ဇာတ်လမ်း(၁) ဖန်ဆင်းခြင်းဒုတိယနေ့
ဖန်ဆင်းခြင်းဒုတိယနေ့
-
ခရစ်တော်၏လက်ဝါးကပ်တိုင်ပန်းချီကားချပ်တစ်ခု
ဖန်ဆင်းခြင်းဒုတိယနေ့မှာ
မိုဃ်းမျက်နှာကြက် (ကောင်းကင်)ကို ဘုရားသခင်ဖန် ဆင်းတော် မူ၍ ကောင်းကင်အောက်၌ရှိတဲ့
ရေနဲ့ ကောင်း ကင်အပေါ်၌ရှိတဲ့ရေကို ပိုင်းခြားထားပါတယ်။ အဲဒီနည်းအတိုင်းပဲ ယေရှုဟာ အထက်ရှိ
ဘု ရားသခင်နှင့်၎င်း၊ အောက်အရပ်ရှိလူတို့နဲ့ပိုင်း ခြားထားခြင်းခံရပါတယ်။ “အကျွန်ုပ်ဘုရား၊
အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း”ဟု၎င်း၊ (မဿဲ ၂၇း၄၆ခ)။
“အသက်ရှင်သောသူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်း သည်ဖြစ်၍”(ဟေရှာယ ၅၃း၈)ဟု၎င်း။ ယေရှုဟာ
လောကအလင်းကဲ့သို့ မွေးဖွား ရောက်လာရတာနဲ့မလုံလောက်သေးပါဘူး။ ကိုယ်တော်ဟာ လောကကြီးတစ်ခုလုံး
ရဲ့ အပြစ်များအတွက်လည်း အသေခံပေးရမှာဖြစ်တယ်။
ဘုရားသခင်ဟာ မိုးကောင်းကင်ကို တကယ် မဖန်ဆင်းမီကတည်းက
အ ကြံအစည်တော်ထားရှိသကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်မှာ ယေရှုအသေခံရမှာကို ကြိုတင်စီမံတော်မူခဲ့ပါတယ်။
(တမန်တော် ၂း၂၃)မှာ ယေရှုက “၂၃ဘုရားသခင် ပြ ဌာန်းတော်မူသော အလိုတော်အားဖြင့်၎င်း၊
အနာဂတံသဥာဏ်တော်အားဖြင့်၎င်း၊ အပ်နှံခြင်းကိုခံရသော” သူဖြစ်ပါတယ်။ “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှါ
အလိုတော်ရှိ၍ နာစေတော်မူသည်။”(ဟေရှာယ ၅၃း၁၀)။ ခရစ်တော်ဟာ “အသက်စာစောင်၌ ကမ္ဘာဦးကပင်ကွပ်မျက်ခံသော
သိုးသငယ်ဖြစ်၏။”(ဗျာ ၁၃း၈)
မိုးကောင်းကင်ဟာ ရေကို အထက်အောက်ပိုင်းခြားထားရှိသကဲ့သို့
ခရစ် တော်ရဲ့ လက်ဝါးကပ်တိုင်ဟာ “လူသား”ကို ပိုင်းခြားပါတယ်။ “၁၈အကြောင်းမူကား၊
ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သော တရားဖြစ်၏။ ကယ်တင်ခြင်းသို့
ရောက်သော ငါတို့၌ ထိုတရားသည် ဘုရားသခင် ၏ တန်ခိုးတော်ဖြစ်၏။”(၁ကော ၁း၁၈)။ ယင်းဒုတိယနေ့ဖန်ဆင်းခြင်းအမှုက
ကျွန်ုပ်တို့ကို ဘယ်လိုပြောပြနေပါသလဲ။ လက်ဝါးကပ်တိုင်တရားက ကျွန်ုပ်တို့ဘ၀ များ၌ သက်ရောက်မှုရှိနေရပါမယ်။
“၂၀ငါသည် ခရစ်တော်နှင့်အတူလက်ဝါးကပ် တိုင်မှာအသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။
ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏”(ဂလာတိ ၂း၂၀က)။
ငါတို့ဘ၀၌ အပြစ်တရားကို လက်ဝါးကပ်တိုင်သို့ယူတင်၍ ဖြေရှင်းပစ်နိုင်ရမယ်။ ငါတို့ဟာ ခရစ်
တော်၌ရှိကြရင်၊ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံကြရမယ်။ ငါ တို့ဟာ အပြစ်တရား၌
အသေဖြစ်ကြ၏။ “၁၃သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင်သေရကြမည်။ ၀ိညာဉ်တော်အားဖြင့်
ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။”(ရောမ ၈း၁၃) ကျွန်ုပ်တို့ရဲ့အပြစ်တွေကို
ဘု ရားသခင်ထံအပြစ်ဝန်ခံခြင်းဟာ စင်ကြယ်ခြင်းကိုဖြစ်စေပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အပြစ်သည်
လက်ဝါးကပ်တိုင်အားဖြင့် စီရင်ခံလိုက်ရပြီးဖြစ်သောကြောင့် ပင်တည်း။
“ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်
ငြင်းပယ်ရမည်။ ကိုယ် လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။”(လုကာ
၉း၂၃ခ)။ ဒီ လိုမျိုး ဘုရားကို အပြည့်အ၀အပ်နှံခြင်းက ယေရှုနောက်ကို အမှန်အကန်
လိုက်တဲ့ လူတွေနဲ့ နောက်လိုက်ဖို့ဆိုရုံလောက် ဆိုတတ်ကြသူတွေကို ခွဲခြားထုတ်ပေးပါလိမ့်
မယ်။ တကယ့်အမှန်အကန်နောက်လိုက်တွေကတော့ “အခက်အခဲတွေ့ကြရမယ်”၊ ဘုရားချစ်မယ်၊ ခရစ်တော်၌ရှိတဲ့ညီအစ်ကိုများရဲ့အချစ်ကိုခံကြရမယ်။
သို့သော် လည်း ခရစ်တော်ကိုမုန်းတဲ့လောကကြီးရဲ့အမုန်းကို ခံကြရမယ်။ သင်ဟာ ခရစ် တော်နဲ့အတူ
လက်ဝါးကပ်တိုင်မှာ အသေခံပြီးတဲ့သူတစ်ဦးကဲ့သို့ အသက်ရှင်နေ ထိုင်နေပါသလား။
Comments