ဇာတ်လမ်း (၃) အပြစ်ရဲ့နောက်ဆက်တွဲရလဒ်တွေ



အပြစ်ရဲ့နောက်ဆက်တွဲရလဒ်တွေ
          ဘုရားသတိပေးထားတာ အမှန်ဖြစ်လာသလား။ အာဒံဟာ သူအပြစ်လုပ်မိ တဲ့နေ့မှာပဲ သေသွားသလား။ မှန်တယ်။ ၀ိညာဉ်ပိုင်းအရတော့ သူသေသွားတယ်။ ဒါဟာ သူဟာ ဘုရားနဲ့လမ်းခွဲသွားခဲ့တယ်။ ဘုရားသခင်နဲ့အမြဲတစေ နေရတော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် အာဒံမျိုးဆက်နဲ့နောက်ပိုင်းမွေးလာကြတဲ့လူတွေဟာ ၀ိညာဉ်ရေးအသေမွေးလာတယ်။ ဘုရားနဲ့လမ်းခွဲနေတယ်။ ဘုရားသခင်အကြံအ စည်တော်အတိုင်း လူတွေ ဘုရားနဲ့အတူ အမြဲတစေနေနိုင်ဖို့ဆိုတာ ၀ိညာဉ်ရေး အရ ဒုတိယမွေးခြင်းခံယူဖို့ လိုအပ်တယ်။
          အာဒံဟာ ရုပ်ခန္ဓာပိုင်းအရလည်း သေပွဲဝင်ခဲ့ရပါတယ်။ `ထာဝရဘုရားမှာ ကာလတစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို့၎င်း၊ ဘယ်လူတစ်ယောက်မျှ နှစ် တစ်ထောင် အသက်မရှည်ပါဘူး။ လူအာဒံဟာ အသက်နှစ်(၉၃၀)နေခဲ့ပါတယ်။ အာဒံဟာ သူအပြစ်လုပ်တဲ့နေ့ကစလို့ ဘုရားသခင်ရဲ့မျက်မှောက်မှာ မရှိတော့တဲ့ အတွက် ရုပ်ခန္ဓာအသေကဲ့သို့ဖြစ်ခဲ့ပါတယ်။
          `အပြစ်တရား၏အခကား သေခြင်းပေတည်း။´(ရောမ၆း၂၃က) မှန်ပါ့။ စာ တန်ပြောသလို အာဒံနဲ့ဧ၀တို့ရဲ့မျက်စိတွေပွင့်လင်းလာခဲ့ပါတယ်။ ဒါပေမဲ့ ဘုရားက သူတို့အဖို့ စိတ်ကူးထားပေးတဲ့ ကောင်းသောအရာအားလုံးကိုတော့ သူတို့မမြင်ခဲ့ ကြပါဘူး။ သူတို့အ၀တ်မပါ ဗလာဖြစ်နေတာကိုတော့ သူတို့သိလိုက်ကြတယ်။ ဘုရားသခင်ဘုန်းတော်ရောင် သူတို့ထံမှ လွဲသွားခဲ့ပါပြီ။ နောင် သူတို့မျိုးဆက်တွေ အားလုံး သူတို့လိုပဲ မွေးဖွားလာကြမှာပါ။ `၂၃အဘယ်ကြောင့်နည်းဟူမူကား လူအ ပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသေရေပျက်ကြပြီ။´ (ရောမ ၃း၂၃)။
          အာဒံနှင့်ဧ၀တို့ဟာ သူတို့ကိုယ်သူတို့ ဖုံးဖိဖို့ကြိုးစားကြတယ်။ ဘုရားရှေ့ မှောက်ကို မရောက်ဖို့ သူတို့ပုန်းကွယ်နေခဲ့ကြတယ်။ စိတ်မကောင်းစရာပါလား။ သူ တို့လုပ်မိတဲ့အပြစ်အတွက်နဲ့ မျိုးဆက်နောက်ပိုင်းလူတွေအကုန် ဘုရားသခင် အကျိန်တော်ခံခဲ့ရတယ်။ ကျွန်ုပ်တို့ဘ၀ထဲမှာ ကျူးလွန်မိတဲ့ဒုစရိုက်တွေကို အတိ အကျစစ်ဆေးကြည့်ကြရအောင်။ အဲဒါ အကျွန်ုပ်တို့ကို ဘုရားနဲ့လမ်းခွဲထုတ်နေပါ တယ်။ နောင် မျိုးဆက်တွေဆီကိုလည်း ထိခိုက်စေပါတယ်။ ကျွန်ုပ်တို့ပတ်လည် တစ်ဝိုက်ကိုလည်း အားလုံးညစ်ပေစေတယ်။ အပြစ်`သေးသေး´ကလေးလုပ်မိတာ နဲ့ အားလုံးကို ညစ်ပေစေမှာတဲ့လား။ ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ `အပြစ်´ လုပ်တာအားလုံးဟာ တကယ့်ဒုစရိုက်ကြီးဖြစ်နေလို့ပါ။ `၁၀အဘယ်သို့နည်းဟူမူ ကား၊ ပညတ်တရားအလုံးစုံကိုစောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ ပ ညတ်တရားအလုံးစုံကို လွန်ကျူးသောအပြစ်ရှိ၏။´လို့ (ယာကုပ် ၂း၁၀)မှာ ဆိုထား တယ်။
          ကျွန်ုပ်တို့ရဲ့ ဘ၀တွေအထဲမှာ ဒုစရိုက်တွေကို အမြန်ဆုံးနှိမ်နင်းဖြေရှင်း ပစ်လိုက်ကြရင် မကောင်းဘူးလား။ `၁၃မိမိအပြစ်ကို ၀ှက်ထားသောသူသည် ချမ်း သာမရ။ မိမိအပြစ်ကို ဖေါ်ပြ၀န်ချ၍ စွန့်ပစ်သောသူမူကား ဂရုဏာတော်ကို ခံရလိမ့် မည်။´(သုတ္တံ ၂၈း၁၃)။

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

သစ္စာစောင့်၍