ဇာတ်လမ်း (၃) ရွေးနှုတ်တော်မူမည်ကတိတော်



ရွေးနှုတ်တော်မူမည်ကတိတော်
          ကမ္ဘာဦးကျမ်း(၃း၁၅)ဖေါ်ပြချက်ဟာ ကျမ်းစာထဲမှာ မိန်းမ၏အမျိုးအနွယ် (သားသမီး)မှ ကယ်တင်ရှင် ဆင်းသက်ရောက်လာမည့်အကြောင်းနဲ့ ထိုပုဂ္ဂိုလ်မှ စာတန်ကို အသေအချာ နှိမ်နင်းအောင်မြင်မည့်အကြောင်း ဦးစွာအရိပ်အမြွတ်ဗျာ ဒိတ်တော်ပေးခဲ့ပါတယ်။ `` အချိန်ကာလစေ့သောအခါ ငါတို့သည်သား၏အခွင့် အရာကို ခံရမည်အကြောင်း၊ ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေ ခြင်းငှါ မိန်းမ၀မ်း၌ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်ရသော သား တော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။´´(ဂလာတိ၊၄း၎-၅)။ ``မာရ်နတ် အမှုတို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည် ထင်းရှားပေါ်ထွန်း တော်မူ၏။´´(၁ယော၊၃း၈)။ ဘုရားသခင်ဟာ သူနဲ့မိတ်သဟာယပြန်ရဖို့ပေးကမ်း တော်မူခြင်းကို သင် ကြိုဆိုဝမ်းမသာပေဘူးလား။
          အာဒံနဲ့ဧ၀တို့က သူတို့အ၀တ်မပါဗလာဖြစ်နေတာကို ဖုံးအုပ်ဖို့ သစ်ရွက်ကို ချုပ်ပြီး၊ ခါးစည်းလုပ်ဝတ်ထားခဲ့ကြတယ်။ သို့သော်လူတွေဟာ ဘုရားလက်ခံ အောင် ဘာမျှသူတို့ကိုယ်တိုင် လုပ်ယူလို့မရပါဘူး။ ``ပြုဖူးသမျှသောကုသိုလ် ကောင်းမှုတို့သည် ညစ်သောအ၀တ်နှင့်တူကြပါ၏။´´(ဟေရှာယ၊၆၄း၆က)။ ဒါပေမဲ့ ဘုရားသခင်ဟာ လူတွေကို သိပ်ချစ်တယ်။ ဘုရားက လူအဖို့သားရေဖြင့်ဝတ်လုံကို လုပ်၍ခြုံပေးခဲ့တယ်။ သားရေကိုရဖို့ဆိုတာက တိရစ္ဆာန်များသေပေးရပါတယ်။ အဲ ဒီမှာ ပထမဦးအသွေးသွန်းပေးရခဲ့တာဖြစ်တယ်။ ``၁၁အကြောင်းမူကား ကိုယ်ခန္ဓာ အသက်သည် အသွေး၌တည်၏။ . . . . . .  လူအပြစ်ကိုဖြေသောအရာကား အ သွေးဖြစ်သတည်း။´´(၀တ်၊၁၇း၁၁)။ ``အပြစ်ဖြေခြင်း´´ဆိုတဲ့စကားလုံးရဲ့အဓိ ပ္ပါယ်ဟာ ``ဖုံးအုပ်ခြင်း´´ ဖြစ်တယ်။ ဘုရားသခင်ပြုတော်မူသော အမှုတော်၌အ သွေးသွန်းရမည်ဆိုတဲ့ အမှတ်လက္ခဏာရှိခဲ့တယ်။ ဒီမှာ တိရစ္ဆာအသွေးမဟုတ် တော့ဘူး။ ယေရှုရဲ့အသွေးဖြစ်တယ်။ ဘုရားသခင်ပေးကမ်းတော်မူတဲ့ သိုးသူငယ် တော်ယေရှုသည်သာလျှင် ကျွန်ုပ်တို့အတွက် ထာဝရအပြစ်ဖြေခြင်းယဇ်ကို ပူဇော် ပေးနိုင်ပါတယ်။ ဟာလေလုယာ။
          ခရစ်တော် ကြွလာတော်မူတာ လူအာဒံရောက်လာသလိုမဟုတ်။ ``၁၉အကြောင်းမူကား တစ်ယောက်သောသူသည် နားမထောင်သောအားဖြင့် လူ အများတို့သည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။´´(ရောမ၊၅း၁၉)။
          ``၂၂လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတံ့။´´ (၁ကော၊၁၅း၂၂)။ ``၄၅ ကျမ်းစာလာသည်ကား ရှေ့ဦးစွာသော လူအာဒံသည် အသက်ရှင်သောသတ္တ၀ါဖြစ်၏ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သော အာဒံမူကား၊ အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။´´(၁ကော၊၁၅း၄၅)။ ``ထို ဒုစရိုက်အပြစ်၌သေလျက်ရှိနေသော သူတို့ကိုပင် ဘုရားသခင်သည် အသက်ရှင် စေတော်မူပြီ။´´(ဧဖက်၊၂း၁)။
          ဘုရားစကားတော်ကို ကျွန်ုပ်တို့နာခံ၍ ဘုရားပေးကမ်းတဲ့ အခြေအနေအ လိုက် ကိုယ်တော့်ထံအပ်နှံသွားရင်၊ ကျွန်ုပ်တို့ရဲ့စိတ်ဝိညာဉ်တွေဟာ အသစ်ဖြစ်ပြီး၊ အသွင်ပြောင်းလဲခြင်းရှိလာရပါတယ်။ မျက်မှောက်တော်၌ ကျွန်ုပ်တို့နေထိုင် အသက်ရှင်သွားပါကလည်း ဘုရားသခင်၏ဇာတိအဖြစ်တော်ပုံသဏ္ဌာန်နဲ့ တစ်ထေ ရာတည်းဖြစ်တဲ့ ခရစ်တော်နည်းတူ ကျွန်ုပ်တို့၌ ပို၍တူလာအောင် ပြုတော်မူမည်။ (ဟေဗြဲ၊၁း၃)ဖတ်ကြည့်ပါ။
          ``၁၈ငါတို့ရှိသမျှသည် မျက်နှာဖုံးကို ဖွင့်လျက်မှန်ကို ကြည့်သကဲ့သို့ သခင် ဘုရား၏ဘုန်းအသရေတော်ကို ကြည့်မြင်၍ ၀ိညာဉ်တော်တရား၏အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း ငါတို့သည် ဘုန်းအသရေတိုးပွါး၍ ပုံသဏ္ဌာန်နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။´´(၂ကော၊၃း၁၈)။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့