ဇာတ်လမ်း (၃) စာတန်ဟာ လှည့်စားသူဖြစ်တယ်။
စာတန်ဟာ လှည့်စားသူဖြစ်တယ်။
စာတန်ဟာ တစ်ချိန်က ဘုရားသခင်၏လှပတဲ့ကောင်းကင်တမန်ဖြစ်တယ်
ဘုရားကို ပုန်ကန်သောကြောင့် ကောင်းကင်မှ ပစ်ချခံလိုက်ရတယ်။ သူဟာ ဧ၀အ ရှေ့ရောက်လာတဲ့သူဆိုတာ
ကျွန်ုပ်တို့အားလုံးသိကြပါတယ်။ `ထိုအခါ ဤလော ကတနိုင်ငံလုံးကို လှည့်ဖြား၍ မာန်နတ်စာတန်အမည်ရှိသော
ရှေးမြွေဟောင်း တည်းဟူသော နဂါးကြီးကို၎င်း သူနှင့်အတူ သူ၏တမန်တို့ကို၎င်း မြေကြီးသို့ ချ
လိုက်ကြ၏။´ (ဗျာဒိတ် ၁၂း၉ခ)
စာတန်ဟာ လှည့်စားဖို့ ဘယ်လိုကြိုးစားခဲ့သလဲ။ သူဟာ ဧ၀ကို
ပထမဆုံး မှာ ဘုရားရဲ့စကားညွှန်းသုံးခဲ့တာ တွေ့ရမယ်။ ဒါပေမဲ့ သူညွှန်းသုံးခဲ့တာ အမှားကြီး
ပဲ။ ဒီမှာ ဘုရားစကား(နှုတ်ကပတ်)တော်ကို အမှန်သိဖို့ ဘယ်လောက်အရေးကြီး လိုက်ပါသလဲ။ ဘုရားသခင်ပြောခဲ့တာ
အပင်တစ်ခုမှတပါး၊ ထိုဥယျာဉ်၌ရှိသမျှ သောအပင်တို့၏ အသီးကို သင်သည် စားရတဲ့အခွင့်ရှိတယ်လို့ဆိုတယ်။
စာတန်က ဘုရားပညတ်တော်အချက်ကို နာယူရခက်ခဲပြီး၊ အဓိပ္ပါယ်မဲ့လေသယောင်ထိုး ဖေါက်ပြောဆိုတယ်။
စာတန်က ဘုရားစကားတော်နဲ့ပေးကမ်းခြင်းနဲ့ပတ်သက်လို့ လူစိတ်ထဲမှာ မကျေမနပ်ဖြစ်သွားအောင်
မျိုးစေ့ကို စိုက်ပေးလိုက်တယ်။
စာတန်ရဲ့နောက်ခြေလှမ်းတစ်ခုက ဘုရားစကားတော်ဟာ
မမှန်ဘူးလို့ ပြောချင်နေတယ်။ စာတန်က ဧ၀ကို ဘုရားစကားနားမထောင်ခြင်း(အပြစ်)လုပ်နိုင်
တယ်။ ရှောင်ပြေးနိုင်တယ်လို့ ပြောလိုက်တာ။ ဧ၀က ဘုရားကို ကြောက်နေတာ -ဥာဏ်ပညာရဲ့အရင်းအမြစ်ဆိုတာ-ကို
စာတန်က လုယူလိုက်တာပဲ။
နောက်တစ်ခါ စာတန်က ဘုရားသခင်၏ဂုဏ်သိက္ခာကို
ထိပါးပြောဆိုလာ တယ်။ ဘုရားသခင်က ဧ၀ဆီက ကောင်းတဲ့အရာတွေကို ထိန်းချုပ်ထားတယ်လို့ စာတန်က
တမင်ကလာပြောဆိုစွပ်စွဲလိုက်တယ်။ ဧ၀ဟာ ဘုရားစကားနားမထောင် ခဲ့ရင်၊ ဘုရားကဲ့သို့ဖြစ်လာမယ်လို့
စာတန်ကြေညာပေးလိုက်ပါတယ်။ ဧ၀ရဲ့စိတ်နှ လုံးထဲမှာ နောက်ဆုံး၊ ဘုရားကိုမယုံကြည်တဲ့မျိုးစေ့စိုက်သွားခဲ့ပြီ။
ဧ၀ဟာ ဘုရား ကို တကယ်ချစ်ပြီးစိတ်ချယုံကြည်ခဲ့ရင် ဘုရားကို သူမ နာခံခြင်းရှိရလိမ့်မယ်။
လူဆို တာ ဘုရားရဲ့ကျေးဇူးတော်ကိုသိဖို့လိုတယ်။ `ပထ၀ီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့်
ပြည့်ဝလျက်ရှိ၏။´(ဆာလံ ၃၃း၅ခ)။(၁ယော ၅း၃ခ)မှာ `ပညတ် တော်တို့ကို
စောင့်ခဲ သည်မဟုတ်။´ လို့ပြောပါတယ်။ `၂၉
ယေရှုကလည်း သင်တို့ သည်ကျမ်းစာကို နားမလည် ဘုရားသခင်၏တန်ခိုးတော်ကို မသိသောကြောင့် မှား
သောအယူကိုယူကြ၏။´(မဿဲ ၂၂း၂၉)။ `၆လျှပ်ပေါ်သောစကားဖြင့် အဘယ်သူ မျှ သင်တို့ကို
မလှည့်ဖြားစေနှင့်။ ထိုအမှုကြောင့် ဘုရားသခင်၏ အမျက်တော် သည် ငြင်းဆန်တတ်သော သူတို့အပေါ်သို့
သင့်ရောက်ပေ၏။ ၇ ထိုကြောင့် သူတို့ နှင့်ဆက်ဆံ၍ မကျင့်ကြနှင့်။´ (ဧဖက် ၅း၆-၇)
Comments