ဇာတ်လမ်း(၁) ကမ္ဘာဦးကျမ်းအခန်းကြီး (၂း၁-၃)



ကမ္ဘာဦးကျမ်းအခန်းကြီး (၂း၁-၃)
        ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ၊ ခပ်သိမ်းသောတန်ဆာတို့သည် ပြီး စီးလျက်ရှိကြ၏။ သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအ မှုကို လက်စသတ်တော်မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီး စီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထိုသတ္တမနေ့ကို ဘုရားသခင် သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင် တော်မူသောအမှုအရာ အလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ငြိမ်ဝပ်စွာ နေတော်မူ၏။
အလေးထားလုပ်ဆောင်ရန်
(က)   အောက်ပါမေးခွန်းတွေကို ရေးချဖြေဆိုပါ။ မဖြေဆိုနိုင်ပါက ကျမ်းစာဇာတ် လမ်းကို နောက်တစ်ကြိမ်ပြန်ဖက်ပါ။ မေးခွန်းကွက်လက်နောက်မှာ နံပါတ်များ သည် ကျမ်းအခန်းငယ်နံပါတ်တွေကို ညွှန်းထားသည်ဖြစ်၍ အဖြေကို ယင်းအထဲ၌ ရှာဖွေကြည့်ပါ။ [သင့်အဖြေ မှန်၊ မမှန်ကို စာအုပ်အဖုံးနောက်ကျော်မှာ တိုက်ကြည့်  ပါ။]
၁) ဖန်ဆင်းခြင်း ပထမနေ့ရက်၌ ဘုရားသခင်၏ ၀ိညာဉ်တော်သည် ရေမျက်နှာပြင် ပေါ်တွင်                             (အခန်းကြီး၁/ငယ်၂)။ ဘုရားသခင်ကလည်း၊           ဖြစ် စေဟု အမိန့်တော်ရှိ၏။(၃) ဘုရားသခင်သည်                 နှင့်              ကို ပိုင်း ခြားခွဲထားတော်မူ၏။(၄)
၂) ဖန်ဆင်းခြင်း ဒုတိယနေ့ရက်၌                   ဘုရားသခင်ဖန်ဆင်းတော်မူ၍၊ ၎င်းအောက်၌ရှိသော              နှင့်၊ ၎င်းအပေါ်၌ရှိသော             ကို ပိုင်းခြား တော်မူသည်။(၇)
၃) ဖန်ဆင်းခြင်း တတိယနေ့ရက်၌ ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိ သောရေစုဝေးစေ၊             ပေါ်စေဟုအမိန့်တော်ရှိသည်။(၉)ဘုရားသခင်က၊ မြေ သည်             ကို၎င်း၊ မြေပေါ်မှာ မျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော   ကိ ၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်။(၁၁)
၎) ဖန်ဆင်းခြင်း စတုတ္ထနေ့ရက်၌ ဘုရားသခင်သည်                 နှစ်လုံးတည်းဟူ သော၊              အကြီးတစ်လုံး၊                 အငယ်တစ်လုံးနှင့်တကွ        ဖန် ဆင်းတော်မူ၏။(၁၆) အလင်းအိမ်တည်စေလျှက်                                        ဖို့ ဖြစ်စေ၏။(၁၄)
၅) ဖန်ဆင်းခြင်း ပဉ္စမနေ့ရက်၌ ဘုရားသခင်သည် ရေမှ         အမျိုးအလိုက်များ ပြားစွာမွေးဘွားစေ၍၊ ငါးကြီးအစရှိသော              အပေါင်းတို့ကို ဖန်ဆင်း၏။(၂၁) မြေပေါ်မိုဃ်းကောင်းကင်မျက်နှာကြက်ပြင်ပေါ်ဝယ်        ကို ပျံစေတော်မူ၏။(၂၀)
၆) ဖန်ဆင်းခြင်း ဆဌမနေ့ရက်၌  ဘုရားသခင်သည် မြေမှ အသက်ရှင်သော သတ္တ ၀ါမျိုးတည်းဟူသော                               အပေါင်းတို့ကို မြေပေါ်မှာ ဖန်ဆင်း တော်မူ၏။(၂၅) ဘုရားသခင်သည်             ပုံသဏ္ဌာန်တော်နှင့်အညီ             ဖန် ဆင်းတော်မူ၏။(၂၇) ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှု လျှင်၊ အလွန်              ကို မြင်တော်မူ၏။(၃၁)
၇) သတ္တမနေ့ရက် ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို     တော် မူခဲ့ပြီးသည်ဖြစ်၍၊ ဖန်ဆင်းသမျှသောအမှုအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌                        တော်မူ၏။(အခန်းကြီး ၂/ငယ် ၂)
(ခ)    ကမ္ဘာဦးကျမ်းအခန်းကြီး(၁း၁)ကို ရေးချပြီး အလွတ်ကျက်ပါ။
                                                                                          
ထို့အတူ ဖန်ဆင်းခြင်းနေ့ရက်တိုင်း၌ ဘုရားသခင် ဘာတွေဖန်ဆင်းခဲ့သည်များကို လည်း မှတ်မိအောင် ကြိုးစားပါ။


အလေးထားအာရုံပြုရန်
        ဒီကမ္ဘာကြီးရဲ့အကြောင်းကိစ္စအားလုံး၌ အခရာကျကျပါဝင်ပတ်သက်ခဲ့ သည့် ဘုရားသခင်တစ်ဆူရှိကြောင်း သမ္မာကျမ်းစာက သွန်သင်ပေးနေပါတယ်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်နေ့စဉ်တွေ့မြင်နေကြရတဲ့ အံ့သြဖွယ်ဆန်းကျယ်တဲ့သဘာဝ ဖြစ်ရပ်တွေကလည်း သက်သေပါပဲ။ “မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်း အသရေကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့်လုပ်သောအရာ များကို ပြသ၏” (ဆာလံ ၁၉း၁)။ ဘုရားသခင်၏တန်ခိုးတော်နှင့် တည်ရှိမှုကို ဖန်ဆင်းထားတဲ့အရာများကိုကြည့်ရင် ရှင်းရှင်းမြင်ရပါတယ်။ လူတွေဟာ ထိုသို့အ ထင်အရှားမြင်နေရပါလျှက်နှင့် ကျေးဇူးသိသောစိတ်မရှိကြ။ ၀တ်ပြုကိုးကွယ်ခြင်းမ ရှိကြတဲ့အခါ ဖန်ဆင်းရှင်ဘုရားကို ချီးမွမ်းသင့်သည်အတိုင်း မချီးမွမ်း၊ အချည်းနှီး တွေးဆခြင်းနဲ့၊ ဆိုးယုတ်သောအလုပ်တွေကို ဆက်လုပ်နေကြရင်းနဲ့ သူတို့စိတ်နှ လုံးမိုက်၍ သူရူးတွေဖြစ်လာကြကုန်ပါတယ်။(ရောမ ၁း၁၉-၂၅)။ ဆာလံကျမ်း(၁၄း ၁)အဖွင့်မှာ “ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏။”လို့ဆိုပါတယ်။ သမ္မာကျမ်းစာဟာ လောကသိပံ္ပပညာ၌ မှန်မှန်ကန်ကန် သက်သေပြနိုင်တဲ့အ ကြောင်းကိစ္စထဲမှာ ဘာနဲပမဆို ထိပ်တိုက်ဖြစ်တာမရှိပါဘူး။ တချို့သိပ္ပံပညာသီအို ရီထဲက တစ်စတစ်စတိုးတက်ပြောင်းလဲမှုဖြစ်စဉ်ယူဆခြင်းမျိုး(ဥပမာ- မျောက်က လူဖြစ်လာတယ်ဆိုတဲ့ ဒါဝင်သီအိုရီ) သခင်ရဲ့စကားနှုတ်ကပတ်တော်ဟာ အမှန် တရားဖြစ်တယ်။ အားလုံးသော အမှန်တရားတွေဟာလည်း နှုတ်ကပတ်တော်နဲ့ ကိုက်ညီနေမှာပဲဖြစ်တယ်။

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကောင်းသောအဘို့ကိုရွေးယူခြင်း

သစ္စာစောင့်၍