တရားဒေသနာ
အခန်း (၃)
လွတ်ခြင်းအခွင့်အမှန်ရသောသူ
(ယော၊ ၈း ၃၁ -၃၅)
“လွတ်ခြင်းအခွင့်အမှန်ရသောသူ”ဟူသော ခေါင်းစဉ်ဖြင့်
ဘုရားသခင်၏ ကျေးဇူးတော်ကို ဝေငှလိုပါသည်။ အခြေပြုရမည့်ကျမ်းပိုဒ်မှာ (ယော၊ ၈း၃၁-၃၆)ဖြစ်ပါသည်။
ယနေ့တွင် လူအများတို့သည် မိမိတို့ကိုယ်ကို
လွတ်လပ်သောသူဟုထင်မှတ်ကြသည်။ သို့သော်လည်း သမ္မာကျမ်းစာအမြင်အားဖြင့် ကြည့်သောအခါ လူများစွာတို့သည်
နတ်ဆိုးထံ၌ ကျွန်ခံကြသည်ကို တွေ့ရသည်။ ထိုအချက်ကို လူများစွာတို့သည် မသိကြခြင်းမှာ
အလွန်ဝမ်းနည်းဘွယ်ရာဖြစ်သည်။ ထိုသို့ဆိုသော် လွတ်ခြင်းအခွင့်ကို အမှန်ရသောသူအဖြစ် မည်သို့အသက်ရှင်ရမည်နည်း။
ယနေ့တွင် လွတ်ခြင်းအခွင့်အမှန်ရသောသူဖြစ်လာရန် နည်းလေးမျိုးကို ဟောပြောလိုပါသည်။
သင်သည် လောဘမှ လွတ်မြောက်လာသောသူ ဖြစ်ရမည်။
ဘုရားသခင် အမုန်းဆုံးသောအရာမှာ ရုတ်ထုကိုးကွယ်ခြင်းဖြစ်သည်။
သမ္မာကျမ်းစာ၌ လောဘသည် ရုပ်ထုကိုးကွယ်ခြင်းဖြစ်သည်ဟု ဖော်ပြထားပါသည်။ လောဘသည် လူ၏ပြိုလဲရသောအကြောင်းကို
ဖြစ်စေသည်။ ဘုရားသခင်သည် အာဒံနှင့်ဧ၀တို့ကို ဆင်းရဲဒုက္ခမရှိ၊ သေခြင်းလည်းမရှိသည့် ဧဒင်ဥယျာဉ်၌
ဖန်ဆင်းသည် ။ ထိုနေရာ၌ ဘုရားသခင်သည် မြေကြီးမှ အပင်အမျိုးမျိုးတို့ကို ပေါက်စေပြီး
ထိုအ ပင်တို့သည် မျက်စိ၌ ကြည်နူးစရာကောင်းပြီး စားရန်အတွက်လည်းကောင်းသောအပင်များဖြစ်သည်။
ဘုရားသခင်သည် လူကိုခေါ်၍ ထို နေရာ၌ ထားသည်။ ထိုနေရာ၌ လိုအပ်သည့်အရာတစ်စုံတစ်ခုမျှမရှိပါ။
သို့သော်လည်း ဘုရားသခင်သည် ကောင်းမကောင်းသိကျွမ်းရာအပင်ကို
ဖန်ဆင်းပြီး အာဒံအား “ထိုအပင်အသီးကိုစားသောနေ့၌ ဧကန် အမှန်သေရမည်”ဟု မိန့်တော်မူ၏။
မည်သို့ပင် ဆိုစေကာမူ လောဘသည် အာဒံနှင့်ဧ၀အား
ထိုတားမြစ်ထားသော အသီးကို စားရန်သွေးဆောင်သည်။ စာတန်သည် အာဒံ နှင့်ဧ၀ကို လောဘအားဖြင့်
သွေးဆောင်သည်။ စာတန်သည် ဧ၀အား အပင်ကိုကြည့်ရန်သွေးဆောင်သောအခါ ထိုအပင်၏အသီးကို စား
ချင်စဘွယ်ကောင်းသကဲ့သို့ မျက်စိအမြင်၌လည်း လှပပြီး ဥာဏ်ပညာရရှိရန်အတွက် တပ်မက်စရာအဖြစ်ပေါ်လာသည်။
အာဒံနှင့်ဧ၀အထဲသို့ လောဘ၀င်သည်နှင့်တပြိုင်နက်
သူတို့၏ စိတ်နှလုံးထဲ၌ရှိသော ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ဘုရားသခင်အား ကျေးဇူးတင်ခြင်းတို့
ပျောက်ကွယ်သွားသည်။ သူတို့၏စိတ်ထဲ၌အပြစ်တင်ခြင်း၊ ညဉ်းတွားခြင်းစသည်တို့ဖြစ်လာသည်။
ထိုသို့ အပြစ်တင် ခြင်း၊ ညဉ်းတွားခြင်းနှင့် ဘုရားသခင်အားပုန်ကန်ခြင်း စသည်တို့သည်
ကြီးမားသောအပြစ်ကို သူတို့အား ကျူးလွန်စေသည်။ သူတို့သည် ဘုရားသခင်၏ အမိန့်တော်ကိုနားမထောင်ကြဘဲ
စာတန်၏စကားကို နားထောင်ကြသည်။ သူတို့သည် ဘုရားသခင်၏အစေကို ခံကြမည့် အစား လောဘ၏အစေကို
ခံကြသည်။ ထို့နောက် ရုပ်တုကိုးကွယ်သောအပြစ်ကို ကျူးလွန်ကြသည်။ ၎င်း၏ရလဒ်မှာ ၀မ်းနည်းဘွယ်
ကောင်းသော လူဖြစ်လာကြပြီ သူ၏ ပျော်ရွှင်ခြင်းနှင့် လွတ်လပ်ခြင်းကို မာရ်နတ်က လုယူသွားသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် အမှန် တကယ် လွတ်လပ်လိုသောသူတစ်ယောက်ဖြစ်ပါက လောဘနှင့်ကင်းကြရန်
လိုအပ်သည်။
သင်သည် ဒုစရိုက်အကျင့်များမှ လွတ်ကင်းသောသူဖြစ်လာရန်လိုသည်။
အပြစ်မပြုသော လူတစ်ယောက်မျှမရှိပါ။ (ရောမ၊ ၃း၂၃)၌ “လူ အပေါင်းတို့သည် ဒုစရိုက်ကိုပြုပြီး
ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ”ဟုဆို၏။ (ရောမ၊ ၃း၁၀)ကလည်း “ဖြောင့်မတ်သောသူမရှိ
တစ်ယောက်မျှမရှိ” ဟုဆို၏။
ကျွန်ုပ်တို့သည် ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်သို့လာပြီး
ယေရှု၏အသွေးတော်အားဖြင့် အပြစ်ဆေးကြောခြင်းကို ခံကြရ၏။ သို့ သော်လည်း ကျွန်ုပ်တို့အထဲ၌
အပြစ်ပြုခြင်းသဘောသဘာဝကျန်နေသေးရာ တခါတရံအပြစ်ပြုလိုသော ဆန္ဒပြန်ပေါ်လာပြီး ကျွန်ုပ်တို့ကို
လွတ်လပ်ခြင်းမှ ပြန်၍ သိမ်းယူတတ်သည်။
ထို့ကြောင့် တမန်တော် ရှင်ပေါလုက (ရောမ၊
၇း၂၅)၌ “ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့်
အပြစ်တရားအလိုသို့၎င်း၊ ငါလိုက်တတ်၏။”ဟုဆို၏။
ယနေ့၌များစွာသော လူတို့သည် မိမိတို့ကိုယ်ကို
လွတ်လပ်သောသူ ထင်မှတ်ကြသော်လည်း အမှန်စင်စစ်တွင်မူ အပြစ်၏ချည်နှောင်ခြင်း ကို ခံရသောသူများဖြစ်ကြသည်။
သူတို့သည် အပြစ်လုပ်ရန် အကျင့်ပါနေသူများဖြစ်သည်။ သူတို့သည် ဘုရားသခင်ထံတော်မှ ထွက်သွား
သောသူများဖြစ်ကြသည်။ ဘုရားသခင်ထံတော်မှ ထွက်သွားခြင်းသည် အပြစ်ဖြစ်သည်။ သို့သော်လည်း
လူအများတို့သည် သူတို့၏အပြစ် များကို တရားကြောင်းပြရန်ကြိုးစားကြသည်။ ယုံကြည်သူများပင်လျှင်
သူတို့ပြုသောအပြစ်များအတွက်နောင်တမရဘဲ သူတို့၏အပြစ်များ ကို တရားကြောင်းပြသရန်ကြိုးစားကြပါက
သူတို့၏ ယုံကြည်မှုဆုံးရှုံးပြီး ဘုရားသခင်ထံတော်မှ ထွက်သွားနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့
အပြစ်များကို တစ်ခုပြီးတစ်ခု ၀န်ချတောင်းပန်ရန်လိုသည်။ သူသည် ကျွန်ုပ်တို့အပြစ်များကို
လွတ်လိမ့်မည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အပေါ်၌ကရုဏာတော်ကို ပြသမည်ဖြစ်သည်။ သူသည် အပြစ်၌
ကျွန်ခံသောအသက်တာမှ ကျွန်ုပ်တို့ကို လွတ်ပေးမည်ဖြစ်သည်။
တတိယအနေနှင့် သင်သည် ကြောက်ရွံ့ခြင်းနှင့်
အသက်တာအတွက် စိုးရိမ်ပူပန်ခြင်းမှ လွတ်မြောက်လာမည်ဖြစ်သည်။
(၂တိ၊၃း၁)၌ “နောက်ဆုံးသောကာလသည် ဆိုးယုတ်သောကာလဖြစ်လိမ့်မည်”ဟုဆို၏။
ယနေ့၌ ဆင်းရဲဒုက္ခခံစားခြင်းသည် ရေလွှမ်းမိုး သကဲ့သို့ ကျွန်ုပ်တို့၏အပေါ်၌ လွှမ်းမိုးနေသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု့ရေးတို့သည် ကျွန်ုပ်တို့အား ကြောက်ရွံ့စိုးရိမ်ပူပန်ခြင်းသို့
တွန်းပို့သည်။ ၎င်းနှင့်တဆက်တည်းပင် ကျွန်ုပ်တို့၏ စိတ်နှလုံးသည် စိုးရိမ်းပူပန်ခြင်း၊
မယုံသင်္ကာဖြစ်ခြင်း၊ သည်းမခံခြင်း၊ မျှော်လင့်ရာမဲ့ ခြင်း စသည်တို့နှင့် ပြည့်လာသည်။
သောတရှင်များခင်ဗျား - ကျွန်ုပ်တို့သည်
ယုံကြည်ခြင်း၌ အသက်ရှင်နေသောအချိန်တွင် ပထမတွင် မကောင်းသကဲ့သို့ဖြစ်သော်လည်း အချိန်ကြာသောအခါ
အကောင်းဖြစ်လာသည့်အရာများတွေ့ကြုံရတတ်ကြသည်။
အချို့သောအရာသည် အဆိုးကဲ့သို့ဖြစ်လာသော်လည်း
ကျွန်ုပ်တို့အတွက်ကောင်းကြီးမင်္ဂလာသို့ ပြောင်းလဲသောအရာများသည်လည်းရှိ သည်။ သမ္မာကျမ်းစာထဲ၌
ကတိတော်(၃၂၅၀၀)ခု ရှိပါသည်။ ထိုကတိတော်စကားများသည် တန်ခိုးမရှိသောအရာ၊ အားနည်းသောအရာ
များမဟုတ်ပါ။ ထိုစကားတို့သည် ကောင်းကင်နှင့်မြေကြီးဖန်ဆင်း၏။ကောင်းကင်နှင့်မြေကြီးပျောက်ကွယ်သွားသည်အထိတိုင်အောင်
အ ငယ်ဆုံးဗိန္ဓုတလုံးသည်ပင်လျှင် ပျောက်ကွယ်သွားမည်မဟုတ်ပါ။
ထို့ကြောင့် စိုးရိမ်ခြင်း၊ ပူပန်ခြင်းမှ
လွတ်မြောက်ရန်အတွက် ကျွန်ုပ်တို့သည် နှုတ်ကပါတ်တော်အပေါ်၌ ရပ်တည်ရန် လိုအပ်သည်။ ထိုက
တိတော်စကားများအပေါ်၌ ခိုင်ခန့်စွာရပ်တည်ရင်း လျှောက်လှမ်းကြပါက တမန်တော်ရှင်ပေါလုက
(ရောမ၊ ၈း၃၅)၌ “ခရစ်တော်၏ချစ် ခြင်းမေတ္တာနှင့် ငါတို့ကိုအဘယ်သူကွာစေမည်နည်း။ ဆင်းရဲငြိုငြင်ခြင်း၊
ညှင်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဘေးနှင့်တွေ့ကြုံခြင်း
စသည်တို့သည် ခရစ်တော်နှင့်ကွာစေနိုင်မည်လော”ဟု ရဲရင့်စွာဖြင့် ပြောသကဲ့သို့ ကျွန်ုပ်တို့သည်လည်း
ရဲရင့်စွာဖြင့် ပြောနိုင်ကြမည်ဖြစ်ပါသည်။
ချစ်သော သောတရှင်များခင်ဗျား - ဘုရားသခင်၏
နှုတ်ကပတ်တော်များကို အထင်မသေးပါနှင့်။ နှုတ်ကပတ်တော်ကို ယုံကြည်သောသူ တို့ အပေါ်၌ ဘုရားသခင်သည်
သူ၏ကတိတော်များကို တည်စေပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်က သမ္မာကျမ်းစာ၌ ကတိထား သည့်အတိုင်း
ပြည့်စုံလာစေရန်အတွက် ယေရှုကို သင်ကိုယ်တိုင် လက်တွေ့တွေ့ကြုံမြည်းစမ်းရမည်ဖြစ်သည်။
ထိုမှသာ သင့်အား ဘုရား သခင်ချစ်ကြောင်းကို၎င်း၊ သင်သည် ဘုရားသခင်အား အမှန်တကယ်ချစ်လာရန်အတွက်၎င်း၊
ဘုရားသခင်သည် သင်၏အထဲသို့ သူ၏ မေတ္တာတော်ကို သွန်းလောင်းမည်ဖြစ်သည်။ ထိုအခါ ကျမှသာ သင်၏အသက်တာ၌
စိုးရိမ်းပူပန်မှုများ၊ ကြောက်ရွံ့မှု့များတို့သည် သင်တို့ ထံမှ ပျောက်ကွယ်ကာ သင်၏သိတ်နှလုံးသည်လည်း
ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝစေလာမည်ဖြစ်သည်။
စတုတ္ထအနေနှင့်သင်သည် သေခြင်းမှလွတ်မြောက်လာရန်လိုသည်။
သေခြင်းမရဏာသည် သင်မွေးသည့်အချိန်မှစပြီး
အရိပ်သဖွယ်လိုက်လာသည်။ ကလေးများကို ကျွေးမွေးပြုစုရာ၌ ထိုသို့သော အတွေ့အ ကြုံမခံစားဘူးသည်
မိဘရှိမည်မဟုတ်ပါ။ ကလေးတစ်ယောက် ပြင်းထန်စွာဖျားနာသောအခါ ကလေး၏သေခြင်းအရိပ်သည် မိဘအပေါ်
သို့ ထင်ရှားလာသယောင်ရှိသည်။ “တကယ်လို့သေသွားလျှင်” မိဘများသည် ကြောက်ရွံ့ခြင်းနှင့်
ပြောကြသည်။
သေခြင်းသည် စိုးရိမ်ခြင်းအရင်းအမြစ်၌ရှိသည်။
သင်သည် ချမ်းသာကြွယ်ဝပြီး စည်းစိမ်ကို ခံစားရသော်လည်း သေခြင်းသည် သင့်အနား သို့ရောက်လာပါက
အရာခပ်သိမ်းတို့ကို ချန်ထားခဲ့ရမည်ဖြစ်သည်။ ထိုသေခြင်းနှင့်အနတ္တဖြစ်ခြင်းမှ မည်သူကယ်တင်မည်နည်း။
မည်သူ က သင့်ကို မည်သည့်နည်းဖြင့် နှစ်သိမ့်ပေးနိုင်ပါစေ သင်သည်သေခြင်း၏ကြောက်ရွံ့ထိတ်လန့်ခြင်းနှင့်
ရင်ဆိုင်တွေ့ကြုံရသောအခါ၌၎င်း၊ နှစ်သိမ့်ခြင်းသည် အချည်းနှီးသာဖြစ်သည်။
သို့သော်လည်း ဘုရားသခင်၏သားတော်ဖြစ်သော
နာဇရက်မြို့သားယေရှုသည် လူ၏သမိုင်း၊ လူ၏အတွေ့အကြုံတို့ကို လက်ဝါးကပ်တိုင် ၌ တင်သတ်ရန်အတွက်
လောကသို့ကြွလာသည်။ သုံးရက်မြောက်သောနေ့တွင် သေခြင်းမှရှင်ပြန်ထမြောက်သည်။ ထို့နောက်
ကောင်း ကင်သို့ပြန်၍ တက်ကြွသွားသည်။ ယေရှုသည် သူ၏ကတိတော်အတိုင်း ပြန်လည်တက်ကြွကြောင်းသက်သေအဖြစ်
လူအားလုံးအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းပေးခဲ့သည်။ ယေရှုသည် ခမည်းတော်၏လက်ျာတော်ဘက်၌
ထိုင်ရင်းဥပဇ္ဈာယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့ထံသို့စေလွှတ်သည်။
ယေရှုသည် (ယောဟန်၊၁၁း၂၅)၌ “ငါသည်ထမြောက်ခြင်းအကြောင်း၊
အသက်ရှင်ခြင်းအကြောင်းဖြစ်၏ ငါ့ကိုယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည်၊ ငါ့ကို
ယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့် မည်”
ဤအရာများကို ယုံကြည်ပါသလော ဟု ဆို၏။
ထို့ကြောင့် ရှင်ပြန်ထမြောက်ခြင်းနှင့်
အသက်ရှင်ခြင်းဖြစ်သောယေရှုကို သင်ယုံကြည်ပါက သင်သည် သေခြင်းကို ကြောက်ရွံ့ခြင်းမှ လွတ်မြောက်မည်ဖြစ်သည်။
သင်သည် မျက်ရည်ယိုခြင်း၊ မယုံသင်္ကာဖြစ်ခြင်း၊ ဝေဒနာခံစားခြင်းနှင့် ၀မ်းနည်းခြင်းမရှိသော
ထာဝရနေရာ ကို သင်ရခဲ့ပြီးဖြစ်သည်။ သင်သည် သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်ခြင်းအားဖြင့်
ထိုသို့သောနေရာကိုရရှိနိုင်ပြီဖြစ်သည်။ ယခု သင်၏ကျန်သေးသော အချိန်၌ တကယ်ကောင်းမြတ်ခြင်း
ခံစားနိုင်ပြီဖြစ်သည်။
ချစ်သော သောတရှင်များခင်ဗျာ - လွတ်လပ်ခြင်းကို သင်အမှန်တကယ်ခံစားလိုပါသလား။ ခံစားလိုပါက
ယေရှုခရစ်တော်ကို သင်၏ ကယ်တင်ရှင်အဖြစ် လက်ခံပါ။ ယေရှုခရစ်တော်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ပါ။
နှုတ်ကပတ်တော်အပေါ်၌ ခိုင်ခန့်စွာရပ်ပါ။ ထိုသို့ရပ်တည်သောအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်
သင်သည် လောဘမှ၎င်း၊ ပြုနေကြမကောင်းမှုမှ၎င်း၊ အသက်တာ၏စိုး ရိမ်ကြောက်ရွံ့ခြင်းမှ၎င်း၊ သေခြင်းမှ၎င်း၊
လွတ်မြောက်ခြင်းကို၎င်း သင်ရလိမ့်မည်။ သင်သည် လွတ်ခြင်းအခွင့်ကို အမှန်တကယ်ရသော သူအဖြစ်
အသက်ရှင်နိုင်မည်ဖြစ်သည်။ ယခုမှစ၍ သင်၏အသက်တာ၌ စိတ်ချမှုနှင့် အသက်ရှင်နိုင်မည်ဖြစ်သည်။
Comments