နှုတ်ကပတ်တော်ကို သိကျွမ်းခြင်း
နှုတ်ကပတ်တော်ကို သိကျွမ်းခြင်း
နှုတ်ကပတ်တော်လာသည့်အတိုင်း ယေရှု၏အသွေးတော်က
ကျွန်ုပ်အတွက် ပြုတော်မူသည့်အရာကို စာတန်အား ကျွန်တော် ကိုယ်တိုင် သက်သေခံသည်။
စာတန်အား အနိုင်ယူအောင်မြင်မည့်ပုံကို
သမ္မာကျမ်းအား ထိုးထွင်းသိမြင်ခြင်းဖြင့် ဘုရားသခင်ပြတော်မူသည်ဟု ကျွန်တော်ယုံ ကြည်သည်။
သိုးသငယ်၏အသွေးတော်အားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့ သက်သေခံသည့်စကားအားဖြင့်လည်းကောင်း
စာတန်ကို အောင်မြင်ရန်ဖြစ်သည်ဟု ခရစ်ယာန်များစွာတို့က ပြောကြသည်။ သို့သော် များစွာသောသူတို့က
အသွေးတော်ကို တောင်းဆိုပါသည်။ အ သွေးတော်ကို တောင်းဆိုပါသည်ဟူ၍ ထပ်ခါတလဲလဲရွက်ဆိုကြသည်။
ထိုသို့သောကျင့်စဉ်သည် အဓိပ္ပါယ်မရှိဟု မဆိုလိုပါ။ ထိုအရာ ကြောင့် မာရ်နတ်သည် တုန်လှုပ်ခြင်းမရှိသောကြောင့်
ပို၍ အဓိပ္ပါယ်ရှိသည့်စကားလုံးများ အသုံးပြုရန်လိုသည်ဟု ကျွန်တော်ယူဆသည်။
စာတန်အား သိုးသငယ်၏ အသွေးတော်နှင့်လည်းကောင်း၊
ကျွန်တော်တို့၏ သက်သေခံချက်စကားများနှင့်လည်းကောင်း မည် သို့အောင်မြင်မည်နည်း။ အရာသုံးစုံပါဝင်သည်။
၎င်းတို့မှာ အသွေးတော်၊ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ကျွန်ုပ်တို့၏ သက်သေခံ ချက်တို့ဖြစ်သည်။
ဗျာဒိတ်၊၁၂း၁၁ကို လက်တွေ့အသုံးချရန် ကျွန်တော်၏ကိုယ်ပိုင်အနက်ပြန်ချက်မှာ ယေရှုအသွေးတော်က
ကျွန်ုပ်အ တွက်ပြုသည်ဟု နှုတ်ကပတ်တော်လာသည့်အတိုင်း ကျွန်ုပ်ကိုယ်တိုင် သက်သေခံသောအခါ၌
စာတန်ကို အောင်မြင်သည်။
အသွေးတော်က ကျွန်ုပ်တို့အတွက်ပြုသည်ဟု
နှုတ်ကပတ်တော်လာသည့်အတိုင်း ကျွန်တော်တို့ သက်သေခံကြပါက နှုတ်က ပတ်တော်ဖော်ပြသော အသွေးတော်၏လုပ်ဆောင်ချက်ကို
ကျွန်ုပ်တို့သိကြရမည်ဖြစ်သည်။ လာမည့်သီတင်းပတ်များတွင် ကျွန်ုပ်တို့အ တွက် ယေရှုအသွေးတော်က
ပြီးစီးစေသည်ဟု နှုတ်ကပတ်တော်၏သွန်သင်ချက်ကို လေ့လာကြရမည်ဖြစ်သည်။
================================
ယေရှု၏အသွေးတော်အတွက် ကျေးဇူးတင်ပါ၏ဘုရား။
ယေရှု၏အသွေးတော်က ကျွန်ုပ်အတွက်ပြုသည်ဟု နှုတ်ကပတ်တော်ပြောသည့် အတိုင်း ကျွန်ုပ်ကိုယ်တိုင်
သက်သေခံပါ၏။
အာမင်
================================
Comments