ဇာတ်လမ်း (၂) လူအတွက် ဘုရားသခင်ပေးကမ်းခြင်းများ
ဇာတ်လမ်း(၂) လူအတွက် ဘုရားသခင်ပေးကမ်းခြင်းများ
“ကမ္ဘာဦးကျမ်း
၂း၇-၉,၁၅-၁၈,၂၁-၂၅”
၇ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေ
မှုန့်ဖြင့် လူကို ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝ အသက်ကို မှုတ်တော်မူလျှင် လူသည်အသက်ရှင်
သောသတ္တ၀ါဖြစ်လေ၏။ ၈ထာဝရအရှင်ဘုရား သခင်သည်လည်း အရှေ့မျက်နှာဧဒင်အရပ်၌ ဥယျာဉ်ကိုစိုက်ပျိုးပြီးလျှင်
ဖန်ဆင်းတော်မူသော လူကို ထိုဥယျာဉ်၌နေရာချတော်မူ ၏။ ၉ထိုမြေထဲက အဆင်းလှ၍
စားဘွယ်ကောင်းသောအပင်အမျိုးမျိုးကို ထာဝရ အရှင်ဘုရားသခင်ပေါက်စေတော်မူ၏။ ထိုဥယျာဉ်
အလယ်၌ အသက်ပင်လည်း ရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင်လည်းရှိ၏။ ၁၅ထိုအခါ
ထာဝရအရှင် ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကိုပြုစု စောင့်နေစေခြင်းငှါထား တော်မူ၏။
၁၆ထာဝရအရှင်ဘုရားသခင်ကလည်း ကောင်းမကောင်းကို သိကျွမ်းရာ အပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို
သင်သည် စားရသော အခွင့်ရှိ၏။ ၁၇ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်
သေရမည်ဟု လူကိုပညတ်ထားတော်မူ၏။
၁၈ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည်တစ်ယောက်တည်း
မနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့ဖို့ငါလုပ်ဦးမည်ဟုအကြံရှိ တော်မူ၏။ ၂၁ထိုအခါ
ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းနှင့် အိပ်စေတော်မူ၍၊ လူသည်အိပ်ပျော်စဉ်
နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီး လျှင်၊ ထိုအရိုးအစား အသားကိုစေ့စပ်စေတော်မူ၏။၂၂ထာဝရအရှင်ဘုရားသခင်
သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။ ၂၃လူကလည်း၊
ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကို လူမိန်းမဟု
ခေါ်ဝေါ်အပ်သည် ဟု ဆိုလေ၏။ ၂၄ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍၊
ကိုယ် ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။ ၂၅ထို
သူလင်မယားနှစ်ဦးတို့သည် အ၀တ်မ၀တ်ဘဲနေ၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ် ကြ၏။
အလေးထားလုပ်ဆောင်ရန်
အောက်ပါကွက်လပ်နေရာများ၌ မှန်သောစကားလုံးများ
ဖြည့်စွက် ရေးသွင်းပေးပါ။
၁)
ဘုရားသခင်ဟာ
လူအာဒံနေထိုင်ရန် နေရာတစ်ခု ပေးကမ်းခဲ့၏။
ဘုရားသည် အရှေ့မျက်နှာ . . . . . .
. . . အရပ်၌ . . . . . . . . . တစ်ခု
စိုက်ပျိုးပြီးလျှင် နေရာချထား၏။ (အခန်းငယ်
၈)
၂) ဘုရားသခင်ဟာ
လူအာဒံကို အလုပ်လုပ်ဖို့ အလုပ်ပေးခဲ့တယ်။
အာဒံကိုယူ၍ဧဒင်ဥယျာဉ်ကို . . . . .
. . . ၊ . . . . . . . . . . ထားတော်မူ
၏။(၁၅)
၃) ဘုရားသခင်ဟာ
သေခြင်းမှ ဘယ်လို ကင်းအောင်နေဖို့ လမ်းညွှန်ပေးခဲ့တယ် ဘုရားသခင်က လူကိုပညတ်ထားတယ်။ ဘုရားသခင်ကလည်း . . . . . . . . ကို
. . . . . . . . . အပင်မှတပါး ထိုဥယျာဉ်၌
. . . . . . . . အပင်တို့၏အသီး ကို သင်သည်စာရသော
. . . . . . ရှိ၏။ ၁၇ ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန် . . . . . . . . . ရမည်။ (၁၆-၁၇)
၎) ဘုရားသခင်ဟာ
အာဒံအတွက် မယားတစ်ယောက်ပေးခဲ့တယ်။
အာဒံ၏ . . . . . . . . . . . . ကို ဘုရားသခင်ထုတ်ပြီးလျှင်၊
၂၁. . . . . . . .ကို ဖန်ဆင်း၍
လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။၂၂
ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးကမ်းခြင်း
လူကို ဘုရားဘယ်လောက်ချစ်လိုက်သလဲ။ လူ့လိုအပ်ချက်အလိုက်
ဘုရား ပေးနေတယ်။ ကျွန်ုပ်တို့၌ အကျိုးများစွာဖြစ်မှာကို ဘုရားသခင်သိတော်မူတယ်။ “၁၉ငါ၏ဘုရားသခင်သည်
ဘုန်းအာနုဘော်၌စံပယ်တော်မူသော စည်းစိမ်ရှိသည် အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့်
ပြည့်စုံတော်မူလိမ့်မည်။” (ဖိ လိပ္ပိ ၄း၁၉)။ ဘုရားသခင်ဟာ သူ့အပေါ်စိတ်ချယုံကြည်စေချင်တယ်။
သူ့နဲ့မိတ်သ ဟာယဖွဲ့နေစေလိုတယ်။ သူနဲ့အတူ ကျေနပ်ဝမ်းမြောက်နေစေချင်တယ်။ သူနဲ့အ တူ အုပ်စိုးခြင်းရှိနေစေချင်တယ်။
ပညတ်တော်ထားတာ ကျွန်ုပ်တို့၏ကောင်းကျိုး ချမ်းသာအတွက်ဖြစ်ပါတယ်။ “၂၄ထာဝရဘုရားသည်
ယနေ့တိုင်အောင် ကျေးဇူးပြု တော်မူသကဲ့သို့၊ ငါတို့အသက်ကို စောင့်တော်မူမည်အကြောင်း၊
ငါတို့သည် ကိုယ် အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဤပ
ညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှါ မှာထားတော်မူ၏။”(တရား ၆း၂၄)။ အံ့ဖွယ်ဘု ရားသခင်
ငါတို့နှင့်အတူ ရှိနေပါသလား။
မင်္ဂလာပွဲတိုင်းအတွက်ဘုရားသခင်၏အကြံအစည်တော်
အိမ်ထောင်မင်္ဂလာဆောင်တာ ဘုရားသခင်ရဲ့အယူအဆဖြစ်တယ်။
ဘယ် လောက် လှပတဲ့စိတ်ကူးအကြံအစည်လဲ။ လူတွေ ဒီပြည့်ဝတဲ့အကြံအစည်တော် ကို ရောက်အောင်လိုက်မလာလို့
ဘုရားသခင် အဘယ်မျှစိတ်နာတော်မူပါသလဲ။ ဘုရားသခင်ရဲ့ အကြံအစည်တော်ကို ဒီကမ္ဘာဦးကျမ်းထဲမှာ
ဖေါ်ပြထားတယ်။
၁။
ယောက်ျားသည် ကိုယ်မိဘကို စွန့်ရလိမ့်မည်။ ကျွန်ုပ်တို့ဟာ
ပညတ် တော်အရ ကိုယ်မိဘကို ရိုသေစွာစောင့်ရမည်ဟုဆိုထားသော်လည်း ယောက်ျား ဟာ သူ့အိမ်နဲ့သူ
အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်လာမည့်အချိန်ကာလရှိပါသေး တယ်။ အဲဒီအချိန်မှာ သူ့ဇနီးကို
လွတ်လပ်စွာအပြည့်အ၀ချစ်ဖို့ လွတ်လပ်ခွင့်ရပါ တယ်။ “၂၅အချင်းယောက်ျားတို့၊
ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသ ကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။
၂၈ထိုနည်းတူ ယောက်ျားတို့ သည် မိမိကိုယ်ကိုချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို
ချစ်ရကြမည်။ ခင်ပွန်းကိုချစ်သော သူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ၂၉ကိုယ်အသားကို
မုန်းသောသူတစ်ယောက် မျှမရှိ။ - - သို့သော် ကျွေးမွေးပြုစုတတ်၏။” (ဧဖက် ၅း၂၅၊၂၈-၂၉က)
၂။
ယောက်ျားသည် ကိုယ့်ဇနီးမယား၌မှီဝဲ၏။ ယောက်ျားဟာ
သူ့မယားနဲ့ဘ၀ တစ်လျှောက်လုံး၌ ကော်လိုကပ်နေရမည်။ ယေရှုက အိမ်ထောင်မင်္ဂလာပွဲကို စီမံ ချက်နဲ့အတည်ပြုပေးခဲ့တယ်။
`ဘုရားသခင်ဖက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကို လူမခွဲမခွါစေနှင့်ဟု မိန့်တော်မူ၏။´(မဿဲ
၉း၆ခ)။ လူတွေ ဘာကြောင့် လင်မယားကွာရှင်းပြတ်စဲတာ လုပ်နေရတာလဲ။ ယေရှုက အဲဒီမှာ
အမှန်အကြောင်း တစ်ရပ်သာရှိတယ်လို့ ထုတ်ပြောခဲ့တယ်။ ယေရှုက လူတွေ `သင်တို့စိတ်နှလုံးခိုင်
မာသောကြောင့်´သာဖြစ်ရတယ်လို့ ထောက်ပြပါတယ်။ (မဿဲ ၁၉း၈)။ ဒီလိုဖြစ် တာ ဘုရားအကြံအစည်တော်မဟုတ်ပါ။
ဘုရားသခင်ဟာ လင်မယားကွဲတာကို မုန်းတီးပါတယ်။ (မာလခိ ၂း၁၆)။ လင်မယားကို စွန့်ခြင်းကွာခြင်းအမှုအစား
ဘုရား သခင်ဟာ လူတွေထဲက ခါးသီးမုန်းတီးခြင်း၊ ဒေါသတွေကို ခ၀ါချပစ်ဖို့အလိုတော်ရှိ ပါတယ်။
`၃၂ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့်
သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ် လွှတ်ခြင်းရှိကြလော့။´ (ဧဖက်
၎း၃၂)။
၃။
လင်နှင့်မယားသည် တစ်သားတစ်ကိုယ်တည်းဖြစ်ရမည်။
ရုပ်လောက ခန္ဓာကိုယ် ဖက်စပ်တာဟာ စိတ်၊နှလုံး၊၀ိညာဉ်ရေးရာ၌
လှပတဲ့ခံစားချက် ထုတ်ဖေါ် ခြင်းဖြစ်ရပါမယ်။ `၄ ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်းအမှုနှင့်
သစ္စာသံဝါ သပြုခြင်းအမှုသည် အသရေရှိစေလော့။ မတရားသောမေထုန်ကို ပြုသောသူနှင့် သူမယားကို
ပြစ်မှားသောသူကို ဘုရားသခင် စစ်ကြောစီရင်တော်မူလိမ့်မည်။´ (ဟေဗြဲ ၁၃း၎)။
၎။ ထိုလင်မယားတို့သည် အ၀တ်မ၀တ်ဘဲနေ၍ ရှက်ကြောက်ခြင်းနှင့်ကင်း
လွတ်ကြ၏။ ဒီကမ္ဘာလောကအထဲကို အပြစ်တရားမရောက်မီကဆိုရင် ပထမဦးဆုံး သော လူလင်မယားတို့ဟာ
အချင်းချင်းပွင့်ပွင့်လင်းလင်းနဲ့ဘုရားနဲ့အတူရှိကြပါ တယ်။ သူတို့မှာ ဘာမျှ ဖုံးကွယ်ထားဖို့မရှိကြ။
အာဒံနှင့်ဧ၀တို့ဟာ အပြစ်အောက် ကျဆင်းသွားတဲ့အခါမှာ ပထမဦးဆုံး သူတို့မှာ အ၀တ်မရှိမှန်း
သိလိုက်ကြတယ်။ (ဇာတ်လမ်း- ၃ ထဲမှာကြည့်ပါ။) ဘုရားသခင်က သူတို့အတွက် အ၀တ်လုပ်ပေးရ တယ်။
အဲဒီကအစ တိရစ္ဆာန်အသွေးကျတာ ပတ်သက်လာရပါတယ်။
လင်မယားစုံတွဲတွေဟာ ခရစ်တော်အသေခံပူဇော်၍ကျရတဲ့အသွေးအားဖြင့်
သတ္တ၀ါသစ်များဖြစ်လာရပါတယ်။ သူတို့အကြားမှာ ခြားနားမရှိ ပွင့်လင်းခြင်းအမှန် အကန်ကို
မြည်းစမ်းနိုင်ကြပါတယ်။ အမှားလုပ်ခဲ့မိကြတာတွေနဲ့ လိုချင်တပ်မက်မှု တွေကို ဘုရားအရှေ့မှာ
အချင်းချင်းမျှဝေခံစားနိုင်ကြပါတယ်။ `၁၆ ထိုကြောင့်၊ ဘုရားသခင်ကို ပြစ်မှားပြီ၊
သူတို့ကို ပြစ်မှားပြီဟု ကိုယ်စိတ်နှလုံးသည် ကိုယ်၌အ ပြစ်တင်ခွင့်နှင့် အစဉ်ကင်းလွှတ်မည်အကြောင်း
အကျွန်ုပ်သည် ကြိုးစားအားထုတ် ပါ၏။´(တမန်တော် ၂၄း၁၆)။ `၉ မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေ
လော့။´(ရောမ ၁၂း၉က)။ စစ်မှန်တဲ့မေတ္တာစိတ်ဟာ အိမ်ထောင်ကြင်ဖက်တွေကို သည်းခံတရားများစွာ
ပွါးများစေပါတယ်။ မမှန်ကန်ရင် ဒေါသစိတ်နှိုးဆွနေကြတော့ မှာပဲ။
Comments