ဖန်ဆင်းခြင်းတတိယနေ့



ဖန်ဆင်းခြင်းတတိယနေ့ -
ရှင်ပြန်ထမြောက်သော ဘ၀ ရုပ်ပုံကားတစ်ချပ်
ဖန်ဆင်ခြင်းတတိယနေ့မှာ ကုန်းမြေကို ဖန်ဆင်း၍ ဆက်ပြီးမျိုးစေ့ပါလျှက် သစ်သီး မျိုးဖြစ်တဲ့ သစ်ပင်များပေါက်စေပါတယ်။ ယေရှုဟာ တစ်ကြိမ်မှာ သူ့ကိုသူသစ်သီး သစ်ပင်၏မျိုးစေ့နဲ့ တူညီကြောင်း ပြောဖူးပါ တယ်။ “မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်းနေ၏။ ပျက်လျှင် မူကား များစွာသောအသီးကို သီးတတ်၏” (ယော ၁၂း၂၄)။ ယေရှုပြောနေတာက သူသေရမယ်။ ဒါမှ များစွာသော လူတွေရဲ့ ဘ၀အသစ်တွေကို ယူတင်ပေးနိုင်မယ်။ ဒီလိုဆိုတော့ သေခြင်းက အသက်ရှင်ခြင်း အရင်ကျနေတယ်။ သေသွားတဲ့ကယ်တင်ရှင်ဆိုတာ ဘယ်လူတစ်ယောက်ကိုမျှ အသက်ရှင်အောင် မကယ်နိုင်သလို ဖြစ်ပါသော်လည်း ကယ်တင်ရှင်ဟာ “ကျမ်းစာ လာသည်အတိုင်း” သုံးရက်မြောက်နေ့၌တစ်ဖန်ထမြောက်တော်မူခဲ့တာဟာ -- ဘုရားသခင်၏ အကြံ အစည်တော်၌အလုံးစုံသော အကြောင်းဖြစ်တယ်။ (၁ကော ၁၅း ၄)။
          ယေရှု အသက်ရှင်နေတယ်။ (ယောဟန် ၁၄း၁၉)မှာ ယေရှုပြောခဲ့တယ်။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။” နောက်ဆုံးသောနေ့မှာ ကျွန်ုပ်တို့တစ်ဖန် အသက်ရှင်နေရလိမ့်မယ် (၀ိညာဏခန္ဓာ ကိုယ်နဲ့ထမြောက်အသက်ရှင်ခြင်း)သက်သက်မဟုတ်သေးပါဘူး၊ အခုလည်း အ သစ်သောဘ၀နဲ့ အသက်ရှင်နေထိုင်ရတာပါ။ အပြစ်တရား၌သေကြသူများအားလုံး ဟာ “ဘုရားသခင်အဖို့ရှင်တော်မူပါတယ်”(ရောမ ၆း၁၀)။ ယေရှုဟာ “ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူ တို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။”(ဟေဗြဲ ၇း၂၅)။
          ယေရှုနောက်ကို လိုက်ဖို့ဆိုတာ သေခြင်းအားဖြင့် သူ့နောက်ကိုလိုက်ဖို့လို တယ်။ ကျွန်ုပ်တို့ဟာ ဇာတိပကတိ၌အသေဖြစ်ကြရမယ်။ လက်ဝါးကပ်တိုင်ပေါ်မှာ အမှုပြီးစီးအောင် လုပ်ခဲ့တဲ့ ယေရှုရဲ့တရားဖြစ်တယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ထ မြောက်တော်မူခြင်း၌ ယေရှုနောက်လိုက်ကြသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတွင် တန် ခိုးနဲ့အသက်ရှင်ခြင်း၊ ဘ၀အသစ်ဖြင့်အသက်ရှင်နေထိုင်ခြင်းရှိကြရမယ်။ ကျွန်ုပ်တို့ ဟာ ယခင်နည်းလမ်းဟောင်းတွေနဲ့ အသက်ရှင်နေကြရမည်မဟုတ်၊ ခရစ်တော်နဲ့ အတူ ဘ၀အသစ်နဲ့မြှင့်တင်နေထိုင်သွားနိုင်တယ်။ (ရောမအခန်းကြီး-၆ ကိုဖတ်ရှု လေ့လာပါ။) ဒီလိုဖြစ်နေဖို့ ကျွန်ုပ်တို့ နေ့စဉ်ထည့်တွက်လုပ်ကိုင်သွားဖို့လိုတယ်။ သင့်ဘ၀အထဲမှာ နည်းလမ်းအဟောင်းတွေကို ဘေးချိတ်ထားလိုက်ပြီးတော့ ၀ိညာဉ်တော်ဖေါ်ပြသောကြောင့် အလုပ်သစ်၊ အတွေးသစ်တွေနဲ့နေထိုင်သွားရန် ဘုရားသခင်အလိုတော်ရှိနေတဲ့ သင့်ဘ၀နယ်ပယ်အချို့ရှိနိုင်ပါသလား။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့