သင့်ကိုယ်သင်ဘယ်သူလို့ထင်နေသလဲ



အပိုင်း (၃)

သင့်ကိုယ်သင်ဘယ်သူလို့ထင်​​နေသလဲ။

"အကြောင်းမူကား၊ငါတို့သည်
သွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်
တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း
အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်
အစိုးတရပြုလုပ်​​သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်နတ်ဆိုးတို့နှင့်၎င်း
ဆိုင်ပြိုင်တိုက်လှန်ရကြ၏။"

          ဒီကျမ်းပိုဒ်ထဲကစကားလုံးတွေကိုဆင်ခြင်ကြည့်ပါအုံး။... ကျမ်းစာတစ်အုပ်လုံးထဲကအရေးကြီးဆုံး စကားလုံးတွေပါဘဲ။ ဒါကြောင့် စာအုပ်ထဲမှာ လည်း ဒီစကားလုံးတွေက ပျံ့နှံ့လွမ်းမိုးနေရတာဖြစ်တယ်။ သင့် ရဲ့စဉ်းစား တွေးခေါ်မှုတွေကတန်ခိုးရှိတယ်။ အဲဒါတွေက သင့်ဦးနှောက်ထဲက ပုံရိပ်​​တွေ၊ သဘောသကန်​​တွေသက်သက်ပဲမဟုတ်ပါဘူး။ ဒါတွေက သင်ဟာဘယ်လိုပုဂ္ဂိုလ်မျိုးလဲ၊ ပြီးတော့ဘယ်လိုပုဂ္ဂိုလ်များဖြစ်လာမလဲဆိုတာကို အဆုံးအ ဖြတ်​​ပေးနေတဲ့အရာတွေဖြစ်ပါတယ်။ ဒီအမှန်တရားကို ပေးရတာက သင့်အ နေနဲ့ သင့်ဘဝမှာ မှန်ကန်တဲ့အတွေးအခေါ်မျိုးတွေကို ဦးစားပေးတွေးခေါ် တတတ်ဖို့ မဖြစ်သင့်ဘူးလားဆိုတာ ဆင်ခြင်​​စေချင်လို့ဖြစ်တယ်
          ဒီအခန်းမှာ သင့်ကို စိတ်ထဲစွဲမြဲထင်မှတိစေလိုတဲ့အချက်ကတော့ သင့် ဘဝအသက်တာတစ်​​လျှောက်လုံးကို ဘုရားသခင်၏ နှုတ်ကပတ်​​တော်နှင့် ချိန်ညှိ၍အသက်ရှင်ရန်မုချလိုအပ်တယ်ဆိုတာပဲဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအချက်ဟာခိုင်မြဲတဲ့ သစ္စာတရားဖြစ်လို့ပေါ့။ သင်ဟာအဆိုးမြင်ဝါ ဒအတွေးအခေါ်ရှိနေသ၍ ကောင်းမွန်တဲ့ ဘဝအသက်တာကိုရနိုင်မှာမဟုတ်ဘူး။ ရောမဩဝါဒစာ ၈း၅အထဲမှာ "လူဇာတိသဘောစေခိုင်းမှုအရ အသက်ရှင်သူတို့သည် လူု့ဇာတိသဘောနှင့်ဆိုင်​​သောအရာများကိုသာ စိတ်စွဲလမ်းကြ၏။ သို့ရာတွင် ဝိညာဉ်​​တော်၏ညွှန်ကြားချက်အရ အသက်ရှင်​​သောသူတို့ မူကား ဝိညာဉ်​​တော်အလိုရှိသောအရာကို စိတ်စွဲလမ်းကြ၏။" လို့သတိပေး ထားပါတယ်။ ဒီသစ္စာတရားကို နောက်တနည်းနဲ့ ကျွန်ုပ်တင်ပြပါရစေ။ သင့် စိတ်နှလုံး အတွေးအခေါ်ဟာ အနုတ်လက္ခဏာဆောင်တဲ့သဘောတွေ လောဘလွန် ကျူးမှုတွေ ကိလေသာတပ်မက်မှုတွေနဲ့ မာနထောင်လွှားမှုတွေ ပြည်နေမယ် ဆိုရင် သင့်ဘဝခရီးအသက်တာအတွက် ဘုရားသခင်ချမှတ်ပြင်ဆင်​​ပေး ထားတဲ့လမ်းကို လိုက်​​လျှောက်နိုင်မှာမဟုတ်ဘူး။ သင်ဟာပျက်စီးခြင်ချောက်ကမ်းပါးထဲကို ခြေချော်လဲကျပြီး ကံဆိုးမိုးမှောက်ကျစရာလမ်းလွှဲပေါ် ရောက်သွားမှာဖြစ်တယ်
          သင်ပတ်ဝန်းကျင်မှာ တစ်ချိန်လုံးတစ်ရာကိုးတစ်ရာ့တစ်ဆယ် ဆန်ကုန်​​ မြေလေးတွေလိုအသက်ရှင်​​နေကြတဲ့သူတွေ သင်မြင်ဖူးလား။ သင့်အပေါင်းအသင်းသူငယ်ချင်တွေထဲက တစ်ချို့ဟာအဲဒီအတန်းအစား မျိုးထဲမှာပါနေသလား။ သူတို့ကိုယ်တိုင်မဟုတ်ရင်​​တောင်မှ သူတို့ရဲ့သားချင်းညီအစ်ကိုတွေပါနေသလား။ လူတွေကသူတို့ကိုဖေးမဖို့ကြိုးစားပေးကြသလို တစ်ချို့လည်း ကိုယ့်ကိုယ်ကိုပြုပြင်ဖို့ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့ဟာတိုးတတ်မှုရှိမ လာကြဘူး။ ဒါဆိုရင်ဖြစ်နိုင်​​ခြေက သူတို့တွေရဲ့ကြိုးစားအားထုတ်မှုတွေဟာ အဓိပ္ပါယ်​​ကောင်းမွန်​​ပေမယ့် အကျိုးသက်​​ရောက်မှုသိပ်မရှိသလိုဖြစ်​​နေတယ် ဥပမာပြောရရင် တစ်စုံတစ်​​ယောက်ဟာ စိတ်ကြွရူးသွပ်​​ဆေးစွဲနေတယ်ပါစို့။ သူ့အနားကလူတွေက သူ့ကိုမူးယစ်​​ဆေးတွေရဲ့အထိအတွေ့ကင်အောင် ထိန်းသိမ်းထားနိုင်မယ်ဆိုရင် အဆင်​​ပြေသွားလိမ့်မယ်လို့ယူဆကြပါလိမ့် မယ်လို့ယူဆကြပါလိမ့်မယ်။ သူတို့ရဲ့ ကြိုးပမ်းမှုတွေက တဒင်္ဂအတွက်​​တော့ သူကို ကူညီနိုင်ပါလိမ့်မယ်။ ဒါပေမယ့် မူးယစ်​​ဆေးစွဲနေတဲ့သူတွေဟာ အင်မတန်ဥာဏ်များပြီးအကြံအဖန်လုပ်တတ်ပါတယ်။ သူတို့တကယ်တမ်းလိုချင် တယ်ဆိုရင် မရရအောင်ရှာနိုင်ကြတယ်။ အဲဒီလိုလူတွေကို အမှန်တကယ်ကူညီနိုင်မယ့်နည်းလမ်းကတော့ တစ် ခုဘဲရှိတယ်။ အဲဒါကတော့ ဆေးစွဲနေတဲ့သူတို့ရဲ့စိတ်ကိုလမ်ကြောင်​​ပြောင်ပေးလိုက်ဖို့ပါဘဲ။ ဒါဆိုရင် သူတို့အတွက်ဖြစ်နိုင်​​ခြေရှိလိမ့် မယ်။  မြင်သာတဲ့ အပေါ်ယံလက္ခဏာတွေကိုဖြေရှင်းဖို့ ကြိုးစားနေမဲ့အစား ပြဿနာရဲ့အဓိကဇစ်မြစ်ကိုဖော်ထုတ်​​ဖြေရှင်ပေးရမှာဖြစ်တယ်
          ဒီအခန်းရဲ့နောက်ဆုံးပိုင်းမှာပါတဲ့ တွေ့ဆုံမေးမြန်းခန်းကို အမြဲသဘော ဖြင့် သင့်အားကျွန်ုပ်အနည်းငယ်တင်ပြလိုက်ပါတယ်တွေ့ဆုံမေးမြန်းခန်းက တစ်ချိန်တုန်းကမူးယစ်​​ဆေးရဲ့သားကောင်ဖြစ်ခဲ့ဖူးတဲ့ လူငယ်​​လေးTerrence ရဲ့အကြောင်းပါ။ သူံရဲ့ဘဝကို ဖျက်ဆီးခဲ့တဲ့စာတန်ရဲ့ခြေကုပ်စားခန်းတစ်ခု ဖြစ်တဲ့ မူးယစ်​​ဆေးစွဲလမ်းမှုကို သူဘယ်လိုတွန်းလှန်​​အောင်မြင်ခဲ့သလဲဆို တာကို ပြန်​​ပြောရင်းနဲ့သူက"ကျွန်​​တော်ကမူးယစ်​​ဆေးသုံးတာကို ရပ်တန့် လိုက်ရုံဘဲမဟုတ်ပါဘူး။ ကျွန်​​တော်ဟာ လူသစ်ဖြစ်သွားပြီ။ မူးယစ်​​ဆေးကို လုံးဝပြန်သုံးစွဲမှာမဟုတ်​​တော့တဲ့ လူသစ်လုံးလုံးဖြစ်သွားပြီး"လို့ရှင်းပြခဲ့ပါ တယ်
          သို့ဖြစ်၍ အကြင်သူသည် သူ့ဘဝနဲ့ပတ်သက်တဲ့ တွေးခေါ်မှုပုံစံကိုကော မူးယစ်​​ဆေးနဲ့ပတ်သက်တဲ့စိတ်ဘောတွေကိုပါ ပြောင်းလဲပစ်ခဲ့တယ်။ ဒါ ကြောင့်လဲ ဒီကနေ့လူအများစုက မူးယစ်​​ဆေးစွဲလိုက်၊ဖြတ်လိုက်၊ တစ်ခါပြန် သုံးလိုက်နဲ့ ဒီဝဲဂယက်နွံထဲက ရုန်းမထွတ်နိုင်တဲ့အချိန်မှာ အကြင်သူသည် မူး ယစ်​​ဆေးနဲ့ လုံးဝပြတ်ဆဲကင်းကွာတဲ့သူတစ်​​ယောက်ဖြစ်​​နေခဲ့ပါပြီး။ လွန်ခဲ့တဲ့နှစ်တော်များများက ကျွန်ုပ်ဘဝမှာ ဘုရားသခင်ကို သိ ကျွမ်းရင်းနှီးဖို့ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ကျမ်းစာလေ့လာခြင်းများနဲ့ရုန်းကန်​​နေခဲ့ရတဲ့အချိန်မှာ ဘုရား သခင်က ကျွန်ုပ်ကို ဒီသစ္စာတရားကိုဖွင့်ပြခဲ့ပါ တယ်။ ဒီအရာတွေဟာကျွန်ုပ်ဘဝအတွက် ဘယ်​​လောက်​​တောင်ရေးပါသလဲဆိုတာ ဘုရားသခင်ဖော်ပြခင်အထိ ကျွန်ုပ်ဟာကျမ်းစာဖတ်၊ ဆုတောင်းခြင်းလုပ်ဖို့မနည်းကို ကြိုးစားခဲ့ရပါတယ်။ ဘုရားသခင်က ဘယ်လို ဖွင့်ပြခဲ့သလဲဆိုရင် ကျွန်ုပ်ရဲ့ရူပခန္ဓာဟာ အစာအာဟာရသုံးဆောင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့သင်တော်တဲ့ ကျန်းမာရေးစောင်ရှောက်မှုတွေကို မှီခိုအားထားနေရသလို ကျွန်ုပ်တို့ရဲ့ဝိညာဉ်အသက်တာဟာလည်း ကျွန်ုပ်ရဲ့ဖန်ဆင်းရှင်ဂရုဏာရှင်ဘုရားသခင်နဲ့အချိန်ယူခြင်း၊ စကားတော်ကိုနာခံခြင်းနဲ့ မိတ်ဿဟာယဖွဲ့ခြင်တွေအပေါ်မှာ မူတည်​​နေတယ်ဆိုတာပေါ့။
          ကျွန်ုပ်ရဲ့ရုပ်ခန္ဓာကျန်းမာခြင်းနဲ့ ဝိညာဉ်​​အသက်တာကျန်းမာခြင်းအလားသဏ္ဍာန်တူညီမှုပုံစံကို နား လည်ဘောပေါက်နိုင်ဖို့ ဘုရားသခင်မစကူ ညီပေးတဲ့အတွက်​​ကြောင့် ကျွန်ုပ်ရဲ့ဘဝအသက်တာမှာ ကိုယ်​​တော်ဲ့ရင်းနှီး ကျွမ်းဝင်နိုင်ဖို့ မိတ်ဿဟာယဖွဲ့ခြင်း၊ ကိုယ်​​တော်နှင့်အချိန်ယူခြင်းကို ပထမ ဦးစားပေးအနေနဲ့ သတ်မှတ်အသက်ရှင်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်ုပ်ရဲ့ ဝိညာဉ်​​ရေးရာအသက်တာကျန်းမာလန်းဆန်းပြီး ကြီးထွားရင့်ကျက်​​စေနိုင်ဖို့ သဘောထားတွေလုံးလုံးလျားလျားပြောင်းလဲသွားခဲ့ပါပြီ။ ကျွန်ုပ်သွေးအသားရဲ့ ဆာလောင်မှုကိုလည်း ကျွန်ုပ်လျစ်လျူမရှုပါဘူး။ ဘာဖြစ်လို့လဲဆို တော့ စားသောက်ဘ်ာဆိုတာ ဆန္ဒကိုအခြေခံကာမဟုတ်ဘဲ လိုအပ်တာဖြစ် တဲ့အတွက်​​ကြောင့်ပါ။ ကျွန်ုပ်ရဲ့ဝိညာဉ်အသက်တာအတွက် ခွန်အားဖြစ်​​စေ မယ့် ဝိညာဉ်အစာကို မှီဝဲဖို့ဟာလည်း အရေးပါလှပါတယ်ပြောရမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ထက်​​တောင်ပိုအရေးကြီးတယ်။ ပြီးတော့ ဆိုရိုးစကားတစ် ခုလိုပေါ့။ ဘာတဲ့ ... "ငါတို့ဟာ ဝိညာဉ်​​ရေးရာအတွေ့အကြုံတွေရှိတဲ့ လူသား တွေမဟုတ်ဘူး။ လူသားအတွေ့အကြုံရှိတဲ့ဝိဉာဏပုဂ္ဂိုလ်​​တွေ" ဆိုဘဲ။

- တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်
          တစ်ချိန်က မူးယစ်​​ဆေးရဲ့သားကောင်ဖြစ်ခဲ့ဖူးတဲ့ ထာရန် ဆိုတဲ့လူငယ်​​ လေးနဲ့တွေ့ဆုံမေးမြန်းခန်လေးကို လေ့လာကြည့်ပါဦး။ မူးယစ်​​ဆေးသား ကောင်ဖြစ်သွားခဲ့ရတဲ့ သူရဲ့စိတ်ဓာတ်​​ရေးရာ အခြေအနေနဲ့ အဲဒီကနေ ရုန်း ထွက်လွတ်​​မြောက်​​အောင် ကူညီတွန်းအားပေးတဲ့ စိတ်ဓာတ်​​ရေးရာအခြေအ နေကို သတိပြုကြည့်ပါ။
အစမှာသင်ဘယ်လိုဖြစ်ပြီး မူးယစ်​​ဆေးစွဲသွားရတာလဲ။
          ဒါကတွင်းတစ်ခုထဲကို ကျသွားသလိုပါပဲ။ အဖြစ်အပျက်​​တွေက သိပ်ကို မြန်ဆန်လွန်းလှပါတယ်။ ကျွန်​​တော်ကိုယ့်ကိုယ်ကိုညသတိမထားမိခင်မှာဘဲ ကျွန်​​တော်ဟာအနက်ဆုံးတွင်းထဲကို ကျနေပါပြီ။ တစ်​​မိနစ်မှာ ကျွန်​​တော်ဟာ အခြားသူငယ်ချင်တွေနဲ့အတူ ပါတီပွဲတစ်ခုမှာ သီချင်းနားထောင်​​နေတယ်နောက်တစ်မိနစ်ကျတော့ ကျွန်​​တော်ဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးတဲ့အမှား ကို ကျွန်​​တော်ကျူးလွန်မိပြီးဖြစ်​​နေတယ်။ ကံဆိုးမိုးမှောင်ကျတယ်လို့ပဲဆိုရ မှာပေါ့။ ပြီးတော့ အရှိန်ပိုမြင့်လာတယ်။ ကျွန်​​တော်မလုပ်တဲ့မကောင်းမှုဆိုတာ ဘာမှမရှိတော့လောက်​​အောင်ထိပေါ့။ ရက်သတ္တပတ်နည်းနည်းကြာလာတော့ ကျွန်​​တော်ဟာမူးယစ်​​ဆေးကို ရွံမုန်းစပြုလာ တယ်။ ဒါပေမယ့် စွဲလန်းမှုအရှိန်ကပိုမြင့်လာတော့ ဆက်သုံးနေရာတာပေါ့။
မူးယစ်​​ဆေးစွဲတာ ဘာနဲ့တူလဲ။
          အဲဒါလား။ ထောင်​​ချောက်နဲ့တူတယ်။ ဒါပေမယ့် ကျွန်​​တော်ဟာသိပ်ကို တုံးလွန်းပါတယ်။ အဲဒီထောင်​​ချောက်ထဲကိုလိုလိုလားလားလျှောက်ဝင်သွား တာလေ။ ကျွန်​​တော်ဟာ လိမ္မာပါးနပ်တဲ့လူငယ်​​တစ်​​ယောက်ပါ။ အန္တရာယ် ဆိုတာကိုသိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်​​တော်က စမ်းသုံးဖို့ရွေးချယ်ခဲ့တယ်။ ကျွန် တော့်အထင်ကတော့ "ငါဟာပါးနပ်တယ်။ စိတ်ဓာတ်ခိုင်မာတယ်။ တခြားသူ တွေက ကောင်ကောင်းမကိုင်တွယ်နိုင်​​ပေမယ့် ငါကတော့ အချိန်ရွေးရပ် တန့်နိုင်မှာပါ။ ငါသတိထားမှာပေါ့" ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ကျွန်​​တော်စမိ လိုက်တာနဲ့ မှားမှန်းသိလိုက်တယ်။ တကယ်ဆိုလုံးဝမစမ်းသပ်သင့်တဲ့ကိစ္စပဲ လို့ သိလိုက်မိတယ် မှားသွားပြီ။
ဒါဆိုရင်ခင်ဗျာကမထိန်းချုပ်နိုင်ခဲ့ဘူးပေါ့နော်
          ကျွန်​​တော်ဒီလမ်းကိုလျှော်ကြည့်မယ်ဆိုပြီး ရွေးလိုက်ကတည်းက ပထမဆုံးစမ်းသုံးမျကတည်းက လုံးဝကို ထိန်းချုပ်လို့မရ​​တော့ပါဘူး။ ခင်ဗျာသိပ်မ တုန်လှုပ်ချင်ဘူးဆိုရင် "အိုး...ဒါကအေးဆေးပါ၊ သိပ်အဆိုးကြီးမဟုတ်ပါဘူး။ ငါလည်တခြားလူတွေလိုပါဘဲ။"လို့ ကိုယ့်ကိုယ်ကိုအားပေးမိလိမ့်မည်။ အမှန် မှာတော့ ခင်ဗျာစသုံးကြည့်ပြီးဆယ်စက္ကန်လောက်မှာ ခင်ဗျာဟာ သေလုမြောပါးဖြစ်​​နေပြီဆိုတာ ခင်ဗျာသိလိုက်မှာပါ။ ဒါပေမဲ့ ခင်ဟာကိုးစက္ကန် လောက်​​နောက်ကျသွားပြီး။
ခင်ဗျာဘယ်လိုလုပ်ပြီးဆေးဖြတ်လိုက်သလဲ။
          ကျွန်​​တော်မူးယစ်​​ဆေးဖြတ်လိုက်ရုံမကဘူး။ ကျွန်​​တော်လူသစ်လုံးလုံး ဖြစ်သွားပြီ။ တကယ်တမ်ပြောရရင် မူးယစ်​​ဆေးနဲ့ဝေးရာကို ကျွန်​​တော်​​ရှောင် ပြေးနေတာကို ရပ်ပစ်လိုက်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရပ်လိုက်ရင် အဲဒါကကျွန်​​တော်ကိုပြန်ဖမ်းမိသွားလိမ့်မယ်။ ကျွန်​​တော်ရဲ့အသက်တာ အမူ အကျင်တွေကို ပြောင်းလဲပစ်နိုင်​​အောင် ဘုရားသခင်ကကူညီပေးခဲ့တယ်။ ကျွန်​​တော်​​ဆေးမစွဲခင်ကတည်းက ခရစ်ယာန်တစ်​​ယောက်ပါ။ ဒါပေမယ့် လက်​​တွေ့အသက်မရှင်ခဲ့ပါဘူး။ ကျွန်​​တော်ဟာ လူသစ်မဖြစ်ခဲ့ပါဘူး။ ဒီနေ့ ကျွန်​​တော်​​ပြောချင်တာက "ခင်ဗျာတို့တစ်​​ယောက်​​ယောက်ဟာ မကောင်းတဲ့ စရိုက်​​တွေစွဲလန်းမိနေတယ်ဆိုရင် အဲဒီစရိုက်ကို ရပ်တန့်ဖို့ကြိုးစားရုံနဲ့မလုံ လောက်ဘူး။ သင့်ရဲ့အမူအကျင်တွေ စိတ်​​နေသဘောထားတွေကို ပြောင်းလဲ ပစ်လိုက်ပါ။ လူသစ်ဖြစ်​​စေပါ။ ခင်ဗျာရဲ့လက်ရှိကျူးလွန်​​နေတဲ့ အမှားမျိုးကို ဘယ်​​တော့မှမကျူးလွန်မဲ့သူဖြစ်​​စေပါ။" သူငယ်ချင်တွေကဆေးစွဲနေရင် သူ ငယ်ချင်ပြောင်းလိုက်ပါ။ ကျွန်​​တော်လည်ပြောင်းလဲခဲ့ပါတယ်။ ကျွန်​​တော်ရဲ့ လုပ်ငန်း၊ နေထိုင်တဲ့ပတ်ဝန်းကျင်၊အကျင့်စရိုက်​​တွေနဲ့ အတွေးအခေါ်တွေ၊ ပြောပုံဆိုပုံတွေနဲ့ ဝတ်စားဆင်ယင်ပုံတွေအားလုံးကို ပြောင်းလဲပစ်ခဲ့တယ်
မူးယစ်​​ဆေးကိုစမ်းသုံးကြည့်ဖို့စဉ်းစားနေတဲ့သူ(သို့)တစ်ကြိမ်တစ်ခါတည်း သုံးခဲ့မိသူတွေအတွက် ဘာများပြောချင်ပါသလဲ။
          ကျွန်​​တော့်အထင်မှာတော့ တစ်ခါတည်းကတော့ သိပ်ပြီးမထိခိုက်ပါဘူး ဒါပေမဲ့ အဲဒီတစ်ခါတည်းကပဲ သိန်ပေါင်းများစွာဖြုန်းတီးရာလမ်းစကိုဦးတည် စေပါတယ်။ တစ်​​ခါလောက်အားနာမိလိုက်လို့ သေလုနီးပါးဖြစ်သွားလိမ့်မယ်။ ပြီးတော့ နောက်တရလို့ဆုံးမှာမဟုတ်ဘူး။ တစ်ကြိမ်တစ်ခါတည်းနဲ့တော့ သိပ်မထိခိုက်ပါဘူးလို့ထင်တဲ့သူတွေ လုံးဝမစမ်းလိုက်ပါနဲ့လို့ ပြောချင်ပါ တယ်
သင့်အသီးမှည့်ပြီလား
          ရှင်မဿဲခရစ်ဝင်ကျမ်းထဲမှာ "အပင်​​ကောင်မကောင်းအသီးအားဖြင့် သိ သာထင်ရှားတယ်"လို့ ခရစ်​​တော်​​ပြောခဲ့သလိုပေါ့။ ရောဂါဖြစ်​​နေတဲ့အပင်က အသီးကောင်းဘယ်သီးနိုင်မလဲ။ မရင့်သန်တဲ့အပင်နဲ့အာဟာရဓာတ်အပြည့် မရတဲ့အပင်ကဘယ်ကလာအသီးသီးပါတော့မလဲ။
          ဒီသဘောတရားက ကျွန်​​တော်တို့အသက်တာမှာလည်း မှန်ကန်ပါတယ် ကျွန်ုပ်တို့ရဲ့အတွေးအခေါ်တွေက အသီးသီးလိမ့်မယ်ကောင်းမွန်တဲ့အတွေး အခေါ်တွေကို စဉ်းစားတွေးခေါ်ပါ။ ဒါဆိုရင် သင့် ဘဝ အသက်တာမှာ အသီး အပွင်ကောင်တွေမြင်​​တွေ့ရမှာဖြစ်တယ်။ မကောင်းမသင့်တဲ့အတွေးအခေါ် ​​တွေကို စဉ်းစားတွေးခေါ်နေမယ်ဆိုရင်​​တော့ သင့်ဘဝမှာ အသီးအပွင် ကောင်းဘယ်လာတွေ့နိုင်​​တော့မလဲ။
          လူတွေရဲ့ဘဝကို အဓိပ္ပါယ်ဖွင့်ပုံနဲ့ဘဝကို တန်ဖိုးထားပုံစိတ်​​နေသဘော ထားတွေကို လေ့လာကြည့်ရင် နောက်ကွယ်မှာသူတို့ရဲ့စဉ်းစားတွေးခေါ်ပုံ တွေကို သိနိုင်ပါတယ်။ ကြင်နာတတ်ပြီး၊ ဖော်​​ရွေတဲ့သူတွေဟာ ယုတ်ညံ့တဲ့ အတွေးအခေါ်တွေကောက်ကျစ်မှုတွေရှိမှာမဟုတ်သလို၊ လူဆိုးလူယုတ်မာ တွေလဲ သန့်ရှင်းတဲ့အသက်တာရှိဖို့နဲ့ ချစ်ခင်သနားညှာတာဖို့ဆိုတဲ့ စိတ်ကူး မျိုးဘယ်​​တော့မှမသန်းဘူး။
          သုတ္တံကျမ်း ၂၃း၇ ကို အလွတ်ကျက်မှတ်ပါ။ ကျမ်းပိုဒ်ရဲ့ဆိုလိုရင်းကို ဆင်ခြင်ခွန်အားယူပါ။ သင့် ဘဝရဲ့လမ်းညွှန်စွမ်းအားဖြစ်​​စေပါ။ သင်စိတ်သင့် သည့်အတိုင်းသင်၌ဖြစ်လိမ့်မည်။ တနည်ပြောရရင် "မြင်တတ်ပါ" ပြီးတော့ "ဖြစ်​​စေပါ။"

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့