စစ်မြေပြင်နှင့် စစ်လက်နက်များ
အခန်း (၄)
စစ်မြေပြင်နှင့် စစ်လက်နက်များ
“အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည် လူဇာတိ၌ကျင်လည်သော်လည်း၊ ဇာတိပကတိ အလိုသို့လိုက်၍ စစ်တိုက်ကြသည်မဟုတ်။ ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည် ဇာတိကပတိလက်နက်မဟုတ်၊ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ပယ်ဖျက် နိုင်သောလက်နက်ဖြစ်၏။” (၂ကော၊ ၁၀း၃-၄)
            ရှင်ပေါလုပြောသည်မှာ ကျွန်ုပ်တို့သည် လူ့ဇာတိ၌ ကျင်လည်နေထိုင်ကြပြီး စစ်ပွဲ တစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေကြပါသည်။ ထိုစစ်ပွဲသည် ဇာတိပကတိစစ်ပွဲမဟုတ်ကြောင်း ပြောပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အသုံးပြုသော လက်နက်သည် စစ်ပွဲ၏သဘောသဘာဝ နှင့် သက်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ တိုက်သောစစ်ပွဲသည် သွေးသားလက်နက်များ ကို အသုံးပြုကြရပါလိမ့်မည်။ သို့သော် ယခု ကျွန်ုပ်တို့ပါဝင်နေသောစစ်ပွဲသည် ၀ိညာဉ်နယ် ပယ်တွင်ရှိပြီး ၀ိညာဉ်နှင့်ဆိုင်သောကြောင့် အသုံးပြုသောလက်နက်များသည်လည်း ၀ိညာဉ်နှင့်ဆိုင်သည့် လက်နက်များဖြစ်ရပါမည်။ (၂ ကော၊ ၁၀း၎-၅)။
“ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက်မဟုတ်၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ ခပ်သိမ်းသောစိတ်တို့ ကို ဘမ်းသွားချုပ်ထားလျက်၊ ခရစ်တော်၏စကားကို နားထောင်စေကြ၏။”
            ကျွန်ုပ်တို့၏ လက်နက်စုံသည် စစ်ပွဲနှင့်သင့်လျော်ပြီး ရန်သူ၏အမာခံတပ်များကို ကိုင်တွယ်ဖြေရှင်းရာ၌ အသုံးပြုကြပါသည်။ ဖော်ပြပြီးခဲ့သည့်အတိုင်း စစ်ပွဲသည် ၀ိညာဉ်စစ် ပွဲဖြစ်သောကြောင့်၊ လက်နက်များသည်လည်း စစ်နယ်ပယ်နှင့်ဆီလျော်သည့် ၀ိညာဉ်ပိုင်း ဆိုင်ရာ လက်နက်များဖြစ်ကြသည်။ ကျွန်ုပ်အဓိက ဖော်ပြလိုသည့် လက်နက်များနှင့် ပတ် သက်၍ အုပ်စု (၂) စု ခွဲထားပါသည်။ ပထမအုပ်စုမှာ “ခုခံကာကွယ်မှုအတွက် စစ်လက် နက်များ” ဖြစ်ပြီး ဒုတိယအုပ်စုမှာ “တိုက်ခိုက်မှုအတွက် လက်နက်များဖြစ်သည်။
            ကျွန်ုပ်တို့သိမှတ်ရန် လိုအပ်သောနောက်အချက်တစ်ခုမှာ မည်သည့်နေရာ၌ တိုက်ပွဲဖြစ်ပွားနေသည်ဟူသောအချက်ပင်ဖြစ်သည်။ စစ်မြေပြင်အကြောင်းကို ပြောပြရာ၌ ရှင်ပေါလုက စကားအမျိုးမျိုးကို အသုံးပြုထားပါသည်။ တချို့ကို ရွေးထုတ်ပြီး ဖော်ပြရပါက စိတ်ကူးစိတ်သန်းများ၊ ဆင်ခြင်တုံတရားများ၊ တွေးဆမှန်းဆခြင်းများ၊ ဆင်ခြင်တတ်ခြင်း များ၊ တွေးခေါ်မှုများနှု့် အသိတရားတို့ဖြစ်သည်။ ဖော်ပြထားသော စကားလုံးတိုင်းသည် နယ်ပယ်တစ်ခုကို ညွှန်းထားကြောင်း သတိပြုမိကြပါလိမ့်မည်။ ၎င်းနယ်ပယ်မှာ စိတ်နယ် ပယ်ဖြစ်သည်။ ထို့ကြောင့် စစ်မြေပြင်သည် စိတ်နယ်ပယ်ထဲမှာသာရှိကြောင်း လုံးဝသိရှိ နားလည်ဖို့ လိုအပ်ပါသည်။ စာတန်သည် လူများ၏စိတ်ကို ဆွဲဆောင်ဖမ်းချုပ်ပြီး အပြင်း အထန် လှုပ်ရှားပါသည်။ လူများ၏စိတ်ထဲတွင် ခြေကုပ်ယူပြီး ခိုင်မာသောခံတပ်တစ်ခုကို တည်ဆောက်လျက်ရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ ကိုယ်စားရပ်တည်သူများအနေနှင့် ၀ိညာဉ်ရေးရာလက်နက်များကို စွဲကိုင်ပြီး ရန်သူကို ဖြိုဖျက်ရန်နှင့် ချုပ်နှောင်ခြင်းခံနေရ သည့် လူသားများ၏စိတ်ကို လွှတ်မြောက်စေပြီး ယေရှုခရစ်တော်၏ စကားတော်ကို နား ထောင်လိုက်လျှောက်သူများ ဖြစ်လာစေဖို့ ကျွန်ုပ်တို့၏ တာဝန်ပင်ဖြစ်ပါသည်။ တုန်လှုပ် ဖွယ်ကောင်းသော တာဝန်တစ်ခု မဖြစ်ပေဖူးလား။
            စာတန်သည် တမင်ရည်ရွယ်ပြီး စည်းစနစ်ကျစွာဖြင့် လူတို့၏စိတ်ထဲတွင် အခိုင် အမာခံတပ်ကို တည်ဆောက်ထားပါသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ် တရားတော်နှင့် ဧ၀ံဂေလိတရားကို တွန်းလှန်ဆန့်ကျင်ပြီး တားဆီးမှုပြုထားပါသည်။
            သမ္မာကျမ်းက ညွှန်းထားသော လူ၏စိတ်နယ်ပယ်ထဲ၌ ခံတပ်အမျိုးအစားကို အသုံးများသည် အင်္ဂလိပ်စကားလုံး(၂)လုံးနှင့် ဖော်ပြလိုပါသည်။ ထိုဝေါဟာရနှစ်ခုလုံးမှာ (Prejudice)စိတ်အစွဲအလမ်းနှင့် (preconception)ကြိုတင်တွက်ဆခြင်းဖြစ်သည်။ တစ် နည်းအားဖြင့် ရှင်းလင်းစွာ မသိခဲ့သောအရာတစ်ခုကို မှားသည်ဟု တထစ်ချယုံကြည်မိခြင်း ဖြစ်သည်။ သို့မဟုတ် အရာတစ်ခုကို သေချာစွာ မစဉ်းစားမိဘဲ အန္တရာယ်ဖြစ်နိုင်သည်ဟု တွက်ဆခြင်းဖြစ်သည်။ ဤအယူအဆမျိုးသည် လောကသားများ၌ သာမက ဘာသာရေး အသိုင်းအ၀ိုင်းတွင်လည်း ထင်ရှားလျက်ရှိပါသည်။ ဘာသာရေး အသိုင်းအ၀ိုင်းတွင်မူ မကြားဖူးခဲ့သောအရာများကို မယုံသင်္ကာကြောက်ရွံ့သည့် ပုံစံမျိုးဖြင့် ရှုမြင်လေ့ရှိကြသည်။
            စိတ်အစွဲအလမ်းနှင့် ပတ်သက်သည့် အခြားဥပမာတစ်ခုကို ထင်ရှားကျော်စော သည့် အဆိုအမိန့်တစ်ခုအားဖြင့် ဖော်ပြလိုပါသည်။ “အမှန်ဖြစ်ရပ်များနှင့် ငါတို့မရှုပ်ထွေး စေနှင့်။ ငါ့စိတ်ထဲမှာ စွဲစွဲမြဲမြဲနေရာယူတာတစ်ခုရှိတယ်။” ထိုအရာကို စိတ်အစွဲအလမ်းဟု ခေါ်သည်။ လူတစ်ဦး၏ စိတ်ထဲတွင် ကြိုတင်ပြီး တစ်ခုခုက စွဲမြဲနေရာယူထားပြီးသားဖြစ်နေ ပါက အမှန်တရား၊ အမှန်ဖြစ်ရပ်များ၊ မှန်ကန်ပြည့်စုံသောသက်သေအထောက်အထားများ၊ အကြောင်းပြချက်များဖြစ်ပါသော်လည်း ပြောင်းလဲစေနိုင်မည်မဟုတ်ပါ။
            သို့သော် ၀ိညာဉ်ပိုင်းဆိုင်ရာ လက်နက်အားဖြင့်သား ဤကဲ့သို့ အခိုင်အမာတပ်စွဲ ထားသောအရာအားလုံးကို ချိုးဖျက်နိုင်မည်ဖြစ်သည်။ လူများ၌ စိတ်အစွဲအလမ်းနှင့် ကြိုတင်ယူဆထားသည့် အတွေးအခေါ်များက လွှမ်းမိုးပြီး ခိုင်းစေခြင်းကို ခံနေရသော ကြောင့် မကြာခဏဆိုသလို ပျက်စီးရာလမ်းသို့ ပို့ဆောင်သွားကြောင်း တွေ့ရသည်။ ကျွန်ုပ် တို့စိတ်ကို အထူးတွေ့ထိသည့် ဥပမာတစ်ခုကို ဖော်ပြလိုပါသည်။
            အမေရိကန်တော်လှန်ရေးစစ်ပွဲအတွင်းကဖြစ်သည်။ အင်္ဂလိပ်စစ်သားများနှင့် အမေရိကန်တော်လှန်ရေးသမားများ တိုက်ခိုက်နေကြသည့်အချိန်ဖြစ်သည်။ အင်္ဂလိပ်ဘင် ခရာတီးပြီး စစ်ပွဲချီတက်သွားမည်ဟူ၍ဖြစ်သည်။ အမေရိကန်လက်ဖြောင့်တပ်သားများ အနေဖြင့် ရွံ့နွံတောထဲ သစ်ပင်များကြားတွင် ပုန်းအောင်းပြီး အင်္ဂလိပ်စစ်သားများကို ပစ် သတ်ကြရန်ဖြစ်သည်။ ထိုအချိန်က အင်္ဂလိပ်စစ်သားများ အခြားနည်းလမ်းဖြင့် စစ်တိုက်မှု ကို လက်မခံနိုင်ခဲ့ကြပါ။ ထိုစိတ်အစွဲအလမ်းနှင့် အတွေးအခေါ်ဟုခေါ်သော စိတ်ထဲတွင် အခိုင်အမာတပ်စွဲမှုတရားများကြောင့် အင်္ဂလိပ်စစ်သားထောင်ပေါင်းများစွာတို့သည် မသေ သင့်ဘဲ သေဆုံးခဲ့ကြရပါသည်။ ထိုအဖြစ်အပျက်သည် စိတ်ဓာတ်ရေးရာအစွဲအလမ်းက လူများကို ပျက်စီးရာသို့ ပို့ဆောင်သည်ဟူသော သာဓကတစ်ခုဖြစ်သည်။
            လူများ၏စိတ်ကို ဖမ်းချုပ်ထားသည့် စိတ်အစွဲအလမ်း၏ အခြားဥပမာတချို့မှာ ဘာသာရေးအယူဝါဒ လွဲမှားမှုများ၊ နိုင်ငံရေးသဘောတရားများ၊ လူမျိုးရေးအစွဲအလမ်းများ စသည်တို့ဖြစ်သည်။ ဤအရာများကို ၀န်ခံကြသည့် ခရစ်ယာန်တချို့ မကြာခဏတွေ့ရ သည်။ မကြာသေးသောအချိန်က ကျွန်ုပ်အာဖရိကနိုင်ငံတွင် တရားဟောပြောခဲ့ပါသည်။ အထွဋ်အမြတ်အာဏာစက်များအကြောင်းနှင့် ၀ိညာဉ်တိုက်ပွဲအကြောင်းကို ဆင်ခြင်တွေး တောမှုပြုခဲ့ပါသည်။ ဘုရားသခင်ကလည်း တောင်အာဖရိကနိုင်ငံတစ်ခုလုံးအပေါ် လွှမ်းမိုး ချုပ်ကိုင်နေသောအရာကို ကျွန်ုပ်အား ဖော်ပြခဲ့ပါသည်။ ထိုအရာမှာ “အယူသည်းခြင်း၊ တစ် ယူသန်ခြင်း” ဖြစ်သည်။ အဘိဓာန်စာအုပ်ကို ကျွန်ုပ်လှန်ကြည့်သောအခါ အဓိပ္ပါယ်ဖွင့်ဆို ထားသည်မှာ “တစ်ခုခုကို ကိုင်ဆွဲထားခြင်း၊ ကျိုးကြောင်းမဆင်ခြင်မှု၊ ရှုထောင့်အချို့တွင် မျှတစွာခံယူမှုမရှိခြင်း”တို့ဖြစ်သည်။
            ကျွန်ုပ် တရားဟောပြီးနောက် တောင်အာဖရိကနိုင်ငံတွင် မွေးဖွားပြီး ထိုနိုင်ငံ အကြောင်းကို ကောင်းစွာနားလည်သည့် အမှုတော်ဆောင်တစ်ဦးက ကျွန်ုပ်ဆီလာပြီး “တောင်အာဖရိကနိုင်ငံ၏ပြဿနာများကိုတော့ ဒီထက်ပိုပြီးကောင်းအောင် ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ဘာသာရေးအယူသည်းမှုတွေ၊ လူမျိုးရေးနှင့် ဂိုဏ်းဂဏအယူသည်းမှု တွေနဲ့ နိုင်ငံဟာ စကာပေါက်လိုဖြစ်နေတယ်” ဟု ပြောပြသွားပါသည်။ တောင်အာဖရိကလူ မျိုးများသည် လူတစ်ဦးချင်းအနေနှင့် ခင်မင်နှစ်သက်ဖွယ်ကောင်းသော လူမျိုးများဖြစ်ကြ သည်။ သို့သော် သူတို့၌ရှိသော သီးခြားအမျိုးအစားဖြစ်သည့် စိတ်အစွဲအလမ်းကို ပြောပြ နေခြင်းဖြစ်ပါသည်။ (၂ကော၊၄း၎)တွင် “ထိုသို့ယုံကြည်သူတို့အား ဘုရားသခင်၏ ပုံသဏ္ဍာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့် ပြည့်စုံသော ဧ၀ံဂေလိတရား ၏ အရောင်သည် အလင်းကို မပေးစေခြင်းငှာ၊ ဤလောကကို အစိုးရသောဘုရားသည် သူတို့၏ ဥာဏ်မျက်စိကို ကွယ်စေ၏”
            လူ၏စိတ်နယ်ပယ်ထဲတွင် စိတ်အစွဲအလမ်းရှိခြင်းနှင့် အယူသည်းခြင်းတို့သိမ်းပိုက် ခြင်းသည် ဧ၀ံဂေလိတရား၏ အလင်းရောင်ကို မမြင်နိုင်ရန် လူတို့၏ ၀ိညာဉ်မျက်စိကို ကွယ်စေပါသည်။ ထို့ကြောင့် ထိုလူမျိုးကို လွတ်ခြင်းအခွင့်ရနိုင်စေဖို့ တစ်ခုတည်းသော လမ်းသည် ၀ိညာဉ်ရေးရာလက်နက်ကို အသုံးပြုပြီး တိုက်ခိုက်ချေမှုန်းရန်ပင်ဖြစ်သည်။
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့