ဒါကသင့်စိတ်ပါဘဲ



အပိုင်း (၁)
ဒါကသင့်စိတ်ပါဘဲ။
တိုက်လှန်သောစစ်​​မြေပြင်က သင့်စိတ်ထဲမှာပါ။

"အကြောင်းမူကား၊ ငါတို့သည်
သွေးအသားရှိသောရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်
တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊
အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်
အစိုးတရပြုလုပ်​​သောမင်းတို့နှင့်၎င်း၊ မိုးကောင်းကင်နတ်ဆိုးတို့နှင့်၎င်း
ဆိုင်ပြိုင်တိုက်လှန်ရကြ၏" ဧဖက် ၆း၁၂
          မကြာသေးမှီတုန်းကသင်ဟာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေခဲ့ရသလား။ စိတ်ရှုပ်​​ထွေးနေခဲ့ရသလား။ စိတ်ပျက်အားလျော့နေခဲ့သလား။ မရေမရာဖြစ် နေတယ်လို့ခံစားနေရသလား။ ဒါတွေအဆန်းမဟုတ်ပါဘူး။ သင်ကစစ်ပွဲထဲ မှာလေ။
ဘယ်လိုပဲဖြစ်ဖြစ်​​ပေါ့။ သင်ရင်ဆိုင်​​နေရတဲ့ စစ်ပွဲကသမာရိုးကျ တိုက်ပွဲ လည်းမဟုတ်သလို ဒုတ်၊ ဓား၊ လှံ၊ သေနတ်စတဲ့လက်နက်​​တွေနဲ့တိုက်ခိုက်​​​ နေရတာလည်းမဟုတ်ဘူး။ ဒီအခန်းအစပိုင်းမှာပါတဲ့ ကျမ်းချက်ကိုပြန်ကြည့် လိုက်ပါ။ စစ်ပွဲကအသွေးအသားရှိတဲ့ လူသားတွနဲ့တိုက်ရတဲ့စစ်ပွဲမျိုးမဟုတ် ဘူး။ သင့်ရဲ့အကုသိုလ်​​ကြောင့်လည်းမဟုတ်ဘူး။ သင့်ရဲ့ဆရာနဲ့လည်းမ ဟုတ်ဘူး။ ရည်းစားဟောင်းနဲ့လည်းမဟုတ်ဘူး။ သင့်ရဲ့မိဘနဲ့လည်း မဟုတ် ဘူး။
သင့်ရဲ့ရန်သူအစစ်အမှန်က စာတန်ပါ။ (အနက်ဖွင့်ကျမ်တွေထဲမှာ တော့ စာတန်ကို နတ်​​တွေရဲ့သခင်လို့ဆိုထားတယ်) စာတန်ဟာသင့်ကို ပယ် ပယ်နယ်နယ်တိုက်ခိုက်ဖျက်ဆီးပစ်ဖို့သတိနဲ့ ချဉ်းကပ်လာနေတယ်။ သင်က တော့ မြင်နိုင်မှာမဟုတ်ဘူး။ ဒါတင်ဘယ်ကမလဲ။ သင်ကကိုယ့် ကိုယ်စစ်ပွဲထဲ ရောက်​​နေမှန်တောင်သတိမထားမိဘူး။ သင့်ရဲ့ရန်သူကလှည့် ဖြားမှုမျိုးစုံမှာ တစ်ဖက်ကမ်းခတ်တဲ့ ဝိဇ္ဇာကြီးပေါ့။
စာတန်ဟာလှည့်ဖြားသောသူဖြစ်တယ်။ ခရစ်တော်ယေရှုကသူ့ကို ”မုသာ၌ ကျင်လည်သောသူ၊ မုသာ၏ အဘ”လို့ခေါ်ပါတယ်။ (ယောဟန် ၈း၄၄) သင့်ရဲ့စိတ်နှလုံးအတွေးအခေါ်တွေကို ထိန်းချုပ်နိုင်ဖို့ သူကြိုးစားတဲ့အခါ သုံးလေ့ရှိတဲ့လှည့်ဖြားမှုတစ်ချို့ကို အောက်မှာဖော်ပြထားပါတယ်။ အောက်ပါအချက်တွေထဲ က ဘယ်လိုပုံစံမျိုးတွေကို သင်ကြားခဲ့ဖူးပြီးပြီလဲ။
“မင်းဟာဘယ်လိုအသက်ရှင်သင့်လဲဆိုတာမျိုးကို သွန်သင်ပေးဖို့ကြို စားနေတဲ့ မင်းရဲ့မိဘ၊ သင်းအုပ်ဆရာ၊ လူငယ်ခေါင်းဆောင်နဲ့ အခြားဘယ် လိုလူတွေရဲ့စကားကိုမှ နားထောင်စရာမလိုဘူး။ ငါဆိုလိုတာက … မင်းသူ တို့ကို ကြည့်လိုက်စမ်း … ဘာမှအရည်အချင်းမရှိတဲ့သူတွေ။ ကြောင်သူတော်တွေ၊ သူတော်ကောင်း ဟန် ဆောင်တဲ့သူတွေ။ သူတို့ရဲ့အပြစ်တွေနဲ့၊ မလျော်ကန်တဲ့အကျင့်တွေကိုကြည့်ပါလား။ ဒါကမင်းရဲ့ဘ၀လေ။ မင်းသဘောအတိုင်း အသက်ရှင်လိုက်စမ်းပါ။”
“အရက်သောက်တာ၊ မူးယစ်ဆေးသုံးတာနဲ့ လိင်မှုကိစ္စတွေက မင်းကိုတကယ်မထိခိုက်ပါဘူး။ သူတို့ပြောတဲ့အဖြစ်ဆိုးတွေဆိုတာ မင်းဘယ်တော့မှကြုံရမှာမဟုတ်ပါဘူး။ မင်းကိုကြောက်အောင်ခြောက် နေကြတာပါ။ တကယ်တော့ လူကြီးတွေက မင်းကိုပျော်ရွှင်မှုတွေမရစေချင်လို့ပါ။ သူတို့ ကိုယ်တိုင်က မင်း အရွယ်တုန်းကဆို ကဲလိုက်တာမှ လွန်ရော … သူတို့ မင်း ကို ထိန်းချုပ်ချင်လွန်းတာပါကွာ။”
“နတ်ဆိုး၊ ၀ိညာဉ်ဆိုးဆိုတာတွေကို မင်းတကယ်ယုံသလား။ ဟိုလေကွာ … မျက်လုံးနီနီ၊ ရုပ်ဆိုးဆိုးနဲ့ အမြီးက မြားခေါင်းပုံနဲ့ လက်ထဲမှာလည်း ခက်ရင်းခွကြီးနဲ့ပုံစံမျိုးလေ … မင်းလိုဥာဏ်ကောင်းတဲ့သူတစ်ယောက်က ဒါ တွေကိုယုံစရာလား။ ပြီးတော့ အဲဒီလိုဘဲဘုရားဆိုတာကြီးလည်းမရှိပါဘူး။ ကောင်းကင်ဘုံဆိုတာလဲမရှိဘူး။ တကယ်ရှိတာက အခုပစ္စုပ္ပန်ပါဘဲကွာ။ ဒါကြောင့် အခုလက်ရှိအချိန်အခွင့်အခါလေးကို အကျိုးရှိရှိနေလိုက်စမ်း ပါ။” “လုပ်စမ်းပါကွာ။ ၀န်ခံလိုက်စမ်းပါ။ မင်းတစ်ချိန်လုံး ဘုရားဆိုတာနဲ့ ပတ်သက်ပြီး သံသယရှိနေတယ် မဟုတ်လား။ ဘုရားသခင်တကယ်ရှိရင် မင်းရဲ့အတွေးထဲမှာ ဘာဖြစ်လိုသံသယတွေဖြစ်နေခွင့်ပေးရမှာလဲ။”
“တကယ်လို့များ လူသားတွေကို ဂရုစိုက်တဲ့ ဘုရားသခင်ဆိုတာ တကယ်ရှိရင် မင်းအခုလိုအထီးကျန်ခံစား နေရမှာလား။ မင်းအခုကြုံနေရတဲ့အ ဖြစ်တွေကို ပြောင်းလဲနိုင်တဲ့ စွမ်းအင်တန်ခိုးသူ့မှာမရှိဘူးလား။” စသည်ဖြင့်..
          ဒီလိုမေးခွန်းမျိုးတွေနဲ့ အတွေးအခေါ်မျိုးတွေ သင့်ခေါင်းထဲမှာ ၀င်လာအောင် နှမ်းဖြူးပေးနေတဲ့သူရှိ တယ်လို့ ခံစားမိဖူးသလား။ စာတန်ကအဲသလို လုပ်တတ်တယ်။ မြည်တွန်တောက်တီးမှု အမျိုးမျိုးတွေ၊ သံသယဖြစ်စရာအတွေးမျိုးတွေ၊ မယုံသင်္ကာဖြစ်စရာတွေနဲ့ သံသယမျိုးစေ့တွေကို စာတန်က သင့်အတွေး အခေါ်ထဲမှာ မျိုးကြဲစိုက်ပျိုးဖို့ ကြိုးစားနေတယ်။ သူကတဖြည်း ဖြည်းနဲ့ မသိမသာလှုပ်ရှားတယ်။ သင့်ကို ဖျက်ဆီးဖို့ စီမံကိန်းကို သူက ကောင်းကောင်းပြင်ထားပြီးသားလေ။ စာတန်ကသင့်ဘ၀ကို ဖျက်ဆီးဖို့ ချဉ်း ကပ်လာပြီဆိုရင် သူ့မှာ နည်းဗျူဟာကျကျနဲ့ ချဉ်းကပ်တတ်တယ်ဆိုတာ မ မေ့ပါနဲ့။ သူက သင့်အကြောင်းကို ကောင်းကောင်းလေ့လာပြီးသား။ သင် ဘယ်နေရာမျိုးမှာ အားနည်းသလဲ။ စူးစမ်းတတ်သလဲ။ ပြီးတော့ ဘယ်လိုမ လျော်မကန်ပြုမူတတ်သလဲဆိုတဲ့ အချက်တွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်တတ်တယ်။
          ဥပမာပြောရရင် သူဟာသင့်ရဲ့အားနည်းတဲ့အပိုင်းကဏ္ဍကိုသိတယ်။ အကယ်၍ သင်ဟာကိုယ်ရဲ့ ရုပ် ရည်သွင်ပြင်ကို အရမ်းသဘောကျတန်ဖိုးထားတတ်တဲ့ သူတစ်ယောက်ဖြစ်မယ်ဆိုရင် သင်ဟာဆွဲဆောင်မှုရှိ တယ်၊ ခန့်တယ်၊ ချောတယ်လို့ ချီးမွမ်းထုတ်မယ့်သူကို စာတန်က သင့်ဆီကိုခေါ် လာဖို့ အကြံအစည်ရှိတယ်။ ပြီးတော့ သင်က အဲဒီပုဂ္ဂိုလ်ကို သင့်ဘ၀ထဲဝင် လာခွင့်ပေးမိမယ်ဆိုရင် သူက သင့်ကို လိင်ပိုင်းဆိုင်ရာမှာ ကျူးလွန်ဖို့ဖိအားပေးလိမ့်မယ်။ သင်ကတော့မလုပ်သင့်ဘူးဆိုတာကို သိမှာပါ။ ဒါပေမယ့် သင့်ကို သဘောကျ နေတဲ့သူ၊ သင့်ကိုဆွဲဆောင်မှုရှိတယ်လို့ပြောနေတဲ့သူကို လက်လွတ်ဆုံးရှုံးသွားရမှာကိလည်း မဖြစ်ချင်ဘူး။
          အခုတော့ စာတန်ကအေးအေးဆေးဆေးထိုင်ပြီး သင့်ရဲ့ဖြစ်အင်ကို ကြည့်နေရုံပဲ။ သူကသူ့ရဲ့ လက်နက်ပုန်းတွေကို နေရာအနှံ့မှာဖြန့်ကြက်ထားပြီးသား။ သူ့မှာ အချိန်တွေအများကြီး။ ပြီးတော့ သူက သင်ဟာတီဗွီဖန်သား ပြင်ကိုဖွင့်ကြည့်တာပဲဖြစ်ဖြစ်၊ သင့်ကွန်ပျူတာ၊ လက်ကိုင်ဖုန်းနဲ့အင်တာနက် စာမျက်နှာကို ဖွင့်တဲ့အခါမှာဘဲဖြစ်ဖြစ် လိင်မှုအသားပေးမြင်ကွင်းအကြောင်း အရာတွေကို ရှောင်လွှဲလို့မလွယ်နိုင်ဘူးဆိုတာ ကောင်းကောင်းသိထားတယ်။ (ဥပမာ။ အင်တာနက်ကွန်ယက်ပေါ်မှာ လိင်ပိုင်းဆိုင်ရာအကြောင်းအ ရာတွေ တင်ဆက်ထားတဲ့ အပြာ(ရုပ်ရှင်)ပေါင်းလေးသန်းကျော်ရှိတယ်လို့ ဆိုကြပါတယ်။) သင့်ရဲ့ဘ၀ကိုဖျက်ဆီးဖို့ ဆိုရင် အချိန်ဘယ်လောက်ယူရယူ ရ သူကမမူဘူး။ စာတန်မှာအားနည်းချက်တွေ မတတ်နိုင်တာတွေအများကြီး ရှိပေမယ့် စိတ်ရှည်ရှည်စောင့်ဆိုင်းနိုင်တဲ့ အပိုင်းမှာတော့ အံ့မခန်းနိုင် လောက်အောင် အားသာမှုရှိတယ်။
          သင့်အတွက် သတင်းကောင်းက၊ သင်ဟာစစ်ပွဲထဲကို လက်နက်မဲ့သွား ရမှာမဟုတ်ဘူး။ သမ္မာကျမ်း စာ(ဘုရားသခင်ရဲ့ သန့်ရှင်းတဲ့သတင်းစကား) ကသင့်ကို အာမခံချက်ပေးထားပါတယ်။ (၂ကော ၁၀း၎-၅)ထဲမှာ “ငါတို့စစ်တိုက်၍သုံးစွဲသော လက်နက်သည်ဇာတိပကတိလက်နက်မဟုတ် ဘုရားသ ခင်၏တန်ခိုး တော်အားဖြင့် မြို့ရိုး၊မြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ ထိုလက်နက်အားဖြင့် လူတို့၏အကြံအစည် တို့ကို၎င်း၊ ဘုရားသခင်ကိုသိ သောပညာကိုဆီးတားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန်၍ ခပ်သိမ်းသောစိတ်တို့ကို ဖမ်းသွားချုပ်ထားလျက် ခရစ်တော်၏စကားကို နား ထောင်စေကြ၏။”
          ဒီအချိန်မှာသင်က “ငါဖြိုဖျက်မှောက်လှန်ပစ်ဖို့လိုအပ်နေတဲ့ခံတပ်၊ မြို့ ရိုး၊မြို့ပြ(စွဲလမ်းမှု)တွေက ဘာဖြစ်မလဲ”လို့ ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်နေမိ ပါလိမ့်မယ်။ ဒီလိုစဉ်းစားကြည့်ပါ။ စာတန်က ခင်ဗျားကို ဗွီဒီယိုဂိမ်းကစားသ လိုတစ်ဆင့်ချင်းအနိုင်ယူဖို့ကြိုးစားပါလိမ့်မယ်။
          ကျွန်တော်တို့ ဆွေးနွေးခဲ့တဲ့ လိင်မှုဆိုင်ရာဖြားယောင်းမှု ဥပမာကို ပြန် ကြည့်ရအောင်။ စာတန်က သင့်ကို ညတွင်းချင်းမှာပဲ လူရိုးလူကောင်းတစ်ယောက်ကနေပြီး တွေ့ကရလူတကာနဲ့သောင်းပြောင်း လိင်ဆက် ဆံတဲ့သူ၊ လိင်မှုကိစ္စမှာ အထိန်းအကွပ်မဲ့ ပရမ်းပတာလူအဖြစ်ပြောင်းလဲသွားအောင် ကြိုးစားမှာမဟုတ်ဘူး။
          သူကသင့်ကို သာမန်ရုပ်သံအစီအစဉ်တွေကြည့်နေရင်းနဲ့ လိင်မှုအသား ပေးဇာတ်လမ်းတွေထဲမှာ စိတ်ပါဝင်စားလာအောင် ရုပ်ရှင်ဇာတ်ကားတွေ ဂြိုလ်တုစလောင်းရုပ်သံအစီအစဉ်တွေနဲ့ တစ်ချိန်လုံးဆွဲ ဆောင်နေမယ်။ ဒါမှမဟုတ်အင်တာနက်ပေါ်မှာ စကားစမြည်ပြောဆိုတာမျိုးတွေနဲ့လည်းအလျင်း သင့်သလိုဆွဲ ဆောင်နေမယ်။
          နောက်တစ်ဆင့်အနေနဲ့ သင်ဟာမကြည့်သင့်မှန်း နည်းလည်ပါလျက်နဲ့ ၀က်ဆိုက်တစ်ချို့ကို ရှာဖွေကြည့်ဖို့ ကြိုးစားလာမယ်။ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာဖျော်ဖြေတင်ဆက်မှုဇာတ်လမ်းတွေကို တစ်ဆင့်တိုး ကြည့်လာမယ်။ အခမဲ့ကြည့်လို့ရတဲ့ ရုပ်သံအစီအစဉ်တွေကနေ တစ်ဆင့်တတ်ပြီး အခပေးကြည့်ရတဲ့ လိင်ဖျော် ဖြေရေးဇာတ်ကားတွေကို ကြည့်မိလာမယ်။ ဒါနဲ့ဘဲ သင့် ရဲ့လိင်စိတ်ဆန္ဒဟာလည်း ပူလောင်ပြင်းပြလာမယ်။ ထိန်းချုပ်မရဖြစ်လာ မယ်။
          ထိုနည်း၎င်းဘဲ၊ မူးယစ်ဆေးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း လှည့်ဖြားခြင်းတွေနဲ့ လိမ်လည်မှု တွေလည်းတိုးပြီး ဖြစ်ပျက်လာတယ်။ သင့်သူငယ်ချင်းတွေထဲက ဘယ်သူတွေဟာသူတို့မိဘတွေကို ဖုန်းထဲမှာ လိမ်ပြောနေကြသလဲဆိုတာ သိမြင်ဖူးမှာပါ။ “သူတို့တွေဘယ်မှာရှိနေတယ်။ ဘယ်သူနဲ့ပါ။ ဘာတွေလုပ်နေတာ ပါ” ဆိုပြီးတော့လေ။ ဒီလိုလိမ်လည်မှုတွေဟာ အစပိုင်းမှာတော့ သိပ်ပြီးမကြီးကျယ်သေးပါဘူး။ အစမှာတော့ မနက်စာမစားသေးဘဲနဲ့ “ဟုတ်ကဲ့အမေ၊ သားဒီမနက်မနက်စာစားပြီးပါပြီ" ဆိုတာမျိုး ပြီးတော့"တကယ်ပါအမေ အမှန်​​ပြောတာပါ။ သားတို့ဒီတစ်ပတ်​​ကျောင်းက အိမိစာလုပ်ဖို့ဘာမှမပေးထားဘူး။"ဆိုတာတွေလောက်ပါ။ ဒါတွေက လိမ် လည်မှုအဆင့်(၁)မှာရှိပြီး မကြာမှီအဆင့်(၂)ပြီးတော့ (၃)၊ (၄)စသဖြင့် .....
          စာတန်ရဲ့ခိုးကြောင်ခိုးဝှက်စစ်ဆင်တတ်တဲ့ နည်းဗျူဟာတွေကို စပြီးမြင် မိပြီလား။ ဒါတွေကသင့်ကို ကြောက်လန်စေသလား။ နဲနဲပဲဖြစ်ဖြစ်​​ပေါ့။ ကောင်းပါပြီး စစ်သားကောင်းမှန်ရင် သတိဝိရိယရှိရှိနဲ့ ချီတတ်တယ်။ ရူးမိုက် တဲ့သူတွေလောက်ပဲ စစ်ပွဲတွေမှာ ဘာကိုမှအလေးမထားဘဲ ကမူးရှူးထိုးလုပ် တတ်ကြတာ။

ညစ်ညမ်းမှုလမ်းသွယ်တစ်ဒါဇင်
“ယနေ့ဆယ်ကျော်သက်လူငယ်အများစုရဲ့စိတ်နှလုံး
စစ်မြေပြင်နဲ့ဘ၀မှာ ဆုံးရှုံးမှုကြုံတွေ့ရစေတဲ့ဖြစ်စဉ်(၁၂)သွယ်”
    ၁။            အထက်တန်းကျောင်းသားများ၏၆၀%အပါအ၀င် ၉တန်းမှ ၁၂ တန်းကျောင်းသူ၊ ကျောင်းသားများအစု           သည် လိင်မှုကိစ္စကျူးလွန်ဖူးကြသည်။ (စကားချပ်။  ။အနောက်နိုင်ငံများတွင်ဖြစ်သည်။) တီဗွီ          ဖန်သားပြင်တွင် လိင်ဖျော်ဖြေမှုများ မကြာခဏကြည့်လေ့ရှိသော ဆယ်ကျော်သက်များသည် နှစ်ကြိမ်          ထက်မနည်း လိင်မှုကိစ္စကျူးလွန်ကြပြီး၊ ၎င်းတို့ကြည့်ခဲ့သော တီဗွီဖန်သားပြင်မှမြင်ကွင်းများကို                 စွဲလမ်းကြသည်။                                                    
      ၂။   အသက်(၂၁)နှစ်အောက်လူငယ်လူရွယ်များ၏ထက်ဝတ်ခန့်သည်      အရက်သေစာနှင့်မကင်းကြပေ။        အချို့မှာ အလွန်အကျွံသောက်       စားမူယစ်ကြသည်။ အရက်သေစာသောက်စားမူးယစ်ခြင်းကြောင့်                 နှစ်စဉ်လူပေါင်း(၅)သိန်းထက်မနည်းမတော်တဆထိခိုက်ဒဏ်ရာကြသည်။ ၎င်းတို့အထဲမှ ၁၅၀၀ခန့်    သည် အရက်အလွန်အကျွံသောက်သုံးမှုနှင့် အရက်အဆိပ်သင့်မှုတို့၏ အကျိုးဆက်ကို တိုက်ရိုက်ခံစား      ရပြီး အသက်သေဆုံးကြရသည်။                     
     ၃။    ဆယ်ကျော်သက်များ၏ ၇၃%က ယင်းတို့သည် ခွဲခြားဆက်ဆံမှုဖြစ်စဉ်မျိုးကို လစဉ် အနည်းဆုံး               တစ်ကြိမ်မြင်တွေ့နေကြရသည်ဟု ဆိုသော်လည်း ၂၂%မျှသောသူတို့ကသာ ၎င်းအဖြစ်အပျက်မျိုး              တွင် ၀င်ရောက်ပြောဆိုပြီး ကူညီဖြေရှင်းလေ့ရှိသည်။
     ၄။  လိင်မှုရေးရာအကြောင်းနဲ့ ပတ်သက်လာရင် မိဘတွေနဲ့ဆယ်ကျော်သက်တွေအမြင် မတူကြဘူး။           ယနေ့ခေတ်ဆယ်ကျော်သက်လူငယ်တွေရဲ့ထက်ဝက်ခန့်က လိင်မှုကိစ္စတွေမှာ ပတ်သက်နေ           ချိန်မှာ ၈၄% မိဘများက မိမိရဲ့သားသမီးတွေလိင်မှုကိစ္စကင်းနေကြတယ်လို့ ယုံကြည်နေကြတယ်။ ပြီးတော့ ၈၇%မျှလောက်သောဆယ်ကျော်သက်လူငယ်တွေကသူတို့သာမိဘတွေနဲ့လိင်မှုရေးရာကိစ္စ         တွေမှာ ပွင့်ပွင့်လင်းလင်း၊ ရိုးရိုးသားသား ဆွေးနွေးခွင့်ရှိခဲ့မယ်ဆိုရင် လိင်ဆက်ဆံတာတွေကို ရှောင်နိုင်လိမ့်မယ်လို့       ပြောကြတယ်။
      ၅။   ယနေ့အချိန်မတန်မှီ အပျိုစင်ဘ၀ဆုံးရှုံးသွားသူမိန်းမပျိုလေးများတို့သည် အရက်သေစာကြောင့်                မူးယစ်နေစဉ်ဖြစ်ပွားခဲ့သည်ဟုဝန်ခံပြီး ယင်းတို့၏မိဘများသည် အရက်သေစာသောက်စားမူး                ယစ်သူများဖြစ်ကြသည်ဟုဆိုသည်။                              
     ၆။  ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စုသည် ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်မှုနှုန်းနှင့်           လိင်ကြောင့်ဖြစ်သောကူးစက်ရောဂါဖြစ်ပွားမှုနှုန်းအမြင့်ဆုံးဖြစ်သည်။ အထူးသဖြင့် ဆယ်ကျော်သက်           မိန်းမငယ်များကိုယ်ဝန်ဆောင်မှုသည် အခြားသောစက်မှုနိုင်ငံများ ထက်နှစ်ဆများပြားသည်။          ၇။  အမေရိကန်နိုင်ငံသား ၁၅နှစ်မှ ၂၄နှစ်အကြားလူငယ်လူရွယ်များသေဆုံးရသည့်အကြောင်းရင်းတွင်           မိမိကိုယ်ကိုသက်သေခြင်းမှာ      တတိယအများဆုံးဖြစ်သည်။
    ၈။   နှစ်စဉ်နှစ်တိုင်း ဆယ်ကျော်သက်လူငယ်လူရွယ်(၄)သန်းကျော်သည် လိင်ကြောင့်ဖြစ်ပွားသော           ရောဂါကူးစက်ခံနေကြရသည်။
     ၉။  (၈)တန်းကျောင်းသားအရွယ်လူငယ်များသည် အိမ်သုံးဓါတုပစ္စည်းများဖြစ်သော သင်္ဘောဆေးဖျော်    စပ်ရာတွင် ရောနှောသည့်ဆေး (သို့မဟုတ်)ပိုက်ဆက်ကော်များကိုသုံးစွဲ၍ မူးယစ်ပြုလုပ်ကြသည်။
   ၁၀။    နှစ်စဉ် အမေရိကန်ပြည်ထောင်စုတွင် အသက်(၁၉)နှစ်အောက်       မိန်းကလေး(၈)သိန်းကျော်သည်           ကိုယ်ဝန်ဆောင်နေကြရသည်။
    ၁၁။ ဆယ်ကျော်သက်လူငယ်အများစုပျမ်းမျှအသက်(၁၃)နှစ်မှစ၍ မူးယစ်ဆေးဝါးများစတင်သုံးစွဲကြသည်။
    ၁၂။ လိင်မှုကိစ္စလွန်ကျူးတတ်သော အထက်တန်းကျောင်းသားများအကြားတွင် ၂၁%ထက်မကသော      သူတို့သည် လိင်ဆက်ဆံဖော်(၄)ဦးနှင့်အထက်ရှိကြသည်။  
ကောင်းပြီး။ကျွန်ုပ်တို့ဘာတွေကိုလေ့လာခဲ့ပြီလဲဆိုတာပြန်ကြည့်ရအောင်။
၁။   သင်ဟာစစ်ပွဲထဲမှာ ပါဝင်ပတ်သက်နေရတယ်။
၂။   သင့်ရဲ့ရန်သူအစစ်အမှန်က စာတန်ဖြစ်တယ်။
၃။   သင့်ရဲ့စိတ်နှလုံးက သင်ရင်ဆိုင်ရမယ့် စစ်မြေပြင်ဖြစ်တယ်။
၎။   နတ်ဆိုးစာတန်က သင့်စိတ်နှလုံးထဲမှာ ခြေကုပ်ယူနိုင်အောင်ကြိုးစားအားထုတ်ပြီးလုပ်ဆောင်လိမ့်မည်။ သင့်စိတ်နှလုံးထဲမှာတစ်ဆင့်ပြီးတစ်ဆင့်ဝင်ရောက်သိမ်းပိုက်လိမ့်မည်။ ဂိမ်းဝိဇ္ဇာ၏ဗွီဒီယိုဂိမ်းကို အောင်မြင်စွာ ကစားသကဲ့သို့ပင်…
၅။  စာတန်သည် နည်းဗျူဟာမျိုးစုံသုံးပြီး သင့်ကိုလှည့်ဖြားကာအောင်မြင်မှုမရအောင် ကြိုးစားမည်။ ၎င်း၏အကောင်းဆုံးလှည့်ဖြားမှုက သူဟာအမှန်တကယ်ရှိမနေပါဘူးဆိုတာ သင်ယုံအောင်လုပ်ခြင်းပါပဲ။
၆။  သင့်ရဲ့ရန်သူက အလျင်စလိုမလုပ်ဘူး၊ သူကအချိန်ယူပြီး သင့်ကိုဖြိုခွင်းလိမ့်မယ်။ သူကသင့်ကို အခုအနိုင် မယူချင်သေးပါဘူး၊ သူကအဆုံးကျမှ အနိုင်ယူချင်တာပါ။
အခုနောက်ထပ် သင်ခန်းစာတစ်ခုကို တက်လှမ်းကြရအောင်၊ ရက်စက်မှုသရဖူဆောင်းတဲ့ စာတန်ရဲ့ လုပ်ဆောင်မှုအစီအစဉ်နောက်တစ်မျိုးကိုကြည့် ကြရအောင်။

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

သစ္စာစောင့်၍