ရုန်းကန်ခြင်းမရှိသောအသက်တာ (အပိုင်း ၂)



ရန်တွေ့ခြင်းဥာဉ်ဆိုးရဲ့ဝင်ပေါက်က ဘာတွေလဲ
==============================
          ကျွန်ုပ်တို့ရဲ့အသက်တာထဲမှာ ရန်တွေ့ခြင်းဥာဉ်ဆိုးကို ၀င်ခွင့်ပေးတတ်တဲ့တံခါးပေါက် သုံးပေါက်ရှိတယ်။ အဲဒါတွေကတော့ ကျွန်ုပ်တို့ရဲ့နှုတ်ခမ်း၊ ကျွန်ုပ်တို့ရဲ့မာန်မာနနဲ့ ငြင်းခုံခြင်းတို့ပဲဖြစ်တယ်။ ရန်တွေ့ခြင်းဥာဉ်ဆိုးကို ဆီးတားဖို့ ရန်တွေ့ခြင်းအားဖြင့် ချဉ်းကပ်ဝင်ရောက်လာတဲ့ ရန်သူကို တံခါးဖွင့်မပေးဘဲ ငြင်းပယ်ခြင်းနဲ့ တံခါးတွေကို သော့ခတ်တတ်ဖို့ သင်ယူရပါမယ်။
>>နှုတ်ခမ်းတံခါးပေါက်<<
          လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။ (ယာ၊၃း၆)။
          မှားယွင်းတဲ့ စကားလုံးတွေ(သို့) မပြောသင့်တဲ့အချိန်မှာ ပြောမိတဲ့စကားလုံးတွေက မီးမွေးသလို ဖြစ်တတ်တယ်။ မီးထဲမှာ မှားယွင်းတဲ့စကားလုံးတွေကို သွန်းလောင်းလေလေ မီးတောက်လောင်နှုန်းဟာ ပြင်းထန်လေလေဖြစ်တယ်။ နှစ်ပေါင်းအတော်ကြာ ကျွန်မရဲ့နှုတ်လျှာကို ပိတ်ဖို့သင်ယူခဲ့ပါတယ်။ မီးမတောက်လောင်ဖို့ တစ်ခုတည်းသော နည်းလမ်းက လောင်စာကို ဖယ်ရှားဖို့ဖြစ်တယ်။ လောင်စာထည့်ပေးတတ်တဲ့အလေ့အထကို ရပ်တန်ဖို့လိုပါတယ်။
          အငြင်းပွားမှုတော်တော်များများကို တစ်စုံတစ်ယောက်ရဲ့ ထပ်မပြောဖို့ဆုံးဖြတ်ချက်ချခြင်းအားဖြင့် ရှောင်လွှဲလို့ရပါတယ်။ “ဖြည်းညှင်းသောစကားသည် စိတ်ကို ဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။”(သုတ္တံ၊၁၅း၁)။ ပြီးတော့ သုတ္တံ၊၁၅း၎ မှာ “ဖြည်းညှင်းသောလျှာသည် အသက်ဖြစ်၏။” လို့ ဖော်ပြပါတယ်။ စကားလုံးတွေထဲမှာ တန်ခိုးရှိတယ်။ ဒါပေမယ့် သူတို့မှာ ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းတန်ခိုး နှစ်မျိုးစလုံးကို သယ် ဆောင်လာနိုင်တယ်။ ဘုရားသခင်ရဲ့တန်ခိုးကို သယ်ဆောင်နိုင်သလို စာတန်ရဲ့တန်ခိုးကိုလည်း သယ်ဆောင်နိုင်တယ်။ နူးညံ့တဲံစကားလုံးမှာ ကျန်းမာစေနိုင်တဲ့ အစွမ်းတန်ခိုးရှိတယ်။ နူးညံ့တဲ့စကားလုံးနဲ့ဖြေကြားခြင်းက ကသောင်းကနင်းဖြစ်ခြင်းအလယ်မှာ ငြိမ်သက်ခြင်းကို သယ်ဆောင်လာပါတယ်။
          ကျွန်မရဲ့နှုတ်ခမ်းဝမှာ ရန်တွေ့စေတဲ့ တန်ခိုးရှိမှန်းကျွန်မသိတဲ့အခါမှာ ကျွန်မရဲ့စကားအပြောအဆိုကို ပိုပြီးဂရုစိုက်လာပါတယ်။ စကားဆက်ပြောဖို့လိုလာရင် စကားလုံးကို သတိနဲ့ရွေးချယ်ပါတယ်။ အသံအနိမ့်အမြင့်နဲ့ ခန္ဓာကိုယ်ရဲ့ အရိပ်အကဲကို ပိုဂရုစိုက်ပါတယ်။ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ချက်ချင်းဆောင်ရွက်ဖို့အချက်ပြခြင်းကို နာခံခြင်းက အောင်မြင်ခြင်းဆီကို အမြဲဦးတည်စေပါတယ်။ ဒါပေမယ့် နာခံခြင်းမရှိဘဲ ကိုယ့်အလိုဆန္ဒအတိုင်း ထင်ရာစိုင်းခြင်းက ကျွန်ုပ်တို့ရဲ့ အသက်တာကို တိုက်ခိုက်ခံရဖို့ နတ်ဆိုးကို ဖိတ်ခေါ်တာဖြစ်တယ်။
          ဩဗဒိ၊၁း၃က “သင်၏မာနသည် သင့်ကိုလှည့်စားပြီ”လို့ ပြောပါတယ်။ မာနက လူကို လှည့်စားမယ်။ ပြီးတော့လုံးဝမှားရင်တောင် လုံးဝမှန်တယ်လို့ သူ့ကိုယ်သူ ထင်မြင်စေပါတယ်။ ဒီလှည့်စားခြင်းအကြောင်းကို နောက်အခန်းမှာ ဆွေးနွေးပါမယ်။
          စီရင်ခြင်း၊ အပြစ်တင်ဝေဖန်ခြင်းနဲ့ အတင်းပြောခြင်းက ရန်တွေ့ခြင်းဥာဉ်ဆိုးကို ကြိုဆိုဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် ဒီအရာအားလုံးက မာနကနေပေါက်ဖွားလာတာဖြစ်တယ်။ စီရင်ခြင်းက “နင်ဟာ သစ္စာဖောက်ဖြစ်တယ်။ ငါတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။
          မာနနဲ့အပြစ်တင်စီရင်ခြင်းကြောင့် ဖျက်ဆီးခြင်းကို ခံရတဲ့ ပုံဥပမာကို (လုကာ၊ ၁၈း၁၀-၁၄)ထဲမှာ ကျွန်ုပ်တို့တွေ့ရပါတယ်။
          “လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှာ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တစ်ယောက်ကား ဖာရိရှဲဖြစ်၏။ တစ်ယောက်ကား အခွန်ခံဖြစ်၏။ ဖာရိရှဲသည် တစ်ယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတစ်ပါးတို့သည် အနိုင်အထက် လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ အကျွန်ုပ်သည် ခုနှစ်ရက် တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဖို့တစ်ဖို့လှူပါ၏ဟူ၍ ဆုတောင်းပဌာနာပြု၏။ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကို  ခတ်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟု ဆုတောင်းလေ၏။ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုယ်ကိုချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတ္တံ့။ ကိုယ်ကိုယ်ကို နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတ္တံ့ဟု မိန့်တော်မူ၏။”
          မာနက ကျွန်မတို့ရဲ့ ဆုတောင်းခန်းထဲအထိလိုက်ပါလာတယ်ဆိုတာ သတိပြုပါ။ တစ်စုံတစ်ယောက်ရဲ့ အမှားတွေအတွက် ကျွန်ုပ်တို့ ဆုတောင်းပေးနေတယ်လို့ ကျွန်ုပ်တို့ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့ အပြစ် တင်ဝေဖန်ခြင်းနဲ့စီရင်ခြင်းကို ထုတ်လွှတ်နေကြတာဖြစ်တယ်။ အခြားလူကို လမ်းမှန်ရောက်ဖို့ ကျွန်ုပ်တို့ကြိုးစားနေတဲ့အချိန်မှာ မာနက ကျွန်ုပ်တို့ရဲ့အားနည်းချက်ကို မမြင်နိုင်အောင် ကျွန်ုပ်တို့ရဲ့ ဥာဏ်မျက်စိကို ကွယ်အောင် လုပ်နိုင်ပါ တယ်။
>>ငြင်းခံခြင်း တံခါးပေါက်<<
          ဖာရိရှဲတွေဟာ သမ္မာကျမ်းစာအပေါ်မှာ ငြင်းခုံဖို့အချိန်အများကြီး ဖြုန်းခဲ့ကြတဲ့အကြောင်း သမိုင်းက ကျွန်ုပ်တို့ကို ပြောပြပါတယ်။ ရန်တွေ့ခြင်းနရဲ့အခြားစကားလုံးအသုံးအနှုန်းက ‘ငြင်းခံခြင်း’ဆိုတဲ့ စကားလုံးပဲ ဖြစ်တယ်။ ခရစ် ယာန်တွေဟာ မကြာခဏ ကျမ်းစာကို အငြင်အခုံလုပ်ခြင်းအားဖြင့် ခိုက်ရန်ဖြစ်ပွားကြပါတယ်။ တစ်ယောက်ရဲ့စဉ်းစားပုံက တစ်မျိုး၊ နောက်တစ်ယောက်ရဲ့ ယုံကြည်ခံယူချက်က တစ်ဖုံဖြစ်တတ်ပါတယ်။ ကိုယ့်အယူအဆမှန်ကြောင်း သူတစ်ပါးလက်ခံလာဖို့ ကြိုးပမ်းတတ်ကြပါတယ်။ မကြာခဏအဲသလို ကိစ္စတွေကြောင့် ရန်တွေ့ခြင်းဥာဉ်ဆိုးက ၀င်ပေါက်ရသွားပြီး ပျက်စီးဆုံးရှုံးကြရပါတယ်။ မိတ်သဟာယပျက်သွားတတ်ပါတယ်။
          နှုတ်ကပတ်တော်အပေါ်မှာ အငြင်းပွားခြင်းကို ဖြစ်ပေါ်စေတာ မာနရဲ့ဥာဉ်ဆိုးကြောင့်ဖြစ်တယ်။ ဒီအရာဟာ ဘုရားသခင်စက်ဆုပ်ရွံရှာတဲ့အရာဖြစ်တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က အငြင်းပွားခြင်း၊ အချင်းချင်းပြိုင်ဆိုင်ခြင်း၊ ရန်တွေ့ခြင်းကို ဆန့်ကျင်ပါတယ်။ ကျွန်ုပ်တို့ဟာ ကိုယ့်ကိုယ်ကို အားလုံးကို သိတယ်လို့ထင်နေတဲ့ ကာလပတ်လုံး ကျွန်ုပ်တို့ဟာ ဘာမှမသိသေးတဲ့သူတွေဖြစ်တယ်။ ကျွန်ုပ်တို့မှာ သင်ယူခံယူစရာအများကြီးရှိ သေးတယ်လို့ခံယူတဲ့အခါ ဥာဏ်ပညာအလင်းရနိုင်တဲ့အရပ်ကို စတင်ရောက်ရှိလာပြီ ဖြစ်တယ်။ တမန်တော်ပေါလုက ဒီလိုပြောခဲ့ပါတယ်။
          “အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး၊ အဘယ်အရာကိုမျှ သင်တို့တွင် ငါမသိလိုဟု ငါစိတ်ပြဌာန်းခြင်းရှိ၏။”(၁ကော၊၂း၂)။
          ပေါလုဟာ ဖာရိရှဲတစ်ယောက်ဖြစ်ရုံမက ဖာရိရှဲရဲ့သားလည်းဖြစ်တယ်လို့ သူ့ကိုယ်သူဝန်ခံခဲ့တယ်။ သူဟာ ထိပ်သီးဖာရိရှဲတစ်ဦးဖြစ်ခဲ့တယ်။ အမြင့်ဆုံးပညာကို သင်ယူခဲ့တယ်။ ဒါပေမယ့် ခရစ်တော်နဲ့ သူရဲ့ရှင်ပြန်ထမြောက်ခြင်း ကို သိတဲ့အခါ သူတတ်ခဲ့၊ သိခဲ့ပညာအားလုံးကို စွန့်ပစ်ခဲ့ပါတယ်။ ခရစ်တော်နဲ့ သူရဲ့အသေခံခြင်းကို သိကျွမ်းဖို့ လိုတယ်လို့လည်း ၀န်ခံခဲ့ပါတယ်။
          မကြာခဏ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို နားမလည်ကြတဲ့အတွက် ၎င်းကို ချန်ထားပြီး သိပ်အရေးကြီးတဲ့ သင်ခန်းစာတွေ လွတ်သွားတတ်ကြတယ်။ ရောမဩ၀ါဒစာစောင်ထဲမှာ ကျွန်ုပ်တို့ဟာ ခရစ်တော်နဲ့အ တူ ဒုက္ခဆင်းရဲကို မခံရင် သူနဲ့အတူ မစိုးစံရဘူးလို့ပြောပါတယ်။
          “သားမှန်လျှင် အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။” (ရောမ၊၈း၁၇)
          အခုတော့ ကျွန်မဟာ ငြိမ်သက်ခြင်းအသက်တာထဲမှာ ပျော်ရွှင်စွာ အသက်ရှင်နေရပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို ရောက်လာဖို့ ကျွန်မရဲ့မာနဲ့ ကျွန်မရဲ့နှုတ်လျှာကို သန့်ရှင်းသောဝိညာဉ်တော်ရဲ့ လမ်းညွှန်ချက်အတိုင်း ပိတ် တတ်ဖို့အချိန်အတော်ကြာ ဒုက္ခခံပြီး သင်ယူခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကို မှန်လှပြီလို့ ထင်တဲ့အချိန်ဟာ ကျွန်မလုံးဝမှားယွင်းနေတဲ့အချိန်ဖြစ်တဲ့အကြောင်း ဆက်လက်သင်ယူစရာရှိပါတယ်။
          အဖဘုရား ကျွန်ုပ်မှားတဲ့အခါမှာ အလွယ်တကူ ၀န်ခံတက်ဖို့၊ ကိုယ့်အမှားကို မြင်တတ်ဖို့၊ မစတော်မူပါ။ ကျွန်ုပ်ရဲ့နှုတ်အားဖြင့် ရန်တွေ့ခြင်းဥာဉ်ဆိုးကို ၀င်ခွင့်ပေးမိတဲ့အရာတိုင်းအတွက် ကျွန်ုပ်နောင်တရပါတယ်။ အခုပဲ ၀င်ပေါက် တွေကို ပိတ်ဖို့ ဆုံးဖြတ်ချက်ချပါတယ်။ ပြီးတော့ သခင်၊ ကျွန်ုပ်ရဲ့အသက်တာထဲမှာ ၀င်ပေါက်ပွင့်တော့မယ်အရာကို ကြိုတင်မြင်တတ်ဖို့ ကိုယ်တော်ရဲ့သဘာဝလွန် စွမ်းရည်ကို ကျွန်ုပ်ကို ပေးသနားတော်မူပါ။ ရန်တွေ့ခြင်းနဲ့ ဖရိုဖရဲမဖြစ် ခင် တံခါးကို ချက်ချင်းပိတ်နိုင်ဖို့ ကိုယ်တော်ကျေးဇူးပြုတော်မူပါ။ ပြီးတော့ သခင်၊ ကိုယ်တော်ရဲ့ သဘာဝွန်ငြိမ်ဝပ်ခြင်းထဲမှာ လျှောက်လှမ်းနိုင်ဖို့ ၀င်ပေါက်အားလုံးကို ပိတ်နိုင်တဲ့ ခွန်အားကို ပေးသနားတော်မူပါ။ အာမင်။
+++++
}}}}}}} Joyce Meyer {{{{{{

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့