အခန်း (၅) ကျွန်ုပ်တို့အောင်မြင်ရခြင်း၏ အခြေခံအကြောင်းရင်း

အခန်း (၅)
ကျွန်ုပ်တို့အောင်မြင်ရခြင်း၏
အခြေခံအကြောင်းရင်း
            ဆက်လက်၍ ကျွန်ုပ်ရှင်းပြလိုသည့်အရာမှာ အလွန်အရေးကြီးသည့်အချက် တစ်ခု ဖြစ်သည်။ ၎င်းမှာ ၀ိညာဉ်ရေးရာတိုက်ပွဲ၌ အောင်ပွဲရရှိမှုကို အာမခံချက်ပေးသည့်အချက် ပင်ဖြစ်သည်။ ကော၊ ၂း၁၃-၁၅ ၌ ရှင်ပေါလုက ကျွန်ုပ်တို့ကိုယ်စား လက်ဝါးကပ်တိုင်တွင် ခရစ်တော်အသေခံခြင်းအားဖြင့် ယုံကြည်သူများအတွက် ဘုရားသခင် ဆောင်ရွက်ပေး သောအရာကို ဖော်ထားပါသည်။
“ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေးဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိ နေသော သင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ် ရှိသမျှတို့ကို လွှတ် တော်မူ၏။ ငါတို့နှင့်ဆန့်ကျင့်ဘက်ဖြစ်သော ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပတ်ရှင်းတော်မူပြီး၊ အထွဋ် အမြတ်အာဏာစက်များကို လုယူလျှင် ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူပြီး” (ကော၊ ၂း ၁၃-၁၅)။
            ပထမဦးစွာ သတိပေးလိုသည်မှာ ဤအချက်ကို ယုံကြည်သူတို့ မဆွဲကိုင်နိုင်ဖို့ စာတန်၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ခရစ်ယာန်အားလုံး မသိနားမလည်နိုင်ရန် ကြိုးစားလျက်ရှိသည်။ အကြောင်းမှာ ဤအချက်က သူ့ကို ရှုံးနိမ့်စေ သည့်အရာဖြစ်သည်။ အရေးပါသည့်အချက်မှာ “ခရစ်တော်က စာတန်မာရ်နတ်၏တန်ခိုး အားလုံးနှင့် အာဏာစက်များကို အပြီးအပိုင် (ကာလအစဉ်အဆက်) ဖျက်ဆီးအနိုင်ယူပြီး သားဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။” ခရစ်တော်ကိုယ်တိုင် လက်ဝါးကပ်တိုင်မှာ အသေခံပြီး အသွေးတော်သွန်းလောင်းခြင်း၊ ရှင်ပြန်ထမြောက်ခြင်းဖြင့် အနိုင်ယူခဲ့ခြင်းဖြစ် သည်။
            ဤအောင်ပွဲကို ရှုံးနိမ့်ရန် စာတန်၏ မူလလက်နက်မှာ “အပြစ်” ပင် ဖြစ်ကြောင်း သတိထားမိကြဖို့လိုသည်။ ဗျာ၊ ၁၂း၁၀ တွင်
“ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော်၌ နေညဥ့်မပြတ် အပြစ် တင်သောရန်သူကို အောက်သို့ ချလေပြီ။”
            “ညီအစ်ကိုများကို အပြစ်တင်နေသောသူ” မှာ စာတန်မာရ်နတ်ပင်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရသည်။ ကျွန်ုပ်ထောက်ပြပြီးခဲ့သည့်အတိုင်း မာရ်နတ်သည် ဘုရားသခင်ရှေ့ တော်မှောက်တွင် ၀င်ထွက်နိုင်သော လမ်းရှိသည်။ သူ၏အလုပ်မှာ ယေရှုခရစ်ကို ယုံကြည် သောသူတို့ကို အပြစ်တင်ဖို့ဖြစ်သည်။
            အဘယ်ကြောင့် စာတန်က ကျွန်ုပ်တို့ကို အပြစ်တင်နေပါသနည်း။ ဘာကို ရည်ရွယ်ပါသနည်း။ ဤမေးခွန်းကို ရိုးရိုးလေးဖြေ၍ရပါသည်။ “ကျွန်ုပ်တို့ကို အပြစ်ရှိသည် ဟု ခံစားစေရန်” ဖြစ်သည်။  ထိုကဲ့သို့ ကျွန်ုပ်တို့၌ အပြစ်ရှိကြောင်းခံစားနေသမျှ ကာလ ပတ်လုံး ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်မှာ သေချာပါသည်။ “အပြစ်” သည် ကျွန်ုပ်တို့ဆုံးရှုံးရန် အဓိကသော့ချက်ဖြစ်သလို “ဖြောင့်မတ်ခြင်း”သည် အောင်မြင်ခြင်းရရှိရန် သော့ချက်ဖြစ်ပါ သည်။
            ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် “အပြစ်”ဟူသော ပြဿနာကို “အတိတ်နှင့် အနာဂတ်နှစ်ခုလုံးအတွက် ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။ အတိတ်နှင့် အနာဂတ် ကာလနှစ်ခုလုံးအတွက် အပြည့်အ၀ ပြင်ဆင်မှုပေးခဲ့ပြီးဖြစ်သည်။ အတိတ်ကာလပိုင်းကို ကော၊ ၂း၁၃မှာ တွေ့ရသည့်အတိုင်း ကျွန်ုပ်တို့ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူခြင်းအား ဖြင့် ဖြေရှင်းပေးပါသည်။
            ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား အပြစ်ကြွေးကို ဆပ်ပြီး သယ်ဆောင် ပေးသွားခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဒုစရိုက်အပြစ်မှ လွှတ်ပေးခြင်းဖြစ်သည်။ ခရစ်တော်၏ အသေခံခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ဖော်ထုတ်သောကြောင့် ကျွန်ုပ်တို့ ကျူး လွန်သောအပြစ်မှန်သမျှကို ခွင့်လွှတ်ပါသည်။ ကျွန်ုပ်တို့ နားလည်ရမည့် ပထမဆုံးအချက် တစ်ခုမှာ ယေရှုခရစ်တော်၌ ယုံကြည်သောအခါ အတိတ်က ပြုလုပ်ခဲ့သည့် အပြစ်များ သည် မည်သို့ပင် ကြီးမားများပြားလျက် ဆိုးယုတ်နေပါစေ၊ ခွင့်လွှတ်ခြင်းပေးခဲ့ပြီးပြီ ဖြစ်ပါ သည်။
            ၎င်းနောက် ဘုရားသခင်က အနာဂတ်ကာလအတွက် ပြင်ဆင်မှု ပြုလုပ်ပေးခဲ့ပါ သည်။ ကော၊ ၂း၁၄ တွင်
“ငါတို့နှင့် ဆန့်ကျင်ဘက်ဖြစ်သော ၀ိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်ကို ချေ၍၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်း တော်မူပြီ”
            “၀ိညာဉ်အထုံးအဖွဲ့နှင့် စပ်ဆိုင်သောလက်မှတ်” ဟု ဆိုရာ၌ မောရှေ၏ပညတ် တော်ပင်ဖြစ်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားရနိုင်ဖို့ရန် ခရစ်တော်သည် မော ရှေပညတ်တော်မှ တောင်းဆိုချက်ကို လက်ဝါးကပ်တိုင်တွင် ဆောင်ရွက်ပေးခဲ့ပါသည်။ မောရှေ၏ ပညတ်တော်အတိုင်း လိုက်လျှောက်နေသောကာလတွင် ပညတ်ထဲက အသေး ငယ်ဆုံးတစ်ပါးပါးကို ကျူးလွန်မိတိုင်း ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တွင် အပြစ်သင့် လျက်ရှိပါသည်။ ဖြောင့်မတ်ခြင်းရယူဖို့ လိုအပ်ချက်တစ်ခုအနေဖြင့် အသက်ရှင်ရန်အတွက် ပြင်ဆင်မှုကို ပြုခဲ့သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ အသိအမှတ်ပြုသောကြောင့်ဖြစ်သည်။ တစ်ခုနှင့်တစ်ခု ဆက်စပ်လျက်ရှိသော ကျမ်းပိုဒ် (၂) ပိုဒ်ရှိပါသည်။ တစ်ခုမှာ ရော၊ ၁၀း၎ဖြစ်ပါသည်။
“ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ရောက်မည့်အကြောင်း ပညတ်တရား သည် ခရစ်တော်အားဖြင့် စုံလင်ခြင်းရှိ၏။”
            ဤဖော်ပြချက်သည် အလွန်ပင် အရေးကြီးလှပါသည်။ ဂျူးလူမျိုးဖြစ်စေ၊ တပါးအ မျိုးသားဖြစ်စေ၊ ကာသိုလိပ်ဖြစ်စေ၊ ပရိုတက်စတင့်ဖြစ်စေ၊ ခွဲခြားမှု လုံးဝမရှိပါ။ ဤနေရာ တွင် ခရစ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အပိုင်းတစ်ခုပြည့်စုံစေခြင်းမဟုတ်ပါ အစ္စရေးလူမျိုး၏ သမိုင်းအပိုင်းတစ်ခုကို ပြည့်စုံစေခြင်းလည်းမဟုတ်၊ အခြားရှုထောင့် အမြင်အမျိုးမျိုးလည်း မဟုတ်ပါ။ လူသားများအား ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ရနိုင်ဖို့ ခရစ်တော်သည် ပညတ်တရားကို ပြည့်စုံစေသူဖြစ်သည်။ ဖြောင့်မတ်ရာသို့ရောက်ဖို့ ပညတ် တော်ကို စောင့်ရှောက်ရန် မလိုတော့ကြောင်း တွေ့ရပါသည်။ ဒုတိယကျမ်းပိုဒ်မှာ ၂ကော၊ ၅း၂၁ ဖြစ်သည်။
“အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သော သူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအား ဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။”
            ဤအရာသည် မွန်မြတ်လှသော လုပ်ရပ်ပင်ဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့အား လုံးအတွက် အပြစ်ဖြစ်ခြင်းကို ခံခဲ့၍ သူ၏ဖြောင်မတ်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို ဖြောင့်မတ် စေပါသည်။  ဤအချက်ကို ကျွန်ုပ်တို့ ယုံကြည်လက်ခံပြီးနောက် စာတန်အနေဖြင့် ကျွန်ုပ် တို့၌အပြစ်ရှိကြောင်း ခံစားစေနိုင်မည်မဟုတ်တော့ပါ။ ထိုနည်းတူ သူ၏လက်နက်သည် လည်း ဖယ်ရှားခြင်းခံရမည်ဖြစ်ပါသည်။ ယေရှု၏လက်ဝါးကပ်တိုင်၌ အသေခံခြင်းအားဖြင့် အထွဋ်အမြတ်အာဏာစက်များကို လက်နက်မဲ့ဖြစ်စေခဲ့ပါသည်။
            ယခုမိတ်ဆွေတို့ကို  ဖော်ပြလိုသည်မှာ ခရစ်တော်၏အောင်ပွဲကို ကျွန်ုပ်တို့အား ဖြင့် ဖော်ထုတ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ကော၊ ၂း၁၅ တွင် ခရစ်တော်အောင်ပွဲရသည့် အကြောင်းကို တွေ့ခဲ့ပြီးဖြစ်ပါသည်။
အထွဋ်အမြတ် အာဏာစက်များကို လုယူလျှင်၊ ထင်ရှားစွာထုတ်ပြ၍ လက်ဝါးကပ်တိုင်တော် အားဖြင့် အောင်ပွဲကို ခံတော်မူပြီး
            အောင်မြင်မှုဟူသည်မှာ “အောင်ပွဲကို အနိုင်ရယူခြင်း” မဟုတ်။ အနိုင်ရယူပြီးသား “အောင်ပွဲကို” ကျင်းပခြင်း၊ ထုတ်ဖော်ခြင်းသာဖြစ်သည်။ ယေရှုက သူ၏အသေခံခြင်းအား ဖြင့် စာတန်နိုင်ငံတစ်ခုလုံးအပေါ် အောင်ပွဲရရှိကြောင်း တစ်လောကလုံးကို ထုတ်ဖော်ပြသ ခြင်းဖြစ်သည်။  အမှန်မှာ ယေရှုအတွက် မလိုအပ်ပါ။ ကျွန်ုပ်တို့အတွက်သာ အနိုင်ရရှိခြင်း ဖြစ်သည်။ ၎င်းအောင်ပွဲကို ကျွန်ုပ်တို့အားဖြင့် ထုတ်ဖော်ပြသဖို့ ဘုရားသခင်၏ ရည်ရွယ် ချက်ဖြစ်ပါသည်။ ၂ကော၊ ၂း၁၄ (ကျွန်တော်အနှစ်သက်ဆုံး ကျမ်းပိုဒ်)မှာ ရှင်ပေါလုက
“ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသော
            ရှင်ပေါလုက “ဘုရားသခင်၏ ကျေးဇူးတော်ချီးမွမ်းခြင်း ရှိစေသတည်း”ဟု ပြောရာ ၌ အံ့ဩဖွယ်ရာမဟုတ်ပါ။ အထက်က ကျမ်းပိုဒ်၏ဆိုလိုရင်းကို မဆုပ်ကိုင်မိပါက ကျေးဇူး တော်ကို ချီးမွမ်းနိုင်မည်မဟုတ်ပါ။  စာတန်၏နိုင်ငံအပေါ် ခရစ်တော် အောင်နိုင်မှုကို ကျွန်ုပ် တို့အယောက်တိုင်း ဝေမျှခံစားစေရန် ဘုရားသခင်က အမြဲတစေ လုပ်ပေးလေ့ရှိပါသည်။ အထက်က ကျမ်းပိုဒ်ရှိ ကြိယာဝိသေသန(၂)ခုကို “အစဉ်” နှင့် “အရပ်ရပ်တို့၌” ဟူ၍ တွေ့ ရပါသည်။ ဆိုလိုသည့်အဓိပ္ပါယ်မှာ စာတန်နိုင်ငံအပေါ် ခရစ်တော်၏ အောင်မြင်မှုကို ဝေမျှ ခံစားနိုင်သည့် “အချိန်ကာလ” နှင့် “နေရာဒေသ” တို့ လုံးဝမရှိပါ။ မ၊ ၂၈း ၁၈ - ၂၀၌
“ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍၊ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြ လော့။ ငါသည် သင်တို့အားပေးသမျှသော ပညတ်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩ၀ါဒ ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ သည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။”
            ဆိုလိုချက်မှာ “လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် စာတန်၏ အခွင့်အာ ဏာကို အောင်နိုင်ခဲ့ပြီ။ ကောင်းကင်အောက် မြေကြီးပေါ်စီရင်သောအခွင့် အာဏာရှိသမျှ ကို ခံရပြီးပြီ။” ဆက်လက်၍ မိန့်တော်မူသည်မှာ “သင်တို့သွား၍၊ လူမျိုးတကာတို့ကို ငါ့တ ပည့်ဖြစ်စေလျက်…” ဟု မိန့်တော်မူခဲ့ပါသည်။ ဆိုလိုရင်းမှာ “ငါသည် အခွင့်အာဏာကို အနိုင်ယူရရှိပြီးပြီဖြစ်၍၊ သင်တို့သွား၍ ထိုအရာများကို အသုံးပြုကြပါ။ ငါ၏စေခိုင်းချက်ကို ဖြည့်ဆည်းခြင်းဖြင့် ငါ၏အောင်ပွဲကို တစ်လောကလုံး သိရှိရန် သွား၍ ထုတ်ဖော်ပြသကြပါ” ဟု ဆိုလိုခြင်းဖြစ်သည်။
            ယေရှု၏အောင်ပွဲနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းဖော်ပြချက်(၃) ချက်ကို ဖော်ပြလိုပါသည်။ ပထမဦးဆုံးမှာ တောထဲမှာ စုံးစမ်းခြင်း၌ ယေရှုသည် စာတန်ကို သူကိုယ် တိုင် အနိုင်ယူခဲ့ပါသည်။ စာတန်ကို ရင်ဆိုင်ခဲ့ပါသည်။ စုံးစမ်းခြင်းကို တွန်းလှန်ပြီး အောင် နိုင်ခဲ့ပါသည်။ ဒုတိယအချက်မှာ လက်ဝါးကပ်တိုင်ပေါ်တွင် မိမိကိုယ်ကျိုးအတွက် မဟုတ် ဘဲ ကျွန်ုပ်တို့အတွက် စာတန်ကို အနိုင်ယူခဲ့ခြင်းဖြစ်ပါသည်။ ဤအောင်ပွဲဟာ သူ့အတွက် မလိုအပ်ပါ။ အကြောင်းမှာ သူကိုယ်တိုင်ရယူခဲ့ပြီးဖြစ်ပါသည်။ သို့သော် သူသည် ရန်သူ၏ လက်နက်ဖြုတ်ယူပြီး အခွင့်အာဏာများကို ရုတ်သိမ်းပေးခဲ့ပါသည်။ တတိယအချက်မှာ ယေရှု၏အောင်ပွဲကို ထုတ်ဖော်ပြသပြီး အသုံးပြုဖို့ရန် ကျွန်ုပ်တို့၏တာဝန်ပင်ဖြစ်ပါသည်။ (၂ကော၊ ၂း၁၄)
“ငါတို့သည် ခရစ်တော်နှင့်အတူ အောင်ပွဲကို အစဉ်ခံစေခြင်းငှါ၎င်း၊ ထိုသခင်ကို သိခြင်း၏ အမွှေးအကြိုင်သည် ငါတို့အားဖြင့် အရပ်ရပ်တို့၌ နှံ့ပြားစေခြင်းငှါ၎င်း၊ ပြုတော်မူသော ဘုရား သခင်၏ကျေးဇူးတော်ကို ချီးမွမ်းခြင်း ရှိစေသတည်း။”

            ခရစ်တော်ရခဲ့သော အောင်ပွဲသည် ကျွန်ုပ်တို့အတွက် “အစဉ်အမြဲ” နှင့် “အရပ်ရပ်မှာ” ဖြစ်စေနိုင်ကြောင်းကို အမြဲသတိရကြရန် လိုအပ်ပါသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့