ဇာတ်လမ်း(၁) မြေကြီးကို ဘုရားသခင်ဖန်ဆင်းတော်မူသည်
ဇာတ်လမ်း(၁) မြေကြီးကို
ဘုရားသခင်ဖန်ဆင်းတော်မူသည်။
“ကမ္ဘာဦးကျမ်းအခန်းကြီး(၁း
၂၈,၃၁)”
၁အစဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။
၂မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိက်ဖုံးလွှမ်း၍
ဘုရားသခင်၏၀ိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ် ရှားတော်မူ၏။
၃ဘုရားသခင်ကလည်း၊ အလင်းဖြစ်စေဟု
အမိန့်တော်ရှိ၍ အလင်းဖြစ်လေ ၏။ ၄ထိုအလင်းကောင်းသည်ကို ဘုရားသခင်မြင်၍ အလင်းနှင့်မှောင်မိုက်ကို
ပိုင်း ခြားခွဲထားတော်မူ၏။ ၅အလင်းကို နေ့ဟူသောအမည်ဖြင့်၎င်း၊ မှောင်မိုက်ကို
ညဥ့် ဟူသောအမည်ဖြင့်၎င်း ခေါ်ဝေါ်သမုတ်တော်မူ၍၊ ညဦးနှင့်နံနက်သည် ပဌမနေ့ရက် ဖြစ်လေ၏။
၆တဖန်ဘုရားသခင်က၊ ရေအလယ်၌မိုဃ်းမျက်နှာကြက်ဖြစ်စေ၊
ရေနှင့်ရေ ချင်းခြားနားစေဟု အမိန့်တော်ရှိသဖြင့်၊ ၇မိုဃ်းမျက်နှာကြက်ကို
ဘုရားသခင်ဖန် ဆင်းတော်မူ၍၊ မိုဃ်းမျက်နှာကြက်အောက်၌ရှိသောရေနှင့်၊ မိုဃ်းမျက်နှာကြက်အ
ပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူသည်အတိုင်းဖြစ်လေ၏။ ၈မိုဃ်းမျက်နှာကြက်
ကိုလည်း မိုဃ်းကောင်းကင်ဟူသောအမည်ဖြင့် ဘုရားသခင်ခေါ်ဝေါ်သမုတ်တော်မူ ၍၊ ညဦးနှင့်နံနက်သည်
ဒုတိယနေ့ရက်ဖြစ်လေ၏။
၉တဖန် ဘုရားသခင်က မိုဃ်းကောင်းကင်အောက်၌ရှိသော
ရေစုဝေးစေ၊ ကုန်းပေါ်စေဟုအမိန့်တော်ရှိသည် အတိုင်းဖြစ်လေ၏။ ၁၀ကုန်းကို မြေဟူ၍အမည်
ဖြင့်၎င်း၊ ရေစုဝေးရာကို ပင်လယ်ဟူသောအမည်ဖြင့်၎င်း၊ ဘုရားသခင် ခေါ်ဝေါ်သ မုတ်တော်မူ၍ ထိုအမှုအရာကောင်းသည်ကို
ဘုရားသခင်မြင်တော်မူ၏။
၁၁တဖန် ဘုရားသခင်က၊ မြေသည် မြက်ပင်ကို၎င်း၊
စပါးသီးကိုဖြစ်စေ သောစပါးပင်ကို၎င်း၊ မြေပေါ်မှာမျိုးစေ့ပါလျက်၊ သစ်သီးမျိုးကိုဖြစ်စေသော
သစ်ပင် ကို၎င်း၊ ပေါက်စေဟု အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။ ၁၂မြေသည် မြက်ပင်ကို
၎င်း၊ စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကို၎င်း၊ မိမိ၌မျိုးစေ့ပါလျက် သစ်သီးမျိုးကို ဖြစ်စေသော
သစ်ပင်ကို၎င်း ပေါက်စေ၏။ ၁၃ ထိုအမှုအရာကောင်းသည်ကို ဘုရား သခင်မြင်တော်မူ၍၊
ညဦးနှင့်နံနက်သည် တတိယနေ့ရက် ဖြစ်လေ၏။
၁၄တဖန် ဘုရားသခင်က၊ နေ့နှင့်ညဥ့်ကိုပိုင်းခြားစေခြင်းငှါမိုဃ်းကောင်းကင်
မျက်နှာကြက်၌ အလင်းအိမ်တည်စေ၊ နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊
နှစ်အပိုင်းအခြားဘို့ဖြစ်စေ။ ၁၅မိုဃ်းကောင်းကင်မျက်နှာကြက်၌ တည်၍ မြေကြီးလင်းစရာအလင်းအိမ်ဖြစ်စေဟု၊
အမိန့်တော်ရှိသည်အတိုင်းဖြစ် လေ၏။
၁၆ ထိုသို့ ဘုရားသခင်သည်
အလင်းအိမ်ကြီးနှစ်လုံးတည်ဟူသော၊ နေ့ကို အုပ်စိုးရသောအကြီးတလုံး၊ ညဥ့်ကိုအုပ်စိုးရသောအငယ်တလုံးနှင့်တကွ
ကြယ်များ ကို ဖန်ဆင်းတော်မူပြီးလျှင်၊ ၁၇-၁၈ မြေကြီး၌လင်းစေခြင်းငှါ၎င်း၊
နေ့နှင့်ညဥ့်ကိုအုပ်စိုး ၍ အလင်းနှင့်မှောင်မိုက်ကို ပိုင်းခြားစေခြင်းငှါ၎င်း၊ မိုဃ်းကောင်းကင်မျက်နှာကျက်
၌ ဘုရားသခင်ထားတော်မူ၏။ ထိုအမှုအရာကောင်းသည်ကို ဘုရားသခင်မြင်တော် မူ၍၊ ၁၉ ညဦးနှင့်နံနက်သည်
စတုတ္ထနေ့ရက် ဖြစ်လေ၏။
၂၀တဖန် ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော
တိရိစ္ဆာန်တို့ကို ရေသည် များစွာမွေးဘွားစေ။ ငှက်တို့လည်း မြေပေါ်မိုဃ်းကောင်းကင်မျက်နှာ
ကြက်ပြင်ဝယ် ပျံစေဟုအမိန့်တော်ရှိ၏။ ၂၁ထိုသို့လျှင် ရေသည်တိရစ္ဆာန်အမျိုးအ
လိုက် များပြားစွာမွေးဘွား၍၊ ငါးကြီးအစရှိသော အသက်ရှင်၍လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊
ပျံတတ်သောငှက်မျိုးအပေါင်းတို့ကို၎င်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
၂၂ဘုရားသခင်ကလည်း များပြားစွာမွေးဖွားကြလော့။ ပင်လယ်ရေများကို ပြည့်စေကြလော့။
ငှက်တို့လည်း မြေပေါ်၌များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍၊ ၂၃ည
ဦးနှင့်နံနက်သည် ပဉ္စမနေ့ရက် ဖြစ်လေ၏။
၂၄တဖန် ဘုရားသခင်က၊ မြေသည် အသက်ရှင်သောသတ္တ၀ါမျိုးတည်းဟူ
သော သားယဉ်တို့ကို၎င်း၊ တွားတတ်သောတိရစ္ဆာန်တို့ကို၎င်း၊ သားရဲမျိုးတို့ကို၎င်း မွေးဖွားစေဟု
အမိန့်တော်ရှိသည်အတိုင်းဖြစ်လေ၏။ ၂၅ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊
မြေပေါ်မှာတွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန် ဆင်း၍ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
၂၆တဖန် ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့်တညီ
တသဏ္ဌာန်တည်း လူ ကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊
သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သောတိရစ္ဆာန်အ ပေါင်းတို့ကို၎င်း၊
အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ၂၇ထိုသို့ ဘုရားသခင်သည် မိမိပုံသ ဏ္ဌာန်နှင့်အညီ
လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊
၂၈အချင်းတို့၊ များပြားစွာမွေးဘွားကြ လော့။ မြေကြီးကိုပြည့်စေ၍နိုင်ကြလော့။
ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သော
တိရစ္ဆာန်အပေါင်းတို့ ကို၎င်း၊ အုပ်စိုးကြလော့ဟု မိန့်တော်မူ၍၊ သူတို့ကို ကောင်းကြီးပေးတော်မူ၏။
၃၁ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကို
ကြည့်ရှုလျှင်၊ အ လွန်ကောင်းသည်ကို မြင်တော်မူ၍ ညဦးနှင့်နံနက်သည် ဆဌမနေ့ရက် ဖြစ်လေ၏။
Comments