ရုန်းကန်ခြင်းမရှိသောအသက်တာ



ဝိညာဉ်ရေးတန်ခိုးဟာစည်းလုံးခြင်းနဲ့ သဟဇာတရှိခြင်းအားဖြင့် သက်ရောက်လာပါတယ်
==============================
          စည်းလုံးညီညွတ်ခြင်းနဲ့ သဟဇာတရှိခြင်းမရှိဘဲ စစ်မှန်တဲ့ ၀ိညာဉ်ရေးရာတန်ခိုးမရှိနိုင်ပါ။ တမန်တော်ဝတ္ထုထဲက ယုံကြည်သူတွေရဲ့ အသက်တာထဲမှာ ကြီးမားတဲ့တန်ခိုးထင်ရှားခဲ့ပါတယ်။ အခန်းကြီးနှစ်က တန်ခိုးထွက်လာရတဲ့အကြောင်းအရင်းကို ဖော်ပြပါတယ်။ “ထိုသူတို့သည်လည် ဗိမာန်တော်၌ နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍” (၂း၄၆) သူတို့မှာ တူညီတဲ့ရူပါရုံ၊ တူညီတဲ့ပန်းတိုင်ရှိကြတယ်။ ပြီးတော့ စိတ်နှလုံးတညီတညွတ်တည်း ဘုရားသခင်ကိုအသံလွှင့်လျက် ဆုတောင်းကြပါတယ် (၄း၂၄)။
            သူတို့ဟာ သဘောချင်းတူလျက် ဆုတောင်းခဲ့ကြပါတယ်(တမန်၊၄း၂၄)။ တညီတညွတ်တည်း အသက်ရှင်ခဲ့ကြပါတယ်(တမန်၊ ၂း၂၄)။ အချင်းချင်း ဂရုစိုက်ခဲ့ကြပါတယ်(၂း၂၆)။ အချင်းချင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းခဲ့ကြတယ် (တမန်၊၄း၃၄) ပြီးတော့ သူတို့ဟာ ယုံကြည်ခြင်းနဲ့အသက်ရှင်ခဲ့ကြတယ်(တမန်၊၄း၃၁)ကနဦးအသင်းတော်ဟာ စည်းလုံးခြင်းရှိတဲ့အတွက်ကြောင့် တန်ခိုးနိမိတ်လက္ခဏာထင်ရှားတဲ့အကြောင်း တမန်တော်ဝတ္ထုထဲမှာ ဖော်ပြပါတယ်။ ဒါပေမယ့် အသင်းတော်မှာရှိတဲ့တန်ခိုးဟာ လျော့ကျလာပါတယ်။ အသင်းတော်ဟာ ခြားနားတဲ့ထင်မြင်ယူဆချက်တွေနဲ့ အမျိုးမျိုးသောခံယူချက်ထဲနစ်မျောလာပါတယ်။ ဘာသာရေးဆိုတာတွေဟာ ဘယ်တော့မှ ဘုရားသခင်ရဲ့အယူအဆမဟုတ်ခဲ့ဘူး။ သဘောချင်းတိုက်ဆိုင်တဲ့အရပ်မှာ မနေနိုင်တဲ့သူတွေဟာ မာနတွေတက်လာပြီး အသင်းတော်ကို အစိတ်စိတ်အမြွာမြွာဖြစ်အောင် ဆွဲဖြဲကြပါတယ်။
            ကျွန်မထင်ပါတယ်။ သခင်ယေရှုနဲ့သာ မျက်နှာချင်းဆိုင်တွေ့ပြီး ဘယ်သူကမှန်ကန်သလဲလို့မေးမယ်ဆိုရင် သူကဘယ်သူမှ၊ တစ်ယောက်တလေမှ မမှန်ဘူးလို့ဖြေပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာတစ်ပါးကသာ လူတွေကို အတူတကွတစ်လုံးတစ်ဝတည်းနဲ့ သဟဇာတရှိခြင်းထဲကို ပို့ဆောင်နိုင်ပါတယ်။ ငြိမ်သက်ခြင်းနဲ့ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့အရာက မေတ္တာနဲ့ ပြင်းပြတဲ့ ဆုံးဖြတ်ချက်တွေပဲ ဖြစ်တယ်။
            ပေါလုက လူတွေကို သဟဇာတရှိတဲ့ အသက်တာထဲမှာ ရှင်သန်ကြဖို့ အားပေးနိုး ဆော်ခဲ့ပါတယ်။
            “သင်တို့သည် အချင်းချင်းချစ်ကြ၍၊ စိတ်မကွဲပြားဘဲတစ်လုံးတစ်ဝတည်း ကြံစည် ခြင်းနှင့်တကွ၊ သဘောတညီတညွတ်တည်းရှိသောအားဖြင့် ၀မ်းမြောက်စရာအကြောင်းကို စုံလင်စေကြလော့။” (ဖိလိ ၂း၂)
            ယေရှုညွှန်ပြခဲ့သလို အသက်ရှင်ဖို့ အဖိုးအခပေးတဲ့ သူတွေအတွက် တန်ခိုးကို ခံရ နိုင်ပါတယ်။ ကျွန်မဆိုလိုတဲ့အဖိုးအခကို သိဖို့ နောက်ထပ်ကျမ်းပိုဒ်ကိုကြည့်ပါ။
            “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှမပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့် ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက်ထင်မှတ်ကြလော့။ (ဖိလိ၊၂း၃)
            အခြေအနေအရပ်ရပ်တိုင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ကို နာခံဖို့ဆန္ဒမရှိဘဲ ဒီ အရာတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။ သန့်ရှင်းသောဝိညာဉ်တော်က ငြိမ်းချမ်းခြင်းဆီကိုပဲ ဦးဆောင်ပါတယ်။ ကသောင်းကနင်းဖြစ်ခြင်းဆီကို မဦးဆောင်ဘူး။ ဘုရားသခင်ရဲ့ သူ့ရဲ့လူ တွေအပေါ်ထားတဲ့အလိုတော်ကတန်ခိုးထဲမှာ လျှောက်လှမ်းဖို့ဖြစ်တယ်။ ဒါပေမယ့် ငြိမ် သက်ခြင်းမရှိဘဲ ၀ိညာဉ်ရေးရာတန်ခိုးကို မရနိုင်ပါဘူး။
            ပေါလုက ဧဖက်မြို့သူမြို့သားတွေကို သဟဇာတရှိတဲ့အသက်တာထဲမှာ လျှောက် လှမ်းကြဖို့ အားပေးခဲ့ပါတယ်။                
            “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံသ ဖြင့်၊ မေတ္တာစိတ်နှင့်တစ်ယောက်ကိုတစ်ယောက် သည်းခံခြင်းရှိကြ၍၊ အသင့် အတင့်ပေါင်းဖော်ခြင်းအဖွဲ့အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်းစိတ်သဘော မခြားနားတစ်လုံးတစ်ဝတည်း ဖြစ်အံ့သောငှါ ကြိုးစားအားထုတ်ကြလော့” (ဧဖက် ၄း၂-၃)
          အဲသလို အသက်ရှင်သန်ဖို့ သူတို့ဟာ အချင်းချင်းတစ်ယောက်ရဲ့အမှားကို လျစ်လျူရှုကြဖို့လိုပါတယ်။ အဲသလုအသက်ရှင်သန်နိုင်ဖို့ တစ်ခုတည်းသော နည်း လမ်းကတော့ မေတ္တာထဲမှာ လျှောက်လှမ်းခြင်းပဲဖြစ်တယ်။
          ရန်တွေ့ခြင်းဆိုတာ တစ်ကိုယ်ကောင်းဆန်ခြင်းရဲ့အကျိုးဆက်ဖြစ်တယ်။ ဒီအကျိုးဆက်တွေဟာ ကိုယ့်ကိုယ်ကိုကျေနပ်အားရဖို့ရှေးရှုခြင်းကနေလာတာဖြစ် တယ်။ သဟဇာတနဲ့အသက်ရှင်ဖို့၊ ခွင့်လွှတ်ခြင်းမှာ မြန်ဆန်ဖို့နဲ့ အကြိမ်ကြိမ်ခွင့် လွှတ်ဖို့ ဆန္ဒရှိရပါမယ်။ ဂရုဏာကြွယ်ဝဖို့လိုပါတယ်။ စိတ်ရှည်သည်းခံဖို့ လိုပါတယ်
ငြိမ်းချမ်းရေးကို ဆာငတ်ခြင်း
          ဒီစာအုပ်ရဲ့ အဆုံးသတ်အားဖြင့် အရာရာမှာ ရန်တွေ့ခြင်းမရှိဖို့ ငြိမ်းချမ်း ရေးကို ဆာငတ်ဖို့ ကျွန်မဆုတောင်းပါတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ယုံကြည်သူတွေကို ရန်တွေ့ခြင်းမရှိဖို့၊ ငြိမ်းချမ်းရေးထဲမှာ လျှောက်လှမ်းဖို့ လမ်းပြ မှု၊ အားပေးတိုက်တွန်းမှုနဲ့ နှိုးဆော်မှုကိုပေးပါတယ်။ ဘာကြောင့်လဲ။ အကြောင်းက တော့ ဘုရားသခင်က ကျွန်ုပ်တို့ကို ကောင်းချီးမင်္ဂလာခံစားစေချင်လို့၊ တန်ခိုးနဲ့ ပြည့်ဝတဲ့အသက်တာကို ခံစားစေချင်လို့ဖြစ်တယ်။ ပြီးတော့ ငြိမ်းချက်ခြင်းမရှိဘဲနဲ့ အဲဒီကိစ္စဟာမဖြစ်နိုင်တဲ့အတွက်ဖြစ်တယ်။
          ပေါလုက ကျွန်ုပ်တို့ ကြိုးပမ်းဆောင်ရွက်ရမဲ့အရာဟာ အချင်းချင်းစိတ်တ ညီတညွတ်တည်းဖြစ်ပြီး အချင်းချင်းအသင့်အတင့်နေကြဖို့ဖြစ်ကြောင်း ပြောပြခဲ့ပါ တယ် (၂ကော ၁၃း၁၁)။ တစ်ခုခုအတွက် သင်ကြိုးပမ်းချင်တယ်ဆိုရင် ရန်မတွေ့ ဖို့ဘဲ ကြိုးပမ်းပါ။ တစ်နည်းနဲ့ပြောရရင် သည်းခံပါ။
          ငြိမ်းချမ်းခြင်းက သန့်ရှင်းသောဝိညာဉ်တော်နဲ့ပူးပေါင်းစေပါတယ်။ ဘုရား သခင်ရဲ့ဝိညာဉ်တော်ဟာ ငြိမ်းချမ်းရေးကိုပေးတဲ့ဝိညာဉ်ဖြစ်တယ်။ ယေရှုက ငြိမ် သက်ခြင်းရဲ့အရှင်ဖြစ်တယ်။ သူကောင်းကင်ဘုံကို တက်ကြွဖို့အသင့်ရှိတဲ့အချိန်မှာ သူ့ရဲ့တပည့်တော်တွေကို သူပြောခဲ့ပါတယ်။
          “ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန် ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်” (ယော၊၁၄း၂၇)
          သူရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ သူ့ရဲ့တပည့်တွေဆီကို ထင်ရှားပြပါ တယ်။ “တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ ၏”(ယော၊၂၀း၁၉)။ “တဖန် ယေရှုက၊ သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း” (အငယ် ၂၁)။ “တံခါးများကို ပိတ်ထားစဉ်အခါ၊ ယေရှုသည် ကြွလာ၍ အလယ်မှာ ရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏”(အငယ် ၂၆)။ ယေရှုက ဒီလိုဆိုလိုတာဖြစ်မယ်လို့ ကျွန်မထင်တယ်။ “ငြိမ်သက်ခြင်းထဲမှာ အသက်ရှင်ပါ” တခြားကျမ်းပိုဒ်က ဒီလိုပြောပြန်တယ်။ “ငြိမ်သက်ခြင်းကို ထိန်း သိမ်းပါ” (၁ကော၊၁၄း၃၀)။        
          ယေရှုက ကျွန်ုပ်တို့ကို ငြိမ်သက်ခြင်းကို ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီငြိမ် သက်ခြင်းကို မထိန်းသိမ်းဘူးဆိုရင် လွင့်ပျောက်သွားနိုင်ပါတယ်။
          မကြာခင်လေးက ကျွန်မဆီကို ဇနီးမောင်နှံနှစ်ဦးဆီကနေ စာတစ်စောင် လက်ခံရှိပါတယ်။ သူတို့ဟာ ကျွန်မရဲ့တရားဟောပြောပွဲမှာ တက်ရောက်ခဲ့ဖူးတယ် နှစ်ပေါင်းနှစ်ဆယ့်ခုနစ်နှစ်ကြာပြီးနောက်မှာ ရန်တွေ့ခြင်းရဲ့ချည်နှောင်ခြင်းကနေ လွတ်မြောက်သွားကြပါတယ်။ သူတို့ဟာ အချင်းချင်းချစ်ကြတဲ့ ခရစ်ယာန်တွေဖြစ် ကြပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းတဲ့ ဆက်ဆံရေးကို ဘယ်တော့မှ မရရှိခဲ့ကြပါဘူး အချင်းချင်းငြင်းခံခြင်း၊ တိုက်ခိုက်ခြင်းနဲ့အမြဲပြဿနာရှိခဲ့ကြတယ်။အသင်းတော် မှာ  သူတစ်ပါးကိုတော့ အကြံပေးဆွေးနွေးကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ အပြစ် တင်စီရင်ခြင်းအောက်မှာ  အသက်ရှင်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတစ် ပါးကို သွန်သင်သလို သူတို့ကိုယ်တိုင် မလိုက်နာနိုင်တဲ့အတွက်ဖြစ်တယ်။
          စာထဲမှာ ဒီလိုရေးထားပါတယ်။ “သင့်ရဲ့ရန်တွေ့ခြင်း သင်ခန်းစာအားဖြင့် ကျွန်ုပ်တို့ဟာ လွတ်မြောက်ခြင်းကို ခံစားရကြပါတယ်။ ပြဿနာက ဘာလဲဆိုတာ ကျွန်ုပ်တို့တကယ်မသိခဲ့ကြဘူး။ ဒါပေမဲ့ အခုတော့ သိသွားကြပါပြီ။ ဒီအလင်းဖွင့်ပြ ချက်ကြောင့် ကျွန်ုပ်တို့ဟာ အောင်မြင်ခြင်းအသက်တာထဲမှာ လျှောက်လှမ်းနိုင်ကြ ပါပြီ။
          “တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့်စားရသည် ထက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သောမုန့်တစ်လုပ်စာသည် သာ၍ကောင်း၏” (သု၊ ၁၇း၁)။
          ဘုရားသခင်က ဘာသာရေးဆန်တဲ့၊ ရန်တွေ့ခြင်းနဲ့ပြည့်တဲ့အိမ်ထဲက ယဇ် ပူဇော်ခြင်းကို မနှစ်သက်ဘူး။ နှစ်ပေါင်းအတော်ကြာ ကျွန်မတို့မိသားစုမှာ ရန်တွေ့ ခြင်းနဲ့ပြည့်တဲ့ ဘာသာရေး ပူဇော်ပွဲတွေနဲ့ ပြည့်နေခဲ့ပါတယ်။ ဘာသာရေးကိစ္စတွေ တော်တော်များများ လုပ်ခဲ့ကြပါတယ်။ ၀ိညာဉ်ရေးရာကိစ္စတွေများများလုပ်ခဲ့ကြပါ တယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့အိမ်မှာ ငြိမ်သက်ခြင်းလုံးဝကင်းမဲ့ခဲ့ပါတယ်။
          ကျွန်မ မှတ်မိပါသေးတယ်။ တနင်္ဂနွေနေ့ ၀တ်ပြုအစည်းအဝေးကို သွားတဲ့ လမ်းတစ်လျှောက်မှာ အငြင်းအခုံတွေအကြီးအကျယ် လုပ်ကြပြီး ကျွန်မတို့သိတဲ့ လူတွေဆီ ရောက်သွားတဲ့အခါ ချက်ချင်း ၀ိညာဉ်သဘောကို ပြသကြပါတယ်။ ကျွန်မထင်တယ်။ တနင်္ဂနွေနေ့တုင်း တနင်္ဂနွေမျက်နှာဖုံးကိုစွပ်သွားကြတယ်။ အဲဒီ မျက်နှာက အိမ်မှာတုန်းကရှိတဲ့ မျက်နှာထားနဲ့ လုံးဝခြားနားပါတယ်။ မကြာခင်မှာ ဘုရားသခင်ဟာ ဟန်ဆောင်တဲ့ ခရစ်ယာန်တွေကို အလိုမရှိဘူးဆိုတာ သိသွားကြ ပါတယ်။ သူက အစစ်ကိုပဲ လိုချင်တယ်။ သူက အပြောသမားကို အလိုမရှိဘူး။ လက်တွေ့သမားကို အလိုရှိတယ်။
          ကျွန်ုပ်တို့ဟာ တန်ခိုးအကြောင်း၊ ကြွယ်ဝခြင်းအကြောင်း၊ အနာငြိမ်းခြင်းနဲ့ အောင်မြင်ခြင်းအကြာင်းတွေကို ပြောကြတယ်။ ဒါပေမယ့် အဲဒါတွေကို တကယ် မပိုင်ဆိုင်ကြဘူး။ ဈေးကို ပြတင်းပေါက်ကနေ လှမ်းမြင်သလိုပါပဲ။ မြင်တော့မြင်ရ တယ်။ ဒါပေမယ့် ကျွန်ုပ်တို့လက်ထဲရောက်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိကြဘူး။ နောက်တော့ ဘုရားသခင်က ရန်တွေ့ခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်းရှိ တဲ့ ဘယ်နေရာမှာမဆို တန်ခိုးနဲ့ကြွယ်ဝခြင်းမရှိနိုင်ဘူးဆိုတာ ဖွင့်ပြပါတယ်။
          ချစ်တဲ့ ကောင်းကင်ဘုံအဖ၊ ကိုယ်တော်ရဲ့အံ့ဖွယ်ဝိညာဉ်တော်ရဲတန်ခိုး အားဖြင့် ကျွန်ုပ်ရဲ့အသက်တာထဲမှာ ရှိတဲ့ ရန်တွေ့ခြင်းဥာဉ်ဆိုးကို ဖွင့်ပြတော်မူပါ။ ရန်ငြိမ်းစေသူအဖြစ်အသက်မရှင်ခဲ့တဲ့အပြစ်ကိုနောင်တရပါတယ်။ နားလည်လွဲခြင်းနဲ့ တိုက်ခိုက်ခြင်းတွေကြောင့် ပျက်စီးကျိုးပဲ့သွားတဲ့ ပေါင်းသင်းဆက်ဆံရေးကို ဘယ်လို ပြန်လည်ရွေးနှုတ်လို့ရတယ်ဆိုတာ ပြသတော်မူပါ။ ကိုယ်တော်ရဲ့မစခြင်းအားဖြင့် ရန်ငြိမ်းစေသူအဖြစ်အသက်ရှင်ဖို့ အသစ်တဖန် ပြန်လည်ဆက်ကပ်အပ်နှံပါတယ်။ အာမင်။
 ++++++++++++
}}} ကျော်သူဇင်(မိုင်းဖြတ်) ဘာသာပြန်သည် {{{ 

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့