ဖြောင့်မတ်သူတစ်ဦးကို ရှာဖွေတော်မူသည်



ဇာတ်လမ်း (၆) ဖြောင့်မတ်သူတစ်ဦးကို ရှာဖွေတော်မူသည်

ကမ္ဘာဦးကျမ်း ၆း၅-၉ , ၁၃-၁၄ , ၂၂
မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ် မပြတ် ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို ဘုရားသခင် သိမြင်တော်မူလျှင်၊ မြေ ကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို နောင်တရ၍ နှလုံးတော်ပူပန်လျက်ရှိ တော်မူ၏။ ထာဝရဘုရားကလည်း ငါဖန် ဆင်းသောလူကို၎င်း၊ လူမှစ၍သားများ ဘွား တတ်သော တိရစ္ဆာန်များ၊ မိုးကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ် သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသော ကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ နောဧမူကား ထာဝရဘုရားစိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
          နောဧအတ္ထုပ္ပတ္တိဟူမူကား နောဧ သည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင် သောသူဖြစ်၏။
ဘုရားသခင်နှင့်အတူ သွားလာ၏။
၁၃ထိုအခါ ဘုရားသခင်သည် နောဧအား မိန့်တော်မူသည်ကား၊ သတ္တ၀ါအပေါင်းတို့ ၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မ အမှုနှင့်ပြည့်စုံလေ၏။ အကယ်စင်စစ်မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ၁၄ဂေါဖရသစ်သားဖြင့်၊ သင်္ဘောကိုကိုယ်ဘို့တည်လုပ်လော့။ အထဲ၌လည်း အခန်း များကို လုပ်လော့။ အတွင်းအပြင်ပတ်လည်ကို ထင်းရှုးစေးနှင့်သုတ်လော့။ . . . . .  ဘုရားသခင်မှာထားတော်မူ၏။ ၂၂မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ ၏။

အလေးထားလုပ်ဆောင်ရန်
        အောက်ပါကွက်လပ်နေရာများ၌ မှန်သောစာလုံးများဖြည့်စွက်ရေးသွင်းပေး ပါ။
၁။ မြေကြီးပေါ်မှာ လူအပြစ်ကြီး၍ သူ၏စိတ်နှလုံး . . . . . . . . . . . . . . ရှိသမျှတို့ သည် . . . . . . . . . . . . . . , . . . . . . . . . . . . . . . . သက်သက်ရှိကြောင်းကို ဘုရားသခင်သိမြင်တော်မူတယ်။ (၅)မြေကြီးသည် . . . . . . . . . . . . . . . နှင့် ပြည့် စုံလေ၏။ (၁၃)
[အရာရာကို ဘုရားသခင်မြင်တယ်။ လူတို့၏ဆိုးညစ်ခြင်း၊ စိတ်ကောက်ခြင်းကိုလည်းသိ တယ်။ ကျွန်ုပ်တို့ကို စာနာ၍ကြင်နာသနားတတ်သောစိတ်နှလုံးရှိစေလိုတယ်။ စိတ်ယုတ်မွေး နေတာကို ကိုယ်တော်မလိုလားပါ။ ဘုရားကိုပြန်လှန်သောအတွေးများကိုလည်း တိုက်လှန် မောင်းထုတ်စေလိုတယ်။ ကျမ်းစာကို နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ်နေစေလိုတယ်။ (၂ကော ၁၅း၅,ယောရှု ၁း၈)]
၂။ ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကိုဖန်ဆင်းတော်မူသည်ကို . . . . . . . . . . ရ၍ . . . . . . . . . . . . . ရှိတော်မူ၏။(၆)
[အထက်ပါကွက်လပ်ဖြည့်စွက်ချက်ဟာ မူရင်းဟေဗြဲဘာသာမှယူ၍ ဘာသာဖြန်ခဲ့ကြရာ၌ အ တိအကျအဓိပ္ပါယ်ကိုဆိုရရင် ``သက်မချသည်´´သို့မဟုတ်``သက်ပြင်းချလေမှုတ်ထုတ် တယ်´´လို့ဆိုပါတယ်။ နှစ်သက်တော်မမူတော့ဘူးဆိုတဲ့အမြင်နဲ့ ပြောချင်တာဖြစ်တယ်။ နော ဧမွေးလာတော့ သူတို့သားကို ``နောဧ´´လို့ နံမည်ပေးတာ ``ငြိမ်သက်ခြင်း´´အဓိပ္ပါယ်နဲ့ ဖြစ်ပါတယ်။ ကျန်းတန်းတဲ့ကမ္ဘာမြေပေါ်မှာ နောဧဟာ ``နှစ်သိမ့်ပေး´´လိမ့်မယ်လို့ သူတို့ ပြောကြတယ်။ ဒီ ``နှစ်သိမ့်ပေး´´ တယ်လို့ဆိုတဲ့ ဘာသာပြန်ချက်ဟာလည်း အတိအကျ ဟေဗြဲဘာသာမှ ``သက်မချသည်´´သို့မဟုတ်``သက်ပြင်းချလေမှုတ်ထုတ်တယ်´´ဆိုတာ ကနေ နှစ်သက်ခြင်းအစွဲနဲ့ ပြန်ယူခဲ့တာဖြစ်တယ်။ နောဧဟာ ဆိုးညစ်တဲ့ ကမ္ဘာကို သက်သာ ခြင်းနဲ့ နှစ်သိမ့်ပေးခြင်းကို ယူတင်ပေးရမယ်။]
၃။ နောဧကား ထာဝရဘုရား . . . . . . . . . . . . . . . တွေ့သောသူဖြစ်တယ်။(၈)
နောဧသည် . . . . . . . . . . . . . . ၊ မိမိအမျိုး၌ . . . . . . . . . . . . . . . . ဖြစ်၏။ ဘုရားသခင်နှင့်အတူ . . . . . . . . . . . ၏(၉)
[ထာဝရဘုရားသည် စုံလင်သောစေတနာစိတ်ရှိသော သူတို့ဘက်၌ ခိုင်ခံ့စွာနေခြင်းငှါ မြေ ကြီးတပြင်လုံးကို အနှံ့အပြားကြည့်ရှုလျက်ရှိတော်မူ၏။]
၎။  မှာထားတော်မူသည့် . . . . . . . . . . . . .  နောဧပြုလေ၏။ (၂၂)

စီရင်ခြင်းရောက်လာပြီ
          ဘုရားသခင်ဟာ လူတွေကို ဒုစရိုက်လုပ်ရာကနေပြန်လှည့်ပြီး သူ့နောက် လိုက်ဖို့ အမြဲတမ်းအချိန်ပေးပါတယ်။ ကိုယ်တော်ပြောတယ်။ ``ငါ့ဝိညာဉ်သည် လူတို့တွင်အစဉ်မဆုံးမရ။ အကြောင်းမူကား လူတို့သည် အသားဖြစ်၏။ သူ၏အ သက်တန်းသည်လည်း အနှစ်တရာနှစ်ဆယ်ဖြစ်စေဟု မိန့်တော်မူ၏။´´(ကမ္ဘာ၆း၃) ဘုရားသခင်သိတယ်။ လူတွေနောင်တရကြမှာ မဟုတ်ဘူး။ ကိုယ်တော်ဆက် စောင့်နေလို့မဖြစ်ဘူး။ နှစ်(၁၂၀)အကြာမှာ မြေကြီးကိုရေနဲ့နှစ်မြှပ်ပစ်ဖျက်ဆီးပစ်ဖို့ ဘုရားသခင်ဆုံးဖြတ်ခဲ့ရပါတယ်။ ဘုရားသခင်ဟာ တရားမျှတမှုရှိသူပါ။ အမျက် တော်မှလွတ်စေရန် နောဧနဲ့သူ့မိသားစုများကို လမ်းဖွင့်ပေးခဲ့တယ်။ ``နောဧ သည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသောဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံ ကြည်ခြင်းအားဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင် ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သောဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။´´ (ဟေဗြဲ ၁၁း၇)။
          ယနေ့ ကျွန်ုပ်တို့သိတယ်။ ကျွန်ုပ်တို့ရဲ့ကမ္ဘာလောကကြီးဟာ ပို၍ပို၍ဆိုး ညစ်တဲ့ဘက်ကို သွားနေတယ်။ ယေရှုပြောတယ်။ ``၃၇လူသားသည် ကြွလာသော အခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ၃၈ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။´´(မဿဲ ၂၄း၃၇-၃၉)။ နောဧလက်ထက် က ကမ္ဘာကြီးဟာ ကမ္ဘာအနှံ့ရေလွှမ်းသောအားဖြင့် ပျက်စီးခဲ့ရပါတယ်။ ``ယခုရှိ သော မိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက် ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍ မီးရှို့ ခြင်းအဖို့အလိုငှါနေရစ်သတည်း။ ၁၀သူခိုးသည်ညဥ့်အခါ လာသကဲ့သို့ ထာဝရဘု ရား၏နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသောအ သံနှင့်တကွ ပျောက်သွားလိမ့်မည်။ လောကဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြ လိမ့်မည်။ မြေကြီးကိုယ်မှစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။
          ၁၁-၁၂သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မြော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရား ၀တ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ ၁၃ယခုရှိသ မျှသောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာမိုး ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့်အညီ မြော်လင့်ကြ၏။
          ၁၄ထိုသို့မြော်လင့်ခြင်းရှိသောကြောင့်၊ ချစ်သူတို့၊ သင်တို့သည် အညစ်အ ကြေးနှင့် ကင်းစင်၍ အဘယ်အပြစ်မျှမပါဘဲ၊ ရှေ့တော်သို့ငြိမ်ဝပ်စွာရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့။´´
(၂ပေ ၃း၇၊၁၀-၁၁၊၁၃-၁၄)
        လောကကိုစီရင်ခြင်းရောက်တော့မည်ကိုသိနေကြပြီးဖြစ်၍ ဘုရားသခင် ကြွလာတော်မူမည်ဆိုသည်ကလည်း လူတွေနောင်တရဖို့ အချိန်ကြာကြာပေးနေသ လိုဖြစ်သောကြောင့် ကျွန်ုပ်တို့ ဘာလုပ်သင့်တယ်ထင်သလဲ။ ပထမတော့ ကျွန်ုပ် တို့ကိုယ်တိုင် ဘုရားနဲ့အတူလမ်းလျှောက်၍ ဘုရားကိုဝမ်းမြောက်စေရန်နှင့် ပညတ် တော်အချက်အားလုံးကို စောင့်ရှောက်လိုက်နာခြင်းအားဖြင့်၊ မိမိနှင့်မိမိ မိသားစုအ တွက် ခရစ်တော်မှတဆင့် ဘုရားပေးထားတဲ့ကယ်တင်ခြင်းစိတ်ချရမှု တည်မြဲနေ စေရပါမယ်။ ဒါ့ပြင် ကျွန်ုပ်တို့ရဲ့အာရုံသည်လည်း ဒီလောကအရာများအပေါ်၌ မ ဟုတ်စေရဘဲ၊ ၀ိညာဉ်ရေးရာများ၌ စိတ်ရောက်နေဖို့လိုတယ်။ ``၃၃ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအ ရာများကို ထပ်၍ပေးတော်မူလတံ့။´´(မ ၆း၃၃)``၁၇ဘုရားသခင်၏နိုင်ငံတော် သည် အစားအသောက်၌ မတည်၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့်ခံရသော ၀မ်းမြောက်ခြင်း၌တည်၏။´´(ရောမ ၁၄း၁၇)(၂ပေ ၂း၅)တွင် နောဧကို `ဖြောင့်မတ်ခြင်းတရားကိုဟောသည်´ ဟူ၍သိခဲ့ကြ တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့လောကကို စီရင်ခြင်းရောက်တော့မည့်အကြောင်း သတိပေးပြောကြားရမည်ဖြစ်ပြီး၊ လူတွေကို ဘုရားသခင်၏အမျက်တော်မှလွဲစေ၍ ဘယ်လိုကယ်တင်ခြင်းခံယူကြရမည်ကိုလည်း ပြောပြရမယ်။ ``၁၁သို့ဖြစ်၍ သခင် ဘုရားနှင့်ဆိုင်သော ကြောက်မတ်ဘွယ်သော အကြောင်းအရာတို့ကို ငါတို့သည် သိလျှင်၊ လူများကို နိုးဆော်သွေးဆောင်ရသည်။´´(၂ကော ၅း၁၁)

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့