ဖန်ဆင်းခြင်းသတ္တမနေ့



ဖန်ဆင်းခြင်းသတ္တမနေ့ -
ငြိမ်ဝပ်စွာနေခြင်းရုပ်ပုံတစ်ခု
          ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအလုပ်ကို ပြီးအောင်လုပ်ကိုင်ပြီးစီး၍ ငြိမ်ဝပ် စွာနေလိုက်ပါတယ်။ ဘုရားအလိုတော်အတိုင်း အမှုပြီးစီးခြင်းမရောက်မချင်း ဘာ အရာမျှငြိမ်ဝပ်ချမ်းသာမရနိုင်ပါဘူး။
          ဘုရားလူတွေအတွက်လည်း ငြိမ်ဝပ်ချမ်းသာရှိနေပါတယ်။ ယေရှုပြောခဲ့ တယ်။ “၂၈၀န်လေ၍ပင်ပန်သောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့။ ငါသည်ချမ်း သာပေးမည်။ ၂၉ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။ ငါ သည် နူးညံ့သိမ်မွေ့နှိမ့်ချသောစိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာ ခြင်းကိုရလိမ့်မည်။”(မဿဲ ၁၁း၂၈-၂၉)။ ယေရှုဟာ ဘုရားသခင်အလိုတော်ထမ်း ဆောင်ဖို့ရောက်လာတာဖြစ်တယ်။ “၁၀ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ် တော်ကို တစ်ခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ ၏။၁၄အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရ စေခြင်းငှါ၊ တစ်ခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။”(ဟေဗြဲ ၁၀း၁၀၊၁၄)
          ဘုရားသခင်ဟာ ဖန်ဆင်းခြင်းအမှုတော်ကို ပြီးစီးအောင် ဆောင်ရွက်ခဲ့သ လို ယေရှုဟာလည်း ရွေးနှုတ်ခြင်းအမှုကို ပြီးစီးအောင် လုပ်ဆောင်ပြီးတဲ့အခါ ယခု ဘုရားသခင်ရဲ့လက်ျာတော်ဘက်မှာ ထိုင်နေတော်မူတယ်။ ကျွန်ုပ်တို့ဟာ ခရစ် တော်ရဲ့အမှုပြီးပြီကို ယုံကြည်သောစိတ်နဲ့ အပြစ်ခွင့်လွှတ်ခံရခြင်း၊ ဘုရားသခင်နဲ့ အတူ ငြိမ်ဝပ်ချမ်းသာခံစားခွင့်ရသည်ကို သိလျှက် ၀ိညာဉ်ချမ်းသာထဲကိုဝင်ရောက် နိုင်တယ်။ ကျွန်ုပ်တို့လုပ်တဲ့အလုပ်(ကျင့်တဲ့အကျင့်)တွေနဲ့ ခရစ်တော်၏အမှုပြီးစီး ခြင်းထဲကို ဘာမျှထည့်ပေါင်းလို့မရပါဘူး။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့် အားဖြင့်မဟုတ်ဘဲ မိမိသနားခြင်းကရုဏာတော်နှင့်အညီ . . . . ငါတို့ကို ကယ်တင် တော်မူ၏။”(တိတု ၃း၅က)။ “ထိုကြောင့်၊ ဘုရားသခင်၏လူတို့အဘို့အလိုငှါ ငြိမ်ဝပ် ခြင်းချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ၁၀ဘုရားသခင်သည် မိမိအမှုအရာတို့ ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ဝင်ရသောသူသည် လည်း မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်စွာနေရ၏။”(ဟေဗြဲ ၄း၉-၁၀) ကျွန်ုပ်တို့ တစ်တွေဟာ ခရစ်တော်အမှုပြီးပြီဆိုတာကို ယုံကြည်သောစိတ်ရှိသောကြောင့် ချမ်း သာထဲကို ၀င်ရလိမ့်မယ်။
          တစ်ချို့လူတွေအဖို့ ခရစ်တော်၌ငြိမ်သက်ချမ်းသာထဲကို ၀င်မရနိုင်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ဘ၀အဟောင်းအကြောင်းနဲ့ ခရစ်တော်၌ရှိတဲ့ ဘ၀ အသစ်တို့အကြားမှာ သူတို့ကိုယ်တိုင်ရုန်းကန်နေကြသေးတယ်။ အမှန်တော့ အဲဒီ မှာ ရုန်းကန်နေဖို့မလိုပါဘူး။ ကျွန်ုပ်တို့ဟာ ဘ၀ဟောင်းအကြောင်း၌ ဘာမျှချည် နှောင်နေစရာမလိုပါဘူး။ အဲဒါတွေကို ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်ပေါ်မှာ ထားခဲ့လိုက်ပြီပဲ။ ကျွန်ုပ်တို့ဟာ လွတ်လပ်ကြတယ်။ လူသစ်ဖြစ်ကြတယ်။ ကျွန်ုပ် တို့ဟာ ဇာတိပကတိအောက်မှာ မရှိကြဘူး။ ဘုရားသခင်ရဲ့ဝိညာဉ်တော် ကျိန်းဝပ် နေတဲ့ခန္ဓာဖြစ်သောကြောင့် ၀ိညာဉ်ပကတိဘက်၌ရှိကြတယ်။(ရောမ ၈း၉)။ ကျွန်ုပ် တို့ဘ၀ အထဲမှာ ဘုရားသခင်လုပ်ဆောင်ခြင်းကို လက်ခံရင်၊ ကျွန်ုပ်တို့ဟာ ငြိမ်ဝပ် ချမ်းသာရလိမ့်မယ်။
          ဘုရားသခင်ဟာ သတ္တမနေ့ကို သန့်ရှင်းစေတော်မူခဲ့တယ်။ ဒါက ဘာ ပြောချင်သလဲဆိုတော့ ထိုနေ့ကို သီးခြားအသုံးပြုလို၍ဖြစ်တယ်။ ပညတ်တော် (၁၀)ပါးအထဲက တစ်ချက်ဟာ ဘုရားသခင်က သူ့လူတွေကို ခြောက်ရက်တွင် အလုပ်ကိုပြီးစီးအောင်လုပ်စေပြီး နောက်တစ်ရက်ကို ငြိမ်ဝပ်စွာနားနေကြရန်နှင့် ၀ိ ညာဉ်ရေးရာကောင်းချီးကို ခံယူကြရန် ခွဲထုတ်ပေးထားခဲ့ပါတယ။ “၁၃သင်သည် လည်းပြိုပျက်သော မြို့ရိုးကိုပြုပြင်သောသူ၊ လူနေရာလမ်းများကို ပြင်ဆင်သောသူ ဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့မှာ ကိုယ်အလိုသို့မလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအ ဘို့ သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သောနေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလိုသို့မလိုက်၊ ကိုယ်စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင်၊ ၁၄သင်သည် ထာဝရဘုရား၌ပျော်မွေ့ရလိမ့်မည်။ မြေကြီးပေါ်မှာမြင့်သောအရပ်တို့ကို ငါစီးစေ၍ သင့်အဘယာကုပ်၏အမွေဥစ္စာနှင့်ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက် အမိန့်တော်ရှိ၏”(ဟေရှာယ ၅၈း၁၃-၁၄)
          ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့စွမ်းအားကိုယူပြီး၊ လမ်းညွှန်တော်မူချက်အ တိုင်း ဘ၀ထဲမှာ အရာရာကို လုပ်ကိုင်ဆောင်ရွက်ခဲ့ကြပြီးနောက်၊“ငြိမ်းဝပ်ချမ်းသာ” နေတတ်ရင်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရတန်ဖိုးရှိတဲ့သီးခြားနည်းလမ်း များနဲ့ ကျွန်ုပ်တို့ကို မစတော်မူလိမ့်မယ်။ ထိုနောက် ကျွန်ုပ်တို့ဘ၀ကုန်၍ ကောင်း ကင်နိုင်ငံအထဲရောက်တဲ့အခါမှာလည်း ၀န်လေးခြင်းမှကင်း၍ ကျွန်ုပ်တို့အပြည့်အ၀ “ချမ်းသာ”ရလိမ့်မယ်။ “၁၃တဖန်တုံ၊ ကောင်းကင်အသံကား၊ ယခုမှစ၍ သခင်ဘုရား ၌ သေသောသူတို့သည် မင်္ဂလာရှိကြ၏။ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါ ကြား၏။ ၀ိညာဉ်တော်ကလည်း ထိုသို့မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်းငြိမ်း မည်အကြောင်းရှိ၍ သူတို့၏အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ၏။ဟု မိန့်တော်မူ၏။” (ဗျာဒိတ် ၁၄း၁၃)

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့