ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ



အခန်း (၄)
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
(ဆာလံ၊ ၉၆း ၁ - ၁၃)
====================================
“ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဆာလံ၊ ၉၆း၁-၁၃) ဖြစ်ပါသည်။
            ယနေ့ ယုံကြည်သူများစွာတို့သည် ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်လိုကြသည်။ သို့သော်လည်း ဘုရားသခင် အလိုတော်အ တိုင်းအသက်ရှင်လိုကြသည်။ သို့သော်လည်း ဘုရားသခင်အလိုတော်အတိုင်း အသက်ရှင်ခြင်းသည် အလွန်ခက်ခဲသည်ဟု ကျွန်ုပ်တို့ထင် ကောင်းထင်ကြမည်ဖြစ်သည်။ ကောင်းသောအရာကို ပြုကျင့်ခြင်း သို့မဟုတ် မြင့်မြတ်စွာကျင့်ကြံခြင်းစသည်တို့ဖြင့်လည်းကောင်း မည်သည့်အရာမျှမပါဘဲ ဝေးလဲခေါင်ခိုက်သောနေရာသို့ သာသနာပြုအဖြစ် ထွက်သွားရခြင်းလည်းကောင်း၊ ၎င်းကိုရသည်ဟု ထင်ကောင်း ထင်မှားကြမည်ဖြစ်သည်။
            ထိုသို့ဆိုသော် ဘုရားသခင်၏အလိုတော်ကား အဘယ်နည်း။ ဘုရားသခင်အပေါ်၌ သစ္စာရှိခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာ၌ သာမန်ကိစ္စရပ်များ၌ပင် ဘုရားသခင်အားကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းကို ပူဇော်ခြင်းပင်ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့အခြေပြုသည့် ကျမ်းပိုဒ်က အရာခပ်သိမ်းတို့၌ ဘုရားသခင် ကျေးဇူးတော်ကို ချီးမွမ်းကြရန်ညွှန်ပြထားသည်။ အဘယ်ကြောင့် ဘုရားသခင်အား ကျေးဇူးတင် ပြီး ချီးမွမ်းရမည်နည်း။
            ပထမဦးဆုံးအနေနှင့် ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းသည် ကျွန်ုပ်တို့၏ အသက်တာနှင့် ဆက်စပ်နေသည်။
            ကမ္ဘာဦးကျမ်း အခန်းကြီး(၁)၌ ဘုရားသခင်သည် လူကိုမဖန်ဆင်းမှီအရာခပ်သိမ်းတို့ကို ဖန်ဆင်းခဲ့သည်။ အရာခပ်သိမ်းတို့ကို ဖန်ဆင်းပြီး လူကို မဖန်ဆင်းမှီတွင် လူ၏အကူအညီမပါဘဲ တပါးတည်းသာ အလုပ်လုပ်တော်မူခဲ့သည်။ အာဒံနှင့် ဧ၀အားကြိုဆိုသည်။ စ ကြာဝဠာကြီးသည် မပြည့်စုံသော အရာတစ်စုံတစ်ခုမျှမရှိ၊ စုံလင်သောကမ္ဘာကြီးဖြစ်သည်။
            လူအနေနှင့် ဘုရားသခင်အတွက် လုပ်ပေးရန် အရာတစ်ခုမျှမရှိပါ။ လူ့အတွက် ချန်ထားပေးသည့်တစ်ခုတည်းသောအလုပ်မှာ ဘုရားသခင်ကို ကိုးစားရန် ဘုရားသခင်ကို ချီးမွမ်းရန်နှင့် ဘုရားသခင်ကို ကျေးဇူးတင်ရန်တို့ဖြစ်သည်။ ထိုနည်းတူ လူအပေါ်၌ ထားသော နဂိုမူလ တာဝန်မှာ ဘုရားသခင်အား ကျေးဇူးတင်ရန်နှင့် ချီးမွမ်းရန်ဖြစ်သည်။
            ထို့ကြောင့် ဒါဝိဒ်သည (ဆာလံ၊၉၅း၂)၌ “ကျေးဇူးတော်ကို ချီးမွမ်းလျက် ရှေ့တော်သို့ဝင်၍ ဆာလံသီချင်းကိုဆိုလျက် ကျူးဧ သော အသံကိုပြုကြကုန်အံ့”ဟူ၍ သီချင်းဆိုသည်။
            ထို့အပြင် (၁သက်၊၅း၁၆-၁၈)၌ “အစဉ်မပြတ် ၀မ်းမြောက်ခြင်းရှိကြလော့၊ အစဉ်မပြတ်ဆုတောင်းကြလော့၊ အရာခပ်သိမ်းတို့ကို ကျေးဇူးတော်ချီးမွမ်းကြလော့။ အကြောင်းမူကား ခရစ်တော်၌ရှိသော ဘုရားသခင်၏အလိုတော်ဖြစ်၏။”ဟုဆို၏။
            ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့် ဘုရားသခင်အား ချီးမွမ်းခြင်းသည် သူ၏အားရကျေနပ်ခြင်းနှင့် အလိုတော်နှင့်ညီသော အသက်တာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့်လည်းကောင်း၊ အလိုတော်နှင့်လည်းကောင်း၊ ကိုက်ညီသောအ သက်တာ၌ အသက်ရှင်ကြရန် ကျွန်တော်ဆန္ဒပြုပါသည်။
            ဒုတိယအနေနှင့် -  ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့် ဘုရားသခင်အား ချီးမွမ်းခြင်းသည် ကယ်တင်ခြင်း တံခါးကို ဖွင့်ပေး သည်။
            ဘုရားသခင်အား ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းများ အသက်တာ၏အခြေခံအကြောင်းတရပ်ဖြစ်သည်ဟု ကျွန်ုပ်တို့ သိသော် လည်း ကြောက်မတ်ဘွယ်ကောင်းသော အခြေအနေများ၌ ဘုရားသခင်အား ကျွန်ုပ်တို့မည်ကဲ့သို့ချီးမွမ်းနိုင်မည်နည်း။ ယခင်ထက် စား ၀တ်နေရေးအတွက် ငွေကုန်ကြေးကျပိုများလာသော်လည်း၊ ကျွန်တော်ငွေမရှာနိုင်တော့ပါ။ ကလေးသုံးယောက် ကျွန်တော်ကျောင်းထား ရန် ရှိသည်။ ကျွန်တော်ဇနီးဖျားနေသည်။ သို့သော်လည်း ထိုသို့သော ခက်ခဲသည့်အခြေအနေ၌ ဘုရားသခင်အား ကျွန်တော်ကျေးဇူး တော်ချီးမွမ်းရမည်ဟု သင်ပြောပါသည်။ ကျွန်တော်၏အခြေအနေကို ဆရာမသိဘူးလားဟု အချို့က မေးကောင်းမေးကြမည်ဖြစ်သည်။
            မည်သို့ပင်ဖြစ်စေ၊ အသက်တာ၌ မျှော်လင့်ရာမဲ့ခြင်းကို လက်တွေ့တွေ့ကြုံနေသောအချိန်၌ပက် ဘုရားသခင်အား ကျေးဇူးတင် ပြီး ချီးမွမ်းခြင်းအားဖြင့် ကယ်တင်ခြင်းကို ခံစားတွေ့ကြုံသည့် လူများစွာရှိကြောင်းကို သမ္မာကျမ်းစာထဲ၌ တွေ့ရသည်။ တမန်တော်ဝတ္ထု ထဲ၌ ပေါလုနှင့်သိလတို့သည် မျှော်လင့်ရာမဲ့သော အခြေအနေ၌ ဘုရားသခင်အား ချီးမွမ်းရန်နှင့် ကျေးဇူးတင်ရန်မပျက်မကွက်သော စံနမူ နာများအဖြစ်တွေ့ရသည်။ ဖိလပ္ပိမြို့၌ ပေါလုနှင့်သိလတို့ တရားဟောကြသောအခါ အဖမ်းခံကြပြီး ရိုက်နှက်ခြင်းကို ခံရကာ အကျဉ်း ထောင်၏အတွင်း အကျဆုံး၌ အကျဉ်းချထားခြင်းကို ခံရသည်။ သူတို့၏ခြေထောက်များ၌ ချည်နှောင်ခြင်းကို ခံကြရသည်။ ကြာပွတ်နှင့် ပြင်းထန်စွာရိုက်နှက်ခြင်းကို ခံကြရသည်။ သူတို့သည် ဆာလောင်နေငြသည်။ မှောင်မိုက်သော အခန်းထဲ၌ ဝေဒနာခံစားပြီး ညည်းနေကြ သည်။
            ချစ်သော သောတရှင်များ ခင်ဗျား -
            အကယ်၍ ပေါလုနှင့် သိလတို့သည် မကျေမနက်ဖြစ်ကြပါက သူတို့၌ အပြစ်မရှိကြောင်းကို အယူခံဝင်နိုင်ကြပါသည်။ သို့သော် ဝေဒနာကို ခံစားရင်းသန်းခေါင်ယံအချိန်၌ ဘုရားသခင်ကို ဆုတောင်းကြကာ သီချင်းများကို သီဆိုကြ၏။ ထိုအချိန်၌ပင် သူတို့၏ချီးမွမ်း ခြင်းကြောင့် သူတို့၏မျှော်လင့်ရာမဲ့သော အခြေအနေအားလုံးကို ဘုရားသခင်မှောက်လှန်ပစ်လိုက်သည်။ ဘုရားသခင်၏ကောင်းကင်တ မန်များကို စေလွှတ်ကာ ထောင်တံခါးများကို ဖွင့်စေလျက်၊ လူတိုင်းချည်နှောင်ခြင်းကြိုးကို ပြေလျှော့စေပြီးလျှင် ပေါလုနှင့်သိလတို့ကို လွှတ်စေ၏။ ထိုသို့ဖြစ်ရခြင်းမှာ လူ၏အစွမ်းလူ၏တန်ခိုးကြောင့်မဟုတ်ဘဲ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဘုရားသခင်၏တန်ခိုးတော်ကို ချီး မွမ်းခြင်းဖြင့် အနိုင်ရခြင်းဖြစ်သည်။ ထို့ကြောင့် ဆင်းရဲသောအခါ ဖျားနာသောအခါ မျှော်လင့်ရာမဲ့သောအခါ၊ ၀မ်းနည်းခြင်းတို့သည် သင့် အား အဆိုးဆုံးအခြေအနေထိ ဖိစီးနှိပ်စက်သောအခါ ဘုရားသခင်အား ချီးမွမ်းပြီး ကျေးဇူးတင်စကားဆိုပါ။ ထိုအခါ ဘုရားသခင်၏ကယ် တင်ခြင်းတန်ခိုးကို သင်တွေ့ကြုံခံစားမည်ဖြစ်သည်။ တတိယအနေနှင့် ချီးမွမ်းခြင်းနှင့် ကျေးဇူတင်စကားပြောခြင်းသည် ထူးခြားသောတန် ခိုးကို ဖြစ်စေသည်။
            ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်စကားပြောခြင်းသည် သင့်အားအကောင်းမြင်ဝါဒ၌ အသက်ရှင်စေနိုင်သည်။ အဆိုးတစ်ခု၌ “လူတစ် ယောက်၏အနာဂါတ်သည် ယနေ့ထိုလူ၏စိတ်နှလုံးအထဲ၌ရှိသည်”ဟုဆို၏။ အကယ်၍ သင်၏စိတ်နှလုံးသည် ၀မ်းနည်းခြင်း၊ မျှော်လင့်ရာ မဲ့ခြင်းနှင့် ပြည့်နေပါက နောက်တစ်နေ့တွင် မျှော်လင့်ခြင်းကင်းသောအခြေအနေရောက်လာမည်ဖြစ်သည်။ အကယ်၍ သင်သည် အပြုသ ဘောနှင့် ပြုလုပ်စီရင်တတ်ခြင်း သဘောရှိပါက နောက်တစ်နေ့၌ ထွန်းတောက်သောအခြေအနေရှိလာမည်ဖြစ်သည်။
            မဿဲ၊၈း၁၃၌ “သင်သွားလော့၊ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေ” ဟုဆို၏။
            ယနေ့ဖြစ်လိမ့်မည်ဟု ကျွန်ုပ်တို့ ယုံကြည်သောအရာသည် နောက်တစ်နေ့၌ ဖြစ်လာမည်။ သို့သော်လည်း အပြုထက် အပြောက ပို၍ လွယ်ပါသည်။ ကျွန်ုပ်တို့သည် မထင်မမှတ်ဘဲ အပြစ်တင်မြည်တမ်းတတ်ကြ၏။ ထိုသို့ အကောင်းမမြင်သောသဘောမှ ကျွန်ုပ်တို့မည် သို့ရှောင်လွဲရမည်နည်း။ အစဉ်မပြတ်ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်စကားပြောခြင်းအားဖြင့်သုတ်သင်ဖယ်ရှားနိုင်ပါသည်။ ထို့ကြောင့် မည်မျှ လောက် ခက်ခဲသောအရာကို သင်ရင်ဆိုင်နေပါက ဘုရားသခင်အား ကျေးဇူးချီးမွမ်းပါ။ ထို့နောက် ထိုကျေးဇူးတော်ချီးမွမ်းစရာသည် သင့် ဘက်သို့ပြန်လာသည်ကို သင်အံ့ဩဘွယ်ရာတွေမြင်မည် ဖြစ်သည်။
            နောက်တဖန်ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်စကားပြောခြင်းသည် ပညတ်တရားအားဖြင့်ရသောကောင်းကြီးမင်္ဂလာတရားကို အဆုံး သတ်စေနိုင်သည်။ (လုကာ၊၉း၂၆)၌ “ရတတ်သောသူကိုပေးဦးမည်။ ဆင်းရဲသောသူအားရှိသမျှကိုပင်နှုတ်လိမ့်မည်”ဟုဆို၏ ဤကျမ်းပိုဒ် ၌ ပညတ်တရားအားဖြင့်ရသော ကောင်းကြီးမင်္ဂလာတရားပါဝင်၏။ ဘုရားသခင်သည်ရှိသောသူတို့အား ကောင်းကြီးပေးသည်။ ထို့ကြောင့် သင်သည် ရှိသောသူဖြစ်သည့်အကြောင်းကို သင်၏စိတ်ထဲ၌ အစဉ်အမြဲစဉ်းစားပြီး နှုတ်ပါးစပ်ဖြင့် ၀န်ခံရန်ဖြစ်သည်။
            ဧလိယအားဖြင့် ဇရိတ္တမြို့၌ရှိသောမုဆိုးမကို ဘုရားသခင်ကောင်းကြီးပေးသောအခါ ဧလိယအားဖြင့် ဘုရားသခင်သည် “သင်၏ အိမ်ထဲ၌ဘာရှိသနည်း”ဟု မေးရာ မုဆိုးမက “ကိုယ်တော်၏ကျွန်သည် ဆီအနည်းငယ်မှအပမည်သည့်အရာမှမရှိပါ”ဟုဆို၏။ ဘုရားသ ခင်သည် ၎င်းကိုကောင်းကြီးပေးပြီး ထိုမုဆိုးမနှင့်သူ၏သားသည် မျှော်လင့်ရာမဲ့ခြင်းမှ ကယ်တင်ခြင်းရနိုင်ရန်အတွက် အံ့ဘွယ်လက္ခဏာ တစ်ခုကို ပြုခဲ့သည်။
            သင်သည် ကောင်းကြီးမင်္ဂလာပညတ်ကို လက်တွေ့ကျင့်သုံးလိုပါက သင်၌ရှိသောအရာကို ၀န်ခံပြီး ၎င်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါ။ သင်၏နေ့စဉ်အသက်တာ၌ ကျေးဇူးတော်ချီးမွမ်းစရာတို့ကို ရှာဖွေပါက သင်မျှော်လင့်သည်ထက်များသော ချီးမွမ်းစရာတို့ ကို တွေ့ရှိမည်ဖြစ်သည်။ ထို့ကြောင့် ညည်းတွားမြည်တမ်းခြင်းနှင့် မကျေနပ်ခြင်းတို့ကို စွန့်ပစ်ပါ။ သင်၌ချီးမွမ်းစရာများရှိနေသောကြောင့် ထိုအရာတို့အတွက် ဘုရားသခင်ကို ချီးမွမ်းပါ။ ထိုအခါမှသာ ရတတ်သောသူကို ပေးသည့်ကောင်းကြီးမင်္ဂလာကို ဘုရားသခင်သည် သင့် အားပေးမည်ဖြစ်သည်။
            ထို့အပြင် ချီးမွမ်းခြင်းနှင့် ကျေးဇူးတင်စကားပြောခြင်းသည် ယုံကြည်ခြင်း၌အောင်မြင်ခြင်းကိုရရှိစေသည်။ ယနေ့များစွာသော လူ တို့သည် သတင်းကောင်းဟောပြောသွန်သင်ခြင်းကို နှစ်သက်ကြသည်။ သို့သော် သင်၏နှုတ်ပါးစပ်တစ်ခုတည်းဖြင့်သာ တရားဟောပြီး သင်၏တရားဟောချက်နှင့်ညီအောင် အသက်ရှင်ခြင်းဖြင့် ခရစ်ယာန်တစ်ယောက်၏ အမွှေးအကြိုင်ကို မပြန့်စေပါက အသီးများစွာသီး သော ရလဒ်ကို သင်မျှော်လင့်နိုင်မည်မဟုတ်ပါ။ အချို့သောသူတို့သည် တရားဟောခြင်းအမှု၌ အလုပ်များသောကြောင့် သူတို့မိသားစုကို လျစ်လျူရှုကြ၏။ ထိုသို့သော မိသားစု၌ ရှိသောကလေးများသည် အိမ်မပြန်လိုကြဘဲ လမ်းမပေါ်၌ လျှောက်သွားတတ်ကြ၏။
            ထိုသို့သောသူတို့အား “သခင်ယေရှုကို ယုံကြည်ပါက သင်နှင့်သင်၏အိမ်သူအိမ်သားများ ကယ်တင်ခြင်းရမည်”ဟု တရားဟော မည်ဆိုပါစို့ သူတို့က “သင်မှန်မှန်ကန်ကန်ယုံကြည်ဖို့လိုတယ်” ဟု ပြန်ပြောကြမည်ဖြစ်သည်။ ထိုသို့သော တရားဟောဆရာတို့သည် ယေရှုခရစ်တော်ကို မည်မျှပို၍ စော်ကားရာကျမည်နည်း။
            တစ်ဘက်၌ အနည်းငယ်သော ယုံကြည်ကိုးစားနိုင်ပြီး ဘုရားသခင်အား မပျက်မကွက် ကျေးဇူးတင်ချီးမွမ်းတတ်သောသူသည် မ ယုံကြည်သောသူများ၏ဆန့်ကျင်ဘက်ပြုခြင်းကို ခံရသောအချိန်၌ပင် နူးညံ့သိမ်မွေ့ခြင်းမျိုးစေ့ကို ပျိုးနိုင်ကြသည်။ ထို့ကြောင့် ချီးမွမ်းခြင်း ကို မရပ်မနားဘဲ သွန်းလောင်းသော ယုံကြည်သူများအား အိမ်နီးနားခြင်းများက “အဘယ်ကြောင့် သူ့နှုတ်ပါးစပ်နှင့် ကျေးဇူးတော်ချီးမွမ်း ခြင်းမပြတ်ဘဲရှိနိုင်ပါသနည်း” “သူသည် ကျွန်ုပ်တတို့ကဲ့သို့ပင် လူမဟုတ်ဘူးလား” “သူ့အသက်တာက မည်သည့်နည်းဖြင့် သည်လောက် သန့်ရှင်းပြီး ဖြူစင်နိုင်ပါသလဲ” ဟု ပြောကြသည်။
            ထိုသို့သော တရားဟောဆရာသည် အိမ်နီးနားချင်းကို တရားဟောမည်ဆိုပါက သူ၏အိမ်နီးနားချင်းက “သင်ဟောပြောမည့်အ ချိန်ကို ကျွန်တော်စောင့်နေတယ်။ သင်ကဲ့သို့ ကျွန်တော်လည်း ၀မ်းမြောက်ခြင်းနှင့် အသက်ရှင်နိုင်မည်ဆိုပါက ကျွန်တော်ဘုရားကျောင်း တက်ရောက်လိုပါတယ်” ဟု ပြောကြမည်ဖြစ်သည်။
            သင်သည် ၀မ်းမြောက်ခြင်းနှင့် ပြည့်လျှံသည့်အသက်တာနှင့် အသက်ရှင်သောအခါ၌၎င်း ဧ၀ံဂေလိတရားအားဖြင့် ကျေးဇူးတော် ချီးမွမ်းသောအခါ၌၎င်း၊ သင်၏အိမ်နီးချင်းတို့သည် ခရစ်ယာန်ဖြစ်လိုလာကြမည်မှာ ပြောစရာမလိုပါ။
            ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်အတိုင်း ယုံကြည်ခြင်း၌ အသက်ရှင်လိုကြပါက ဘုရားသခင်ကို အဆက်မ ပြတ်ကျေးဇူးတင်ပြီး ချီးမွမ်းရန်ဖြစ်သည်။
            သင်သည် ကျေးဇူးတော်ချီးမွမ်းခြင်းကို ဆက်လက်လုပ်ဆောင်သောအခါတွင် သင်၏အသက်တာသည် အမှန်ဘက်သို့ လှည့် လာကာ ဘုရားသခင်၏ကောင်းကြီးမင်္ဂလာသည် သင့်အပေါ်သို့ သက်ရောက်ကာ သင်သည်  ဧ၀ံဂေလိ၏တန်ခိုးအားဖြင့် စစ်မှန်သော သက်သေထူသူတစ်ယောက်ဖြစ်လာမည်ဖြစ်သည်။
x x x x x x x x x x x x x x x x x x

Comments

Popular posts from this blog

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့