ဇာတ်လမ်း (၇)



ဇာတ်လမ်း (၇) ကမ္ဘာကိုရေလွှမ်းမိုးခြင်းဖြင့် စီရင်တော်မူခြင်း

ကမ္ဘာဦးကျမ်း ၇း၁-၇,၁၁-၁၇,၂၂-၂၄
                ထိုနောက် ထာဝရဘုရားသခင်သည် နောဧကို တစ်ဖန်မိန့်တော်မူပြန်သည်ကား ဤ ကာလအမျိုးတွင် သင်သည် ငါ့ရှေ့၌ဖြောင့်မတ် ကြောင်းကို ငါသိမြင်သည်ဖြစ်၍ သင်၏အိမ်သူ အိမ်သားအပေါင်းတို့နှင့်တကွ သင်္ဘောထဲသို့ဝင် ကြလော့။ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပြတ် ဆက်နွယ်စေခြင်းငှါ စင်ကြယ်သောသားမျိုး၊ တစ်မျိုးတစ်မျိုးတွင် အထီးအမခုနှစ်စုံစီ၊ မစင် ကြယ်သောသားမျိုးတစ်မျိုးတွင်လည်း အထီးအမနှစ်စုံစီ၊ မိုဃ်းကောင်းကင်ငှက်၊ တစ်မျိုးတစ်မျိုးတွင်လည်း အထီးအမခုနှစ်စီ အသီးသီးတို့ကို သိမ်းယူရမည်။ အ ကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင် အရက်လေးဆယ်ပတ်လုံးမြေကြီး ပေါ်သို့ မိုဃ်းရွာစေမည်။ ငါ ဖန်ဆင်းသောသတ္တ၀ါအပေါင်းတို့ကို၊ မြေကြီးမျက်နှာ ပေါ်မှ ငါပယ်ရှင်းမည်ဟု ထာဝရဘုရားမှာထားတော်မူ၏။ မှာထားတော်မူသည်အ တိုင်းလည်း နောဧပြုလေ၏။ မြေကြီးကို ရေလွှမ်းမိုးသောအခါ နောဧသည် အသက်ခြောက်ရာရှိသတည်း။ ရေလွှမ်းမိုးခြင်းဘေးကြောင့် နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ သင်္ဘောထဲသို့ဝင်ကြ၏။
          ၁၁နောဧအသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့ တွင် ကြီးစွာသောနက်နဲရာရေပေါက်ရေတွင်းတို့၏အဆီးအတားရှိသမျှကို ပယ်ရှင်း ၍ မိုးကောင်းကင်ပြွန်ဝများကို ဖွင့်သဖြင့်၊ ၁၂အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ် မှာမိုးရွာလေ၏။ ၁၃ထိုနေ့ရက်တွင် နောဧနှင့် မိမိမယားမှစ၍ ရှေမ၊ဟာမ၊ယာဖက် တည်းဟူသော နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည် သင်္ဘောထဲသို့ ၀င်ကြ၏။ ၁၄သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊ ၁၅အသက်ရှင်သောတိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့ထဲက၊ အထီးအမစုံတို့သည် နောဧနှင့်အတူ သင်္ဘောထဲသို့ ၀င်ကြလေ၏။ ၁၆ထိုသို့ နောဧ ကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ၀င်သော တိရစ္ဆာန်တို့သည် ခပ်သိမ်း သောတိရစ္ဆာန်တို့အထဲက အထီးအမစုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း နောဧကိုအထဲမှာ ပိတ်ထားတော်မူ၏။
          ၁၇ရေလွှမ်းမိုးခြင်းသည် အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ အစဉ် အတိုင်း တိုးတက်၍ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။….၂၂အသက်ရှင် လျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။ ၂၃မြေမျက်နှာပေါ်၌ရှိသော လူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုးကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိသမျှတို့ကို မြေကြီးက ပယ်ရှင်းတော်မူ၍ ပျက်စီးကွယ် ပျောက်ခြင်းသို့ ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော သူတို့သာ ကျန်ကြွင်းကြလေ၏။ ၂၄ရေသည်လည်း မြေကြီးပေါ်မှာ ရက်ပေါင်းတရာ ငါးဆယ်ပတ်လုံး အားကြီးစွာတည်လေ၏။
ကမ္ဘာဦးကျမ်း ၈း၁-၁၃,၂၀-၂၁
          ဘုရားသခင်သည် နောဧမှစ၍ အသက်ရှင်သမျှသောသတ္တ၀ါ။ နောဧနှင့် အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍ မြေကြီးပေါ်မှာ လေလာစေတော်မူသဖြင့် ရေငြိမ်လေ၏။ နက်နဲရာရေပေါက် ရေတွင်းများ မိုဃ်း ကောင်းကင်ပြွန်ဝများကိုဆို့ပိတ်၍ မိုးကို စဲစေတော်မူ၏။ ရေသည်လည်း မြေပေါ် မှာ အစဉ်အတိုင်းစီးသွား၍ အရက်တရာ့ငါးဆယ်စေ့သောအခါ ယုတ်လျော့လေ၏။ သတ္တမလ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင် ပေါ်မှာ တင်လေ၏။ ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ်ယုတ်လျော့၍ ထို လဆန်းတစ်ရက်နေ့တွင် တောင်ထိပ်တို့သည် ပေါ်ကြ၏။
          ထိုမှ အရက်လေးဆယ်ကြာလျှင် နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါက်ကိုဖွင့်၍ ကျီးအတစ်ကောင်ကို လွှတ်လေ၏။ ထိုကျီးအသည် မြေ ပေါ်မှာ ရေမခန်းမခြောက်မှီတိုင်အောင် သွားလာလျက်နေလေ၏။ တဖန် မြေမျက် နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ ချိုးတကောင်ကို လွှတ်ပြန်လေ၏ ရေတပြင်လုံး၌ ရေရှိသေးသောကြောင့် ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့် နောဧရှိရာသင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကို ဆန့်၍ ချိုးကို ကိုင်ယူပြီးလျှင် မိမိနေရာသင်္ဘောထဲသို့သွင်းလေ၏။ ၁၀တဖန်ခုနစ် ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။ ၁၁ညဦးအချိန်၌ ချိုးသည် နောဧ ထံသို့ပြန်လာ၍ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့သော ကြောင့်၊ ၁၂မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေ ပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တစ်ဖန် ချိုးသည် မပြန်မလာနေ၏။
          ၁၃အနှစ်ခြောက်ရာတစ်ခု ပဌမလဆန်းတစ်ရက်နေ့တွင် မြေကြီးပေါ်မှာ ရေ ခန်းသည်ရှိသော် နောဧသည် သင်္ဘောကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ မြေမျက် နှာသွေ့ခြောက်စရှိသည်ကို မြင်၏။. . . ၂၀နောဧသည်လည်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်ပြီးမှ၊ စင်ကြယ်သောသား၊ စင်ကြယ်သောငှက်အမျိုးမျိုးထဲက ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သောယဇ်ကိုပူဇော်လေ၏။ ၂၁ထာဝရဘုရားသည် လည်း မွှေးကြိုင်သောအနံ့ကို ခံယူ၍ ငါသည် နောက်တဖန် လူတို့အတွက် မြေကြီး ကို မကျိန်။ အကြောင်းမူကား လူတို့သည် ငယ်သောအရွယ်မှစ၍ စိတ်နှလုံးအကြံ အစည်ဆိုးကြ၏။ ငါသည် ယခုတစ်ခါ ပြုပြီးသကဲ့သို့ အသက်ရှင်သောအရာ ရှိသမျှ တို့ကို နောက်တဖန် ဒဏ်မခတ်။
ကမ္ဘာဦးကျမ်း ၉း၁၁-၁၃
          ၁၁သင်တို့နှင့်ငါပြုသောပဋိညာဉ်ဟူမူကား၊ ရေလွှမ်းမိုးခြင်းအားဖြင့် ခပ်သိမ်း သောသတ္တ၀ါတို့သည် နောက်တစ်ဖန် မဆုံးရကြ။ မြေကြီးကို ဖျက်ဆီးဖို့ရာ နောက် တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။ ၁၂ထိုမှတပါး ငါတစ်ဘက်၊ သင်တို့နှင့်သင်တို့ထံမှာ အသက်ရှင်သမျှသော တိရစ္ဆာန်တို့တစ်ဘက်၌ သားမြေးအစဉ်အဆက် မပြတ်ငါပြု သောပဋိညာဉ်၏ လက်က္ခဏာသက်သေဟူမူကား၊ ၁၃ငါ၏သက်တံကို မိုးတိမ်း၌ ငါ ထား၏။ ထိုသက်တံသည် မြေကြီးနှင့် ငါပြုသောပဋိညာဉ်၏သက်သေဖြစ်လိမ့်မည်။

ယေရှုသည် ကျွန်ုပ်တို့၏ဘေးကင်းခိုလှုံရာသင်္ဘောကြီးဖြစ်သည်။
          ဘုရားသခင်တံခါးပိတ်ပစ်တော့မည့်အချိန် ရောက်လာမည်။ နောက်ထပ် ဘယ်သူမျှကယ်တင်ခြင်းမခံရနိုင်တော့ဆိုတာလည်း ကျွန်ုပ်တို့သိထားကြတယ်။ ဘုရားသခင်၏အမျက်တော်ဟာ ဒီကမ္ဘာကို နောက်တစ်ကြိမ်ရောက်လာမယ်။ မီးနဲ့ ရောက်လာမယ်။ သို့သော် ဘုရားနဲ့အတူ လမ်းလျှောက်နေသူတွေအတွက် လွတ် မြောက်တဲ့လမ်းကို ဘုရား ပြထားပေးခဲ့ပါတယ်။ ``၁၆ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကို ရ စေခြင်းငှါ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ သည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။´´(ယော ၃း၁၆)။ ``၁၂ထိုသ ခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သောနာမတစ်စုံတစ်ခုမျှ ကောင်းကင် အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အားမြွတ်ဆို၏။´´(တမန် ၄း၁၂)။ ``ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အ သေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော် မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။ သို့ဖြစ်၍ ယခုတွင် အသွေးတော် အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ် တော်မူခြင်းသို့ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏။´´(ရောမ ၅း၈)။ ``ဤမျှ လောက်ကြီးစွာသော ကယ်တင်တော်မူခြင်းတရားကို ငါတို့သည် နားမထောင်ဘဲ နေလျှင်၊ အပြစ်ဒဏ်နှင့် အဘယ်သို့လွတ်ကြလိမ့်မည်နည်း။´´(ဟေဗြဲ ၂း၃)။ ပေး ကမ်းထားတော်မူတဲ့ ကယ်တင်ခြင်းဟာ ဘယ်လောက်အံ့ဩဖွယ်ဖြစ်လိုက်လေသ လဲ၊ ဘေးကင်းခိုလှုံရာလှေသင်္ဘောကြီး။
          (ကမ္ဘာ ၆း၁၄)မှာ သင်္ဘောအတွင်းအပြင်ကို ထင်းရူးစေးနဲ့သုတ်ပါလို့ နောဧ ကို ဘုရားပြောခဲ့တာ ဘယ်လောက်စိတ်ဝင်စားစရာကောင်းသလဲ။ `ထင်းရူးစေး´ အတွက်သုံးခဲ့တဲ့ ဟေဗြဲစကားကို `အပြစ်ဖြေရာ´ဟူ၍လည်း ပြန်ဆိုအသုံးပြုပါ တယ်။ နှစ်ခုစလုံးရဲ့အဓိပ္ပါယ်က `ဖုံးအုပ်ခြင်း´ဆိုတဲ့ အနက်ဖွင့်ဖြစ်ပါတယ်။ ယေရှု ရဲ့အသွေးဟာ ကျွန်ုပ်တို့၌အပြစ်အတွက်ဖုံးအုပ်ရာဖြစ်ပါတယ်။ ယေရှုရဲ့အသွေး တော်ဟာ ကျွန်ုပ်တို့ကို အပြစ်အားလုံးမှစင်ကြယ်စေရန် ဆေးကြောပေးပါတယ်။
          ဘုရားသခင်၏အကြံအစည်တော်ဟာ မိသားစုတစ်စုလုံးက နောဧမိသားစု အားလုံးဘေးကင်းရာရောက်သလို ကယ်တင်ခြင်းရဖို့ဖြစ်တယ်။ ``ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။´´ (တမန်တော် ၁၆း၃၁)။ သို့သော် ကျွန်ုပ်တို့ဟာ နောဧလုပ်ခဲ့သလို ဘုရားအမိန့်ပေး တာ အကုန်လုပ်ဖို့ လိုတယ်။ ကျွန်ုပ်တို့ရဲ့ကလေးတွေကို လေ့ကျင့်ပေးဖို့၊ ချစ်ဖို့နဲ့ သူတို့လေးတွေကို ကျွန်ုပ်တို့ဂရုမစိုက်သောကြောင့် ဘုရားအမျက်တော်အောက် ရောက်မသွားရလေအောင် ထိန်းပေးရပါမယ်။ ဘုရားသခင်ဟာ  ကျွန်ုပ်တို့ရဲ့အဖေ ဖြစ်တယ်။ ဘုရားသခင် သင့်ကို ကလေးတစ်ယောက်လို ဘယ်လိုဂရုစိုက်သလဲ။ သင့်ကို ကိုယ်တော်သည်းညည်းခံသလား။ ပြစ်ဒဏ်ပေးတတ်သလား၊ အားပေး တိုက်တွန်းတတ်သလား။ သင့်ကို ပျော်ရွှင်နေစေဖို့ ကောင်းချီးပေးတတ်သလား။ သင့်အကြောင်း အသေးစိတ် အားလုံးကို စိတ်ဝင်တစားရှိနေသလား။ သင့်ကို ဘု ရားနဲ့အတူရှိနေစေဖို့ ကိုယ်တော်ခေါ်ယူနေသလား။ ကျွန်ုပ်တို့ဟာ ဘုရားသားသမီး တွေကို ဘုရားဆက်ဆံတဲ့အတိုင်း ကိုယ့်ကလေးတွေကို ဆက်ဆံဖို့လိုတယ်။
          ဘုရားသခင်ဟာ အိမ်ထောင်မိသားစုနဲ့ပတ်သက်လို့ ဘယ်လောက်ကြီးစွာ ခံစားချက်ရှိသည်ကို ဖေါ်ပြနေပါတယ်။ ``ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မတ်ဘွယ်သောနေ့ရက်ကြီးမရောက်မီ ပရောဖတ်ဧလိယကို သင်တို့ရှိရာ သို့ ငါစေလွှတ်မည်။ ငါသည် လာ၍သင်တို့၏ပြည်ကို ကျိန်ခြင်းဘေးနှင့် ဒဏ်မ ခတ်မည်အကြောင်း ထိုပရောဖက်သည် သားတို့နှင့်အဘတို့ကို၎င်း၊ အဘတို့နှင့် သားတို့ကို၎င်း အသင့်အတင့်ဖြစ်စေမည်ဟုမိန့်တော်မူ၏´´(မာလခိ ၄း၅-၆)။ ကျွန်ုပ်တို့၏မိသားစုအပေါ်တာဝန်ရှိမှုကို အထူးဂရုစိုက်ပြုစုကြပါစို့။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့