ဇာတ်လမ်း(၁) ဖန်ဆင်းခြင်းပထမနေ့
ဖန်ဆင်းခြင်းပထမနေ့
-
မှောင်မိုက်ထဲ၌
တောက်ပနေတဲ့ အလင်းရုပ်ပုံ
အံ့ဩဘနန်းမြင်ကွင်းမဟုတ်ပေလော။
သန့် ရှင်းသောဝိညာဉ်တော်ရေပေါ်မှာ လှုပ်ရှားနေ တယ်။ လွတ်လပ်လဟာ၊ အဆုံးအစမရှိ နက် နဲရာအရပ်ကို
မှောင်မိုက်ဖုံးလွှမ်းနေတဲ့ရေပေါ် မှာ ၀ိညာဉ်တော်ဝပ်စင်းနေတဲ့သဘောပါပဲ။ အဲဒါဘုရားသခင်က
အလင်းဖြစ်စေလို့ မပြော မီအချိန်အထိပေါ့။“
“၂၀မတရားသောသူတို့မူကား၊
မငြိမ်နိုင်ဘဲ လှုပ်ရှား၍၊ ရွှံ့နှင့်အမှိုက်ကိုပက်သောပင် လယ်ရေနှင့်တူကြ၏။ ၂၁မတရားသောသူတို့၌
ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသ ခင် မိန့်တော်မူ၏။” (ဟေရှာယ ၅၇း၂၀-၂၁)။ သင်သည်အမှောင်ထဲ၌လမ်းလျှောက်
သွားနေရတယ်လို့ ခံစားမိပြီး ပြဿနာနှင့်ဟင်းလင်းဖြစ်ကျန်နေသလား။ မျှော်လင့် ခြင်းဆိုတာရှိပါတယ်။
“၆မှောင်မိုက်ထဲကအလင်းထွန်းလင်းမည့်အကြောင်း မိန့် တော်မူသော ဘုရားသခင်သည်
ယေရှုခရစ်၏မျက်နှာ၌ ထွန်းလင်းသော၊ ဘုရားသ ခင်၏ ဘုန်းတော်ကိုသိသော ဥာဏ်၏အရောင်ကို ပေးလိုသောငှါ၊
ငါတို့စိတ်နှလုံး ထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။” (၂ကော ၄း၆)
ဘုရားသခင်ဟာ လောကထဲမှာ ၀ိညာဉ်ရေးရာမှောင်မိုက်ဘယ်လောက်
ဖုံးနေတယ်ဆိုတာ သိတယ်။ အလင်းဖြစ်တဲ့ကယ်တင်ရှင်တစ်ယောက်ရှိဖို့လိုမယ် ဆိုတာလည်း သိတော်မူတယ်။
အပျိုကညာမာရိအပေါ် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်၍ ဘုရားသားတော်ကို ပဋိသန္ဓေတည်စေခဲ့တယ်။
“၄ထိုနှုတ်ကပတ် တော်၌အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။ ၁၂ထိုသူကို
လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရား သခင်၏သားဖြစ်ရသောအခွင့်ကို
ပေးတော်မူ၏။”(ယော၁း၎၊၁၂)။
သင်ဟာ ယေရှုရဲ့အလင်း၊ ယေရှုရဲ့ဘ၀ကို လက်ခံခဲ့သလား။
ခရစ်တော်၌ သတ္တ၀ါသစ်တစ်ယောက် သင်ဖြစ်လာနိုင်တယ်။ “၈လေသည်အလိုရှိတိုင်းသွားလာ
၏။…….. ထိုနည်းတူ ၀ိညာဉ်တော်မွေးသောသူဖြစ်သည်ဟု မိန့်တော်မူ၏။”(ယော ၃း၈)။ “၁၇လူမည်သည်ကား၊
ခရစ်တော်၌ရှိလျှင် သတ္တ၀ါအသစ်ဖြစ်၏။ ဟောင်း
သောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ် ဖြစ်ကြ၏။” (၂ကော ၅း၁၇) သင်ဟာ သင့်နှလုံးသားအထဲမှာ ယေရှုကိုလက်ခံ၍ ၀ိညာဉ်တော်
မွေးသောသူဖြစ်ပါသလား။
ဖန်ဆင်းခြင်း ပထမနေ့မှာပဲ ဘုရားသခင်ဟာ အလင်းနှင့်
မှောင်မိုက်ကို ပိုင်းခြားခွဲထားတော်မူတယ်။ အဲဒီလိုမျိုးပဲ ကိုယ်တော်ဟာ ကျွန်ုပ်တို့ကို
ခရစ်တော်၌ သတ္တ၀ါအသစ်အဖြစ် လုပ်ထားလိုက်ပြီဆိုရင်၊
ကျွန်ုပ်တို့ဘ၀အထဲ၌ အမှောင်ထဲက အလင်းခွဲထွက်လာတာ ဘုရားအလိုတော်ရှိတယ်။(ဟေဗြဲ ၇း၂၆)မှာ
ယေရှုသည် “သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့်ကင်းလွတ်လျက်၊ အပြစ်ရှိသောသူတို့နှင့် မဆက်ဆံ”
လို့ဆိုထားတယ်။(ဟေဗြဲ ၁း၉)မှာလည်း “၉ကိုယ်တော်သည် ဖြောင့် မတ်ခြင်းတရားကိုနှစ်သက်၍၊
မတရားသောအမှုကို မုန်းတော်မူ၏။”လို့ပြောတယ်။ ကျွန်ုပ်တို့လည်းပဲ “၁၁အကျိုးမဲ့သော
မှောင်မိုက်အမှုတို့နှင့် မဆက်ဆံသည်သာမက၊ ထိုအမှုတို့၏အပြစ်ကို ပြုကြလော့။”(ဧဖက် ၅း၁၁)
မှောင်မိုက်၏အကျင့်ကိုပယ်ရှား ၍၊ အလင်း၏လက်နက်စုံကို ၀တ်ဆင်ဆောင်ရွက်ကြကုန်အံ့။”(ရောမ
၁၃း၁၂ခ)။ ဘုရားသခင်ရဲ့စကားတော်နဲ့ ၀ိညာဉ်တော်ဟာ ကျွန်ုပ်တို့၌ရှိရင် မှားတာနဲ့မှန်တာ
ကို ဖွင့်ပြပါတယ်။ သင်ဟာ သင့်၌၀န်မခံခဲ့သော အပြစ်တွေမရှိ၊ အလင်းထဲ၌ရှိသော ကိုယ်တော်ကဲ့သို့ပင်လျှင်
သင်လည်း အလင်းထဲမှာ လမ်းလျှောက်နေပါသလား။ “၇ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊
ငါတို့သည် အလင်း၌ကျင်လည် လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏
သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏။” (၁ ယော ၁း၇)။
တကယ်လို့ ယေရှုရဲ့အလင်း ကျွန်ုပ်တို့ရဲ့ဘ၀များအထဲမှာရှိနေရင်
ကျွန်ုပ် တို့၌ “အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ်မှားဘဲ နေ၍ မဖြောင့်မမှန်ဖောက်
ပြန်သောလူမျိုးအထဲ၌ အဘယ်အပြစ်မျှမပါသော ဘုရားသခင်၏သားဖြစ်ကြလိမ့် မည်။ အသက်ရှင်ခြင်းနှင့်ဆိုင်သော
နှုတ်ကပတ်တရားတော်ကို ပြသ၍၊ စကြာဝဠာ ၌ နေ၊လ၊ကြယ်နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ထွန်းလင်းကြ၏။”(ဖိလိပ္ပိ
၂း၁၅ခ)။ “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ၏။”လို့
ယေရှုပြောခဲ့ပါသည်။(မဿဲ ၅း၁၄က) သင်တို့အပေါ်သို့ “သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်တဲ့အခါ” ၌သာ လျှင် သင်တို့ဟာ တန်ခိုးကိုခံရပြီးတော့။
သင်တို့ရှိနေတဲ့နေရာမှအစပြု၍ မြေကြီး စွန်းတိုင်အောင် (တမန်တော် ၁း၈) ယေရှုရဲ့သက်သေဖြစ်နိုင်ကြလိမ့်မယ်။
သင်တို့ ဟာ လောကရဲ့အလင်းဖြစ်ကြပါသလား။
Comments