ထာဝရဘုရား၏ ရထားတော်



ထာဝရဘုရား၏ ရထားတော်
(ဆာလံ၊ ၂၉း ၁ - ၁၁)
====================================
            “ထာဝရဘုရား၏ရထားတော်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဆာလံ၊ ၂၉း၁-၁၁) ဖြစ်ပါသည်။
            အသက်တာ၌ လေပြင်းမုန်တိုင်းဒဏ်ကို မတွေ့ကြုံမခံစားဘူးသည် လူရှိမည်မဟုတ်ပါ။ ကျွန်ုပ်တို့အသက်တာ၌ လေပြင်းမုန် တိုင်းများစွာတို့ကို တွေ့ကြုံကြရသည်။ သို့သော် ထိုမုန်တိုင်း အပေါ်၌ မကောင်းသောသဘောထားရှိပါက ကျွန်ုပ်တို့ကို တစ်စစီဖြစ်အောင် ဆုတ်ဖြဲပစ်မည်ဖြစ်သည်။ ထိုမုန်တိုင်းအပေါ်၌ ကောင်းသောသဘောထားကြပါ ဘုရားသခင်၏အံ့ဘွယ်ရာကောင်းကြီးမင်္ဂလာတို့ကို ယူ ဆောင်လာမည်။ ထာဝရဘုရား၏ရထားတော်ဖြစ်လာပါလိမ့်မည်။ ထို့ကြောင့် လေပြင်းမုန်တိုင်းကြီး တွေ့ကြုံရစဉ်အခါ၌ မည်သို့ပြုရမည် ကို (ဆာလံ၊၂၉)၌ ဘုရားသခင်သွန်သင်ချက်ကို လေ့လာကြပါစို့။
            ပထမအနေနှင့် ဒါဝိဒ်က ထာဝရဘုရားသည် လွှမ်းမိုးသောရေပေါ်၌ စံတော်မူ၏ဟု သက်သေခံသည်။
            ထာဝရဘုရားသည် လွှမ်းမိုးသော ရေအပေါ်၌စံပယ်တော်မူသည်ဟု ဒါဝိဒ်ဆိုသည်။ ဤနေရာ၌ ရေလွှမ်းမိုးခြင်းကို စုံစမ်းနှောက် ယှက်ခြင်း၊ ဆင်းရဲဝေဒနာခံစားခြင်းနှင့် ၀မ်းနည်းယူကြုံးမရခြင်း စသည်တို့ကို ဆိုလိုခြင်းဖြစ်သည်။ ထိုသို့သော ရေလွှမ်းမိုးခြင်းသည် ကျွန်ုပ်တို့အသက်တာအား လွှမ်းခြုံလာသောအခါ ဘုရားသခင်သည် ထိုရေပေါ်၌ထိုက်ကာ ကျွန်ုပ်တို့ကို လက်ယပ်ခေါ်သည်။
            ဘုရားသခင်သည် မြေကြီးပေါ်မှ လူများ၊ တိရစ္ဆာန်များနှင့် သတ္တ၀ါအပေါင်းတို့အား သုတ်သင်ပယ်ရှားခြင်းမပြုမှီ နောဧအား သဘောင်္ာဆောက်ရန်အမိန့်ပေးသည်။ မည်သို့တည်ဆောက်ရမည်ကို အသေးစိတ်ညွှန်ကြားထားသည်။ အောက်ဆုံးထပ်၊ အလယ်ထပ် နှင့် အပေါ်ထပ်ဟူ၍ အထပ်သုံးထပ်ကို ပြုလုပ်ပြီး ထိုအပေါ်ထပ်၏တစ်ဖက်၌ အပေါ်တစ်ပေါက်ကိုဖေါက်ရန် ညွှန်ကြားသည်။ ထိုသို့ဘုရား သခင်ပြုရခြင်းမှာ အသက်တာ ရေလွှမ်းမိုးခြင်းနှင့် တွေ့ကြုံရသောအခါ၌ တွန်းလှန်ဖယ်ရှားရမည့်အဓိက အရေးကြီးဆုံးသော နည်းကိုသင် ကြားပေးခြင်းဖြစ်ပါသည်။
            ရေသည် အရပ်လေးဆယ်ပတ်လုံး တိုး၍လွှမ်းတက်သောအခါ သင်္ဘောကို မြေမှခွာလျက်ဆောင်ယူလေ၏။ အောက်ထပ်၌ လှိုင်း တို့၏တ၀ုန်းဝုန်းမြည်သံကိုကြားရ၏။ အလယ်ထပ်၌ လေပြင်းမုန်တိုင်းတိုက်ခိုက်ခြင်းကိုကြားရသည်။ အပေါ်ထပ်တွင်မူ တံခါးပေါက်မှနေ၍ ကောင်းကင်ကို မြင်နိုင်သည်။ ထိုတံခါးပေါက်သည် ဘုရားသခင်နှင့် သူ၏ပဋိညာဉ်ကို၎င်း၊ ဘုရားသခင်၏ ပလ္လင်တော်ကို၎င်း ပထမဦးဆုံး အကြိမ်ပြန်လည်သတိရစေသည်။
            လေပြင်းမုန်တိုင်း၏ မြည်ဟိန်းသောအသံနှင့် ၀မ်းနည်းခြင်းဝေဒနာခံစားခြင်းများ ပျောက်ကွယ်သွားသောအခါ နောဧ၏စိတ် သည် ဘုရားသခင်၏ပလ္လင်တော်နှင့်အတူပါရှိခြင်းကို ခံစားလာသည်။ ဘုရားသခင်သည် သူနှင့်အတူရှိသည်ကို သိလာသောအခါ အပြင် ဘက်၌ လျှံနေသည့်ရေကိုမေ့ပျောက်လာသည်။ သူသည် လွှမ်းမိုးသောရေပေါ်၌ထိုင်ပြီး သူ့ထံသို့လာသောထာဝရဘုရားကို စူးစိုက်ပြီး ကြည့်သည်။ ဘုရားသခင်၏ကြီးမားသော အံ့ဘွယ်နိမိတ်လက္ခဏာများကို ယုံကြည်လာသည်။ ဤသို့ကြောက်စရာကောင်းသောရေလွှမ်း မိုးခြင်းနှင့် တွေ့ကြုံလာသောအခါ ဖွင့်ထားသောတံခါးမှ နေ၍ ကောင်းကင်ဘက်သို့ မျက်နှာမူကာ ဘုရားသခင်ကို ရှာခြင်းသည် ၎င်းအား တွန်းဖယ်နိုင်သော အဓိကသော့ချက်ပင်ဖြစ်သည်။ ထိုသော့ချက်မှာ ဘုရားသခင်ကို အရေးပေါ်ခေါ်ပြီး ခြေဖ၀ါးတော်အောက်၌ ၀ပ်တွား ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့စိတ်အားထက်သန်စွာဖြင့် ဆုတောင်းပြီး ငိုယိုကြသောအခါ လွှမ်းမိုးသောရေပေါ်၌ ထိုင်လျက်ချဉ်းကပ်လာ သော ဘုရားသခင်ကို မြင်တွေ့ကြမည်ဖြစ်သည်။
            ဒုတိယအနေနှင့် “ထာဝရဘုရားသည် ရှင်ဘုရားအရာ၌အစဉ်အမြဲထိုင်နေတော်မူ၏။”ဟူ၍ ဒါဝိဒ်သက်သေခံသည်။
            ဘုရားသခင်သည် လွှမ်းမိုးသောရေပေါ်၌ ထိုင်လျက် ကျွန်ုပ်တို့ထံသို့ ချဉ်းကပ်လာသောအခါ သိပ္ပံပညာရှင်တစ်ဦးကဲ့သို့၎င်း၊ အ တွေးအခေါ်ပညာရှင်တစ်ဦးကဲ့သို့၎င်း၊ ဘာသာရေးသမား တစ်ယောက်ကဲ့သို့၎င်း မလာဘဲ ရှင်ဘုရင်တစ်ပါးအနေနှင့် လာခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် ကမ္ဘာပေါ်ရှိအရာခပ်သိမ်းတို့ကို လွှမ်းမိုးလျက် အဘယ်ကြောင့် ကျွန်ုပ်တို့ထံသို့ လာရပါသနည်း။
            ဘုရားသခင်သည် လွှမ်းမိုးသော ရေပေါ်၌ ထိုင်လျက် ကျွန်ုပ်တို့ကို ခေါ်ရသည့်အကြောင်းမှာ ဘုရားသခင်သည် ကျွန်ုပ်တို့၏လူမူ ရေးနယ်ပယ်နှင့် ကံကြမ္မာကို ပြောင်းလဲစေသော ရှင်ဘုရင်ဖြစ်ကြောင်းကို သက်သေထူရန်ဖြစ်သည်။ လူသည် ကြွယ်ဝချမ်းသာသောအခါ ၌ ခရစ်တော်ထက် ရုပ်ဝတ္ထုပစ္စည်းများကို ရှင်ဘုရင်အဖြစ် အသိအမှတ်ပြုလာကြသည်။ သို့သော်လည်း လေမုန်တိုင်းတစ်ခုသည် ထိုလူကို ထိသောအခါ သူ၏ခွန်အားရှိသမျှကို ကုန်ခမ်းစေသည်။ ၎င်းအားဖြင့် သူ၏ပညာသည် အကန့်အသတ်ရှိကြောင်းကို သိလာသည်။ သူ့အား အသက်တာရေလွှမ်းခြင်းအောက်သို့ ကျရောက်စေသည်။
            ထိုအခါမှသာ လူသည် ယေရှု၏ရှေ့တော်မှောက်၌ ဒူးထောက်လာသည်။ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောရှင်ဘုရင်အ ဖြစ်ထားရန်လည်းကောင်း၊ အသက်ရှင်ခြင်းနှင့်သေခြင်းကို အုပ်စိုးသောရှင်ဘုရင်အဖြစ်ထားရန်လည်းကောင်း၊ အသက်တာအတက်အကျ ကို အုပ်စိုးသောမင်းအဖြစ်ထားရန်လည်းကောင်း ရေလွှမ်းမိုးခြင်းအပေါ်၌ ထိုင်သောရှင်ဘုရင်အဖြစ်ထားရန်လည်းကောင်း ယေရှုကြွလာ ခြင်းဖြစ်သည်။ ကျွန်တော်၏သင်းအုပ်သက်တမ်း(၂၆)နှစ်ကာလအတွေ့အကြုံမှနေ၍ အသက်တာရေလွှမ်းခြင်းခံပြီး မကျန်းမမာအိပ်ယာ ထဲလှဲနေသောသူများသည်လည်းကောင်း၊ အိုးကဲ့သို့အစိတ်စိတ်အမွှာမွှာကြေကွဲပြီး ဘုရားသခင်ထံသို့ လက်ကိုဆန့်သောသူများသည် လည်းကောင်း ထာဝရဘုရားသည် ဘုရင်တကာဘုရင်ဖြစ်သည်ဟု အသိအမှတ်ပြုလာကြပြီး ထာဝရဘုရားတစ်ပါးတည်းသာလျှင် သူတို့ အား အသက်တာပြန်ပေးနိုင်သည်ဟု အော်ဟစ်ကြသောအခါ၌ ရောဂါများမှ ပျောက်ကင်းချမ်းသာရရှိသည်ကို ကျွန်တော် အထောက်အ ထား သက်သေပြနိုင်ပါသည်။
            ကျွန်ုပ်တို့၏ ထာဝရဘုရားသည် လွှမ်းမိုးသော ဤရထားကို စီးလျက် ကျွန်ုပ်တို့ထံသို့ ရောက်လာသည်။ ကျွန်ုပ်တို့၏ဘုရားသည် ကျွန်ုပ်တို့ကို ဒူးထောက်စေပြီး ရှင်ဘုရင်အနေနှင့် ကျွန်ုပ်တို့အပေါ်၌ စိုးစံသော်လည်း တစ်ခါမှကျွန်မခံစေပါ။ ကျွန်ုပ်တို့သည် လွှမ်းမိုးသော ရေအောက်သို့ ရောက်သွားပြီး လက်မြှောက်အရှုံးပေးသောအခါ၌ ရထားတော်ပေါ်သို့ ချီမ၍ တင်ထားသည်။ ကျွန်ုပ်တို့ကို သူနှင့်အတူ ကာလအစဉ်အဆက် စိုးစံစေသည်။ ထို့ကြောင့် ရေလွှမ်းခြင်းရထားသည် ကျွန်ုပ်တို့ထံသို့ရောက်လာသောအခါ ကိုယ့်အားကိုယ်ကိုးပါက နစ်သထက် နစ်သွားမည်ဖြစ်သည်။ ထာဝရဘုရားကို ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ သိုထားရန်ဖြစ်သည်။
            တတိယအနေနှင့် - “ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခန့်စေတော်မူမည်” ဟူ၍ ဒါဝိဒ်က သက်သေခံသည်။
            အပူငွေ့ပေးသော အိမ်၌ စိုက်ထားသည့် ပဲပင်၏အညှောက်သည် မည်မျှပင် ရှည်နေပါစေ၊ ခြစ်ခြစ်တောက်ပူသောရေ၏ အပူရှိန် နှင့် တွေ့သောအခါ၌၎င်း၊ အန္တရာယ်တွေ့သောအခါ၌၎င်း၊ လောက၏ဆင်းရဲဒုက္ခကို မခံဘူးသောကြောင့် အလွယ်တကူခြောက်သွေ့သွား နိုင်သည်။ တစ်ခါက အမေရိကန်ပြည်ထောင်စုမှလာသော (Evangel) မဂ္ဂဇင်းစာအုပ်တစ်အုပ်၌ ဆောင်းပါးတစ်ပုဒ်ကို ဖတ်မိပါသည်။
            ထိုဆောင်းပါးအရ - သက်တမ်းအနှစ်(၅၀၀၀)ရှိသည့် သစ်ပင်ကြီးတစ်ပင်ရှိကြောင်း၊ ထိုအပင်သည် မြေဆီမြေနှစ်ကောင်းသော နေရာ၌ပေါက်ရောက်ခြင်းဖြစ်ကြောင်း ဖတ်ရပါသည်။ ထိုသစ်ပင်သည် အသက်ရှင်သန်နိုင်ရေးအတွက် နက်စွာ အမြစ်တွယ်ရန်ပြုရမည် ဖြစ်သည်။ မြေပြန့်လေထက် ပို၍ကြမ်းတမ်းသောလေကို တွန်းလှန်ခုခံရန် အနှစ်(၅၀၀၀)ခံနိုင်သည့် စွမ်းအားကို ထိုသစ်ပင်က ရရှိခြင်းဖြစ် သည်။
            ထိုနည်းအတူ ရေလွှမ်းမိုးသော အသက်တာကို ကျွန်ုပ်တို့အား ဘုရားသခင်ပေးရသည့်အကြောင်းမှာ အစွမ်းနှင့်ပြည့်သော ယုံ ကြည်ချက်ကို ကျွန်ုပ်တို့အား ရရှိစေရန်ဖြစ်သည်။
            ထိုရေလွှမ်းမိုးခြင်းတည်းဟူသော စုံစမ်းနှောင့်ယှက်ခြင်းအားဖြင့် ကာယပိုင်း၊ ၀ိညာဉ်ပိုင်း၌ဖြစ်သော မျှော်လင့်ရာမဲ့ခြင်းတို့ကို အောင်မြင်စေရန်အတွက် ကျွန်ုပ်တို့ထံသို့ ရောက်လာသော ကြီးမားသောတန်ခိုးကို ဘုရားသခင်သွန်သင်ခြင်းဖြစ်သည်။ ထိုသို့သော သွန် သင်ခြင်းကို စာအုပ်များမှမရနိုင်ပါ။ ထို့ကြောင့် ဆင်းရဲဒုက္ခလှိုင်းတံပိုးနှင့် စုံစမ်းခြင်းလှိုင်းတံပိုးတို့သည် အစားအစာ တစ်မျိုးဖြစ်ပါသည်။ ၎င်းအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့ကို တန်ခိုးပေးသည်။ စတုတ္ထအနေဖြင့် ဒါဝိဒ်က “ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း ကောင်းကြီးမင်္ဂလာကို ပေးတော်မူ၏။”ဟူ၍ သက်သေခံသည်။
            ကျွန်ုပ်တို့၏အသက်တာလှိုင်းတံပိုးနှင့် တွေ့ဆုံမှသာ စစ်မှန်သော ငြိမ်သက်ခြင်းကိုပေးမည်ဟု ဘုရားသခင်က ကတိပေးထား သည်။ စိတ်ငြိမ်ခြင်း၊ တန်ခိုးရှိခြင်းသည် အဖိုးတန်ဆုံးသောအရာဖြစ်သည်။ မည်မျှပင် ချမ်းသာနေကြပါစေ။ ယောယ်ျားနှင့်မိန်းမအကြား၌ ရန်ငြိမ်းခြင်းနှင့် အသက်မရှင်ပါက မိဘများနှင့် သားသမီးများသည် အချင်းချင်း ရန်ငြိုးရှိပါက ထိုသို့သော မိသားစုသည် မျှော်လင့်ရာမဲ့အ ခြေကို ရောက်ရှိနိုင်မည်ဖြစ်သည်။
            အချို့သော သောတရှင်တို့မှာ ရေလွှမ်းမိုးခြင်း လှိုင်းတံပိုးတည်းဟူသော မိသားစု၏စိတ်ဓာတ်ကျဆင်းစရာကောင်းသောပြဿ နာများအလယ်၌ ကျရောက်ကောင်းကျရောက်ခဲ့ကြမည်ဖြစ်သော်လည်း ထိုမျှော်လင့်ရာမဲ့သော အခြေ၌ ကာလအစဉ်အဆက် ကျရောက် ကြမည်မဟုတ်ပါ။ သင့်အား ငြိမ်သက်ခြင်းမင်္ဂလာကို ပေးရန်အတွက် ဘုရားသခင်သည် ရေလွှမ်းမိုးခြင်း လှိုင်းတံပိုးကို ပေးခြင်းပင်ဖြစ် သည်။ သင်၏အထဲ၌ရှိသော မကောင်းမှုဟူသမျှတို့ကို ထိုရေလွှမ်းမိုးခြင်းလှိုင်းတံပိုးက ဆေးကြောစင်ကြယ်စေမည်ဖြစ်သည်။ တလောက လုံး၌ရှိသော အခြားသောနည်းတစ်ခုခုဖြင့် သင်မခံနိုင်သည့် ငြိမ်သက်ခြင်းကို ထိုရေလွှမ်းခြင်း လှိုင်းတံပိုးက ယူဆောင်လာမည်ဖြစ်သည်။
            ချစ်သော … သောတရှင်များခင်ဗျား -
            ကျွန်ုပ်တို့၏ ထာဝရဘုရားသခင်သည် အသက်တာ၏ ဆင်းရဲဒုက္ခတည်းဟူသော ရေလွှမ်းမိုးခြင်း လှိုင်းတံပိုးအပေါ်၌ ထိုင်ကာ ကျွန်ုပ်တို့ထံသို့လာသည်ကို သတိရပါ။ ထိုကြောင့် ရေလွှမ်းမိုးခြင်းသည် သင်၏အနားသို့ရောက်လာသောအခါ ကြောက်လှန့်စိုးရိမ်ခြင်းမရှိ ပါနှင့်။ ကျွန်ုပ်တိုပ၏ ရှင်ဘုရင်ဖြစ်သော ထာဝရဘုရားရှေ့တော်၌ နှိမ့်ချခြင်းရှိပါ။ ဘုရားသခင်ကို ဗဟိုပြုသောအသက်တာ၌ ခိုင်ခန့်စွာရပ် ပါ။ ထိုမှသာ ထိုရေလွှမ်းမိုးခြင်း လှိုင်းတံပိုးက အောင်မြင်သည့် ခွန်အားကို သင့်အားပေးမည်ဖြစ်သည်။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်း တည်းဟူသော ဆင်းရဲဒုက္ခတို့ကို သင့်အတွက် အံ့ဩဘွယ်ကောင်းသည့် လှိုင်းတံပိုးဖြစ်စေမည်ဖြစ်သည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့