အသွေးတော်ကို လက်တွေ့အသုံးချခြင်း



အသွေးတော်ကို လက်တွေ့အသုံးချခြင်း
========================
နှုတ်ကပတ်တော်လာသည့်အတိုင်း ယေရှု၏အသွေးတော်က ကျွန်ုပ်အတွက် ပြုတော်မူသည့်အရာကို စာတန်အား ကျွန်တော်ကိုယ်တိုင် သက်သေခံသည်။
=================================
            ဤ၀န်ခံချက်ကိုကြည့်ခြင်းအားဖြင့် ယေရှု၏အသွေးတော်က ကျွန်ုပ်တို့အတွက် လုပ်ဆောင်ပေးသည့်အရာကို သိရှိရန်လို ကြောင်း တွေ့မြင်နိုင်သည်။ ထိုနောက် ထိုသွေးလှူဘဏ်မှ ကျွန်ုပ်၏အသက်ထဲသို့သွင်းယူရန်ဖြစ်သည်။ ဣသရေလတို့ ရွေးနှုတ်ခြင်းနှင့် ကယ်တင်ခြင်းအတွက် ဘုရားသခင်ပြင်ဆင်ပေးသည့် (ထွက်၊ ၁၂း၂၁-၂၇) ပသခါပွဲနှင့်ထပ်တူထပ်မျှဖြစ်သည်။ မိသားစုတိုင်း၏ဖခင်သည် သိုးငယ်တစ်ကောင်စီကိုသတ်၍ အသွေးကို အင်တုံတစ်ခု၌ခံထားရသည်။ ဤသို့လုပ်ဆောင်ခြင်းသည် မိသားစုအပေါ် ဖခင်တို့၏ ယဇ်ပု ရောဟိတ်များအဖြစ် အံ့ဩဖွယ်ကောင်းသော တာဝန်ကို ပြသသည်။
            သို့ရာတွင် အင်တုံထဲ၌ရှိသောအသွေးသည် ဣသရေလမိသားစုကို မကာကွယ်ပါ။ ၎င်းကို အင်တုံမှ မိသားစုနေထိုင်သည့်နေရာ သို့ ပြောင်းရွှေ့ရသည့် တစ်ခုတည်းသောနည်းကိုသာပေးသည်။ ၎င်းမှာ ဟုဿုပ်ပင်အညွှန့်ဖြစ်သည်။ ဤအပင်သည် နေရာတကာ၌ ပေါက်၍ အရှေ့အလယ်ပိုင်းတွင် ပေါများသည်။ ထို့ကြောင့် သူတို့သည် ဟုဿုပ်ပင်၏အကိုင်းတစ်ခုကိုယူ၍ အသွေး၌နှစ်ကာ သူတို့နေ ထိုင်ရာ တံခါးမတိုင်နှစ်ခုတို့၌ သုတ်ကြရသော်လည်း တံခါးပေါက်ဝ ခြေနင်းမသုတ်လိမ်းရပါ။ သင်သည် အသွေးကိုတက်နင်း၍ မသွားရပါ။
            ထိုသို့ပြုသောအားဖြင့် ဖျက်ဆီးခြင်းငှါလာသော ကောင်းကင်တမန်သည် နေထိုင်ရာအထဲကိုဝင်၍မရပါ။ သို့သော် အိမ်ထဲ၌ရှိ သော ဣသရေလလူများသည် အသွေး၏နောက်ကွယ်၌ လုံခြုံ၍ ကာကွယ်ခြင်းကိုခံရကြသည်။ ထိုနေရာသည် အီဂျစ်ပြည်၌ တစ်ခုတည်း သော လုံခြုံရာနေရာဖြစ်သည်။
================================
ယေရှု၏အသွေးတော်အတွက် ကျေးဇူးတင်ပါ၏ဘုရား။ မိမိအတွက်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း၊
အသွေးအားဖြင့် ရန်သူထံမှ လုံခြုံကြောင်းကျွန်တော်ကြေညာပါ၏။ ယေရှု၏အသွေးတော်က ကျွန်ုပ်အတွက် ပြုသည်ဟု
နှုတ်ကပတ်တော်ပြောသည့်အတိုင်း စာတန်အား ကျွန်ုပ်ကိုယ်တိုင် သက်သေခံပါ၏။
အာမင်
================================

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ