ဇာတ်လမ်း (၁၀)
ဇာတ်လမ်း (၁၀) အာဗြံ အဲဂုတ္တုသို့ သွားသည်။
ကမ္ဘာဦးကျမ်း ၁၂း၁၀-၂၀
၁၀ထိုနောက်၊ခါနာန်ပြည်၌အစားခေါင်း
ပါးခြင်းဖြစ်၏။ အလွန်အစားခေါင်းပါးသော ကြောင့်၊ အာဗြံသည် အဲဂုတ္တုပြည်၌တည်းခို ခြင်းငှါသွားလေ၏။
၁၁အဲဂုတ္တုပြည်နှင့်နီးသော အခါ မိမိမယားစာရဲကို သင်သည် အဆင်းလှ သောမိန်းမဖြစ်သည်ကို
ငါသိ၏။ ၁၂အဲဂုတ္တုလူ တို့သည် သင့်ကို မြင်သောအခါ ဤမိန်းမ သည် သူ၏မယားဖြစ်၏ဟုဆိုလျက်
ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာပေးလိမ့် မည်။ ၁၃သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်ကြောင်းကို
ပြောပါလော့။ သို့ပြောလျှင် သင့် အတွက် ငါကောင်းစားလိမ့်မည်။ သင်၏ ကျေးဇူးအားဖြင့် ငါအသက်ချမ်းသာရလိမ့်
မည်ဟုဆို၏။
၁၄အာဗြံသည် အဲဂုတ္တုပြည်သို့ ရောက်သောအခါ၊
သူ၏မယားသည်အလွန် အဆင်းလှသည်ကို အဲဂုတ္တုလူတို့သည် မြင်ကြ၏။ ၁၅ဖါရောဘုရင်၏
မှူးတော်မတ် တော်တို့လည်းမြင်၍ ရှေ့တော်၌ချီးမွမ်းပြီးလျှင် နန်းတော်သို့သွင်းရကြ၏။
၁၆ဖါရော ဘုရင်သည် ထိုမိန်းမအတွက် အာဗြံ၌ကျေးဇူးပြုသဖြင့်၊ သူသည် သိုး၊နွား၊မြည်းထီး၊
မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့်ကြွယ်ဝ၏။ ၁၇ထာဝရဘု
ရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ ကို ကြီးသောဘေးဒဏ်ဖြင့်
ဆုံးမတော်မူ၏။ ၁၈ဖါရောဘုရင်သည်လည်း အာဗြံကို ခေါ်၍ သင်သည် ငါ၌ပြုသောအမှုကား
အဘယ်သို့နည်း။ သူသည် သင်၏မယား ဖြစ်ကြောင်းကို၊ ငါအား အဘယ်ကြောင့် မပြောသနည်း။ ၁၉ငါသည်
သူ့ကို သိမ်း ပိုက်စေခြင်းငှါ သူသည် ငါ့နှမဖြစ်သည်ဟု အဘယ်ကြောင့် ဆိုသနည်း။ သင်၏မ ယားကို
ယခုယူ၍သွားလော့ဟု အမိန့်ရှိ၏။ ၂၀ထိုသို့ အာဗြံအမှုကို စီရင်၍ မိမိလူတို့
အား မှာထားသဖြင့် သူတို့သည် အာဗြံ၌ရှိသမျှသောဥစ္စာနှင့်တကွ သမီးမောင်နှံတို့ ကို လွှတ်လိုက်ကြ၏။
အလေးထားအာရုံပြုရန်
အစာခေါင်းပါးသည့်အတွက်ကြောင့် အာဗြံဟာ ဘုရားဖေါ်ပြတဲ့နေရာကို
သူ့နေရပ်စွန့်၍ထွက်သွားခဲ့တယ်။ အဲဂုတ္တုကို သွားခဲ့ပါတယ်။ အဲဂုတ္တုဟာ ထိုအချိန် က ကျမ်းစာထဲမှာ
ကျွန်ခံရာကမ္ဘာ့အရပ်အဖြစ်သိနေခဲ့ကြတယ်။ အာဗြံဟာ အရေး ကြုံရာမှာ ဘုရားကို မမေးခဲ့ဘူး။
အကြောက်တရားဖိစီးနေတဲ့အခါ အာဗြံ မုသာသုံး လိုက်တယ်။ ဟုတ်ပါတယ်။ သူ့ဇနီးစာရဲဟာ သူ့ညီမတစ်ဝမ်းကွဲဆိုတာမှန်ပါတယ်။
ဒါပေမဲ့ ထိုဒေသကလူတွေကို စာရဲဟာ သူ့ဇနီးမဟုတ်ဘူးလို့အထင်ရောက်အောင် တမင်သက်သက် လှည့်စားလိမ်ဆိုခဲ့တယ်။
ဘုရားလူတွေက ဒီနည်းနဲ့အပြောထွက် ကြတဲ့အခါ လောကကြီးရဲ့အဆုံးအမကိုခံလိုက်ရတော့ ဘယ်လောက်
ဝမ်းနည်းစ ရာကောင်းလိုက်သလဲ။ လောကလူတွေဆိုတာ ဘုရားလူတွေဆိုတဲ့ကျွန်ုပ်တို့ကို အ ဆင့်မြင့်ပြုမူနေထိုင်ကြမယ်လို့
မျှော်လင့်နေတတ်ကြပါတယ်။
အာဗြံဟာ သူအသတ်ခံရမယ်လို့ တွေးကြောက်နေတယ်။
ဒီလိုအတွေးဆို တာ ဒုစရိုက်လုပ်မိဖို့ ပထမခြေလှမ်းပါပဲ။ ``၅ထိုလက်နက်အားဖြင့်
လူတို့၏အကြံ အစည်တို့ကို၎င်း၊ ဘုရားသခင်ကိုသိသောပညာကို ဆီးတားသောမာန်မာနရှိသမျှ တို့ကို၎င်း၊
နှိမ့်ချမှောက်လှန်၍ ခပ်သိမ်းသောစိတ်တို့ကို ဘမ်းသွားချုပ်ထားလျက် ခ ရစ်တော်၏စကားကို
နားထောင်စေကြ၏။´´(၂ကော ၁၀း၅)။ အကြောက်တရားဆို
တာဘုရားဆီကလာတာ မဟုတ်ဘူး။ ယုံကြည်ခြင်းရှိကြပါ။ ``၇အကြောင်းမူကား၊ ဘုရားသခင်သည်
ကြောက်တတ်သောစိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊
ရှင်းလင်းသောစိတ်သ ဘောကို ပေးတော်မူ၏။´´(၂တိ
၁း၇)။
အပြစ်လုပ်မိတဲ့အခါ အပြစ်ဟာ ငယ်ငယ်လေးဖြစ်ချင်ဖြစ်နေပါစေ၊
အဲဒီအ ပြစ်ကို နောက်ထပ်လုပ်မိဖို့ လွယ်ကူနေတတ်ပါတယ်။ အာဗြံဟာ အဲဒီမျိုးတူအပြစ် ကို
ထပ်လုပ်တာ အခန်းကြီး(၂၀)မှာ တွေ့ရပါတယ်။ ဟာဂရဆိုရင် သူတို့အိမ် ထောင်စုထဲကို ကျွန်မအဖြစ်
အဲဂုတ္တုပြည်ကနေလိုက်ပါလာခဲ့တာဖြစ်နိုင်ပါတယ်။ အာဗြံကို ၀မ်းနည်းစရာအဖြစ်တွေ ရောက်စေခဲ့တာကို
ဇာတ်လမ်း(၁၄)မှာ လေ့လာ ရပါမယ်။
ဘုရားသခင်ဟာ အဘတို့၏အပြစ်ကို သားစဉ်မြေးဆက်၊
တတိယအဆက် စတုတ္တအဆက်တိုင်အောင် သားတို့၌ဆပ်ပေးဖို့ စီရင်တော်မူတာကို ထွက်မြောက် ရာကျမ်း(၃၄း၁၇)မှာ တွေ့ရပါမယ်။ ကျွန်ုပ်တို့ ဖခင်ဖြစ်ကြသူတွေဟာ
ဒုစရိုက်ကို တိုက်လှန်ပြီး၊ အပြစ်ခွင့်လွှတ်ခြင်းမခံယူခဲ့ဘူးဆိုရင်၊ မျိုးဆက်သားသမီးတွေရဲ့
အသက်တာထဲမှာ အဲဒီအပြစ်ဒုစရိုက်တွေ ဆက်လုပ်နေကြတာ တွေ့ရပါလိမ့်မယ်။ အာဗြံရဲ့လှည့်စားမှုမျိုးကို
သားဣဇာတ်ဘ၀ထဲမှာ လုပ်တာတွေ့ရတယ်။ အာဗြံရဲ့ လှည့်စားမှုမျိုးကို သားဣဇာတ်ဘ၀ထဲမှာ လုပ်တာတွေ့ရတယ်။
ဣဇာတ်က သူ့မ ယားရေဗက္ကဟာ သူ့ဝမ်းကွဲနှမတစ်ယောက်လည်းမဟုတ်ပဲနဲ့ အာဗြံလိမ်သလို လူ တွေကို
လိမ်ပြောခဲ့တယ်။(ကမ္ဘာ ၂၆း၁-၁၁)။ နောက်ပိုင်း
ဣဇာတ်သား ယာကုပ် ဟာလည်း ပိုလို့ရှုပ်အောင် လှည့်စားခြင်းအပြစ်တွေလုပ်ပါတယ်။ (ဇာတ်လမ်း
၂၄နဲ့ ၃၀ မှာ ဖတ်ကြည့်ပါ။) ယာကုပ်သားတွေဟာလည်း လှည့်စားတဲ့အလုပ်တွေ ဆက် လုပ်နေကြတာပဲ။
(ဇာတ်လမ်း ၃၅)။ ကျွန်ုပ်တို့ဘ၀အထဲက အပြစ်ကို ရှင်းထုတ်ဖို့နဲ့ အဲဒီအပြစ်တရားဟာ မျိုးဆက်တစ်လျှောက်ကွင်းဆက်ရောက်မသွားရအောင်လုပ်
ဖို့ ဘယ်လောက်အရေးကြီးလဲ။ အခက်ကြုံတဲ့အခါတိုင်း ဘုရားအလိုတော်မှလမ်းမ လွဲသွားရန် ဘုရားကို
ရှာတွေ့ဖို့ ဘယ်လောက် အရေးကြီးလိုက်သလဲ။ ``၅ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့
ကိုးစားလော့။ ကိုယ်ဥာဏ်ကို မမှီမပြုနှင့်။ ၆သွားလေ ရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။
သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင် တော်မူမည်။´´(သုတ္တံ ၃း၅-၆)။
စာရဲဟာ ဇနီးမယားနမူနာပုံစံတစ်ရပ်
စာရဲဟာ အဲဒီအခြေအနေများမှ အကြောက်ကြီးကြောက်နေမှာပါ။
ယော က်ျားက လမ်းမှန်တကျ မလုပ်ခဲ့သော်လည်း ဘုရားက သူမကို ဂရုစိုက်ပေးခဲ့ပါ တယ်။ ဘုရားသခင်ဟာ
ဇနီးမယားတွေကို သူတို့ယောက်ျားတွေအတွက် စိတ်အ နှောင့်အယှက်မဖြစ်စေရဘဲ၊ စံပြနမူနာတစ်ရပ်ဖြစ်စေလိုတယ်။
ဘုရားဟာ ဇနီးမ ယားတစ်ယောက်ကို ``၄ဘုရားသခင်ရှေ့မှာ အဘိုးများစွာထိုက်သောနူးညံ့ငြိမ်
သက်ခြင်းသဘောရှိခြင်း´´ကို အလှဆင်ယင်နေစေလိုပါတယ် (၁ပေ ၃း၎က)။ ``၅-၆ ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည်
ရှေးက ထိုသို့ကိုယ်ကို တန်ဆာဆင်လျက် စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့သို့
ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ၀န်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း
အလျင်းမရှိဘဲနေလျှင် စာရာ၏သ မီးဖြစ်ကြ၏။´´(၁ပေ
၃း၅-၆)။ တကယ်လို့ မယားတစ်ယောက်ဟာ သူမရဲ့ယော က်ျားပြုမူနေထိုင်ပုံကိစ္စကို ပြောဆိုလိုရင်
ဖြောင့်မတ်သောစိတ်နဲ့သူမရဲ့ စိုးရိမ်ခြင်း ကိုဖေါ်ပြ၍ ကျန်တာယောက်ျားကို ဘုရားသခင်ပြုပြင်စေရန်
အပ်ထားလိုက်ရပါ မယ်။ ``၅အကယ်စင်စစ် ငါ့ဝိညာဉ်သည် ဘုရားသခင်ရှေ့မှာ ငြိမ်ဝပ်စွာနေတတ်၏
ငါမြော်လင့်ခြင်းအကြောင်းသည် အထံတော်ကသက်ရောက်ရ၏။´´(ဆာလံ ၆၂း၅)
Comments