ကမ္ဘာဦးကျမ်းကိုလေ့လာခြင်း ဇာတ်လမ်း (၁၁)



ဇာတ်လမ်း (၁၁) အာဗြံ နှင့် လောတ လမ်းခွဲခြင်း
ကမ္ဘာဦးကျမ်း ၁၃း၁-၁၅
          အာဗြံသမီးမောင်နှံတို့သည်လည်း လောတနှင့်တကွ မိမိတို့ရှိသမျှသောဥစ္စာကိုယူ ၍ အဲဂုတ္တုပြည်မှထွက်သွားသဖြင့်၊ ခါနာန်ပြည် တောင်ပိုင်းသို့ ရောက်ကြ၏။ ထိုအခါ အာဗြံ သည် သိုး၊နွား စသည်တို့ကို၎င်း၊ ရွှေငွေကို၎င်း၊ အလွန်ရတတ်၏။ တဖန်တောင်ပိုင်းမှ ခရီးသွား ၍ ဗေသလနယ်အတွင်း၊ ဗေသလမြို့၊ အာဣမြို့စပ်ကြား၌ အထက်ကတဲကို ဆောင်၍၊ ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထိုအရပ်တွင် ထာဝရဘုရား၏နာမတော်ကို ပတ္တနာပြု၏။ အာဗြဟံနှင့် လိုက်လာသောလောတ သည်လည်း သိုး၊နွားများနှင့် တဲအများရှိသဖြင့်၊ ထိုလူနှစ်ဦးတို့သည် အတူနေခြင်း ငှါ ထိုမြေမဆံ့နိုင်။ ဥစ္စာများလွန်း၍၊ သူတို့သည် တရပ်တည်းမနေနိုင်ကြ။ အာဗြံ၏ နွားကျောင်းသား၊ လောတ၏နွားကျောင်းသားတို့သည်လည်း ခိုက်ရန်ပြုကြ၏။ ထို အခါ ခါနာန်အမျိုးသား၊ ဖေရဇိအမျိုးသားတို့သည် ထိုပြည်၌နေကြသတည်း။ အာ ဗြံကလည်း ငါတို့သည် ညီအစ်ကိုချင်းဖြစ်လျက် ငါနှင့်သင်၌၎င်း၊ ငါ့နွားကျောင်းသား တို့နှင့် သင့်နွားကျောင်းသားတို့၌၎င်း ခိုက်ရန်မရှိပါစေနှင့်။ မြေတပြင်လုံးသည် သင့်ရှေ့မှာရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေပါလော့။ သင်သည် လက်ဝဲဘက်သို့ သွားလျှင်၊ ငါသည် လက်ကျာဘက်သို့သွားမည်။ သင်သည် လက်ျာဘက်သို့သွား လျှင်၊ ငါသည် လက်ဝဲဘက်သို့သွားမည်ဟု ဆို၏။ ၁၀ထိုကာလအခါ သောဒုံမြို့နှင့် ဂေါမောရမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မမူမီ ဇောရမြို့သို့သွားသောလမ်း၊ ယော်ဒန်မြစ်ပတ်ဝန်းကျင်အရပ်ရပ်၌ နေများ၍ ထာဝရဘုရား၏ဥယျာဉ်တော်ကဲ့သို့ ၎င်း၊ အဲဂုတ္တုပြည်ကဲ့သို့၎င်းဖြစ်သည်ကို လောတ မြော်ကြည့်၍မြင်လျှင်၊ ၁၁ယော်ဒန် ချိုင့်တစ်လျှောက်လုံးကို ရွေးချယ်၍၊ အရှေ့သို့ပြောင်းသွားသဖြင့်၊ အချင်းချင်းတစ် ဦးနှင့်တစ်ဦး ကွဲပြားကြ၏။ ၁၂အာဗြံသည် ခါနာန်ပြည်၌နေလေ၏။ လောတမူကား မြစ်ပတ်ဝန်းကျင်မြို့တို့တွင် နေ၍သောဒုံမြို့နားမှာ တဲကိုဆောက်လေ၏။ ၁၃သောဒုံ မြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ အလွန်အပြစ်များသောသူဖြစ် ကြသတည်း။
          ၁၄လောတသည် အာဗြံနှင့် ခွါ၍သွားပြီးမှ၊ ထာဝရဘုရားသည် အာဗြံကိုခေါ် ၍ သင်ရှိသောအရပ်က၊ တောင်၊ မြောက်၊ အရှေ့၊ အနောက်သို့မြော်ကြည့်လော့။ ၁၅သင်မြင်သောမြေတစ်ပြင်လုံးကို သင်နှင့်သင်၏အမျိုးအနွယ်အား ငါသည် ကာလ အစဉ်အမြဲ ပေးမည်။

ဘုရားအလိုတော်ကို အာဗြံ ပြန်ရောက်လာခြင်း
          အာဗြံဟာ သူသွားနေတဲ့သူ့လမ်းအတိုင်း ဘယ်တော့မှဆက်မသွားဖို့ ဆုံး ဖြတ်လိုက်တယ်။ ယဇ်ပလ္လင်တည်ခဲ့ဖူးသောအရပ်သို့ရောက်၍ နာခံခြင်းနေရာ၌နေ လျှက် ထာဝရဘုရားကို ပတ္တနာပြုလေ၏ အာဗြံဟာ ဘုရားနဲ့မိတ်သဟာယဖွဲ့ခြင်း ကို တစ်ဖန်တည်ဆောက်ခြင်းပြုလေ၏။ ``ထာဝရဘုရားသည် လဲသောသူရှိ သမျှတို့ကို ထောက်မတော်မူ၏။ နှိမ့်ချသောသူအပေါင်းတို့ကို ကြွပင့်တော်မူ၏။´´ (ဆာလံ ၁၄၅း၁၄)။ ``၁၁မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝ ရဘုရားကို ကြောက်ရွံ့သောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏။ ၁၂အရှေ့ မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါ တို့နှင့်ဝေးစေတော်မူ၏။ ၁၃အဘသည် သားတို့ကို သနားစုံမတ်သည်နည်းတူ၊ ထာဝ ရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမတ်တော်မူ၏။ ၁၄အကြောင်းမူ ကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက် မေ့တော်မူ၏။´´(ဆာလံ ၁၀၃း၁၁-၁၄)။ ဘုရားသခင်ဆီပြန်လှည့်ရောက်လာတဲ့ ကျွန်ုပ်တို့ကို လက်ခံချစ်မြတ်နိုးတော်မူတယ်။
          နောက်ထပ် အခက်အခဲတစ်ခုရောက်လာပြန်တယ်။ ဒီတစ်ကြိမ်မှာတော့ အာဗြံ ဖြောင့်မတ်စွာ ဆုံးဖြတ်လုပ်ဆောင်ခဲ့ပါတယ်။ သူဟာ ငြိမ်သက်ခြင်းရှိနေစဖို့ ရာ သူ့၌အမှန် ဘာလုပ်ရမည်ကိုသိ၍ အနစ်နာခံဖို့လိုလားခဲ့ပါတယ်။ ``ဖြောင့် မတ်ခြင်းပါရမီနှင့် ယှဉ်သောဥစ္စာအနည်းငယ်သည် မတရားသဖြင့်ရသော ဥစ္စာအ များထက်သာ၍ကောင်း၏။´´(သုတ္တံ ၁၆း၈)။ လောတဟာ သူ့မျက်စိကကြိုက်တဲ့ အရပ်ကို ရွေးလိုက်တဲ့အခါ သူ့ဝိညာဉ်ကို ကျော့မိစရာဖြစ်လာရတယ်။ အာဗြံမူကား အတ္တလိုဘကို အနစ်နာခံခဲ့သည်အတွက် ဘုရားသခင်က များစွာကောင်းချီးပေး မည်ဆိုတဲ့ ကတိတော်ကို ပြန်တည်စေခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ အလိုတော်နဲ့အညီ မှန်ကန်စွာလုပ်ဆောင်သွားမည်ဆိုပါက ဘုရားသခင်ဟာ ကျွန်ုပ်တို့ဆင်းရဲခြင်းကို ပြုစုပေးပါလိမ့်မယ်။ ``၃၃ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော် ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ (မဿဲ ၆း၃၃)။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့