ဇာတ်လမ်း (၃) မာရ်နတ်ကိုဘယ်လိုတားဆီးမလဲ



မာရ်နတ်ကိုဘယ်လိုတားဆီးမလဲ
          စာတန်ဟာ ဧ၀ကို လှည့်စားပြီး၊ ဧ၀ကတဆင့် အာဒံကို အပြစ်ရောက် အောင် သွေးဆောင် ခဲ့သလို၊ သူဟာ သင့်ကို လှည့်စားမယ်။ သွေဆောင် မယ်။ ``သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့် လည်ရှာဖွေလျက်ရှိ၏ - - - ယုံကြည်ခြင်း၌တည်၍ မာရ်နတ်ကိုဆီးတားကြလော့။´ (၁ပေ ၅း၈-၉က)။ သိဖို့က စာတန်က ဟောက်သောခြင်္သေ့လို၊ ရှေးဟောင်းမြွေလို အမြဲပုံဖမ်းလာနေမှာမဟုတ်ဘူး။ ``အလင်းရဲ့ကောင်းကင်တမန်´´ အယောင် ဆောင်၍လည်းရောက်လာနိုင်တယ်။(၂ကော ၁၁း၁၄) သင်တို့တွေ့လိုက်ရမည့်လူ သူတော်ကောင်းတွေကလာပြောလို့၊ ဒါမှမဟုတ် ကောင်းကင်တမန်ကဆင်းလာပြီး သင့်ကိုပြောတာတွေအထဲမှာ သမ္မာကျမ်းစာအရမမှန်ကန်ဘူးဆိုရင် အဲဒီသူတွေ ပြောတာတွေကို မယုံလိုက်ပါနဲ့။ (ဂလာတိ ၁း၈)ကို ဖတ်ကြည့်ပါ။
          ယာကုပ်(၄း၇)မှာဆိုပါတယ်။ ``ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည်သင်တို့ထံက ပြေးသွားလိမ့်မည်။´´ ဘုရားသခင်ပြောတာ မာရ်နတ်ကို ဆီးတားဖို့။ ဘယ်လိုဆီး တားမလဲ။ စာတန်ကို မဆီးတားနိုင်မီ ကျွန်ုပ်တို့ဟာ ကိုယ်ကို ဘုရားထံအပ်နှံကြရ မယ်။ ကျွန်ုပ်တို့ဟာဘုရားအလိုတော်ကို လုပ်မယ်လို့ ဆက်ကပ်ထားပြီးဖြစ်ရမယ်။ ဘုရားသခင်ဟာ လူတွေအပြစ်လုပ်မိအောင်သွေးဆောင်ခြင်းမရှိပါဘူး။ ``၁၄မိမိ တပ်မက်သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေး ဆောင်ခြင်းသို့ ရောက်တတ်၏။၁၅တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက် ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဖွားတတ်၏။၁၆ငါချစ် သော ညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။´´(ယာကုပ် ၁း၁၄-၁၆က)။ ကျွန်ုပ်တို့ဟာ ဘုရားအလိုတော်ကို လုပ်မယ်လို့ဆက်ကပ်ထားခြင်းမရှိရင်၊ စာတန်ဝင်လာပြီး ကိုယ်ဇာတိအလိုဆန္ဒအတိုင်းလိုက်သွားဖို့ မြှူဆွယ်ပါလိမ့်မယ်။ ``၁၆လောက၌ရှိ သမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌၀ါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။ ၁၇လောကနှင့် လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက် တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည် ၏။´´(၁ယော ၂း၁၆-၁၇)။ စာတန်ဟာ ဧ၀ကို မြှူဆွယ်တဲ့အခါ စားလို့ကောင်းမယ် ဆိုတဲ့ သူမရဲ့ကိုယ်တပ်မက်မှု၊ ကြည့်လို့အဆင်းလှတယ်ဆိုတဲ့ မျက်စိ၏တပ်မက်မှု၊ ပညာတိုးမယ်ဆိုတဲ့ ဘ၀တဏှာအစွဲတွေ ဖွင့်ပေးခဲ့ပါတယ်။ တကယ်လို့သာ ဧ၀ဟာ သူမရဲ့ဇာတိတပ်မက်မှုနောက်ကို လိုက်မည့်အစား၊ ဘုရားအလိုတော်အ တိုင်းသာနေသွားမယ်ဆိုရင်၊ ထာဝရအသက်ရှင်နေသွားရမှာပါ။ သူမစိတ်နှလုံးအ လိုဆန္ဒအမှန်ကိုလည်း လက်ခံရရှိပါလိမ့်မယ်။ ``ထာဝရဘုရား၌ မွေ့လျော်ခြင်း ရှိလော့။ သို့ပြုလျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်။´´ (ဆာလံ ၃၇း၎)။ ဒုစရိုက်လုပ်လို့ရတဲ့ပျော်ရွှင်မှုဟာ တစ်ခဏပါပဲ။ နောက်မကြာခင် သေရတယ်။
          အပြစ်ကင်းတဲ့ယေရှုဟာလည်း စာတန်သွေးဆောင်တာ ခံရပါတယ်။ (မဿဲ ၄း၁-၁၁)။ ဧ၀ဟာ သူမလိုချင်တာအကုန်ပြည့်နေတဲ့ ဧဒင်ဥယျာဉ်ထဲမှာ စာ တန်သွေးဆောင်တာ ခံခဲ့ရတယ်။ ယေရှုကတော့ ရက်(၄၀)အစာရှောင်ပြီးတော့မှ ကန္တာရတောထဲမှာ သွေးဆောင်ခံခဲ့ရတယ်။ စာတန်ရောက်လာပြီး နှုတ်ကပတ် တော်ကို ညွှန်းပြောပါတယ်။ ယေရှုကိုယ်ခန္ဓာက အစာစားဖို့လိုတာ သူပြောတယ်။ လောကနိုင်ငံပေးမယ်လို့ သူမပြတယ်။ ယေရှုဟာ အမှန်ဘယ်သူဖြစ်ကြောင်း လော ကကို ဖွင့်ပြခိုင်းတယ်။ ကြွားခိုင်းတယ်။ အဲဒီမှာ ယေရှုဟာ အစာ ဆာလောင်နေလို့ စားဖို့လိုတာ၊ လောကနိုင်ငံကို အုပ်စိုးဖို့လိုတာ၊ သူအမှန်တကယ်ဘယ်သူဖြစ် ကြောင်း ထုတ်ပြောဖို့လိုတာတွေဟာ လုပ်သင့်တာတွေချည်းပါပဲ။ အဲဒါတွေ ယေရှု လုပ်ဖို့ရောက်လာတာပါ။ နောင်အခါ အဲဒါတွေကို ယေရှုလုပ်ဖို့ဆိုတာ ဘုရားအကြံ အစည်တော်ဖြစ်တယ်။ ဒါပေမဲ့ စာတန်အလိုနဲ့ စာတန်ဆီက လက်ခံရမှာတဲ့လား။ ဘယ်တော့မှ မလုပ်။ ယေရှုက စာတန်ကို ဆီးတားတဲ့နေရာမှာ ကျွန်ုပ်တို့အတွက် နမူနာဖြစ်တယ်။ ယေရှုဟာ ခမည်းတော်ဘုရားရဲ့အလိုကိုဆောင်ဖို့ လုံးဝ ဆက် ကပ်အပ်နှံထားခဲ့တယ်။ ကိုယ်တော်ဟာ စာတန်ကို ရင်ဆိုင်ပြီး၊ `နောက်ဆုတ် ထွက်သွား´ လို့ တိုက်ရိုက်ပြောတယ်။ ယေရှုဟာ သွေးဆောင်မှုခံရတဲ့အခါတိုင်းမှာ လည်း `ကျမ်းစာလာသည်အတိုင်း´ ဆိုပြီး၊ နှုတ်ကပတ်တော်ကို ညွှန်းပြောပါ တယ်။ စာတန်ဟာ ကာလအတန်ကြာ အထံတော်မှ ထွက်သွားရပါတယ်။
          ကျွန်ုပ်တို့သည်လည်း ယေရှုလုပ်တဲ့နည်းအတိုင်း စာတန်ကို တားဆီးနိုင်ပါ တယ်။ စာတန်ထွက်ပြေးပါလိမ့်မယ်။ ဥပမာအားဖြင့် ပြောရရင်၊ မြည်တမ်းမိဖို့ သွေး ဆောင်ခံရတဲ့အခါ ဒီလိုပြောနိုင်တယ်။ ``အချင်းစာတန်၊ ယေရှုနာမနဲ့ထွက်သွားပါ။ ကျမ်းစာလာသည်အတိုင်း၊`သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံ ခြင်း၊ မရှိဘဲပြုကြလော့၊´(ဖိလိပ္ပိ၂း၁၄)မှာ ဆိုထားတယ်။´´ ဒီတော့ ကျမ်းစာကို ကောင်းကောင်းသိဖို့က အရေးကြီးပါတယ်။ ဘုရားနှုတ်ကပတ်တော်ဟာ ၀ိညာဉ် လက်နက်တစ်ခုပဲ။ ဒါကို ဧဖက်(၆း၁၇)မှာ `၀ိညာဉ်တော်ဓား´ဆိုပြီးပြောပါတယ်။ အစအဦးကတည်းက မုသာသုံးခဲ့သူ စာတန်ဟာ အမှန်တရားကို ရင်ဆိုင်မိရင် ထွက်ပြေးပါတယ်။ ယခုဒီစာအုပ်ကို သင်ဖတ်ရှုလေ့လာတဲ့အခါ အလွတ်ကျက်ဖို့ ကျမ်းချက်တွေ တွေ့ရင် ရေးချမှတ်သားပြီး ကျက်ပါ။ နေ့တိုင်းလည်း အချိန်တချို့ ယူပြီး၊ ကျက်မှတ်ထားတဲ့ ကျမ်းချက်တွေကို သင့်စိတ်နှလုံးအထဲ စွဲမြဲမှတ်မိနေရ အောင် ကိုယ်တိုင် ခပ်ကျယ်ကျယ် ဖတ်ရွတ်ပေးဖို့လည်း လိုတယ်။ တကယ်လို့ သင့်ဘ၀မှာ မကြာမကြာ မျိုးတူကိစ္စတစ်ရပ် သွေးဆောင်ခံနေရရင် အဲဒီသွေး ဆောင်ခြင်းရောက်လာတဲ့အခါမှာ စာတန်ကို ဆီးတားနိုင်ဖို့ ကျမ်းချက်တစ်ပိုဒ်ကို အလွတ်ကျက်ထားဖို့လိုတယ်။ ``ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့ သည်လည်း သန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း။´´(၁ပေ ၁း၁၆)။
          ကျွန်ုပ်တို့မှာ စာတန်ကို ထွက်ပြေးအောင်လုပ်ဖို့ ကိုယ်တိုင် အစွမ်းမရှိပါဘူး ဒါပေမဲ့ ယေရှုနာမဖြင့် တတ်နိုင်ပါတယ်။ ကရာနီတောင်ကုန်းပေါ်က သိုးသငယ်၏ အသွေးအားဖြင့်  စာတန်ကို အောင်မြင်ခဲ့ပါတယ်။ စာတန်ဟာ အပိုင်ဆုတ်ပြေးရ မယ်။ (ဗျာဒိတ် ၁၂း၁၁)။
          ``၁၃လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည်ခံရကြ ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သောစုံစမ်း နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်း ကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။´´ (၁ကော ၁၀း၁၃)

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့