်နှစ်လုံးဝယ်ထားပြီး”ဟူ၍၎င်း၊ “အိမ်၌ရှိသော ပန်ကာလည်းပျက်ပါပြီ” “ဤမျှ လောက်လစာနှင့်မည်သို့အသက်ရှင်နိုင်မည်နည်း”ဟူ၍၎င်း၊ “ဤလူနှင့်အဘယ့်ကြောင့်မထင်မမှတ်ဘဲ လက်ထပ်လိုက်ရပါသနည်း” စ သည်ဖြင့် ပြောကောင်းပြောမည်ဖြစ်သည်။
နွမ်းနယ်စွာဖြင့် ခေါင်းငိုက်စိုက်ကျပြီး အိမ်ပြန်လာသည့် လင်ယောက်ျားသည် ထိုထက်ပို၍ ခံစားရမည်ဖြစ်သည်။ အကယ်၍ တဖျစ် တောက်တောက်ပြောဆိုနေသော ဇနီးသည်က သူ့အား အမျက်ဒေါသထွက်စေမည်ဖြစ်သည်။ အကယ်၍ ယောက်ျားသည် အိမ်ပြန်လာ သောအခါ ကျောက်တုံးတစ်တုံးကို ကောက်လာခဲ့ပါက သို့မဟုတ် ဇနီးသည်က သူ့ကို ပစ်၈န် ကျောက်တုံးတစ်တုံးကို ထားမည်ဆိုပါက ထိုသို့သော အိမ်ထောင်သည် ကွဲဘို့သေချာသလောက်ရှိပါသည်။ ထို့အပြင်အဖွဲ့အစည်းတစ်ခု၌ သူတပါးအား ကျောက်ခဲနှင့်ပစ်ရန် ချိန် နေသောသူများနေပါက ထိုသိုပသော အဖွဲ့အစည်းသည် ပျက်စီးသွားမည်မှာ အမှန်ဖြစ်သည်။ ကျွန်ုပ်တို့ကို ကျောက်ခဲနှင့် ပစ်စေရန်အမိန့် ပေးသည်။ ပညတ်တရားပေတံဖြင့် အရာခပ်သိမ်းတို့ကို တိုင်းရန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် အခြားသူများအား နားလည်သိတတ်ပြီး ကိုယ် ချင်းစာတတ်ရန်ဖြစ်ပါသည်။
ဒုတိယအနေနှင့် နားလည်သိတတ်ခြင်းနှင့် ကရုဏာကို ပြောလိုပါသည်။
မတရားသောမေထုန်ပြုနေစဉ်၌ပင် ဖမ်းမိသည့်အမျိုးသမီးတစ်ယောက်အကြောင်းမှ ကျွန်ုပ်တို့ရရှိသော ဒုတိယသင်ခန်းစာမှာ ထိုအမျိုး သမီးအပေါ် ယေရှု၏အမြင်ပင် ဖြစ်သည်။ ယေရှုသည် သူမအား ပညတ်တရားဖြင့် မစီရင်ဘဲ ကရုဏာမျက်စိဖြင့်သာ စီရင်သည်။ ယေရှုသည် သူမကို နားလည်ရန် ကြိုးစားသည်။ သူမအနေနှင့် မတရားမေထုန်ပြုရသည့်အကြောင်းရှိလိမ့်မည်ဟု ယေရှုကိုယ်ချင်းစာ သည်။ သူမသည် ပစ်ပယ်ခြင်းခံရသူ (သို့) အသက်မွေးဝမ်းကြောင်းအတွက် ရှာဖွေနေရသူဖြစ်သည်ဟု ဆိုပါကလည်း သူမအပေါ်သနား မည်ဖြစ်သည်။ ဖာရိရှဲ၊ဇဒ္ဒုကဲနှင့် ကျမ်းပြုဆရာတို့သည် ထိုအမျိုးသမီးကို ပညတ်တရားမျက်စိအားဖြင့် ကြည့်ကြသော်လည်း ယေရှုသည် ကရုဏာမျက်စိဖြင့်သာ ကြည့်သည်။
(ယော၊ ၃း၁၇) တွင် လောကကြီးအား တရားစီရင်ရန် ဘုရားသခင်သည် သားတော်ကို စေလွှတ်ခြင်းမဟုတ်၊ သူ့အားဖြင့် လောကကြီး သည် ကယ်တင်ခြင်းရရှိရန်ဖြစ်သည်ဟု ဆို၏။
ယေရှုသည် အပြစ်စီရင်ရန် လောကကြီးသို့ ကြွလာခြင်းမဟုတ်ဘဲ ကယ်တင်ရန်အတွက် ကြွလာခြင်းဖြစ်သည်။ သင်သည် ကရုဏာမျက်စိ ဖြင့်ကြည့်တတ်သောသူဖြစ်ပါက အခြားသူတို့၏ ကျူးလွန်သော အမှုများကို ကိုယ်စားခံပေးသူပင်ဖြစ်လာနိုင်သည်။ ယေရှုသည် ကရုဏာ မျက်စိဖြင့် ထိုအမျိုးသမီး၏ အပြစ်ကိုသာ လွှတ်ရုံမဟုတ်ဘဲ လူအားလုံးတို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ထားခြင်းကို ခံသောအား ဖြင့် လူတို့၏အပြစ်ကို လွှတ်တော်မူသည်။ ယေရှုက “၀န်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေး မည်” ဟု မိန့်တော်မူ၏။
အကယ်၍ သင်သည် သူတပါးအပေါ်၌ ကရုဏာစိတ်ရှိပြီး သူတို့အား နားလည်အောင်ကြိုးစားမည်ဆိုပါက သင်သည် အပြုသဘောရှိ သောသူ၊ပြုလုပ်စီရင်တတ်သောသဘောရှိသောသူဖြစ်လာရပါမည်။ သင်သည် အခြားသောသူတို့အား အပြစ်လွှတ်သောသူ၊ ကောင်းချီး ပေးသောသူ ဖြစ်လာရပါမည်။
ကျွန်ုပ်တို့သည် သူတပါးအပေါ်၌ ကျွန်ုပ်တို့၏ တစ်ဖက်သတ်အမြင်ဖြင့်သာ မကြည့်ဘဲ သူတို့ဘက်မှနေ၍ ပြန်ကြည့်တတ်သောသူဖြစ်ရန် ယေရှုအလိုတော်ရှိသည်။ အပြစ်သားများကို ကျောက်ခဲနှင့်ပစ်ရန် စီရင်သည်ပညတ်တရားပေတံဖြင့် တိုင်းသောသူများ မဖြစ်စေလိုပါ။ သူ တပါးကို သနားပြီး အပြစ်လွှတ်သောသူများဖြစ်စေလိုပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သူတပါးကို အစဉ်အမြဲ နားလည်ပြီး ကရုဏာ မျက်စိဖြင့် ကြည့်ရန် လိုအပ်သည်။
တတိယအနေနှင့် နားလည်သိတတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ပြောလိုပါသည်။ လူတို့သည် အသိဥာဏ်ဖြင့်သာ ဆက်ဆံလေ့ရှိသည်။ ဘု ရားသခင်သည် တန်ခိုးမဲ့သောကြောင့် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းမဟုတ်ပါ။ တကမ္ဘာလုံး၌ရှိသော လူအားလုံးကို တ ပြိုင်တည်း နောင်တရရန်ဘုရားသခင်ပြုနိုင်ပါသည်။ ဥပမာ -  မိုးကောင်းကင်တစ်ခုလုံးသည် မဲမှောင်ပြီး မိုးသီးမိုးပေါက်တို့သည် ရုတ်တ ရက်ကျလာချိန်တွင် လျှပ်စီးလက်လာပြီး မိုးချုန်းသံတို့အကြား၌ ဘုရားသခင်သည် “နောင်တရကြလော့၊ သို့မဟုတ်ပါကသေကြလိမ့်မည်” ဟု ကြွေးကြော်မည်ဆိုပါက နောင်တမရသည့် လူတစ်ယောက်မျှရှိမည်မဟုတ်ပါ။ မသေလိုသောသူသည် အရေးပေါ်နောင်တရရန်လိုမည် ဖြစ်သည်။ သို့သော် ထိုသို့နောင်တရခြင်းမှာ လူ၏အထဲမှ အလိုအလျောက်ထွက်လာသော နောင်တမဟုတ်ပါ။ သူ၏စိတ်နှလုံးသည် ကြေ ကွဲဝမ်းနည်းမည်မဟုတ်ပါ။
ထိုအကြောင်းကြောင့် အရာခပ်သိမ်းတို့ကို သိတော်မူသော ဘုရား၊ အနန္တတန်ခိုးတော်ရှင်ဘုရားနှင့် နေရာတကာ၌ရှိတော်မူသော ဘုရား သခင်၏ သားတော်ယေရှုခရစ်တော်ကိုယ်တိုင်သည် စက်ဆုပ်ရွံရှာဘွယ်ကောင်းသော သူကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်တွင် တင်သတ်ခံရ ခြင်းဖြစ်ပါသည်။ ချွေးနှင့် သွေးတို့သည် စီးဆင်းရင်း “အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့် ပစ်ပါသနည်း။ အိုအဘ သူတို့ပြုသောအမှုကို သူတို့မသိကြသောကြောင့် သူတို့၏အပြစ်ကို လွှတ်တော်မူပါ” ဟု ဆို၏။ ယေရှုသည် ထိုသို့ သောဝမ်းနည်းစရာ အခြေအနေ၌ အသေခံသည်။
ယေရှုသည် ကျွန်ုပ်တို့ နောင်တရရန် အဓမ္မမတိုက်တွန်းပါ။ ကျွန်ုပ်တို့ကို အပြစ်လွှတ်သည်။ ကျွန်ုပ်တို့ကို နားလည်သည်။ ကျွန်ုပ်တို့၏ အပြစ်များကို ယူဆောင်သွားသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် တင်သတ်ခြင်းကိုခံရသည်။ သို့ဖြစ်၍ အပြစ်ကြောင့် သေ ရမည့်လူသည် ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံပါက အပြစ်လွှတ်ခြင်းကို ခံရမည်ဖြစ်သည်။ သူ၏စိတ်နှလုံးကြေကွဲမည်။ သူ၏ စိတ်နှလုံးသည် ၀မ်းနည်းပြီး သူငိုကြွေးမည်။ သူ၏စိတ်နှလုံး၌ မေတ္တာနှင့် ပြည့်လျှံလာမည်ဖြစ်သည်။
မတရားသောမေထုန်ကို ပြုစဉ်၌ပက် တွေ့မိသောအမျိုးသမီးသည် ယေရှု၏နားလည်ပေးမှုကြောင့် အပြစ်လွှတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ခံစားရသည်။ သူမ၏အကျင့်ကို တစ်သက်လုံးပြောင်းလဲသွားစေမည့် ကြီးမားသောတန်ခိုးတော်ကြီးသည် သူ့မှာပတ်စီးထားပြီး ဖြစ်သည်။
ချစ်သော သောတရှင်များ ခင်ဗျား -  သင်သည် အခြားသောသူများအပေါ်၌ သခင်ဘုရားကဲ့သို့သော မေတ္တာတော်ကို ထားနိုင်ကြစေရန် အတွက် သခင်ဘုရား၏နာမတော်၌ ကျွန်ုပ်ဆုတောင်းပေးပါသည်။ အချင်းချင်းတို့ကို နားလည်တတ်ကြပြီး မေတ္တာထားကြရန် နာမတော် ၌ ကျွန်တော်ဆုတောင်းပေးပါသည်။ သင်သည် ကြွယ်ဝသော မေတ္တာအသီးကို သီးပြီးအသွင်ပြောင်းလဲပါမည်အကြောင်း သခင်ဘုရား၏ နာမတော်၌ ကျွန်တော်ဆုတောင်းပေးပါသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့