ကောင်းကင်တမန်များ၏တိုက်ပွဲ



အခန်း (၃)
ကောင်းကင်တမန်များ၏တိုက်ပွဲ
            ဒံယေလအနာဂတ္တိကျမ်းသည် ၀ိညာဉ်တိုက်ပွဲ၏ တိကျသော ဥပမာတစ်ခုဖြစ်ပြီး စာတန်နိုင်ငံရှိသည့်နေရာကိုလည်း မီးမောင်းထိုးပြသွားပါသည်။ အမှန်အားဖြင့် ကောင်း ကင်တမန်များ၏ တိုက်ပွဲတစ်ခုကို ဖော်ပြထားခြင်းဖြစ်သည်။ ဒံယေလအခန်းဘကီး ၁၀ ၌ ဖော်ပြထားသည့်အတိုင်း ဒံယေလသည် ဣသရေလလူမျိုးများ လွတ်မြောက်ရေးအတွက် သုံးပတ်လုံးလု့း အစာရှောင်ပြီး ဘုရားသခင်ထံမှ ရှင်းလင်းသော ဖော်ပြချက်ကို အပြင်း အထန် တောင်းခံခဲ့ပါသည်။ သုံးပတ်ကုန်လွန်သော် ကောင်းကင်တမန်တစ်ပါးက ဒံယေလ ထံသို့ ဆုတောင်းချက်အဖြေကို သယ်ဆောင်လာပါသည်။ ကောင်းကင်တမန်သည် ကြီးမား မြင့်မြတ်ပြီး တန်ခိုးတော်နှင့်ပြည့်ဝသောကြောင့် ဒံယေလနှင့်အတူရှိသော လူများအားလုံး ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့ရပါသည်။ ဒံယေလ တစ်ဦးတည်း ကျန်ရှိပြီး ဘုရားသခင် ၏ ဗျာဒိတ်တော်စကားကို ကြားခဲ့ရပါသည်။
ဒံယေလ၊ ၁၀း ၂-၆
“ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ့်တစ်ရက်တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏”
“အရက်နှစ်ဆယ့်တစ်ရက်မစေ့မှီ မြိန်သောမုန့်ကိုမစား၊ အမဲသားနှင့်စပျစ်ရည်ကို မမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်းမပြု။”
“ပဌမလ နှစ်ဆယ့်လေးရက်နေ့၌ ငါသည် ဟိဒကေလမြစ်ကြီးအနားမှာရှိစဉ်. . .၊”
“မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ၀တ်စည်းလျက်ရှိသော လူတစ်ဦးကို မြင်၏။”
“သူ၏ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ဖြစ်၏။သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ထင်၏။ သူ့မျက်နှာသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင် အဆင်းရှိ၏။ သူ့စကားသံသည် များစွာသော လူစုအသံနှင့်တူ၏။”
            ကျွန်ုပ်ဖော်ပြခဲ့ပြီးသည့်အတိုင်း၊ ဒံယေလ၏အပေါင်းအသင်းများသည် ကောင်းကင်တမန်၏ ကြီးမြတ်သည့်တန်ခိုးတော်ကြောင့် မနေနိုင်ကြဘဲ၊ ထွက်ပြေးကုန်ကြ ၏။ ၎င်းနောက် ကောင်းကင်တမန်က ဒံယေလကို စပြီး စကားပြောပါသည်။ စကားပြောရာ၌ အခန်း၁၂ နှင့် ၁၃ ကို ကျွန်ုပ်အဓိကထားပြီး ရှင်းပြလိုပါသည်။
“ထိုအခါ သူကလည်း အချင်းဒံယေလ၊ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း သင်၏ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဋ္ဌာန်းသောပထမနေ့မှစ၍ သင်၏ စကားကို ကြားတော်မူပြီ။ ထိုစကားကြောင့်လည်း ငါရောက်လာပြီ။ ပေရသိ နိုင်ငံကို အစိုးရသောမင်းမူကား၊ အရက်နှစ်ဆယ့်တစ်ရက်ပတ်လုံး၊ ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကို အကူလာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှာ ဆိုင်းလင့်၍ နေရ၏။”
            ဤနေရာ၌ နားလည်းဖို့ရန် အရေးကြီးသောအချက်မှာ ဒံယေလဆုတောင်းသည် ပထမနေ့မှာပင် သူ့ဆုတောင်းချက်ကို ဘုရားသခင် နားညောင်းခဲ့ပြီ၊ ကောင်းကင်တမန်က လည်း ဆုတောင်းချက်အဖြေကို သယ်ဆောင်ဖို့ရန် စေလွှတ်ခြင်းခံခဲ့ရသည်။ သို့သော် ကောင်းကင်တမန်သည် ဒံယေလရှိသော မြေကြီးပေါ်သို့ သုံးပတ်လုံးလုံး (သို့) နှစ်ဆယ့် တစ်ရက်ကြာပြီးမှ ရောက်လာခဲ့ပါသည်။ ဤကောင်းကင်တမန်ကို ဘယ်အရာက သုံးပတ် လုံးလုံးကြာအောင် တားဆီးထားပါသနည်း။ ဘုရားသခင် ကိန်းဝပ်သော ကောင်းကင်ဘုံမှ မြေကြီးပေါ်သို့ လမ်းခရီးတွင် စာတန်အုပ်စိုးသော ကောင်းကင်အထပ်ကို ဖြတ်သန်းသွား ကြောင်း စာတန်၏တမန်များက ဆန့်ကျင်တိုက်ခိုက်မှုဒဏ်ကို ခံနေရပါသည်။ အခန်းငယ် ၁၃ တွင် ဆက်လက်၍ ဖော်ပြသည်မှာ
“ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ့်တစ်ရက်ပတ်လုံး ငါ့ကိုဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကို အကူလာ၍ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံမှ ဆိုင်းလင့်၍ နေရ၏။”
            ဤဖြစ်ပျက်မှုသည် ကောင်းကင်နယ်ပယ်၌ ဖြစ်ပျက်သော အဖြစ်အပျက်ဖြစ်ပါ သည်။ စာတန်တမန်များ၏ ခေါင်းဆောင်သူကို “ပေရသိနိုင်ငံအစိုးရသောမင်း” ဟု ခေါ်ထားသောကြောင့် ပေရသိ(ပါးရှား)တစ်ခုလုံးကို အုပ်ချုပ်သောအကြီးအကဲဖြစ်သည်။ စာတန်နှင့်ဆက်စပ်၍ အဆင့်အမျိုးမျိုးရှိကြောင်း၊ အဆင့်နိမ့်၊ အဆင့်မြင့်တမန်များဟူ၍ ရှိ ကြောင်း ထင်ရှားပါသည်။ ဘုရားသခင်၏လူများကို ကူညီဖို့ ရောက်လာသောသူမှာ ကောင်းကင်တမန်မင်းမိက္ခေလဖြစ်သည်။
            ဒံယေလအနာဂတ္တိကျမ်း ၁၂း၁ တွင် မိက္ခေလအကြောင်းကို ဖတ်ရပါသည်။
“ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏အမှုကို စောင့်သောအရှင်ကြီး မိက္ခေလသည် ပေါ်လာ လိမ့်မည်။ လူမျိုးတစ်စုံတစ်မျိုးမျှဖြစ်သည် ကာလမှစ၍ ထိုကာလတိုင်အောင်မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌ စာရင်းဝင်သမျှသော သင်၏အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့ ရောက်ကြလိမ့်မည်။
            “အရှင်ကြီးမိက္ခေလ” စကားလုံးကို “ကောင်းကင်တမန်မင်း”ဟူ၍ အဓိပ္ပာယ်ရပါ သည်။ ဤကောင်းကင်တမန်မင်းမိက္ခေလသည် ဣသရေလအမျိုးသားများဖြစ်ကြသော ဒံယေလအမျိုးသားချင်းတို့အပေါ် စောင့်ထိန်းကြည့်ရှုသူဖြစ်သည်။ အထူးနည်းလမ်းများ အားဖြင့် ဣသရေလလူမျိုးများကို အကျိုးပြုစေဖို့ ကာကွယ်စောင့်ရှောက်ရန် ဘုရားသခင်၏ တာဝန်ပေးအပ်ခြင်းခံရသော ကောင်းကင်တမန်မင်းဖြစ်သည်။ ကောင်းကင်တမန်မင်း မိက္ခေလကိုယ်တိုင် အကူအညီပေးရန် ရောက်ရှိလာခဲ့ပါသည်။ စာတန်၏တမန်များနှင့် (၂၁)ရက်ကြာ တိုက်ခိုက်ခဲ့ကြရသည်။
            စာတန်၏တမန်တို့သည်(ပါးရှား)ပေရသိနိုင်ငံကို အစိုးရသောမင်းကို ကိုယ်စားပြု ပါသည်။ ထိုသူ၏လက်အောက်တွင် အမျိုးမျိုးသော ရှင်ဘုရင်များနှင့် အခွင့်အာဏာအဆင့် ဆင့်ဖြင့် အုပ်ချုပ်ကြပါသည်။ ဥပမာအားဖြင့် ပါရှားအင်ပါယာ၌ အဓိကကျသော မြို့ကြီး တစ်ခုစီနှင့် လူမျိုးအုပ်စုတစ်ခုစီတွင် ဘုရင်တစ်ပါးစီရှိကြပါသည်။ အင်ပါယာကြီးအတွင်း နေရာဒေသအသီးသီးတွင် အဆင့်ဆင့်သက်ဆင်းသော အခွင့်အာဏာရှိပြီး အဆင့်မြင့်ဖွဲ့ စည်းထားသည့် နိုင်ငံတော်တစ်ခုဖြစ်ပြီး ကောင်းကင်ယံမှာ ဌာနချုပ်များရှိသည်။ ၎င်းနိုင်ငံ ဟာ ပုန်ကန်တော်လှန်မှုပြုသောနိုင်ငံ၊ ကျဆင်းသောဝိညာဉ်များ၏နိုင်ငံတော်ဖြစ်ပါသည်။ ကောင်းကင်တမန်က ထိုတိုက်ခိုက်မှုကို ဆက်ပြီးပြောသည်မှာ
“ထိုသူကလည်းငါသည် သင်ရှိရာသို့လာရသောအကြောင်းကို နားလည်သလော။ ပေရသိမင်း ကြီးကို စစ်တိုက်အံ့သောငှာ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည် နောက်တဖန် ဟေလသ မင်းသည် ပေါ်လာလိမ့်မည်။ (ဒံယေလ၊ ၁၀း၂၀)။”
            တစ်နည်းအားဖြင့် ပါးရှားအင်ပါယာကို အုပ်စိုးသည့် ဆိုးသွမ်းသော စာတန်၏ တိုက်ခိုက်မှုသည် ပြီးဆုံးသွားခြင်းမရှိသေးပါ။ နောက်ထပ် စစ်ပွဲလည်းကောင်းကင်ယံတွင် ရှိပါလိမ့်မည်။ ကောင်းကင်တမန်က ဆက်လက်ပြောသည်မှာ
“ပေရသိမင်းကို စစ်တိုက်အံ့သောငှာ ယခု ငါပြန်သွားရမည်။ ငါသွားပြီးသည် နောက်တစ်ဖန် ဟေလသမင်းသည် ပေါ်လာလိမ့်မည်” (ဒံယေလ၊၁၀း၂၀)။
            တစ်နည်းအားဖြင့် ပါးရှားအင်ပါယာကို အုပ်စိုးသော စာတန်တမန်ဆိုးများ အပေါ် အောင်မြင်ခြင်းရရှိပြီး နောက်ထပ် ထွက်ပေါ်လာမည့် အင်ပါယာမှာ ဂရိ (ဟေလသ) အင် ပါယာဖြစ်လိမ့်မည်။ ထိုအင်ပါယာသည်လည်း ကိုယ်ပိုင်နတ်ဆိုးတမန်ရှိပါသည်။ အခန်းငယ် ၂၁ ထဲတွင် ဒံယေလကို စကားပြောနေသော ကောင်းကင်တမန်က ဆက်လက်ပြီး ပြောပြ ပါသည်။
“သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမှုအရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏ မင်းမိက္ခေလမှတပါး ငါ့ဘက်မှာနေသောသူမရှိ။”
            ထို့ကြောင့် ဤနေရာတွင်လည်း ကောင်းကင်တမန်မင်းမိက္ခေလသည် ဘုရား သခင်၏လူများဖြစ်သည့် ဣသရေလလူမျိုးများ အကျိုးအတွက်နှင့် ကာကွယ်စောင့်ရှောက် ခြင်း၌ အထူးသဖြင့် ပူးပေါင်းပြီး ပါဝင်ကြောင်း ထပ်မံတွေ့ရှိရပါသည်။ ၎င်းအပြင် ပထမ ကောင်းကင်တမန်နှင့် ကောင်းကင်တမန်မင်းမိက္ခေလတို့၏ စည်းလုံးမှုခွန်အားကြောင့် စာတန်၏တမန်များကို အနိုင်ယူလိုက်နိုင်ပါသည်။ တမန်ဆိုးများသည် ဣသရေလလူမျိုး များအတွက် ဘုရားသခင်၏ရည်ရွယ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ဆန့်ကျင့်တိုက်ခိုက်နေသော နတ်ဆိုးတမန်ဖြစ်ပါသည်။
            ပါးရှား(ပေရသိ) နှင့် ဂရိ(ဟေလသ)နိုင်ငံများကို ညွှန်းထားခြင်းအတွက် မိတ်ဆွေ အနေဖြင့် စဉ်းစားစရာဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဘီစီ ၅ ရာစုကစပြီး နောက်ပိုင်း ဣသရေ လနိုင်ငံနှင့် ယေရုရှလင်မြို့တော်ကို အောင်မြင်စွာ စိုးမိုးသော အဓိကကျသည့် တစ်ပါး အမျိုးသား အင်ပါယာကြီး (၄) ခုရှိကြောင်း သတိရစေချင်ပါသည်။ ၎င်းအင်ပါယာကြီး(၄)ခု မှာ ဗာဗုလုန်၊ ပါးရှား၊ ဂရိနှင့် ရောမအင်ပါယာတို့ဖြစ်ကြသည်။ ဒံယေလခေတ်ကာလ၌ စိုးမိုး အုပ်ချုပ်နေသည့် အင်ပါယာများမှာ ပါးရှားနှင့်ဟေလသတို့ဖြစ်ကြသည်။
            ဒံယေလအနာဂတ္တိကျမ်းထဲ၌ ဖော်ပြပြီးဖြစ်သော ကျမ်းပိုဒ်များအားဖြင့် တွေ့ရ သည့်စစ်ပွဲမှာ ယုံကြည်သူများနှင့် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဗဟိုထားပြီးဖြစ်ပွား ကြောင်း တွေ့ရပါသည်။ ဤအကြောင်းအရာသည်လည်း ယနေ့ထိတိုင် မှန်ကန်သောအရာ လည်းဖြစ်ပါသည်။ ယုံကြည်သူများရှိသောနေရာတိုင်းတွင် ၀ိညာဉ်တိုက်ပွဲသည် အပြင်း ထန်ဆုံးဖြစ်ပါသည်။ ကျွန်တော်၏ယူဆထင်မြင်ချက်တစ်ခုမှာ ယခုခေတ်ကာလ၌ ဤကဲ့သို့ သော ရင်ဆိုင်တိုက်ခိုက်မှုသည် အစ္စရေးနိုင်ငံနှင့် ယေရုရှလင်မြို့တော်ကို တစ်ဖန်ပြန်ပြီး ဗဟိုပြုဦးတည်နေပါသည်။ ဒံယေလ ဆုတောင်းချက်၏ထိရောက်မှုသည် အတော်အတန် တုန်လှုပ်စရာဖြစ်ပါသည်။ ဆုတောင်းခြင်းကို စတင်လေသော် ၊ ဘုရားသခင်၏ကောင်းကင် တမန်များနှင့် စာတန်မာရ်နတ်၏တမန်များအကြား ဖြစ်ပျက်သောအရာသည် ကောင်းကင် ယံတစ်ခုလုံးကို လှုပ်ခါသွားစေပါသည်။ ဤအချက်တွင် ဆုတောင်းခြင်း၏ တန်ခိုးသည် အလွန်ပင်တန်ခိုးကြီးကြောင်း နားလည်စေပါသည်။ ကျွန်ုပ်၏စိတ်ထဲ၌ တို့ထိမှုရရှိသည်မှာ ဘုရားသခင်၏ ကောင်းကင်တမန်များအမှုဆောင်ရွက်ပြီးမြောက်ရန်နှင့် ထိုးဖောက်ဝင် ရောက်နိုင်ဖို့ရန် ဒံယေလ၏ဆုတောင်းသံများကို နားညောင်းသည်ဟူသော အချက်ပင်ဖြစ် ပါသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့