ဂျွန်၊ မေရီနှင့် .. . . . . .
အပိုင်း
(၂)
ဂျွန်၊ မေရီနှင့် အရောအနှောမလိုလားတဲ့
ရောပြွမ်းစပ်ယှက်နေသောမိသားစု
မိသားစုတိုင်းမှာ
ပြဿနာတွေကိုယ်စီရှိလေတတ်ကြပါတယ်။
ဒါပေမဲ့ ဆယ်ကျော်သက်မိန်းကလေး
မေရီနဲ့ သူရဲ့ပထွေးတို့ကတော့
သူတို့မိသားစု ဟာသူများတကာတွေထက်သာမကဘဲ
ပြဇာတ်ရုံတွေက
ဇာတ်ဝင်ခန်းတွေ
ထက်တောင်ပိုပြီးတော့
ဇာတ်လမ်းဆန်ဆန်စိတ်ဒဏ်ရာတွေခံစားနေကြရ
တယ်လို့ထင်နေကြတယ်။ ဒါကတော့
စိတ်မကောင်းစရာအဖြစ်အပျက်ပေါ် သူတို့နှစ်ယောက်လုံးရဲ့မတူညီတဲ့
အမြင်ရှုထောင့်တွေပေါ့။
မေရီမှာပြဿနာရှိတယ်။ အဲဒါကတော့ -
"ငါ့ပထွေးကငါ့ဘဝကို ရစရာမရှိအောင်ဖျက်ဆီးနေတယ်"
ဆိုတဲ့ခံစားချက်ပါ။
မေရီရဲ့မိခင်ရင်းက
မေရီရဲ့ဖခင်ရင်းနဲ့
လမ်းခွဲပြီးနှစ်နှစ်လောက်အကြာ မှာ ဂျွန်ဆိုတဲ့သူနဲ့နောက်အိမ်ထောင်ပြုခဲ့တယ်။
၁၇နှစ်အရွယ်မရီနဲ့သူ့ပထွေး
တို့ဟာ တစ်ချိန်လုံးလိုလိုပြဿနာဖြစ်နေခဲ့ကြတယ်။ မေရီအတွက်ကတော့
သူပထွေးဂျွန်ရှိနေတာဟာ
သူ့မိခင်နဲ့ဖခင်ရင်းပြန်ပေါင်းထုတ်နိုင်ဖို့ဆိုတဲ့
မျှော်
လင့်ချက်တွေကို ပျက်သုန်းစေတာမို့လို့
မခံချိမခံသာဖြစ်နေတယ်။
သူ့ရဲ့ခံပြင်းစိတ်တွေ၊ မချိတင်ကဲဖြစ်တာတွေက
ကျောင်းတက်ရတာကိုတောင်
အာရုံမစိုက်နိုင်၊
အစာစားတဲ့အခါတွေမှာလည်း
သူ့ဝမ်းကလက်မခံ
ချင်သလိုဖြစ်နေတော့တယ်။
ဒါကိုသူဖြေရှင်းပုံက
..."စိတ်မပါရင်
အစားစာကို လည်းမစားတော့ဘဲနေတော့တာပေါ့။"
မေရီကသူ့ဘဝကို သူ့ပထွေးဂျွန်က
ထိန်းကျောင်းပေးနေတာကို
မ ကြိုက်ဘူး။ ဂျွန်ရဲ့ပြင်းထန်တဲ့
အမိန့်ပေးမှုတွေ၊
ကွန်ပျူတာနဲ့ဖုန်းတွေကိုင်
တွယ်ချိန်ကို
ကန့်သတ်ထားတာတွေနဲ့
တင်းကျပ်ပြတ်သားတဲ့
ပြစ်ဒဏ်ပေး
ခြင်းတွေဟာ
မေရီအဖို့တော့ခံပြင်းစရာတွေချည်းပါဘဲ။
ဒါတင်ဘယ်ကမလဲ။
သူမကိုယ်တိုင်ရှာဖွေလို့ရလာတဲ့ငွေကြေးတွေကို
သုံးစွဲတဲ့နေရာမှာလည်း
ဂျွန်ကကန့်လန့်ကန့်လန့်။
မေရီကတော့
သူ့ပထွေးဂျွန်ကို
ဖာသိဖာသာနေစေချင်တယ်။
သူ့ကိစ္စတွေမှာ ဝင်မပါစေချင်ဘူး။
ဒါနဲ့ဘဲမေရီဟာ ဂျွန်ကိုတစ်နေ့(၅)ကြိမ်ကနေ(၈)ကြိမ်လောက်ထိ ပြန်ပြန်ခံပြောနေခဲ့ပါတယ်။
ဒီအခြေအနေမှာ
သင်တို့ထဲက အချို့တွေက
"အိုး ... မေရီကသု့ ဘဝ အသက်တာကို
ခရစ်တော်ရဲ့လက်တော်ထဲအပ်နှံဖို့တကယ်လိုအပ်နေတာ ဘဲ"လို့တွေးမိကြလိမ့်မယ်။
ပြဿနာကမေရီဟာ၁၂နှစ်အရွယ်တုန်းကတည်း
က သူ့အသက်တာကို ခရစ်တော်လက်ထဲအပ်နှံပြီးသား။
သူရဲ့ဆုံးဖြတ်ချက်တွေဟာလည်း တကယ့်ကိုပြတ်ပြတ်သားသားပါ။
သူမကာင်းကင်ဘုံသွားရမယ်ဆိုတာကိုလည်း
ယုံကြည်တယ်။
ဒါပေမဲ့ သူ့ပထွေးအပေါ်ဒေါသ
ဖြစ်မတာတွေက သူမကိုအပြစ်ရှိတယ်လို့ခံစားပြီး၊ ဝမ်းနည်းစေတယ် သူမဘဝရဲ့မျှော်လင့်ခြင်း
ရောင်ခြည်ကို သူမြင်နေရပေမဲ့ အဲဒါက ဟိုးအဝေးကြီးမှာလိုဖြစ်နေတယ်။ လူငယ်မိဿဟာယတွေမှာ
မေရီကသူ့ သူငယ်ချင်းတွေကို ဒီလိုပြောခဲ့တယ်။ "ငါ့ဘဝလေ ခရစ်တော်ကို မရခင်ချိန်ကမျှော်လင့်ချက်မဲ့ပြီး
ဝမ်းနည်းစရာတွေ နဲ့ပဲပြီးနေခဲ့တယ်။ အခုတော့ စိတ်ပျက်စရာတွေပဲ ကျန်တော့တယ်။
သူမရဲ့စိတ်နေသဘောထားတွေမှားယွင်းနေမှန်း
မေရီသိပါတယ်။ သူမ ပြုပြင်ပြောင်းလဲချင်ပါတယ်။ မေရီဟာ လူငယ်သင်းအုပ်ဆရာနဲ့ကော
ကျောင်းက Counselor တွေနဲ့ ပါနာရီပေါင်းအတော်များများ နှစ်သိမ့်အကြံပေးဆွေးနွေးမှုကို
ခံယူခဲ့ပါတယ်။ သူမရုန်းကန်နေရတာတွေနဲ့ပတ်သတ်ပြီး ညတိုင်းလည်းဆုတောင်း တယ်။
ဒါပေမဲ့ သူမရဲ့အခြေအနေတွေတိုးတက်ပြောင်းလဲလာတာကို မမြင်တွေ့ရသေးတော့ မေရီစိတ်ရှုပ်ထွေး
စပြုလာပြီ။ တစ်ညမှာ မေရီဟာ "ဘာကြောင့်များ အခြေအနေတွေ တိုးတက်မလာသလဲ"
"တစ်ချိန်လုံးစိတ်ပျက်စရာ တွေချည်းဘဲ တွေ့ကြုံနေရတာပင်ပန်း လွန်း လှပြီ"
ဆိုပြီရှိုတ်ကြီးတစ်ငင်ငိုကြွေးနေခဲ့တယ်။
မေရီကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းနိုင်မဲ့နည်းလမ်းကို
ရောမသြဝါဒစာ ၁၂း၂မှာ
တွေ့နိုင်ပါတယ်။
"သင်တို့သည်
လောကီပုံသဏ္ဍာန်ကို
မဆောင်ကြ
နှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာ တည်းဟူသော
ဘုရားသခင်အလိုတော်ရှိသောအရာသည်
အဘယ်အရာဖြစ်
သည်ကို သင်နိုင်မည်အကြောင်း
စိတ်နှလုံးကို အသစ်ပြင်ဆင်၍
ပုံသဏ္ဍာန်
ပြောင်းလဲခြင်းသို့ရောက်ကြလော့။"
မေရီရဲ့စိတ်နှလုံးဟာ နာကျည်းမှု၊
ခါးသီးမှုတွေရဲ့လွှမ်းမိုးမှုကို
ခံနေရ
တာ သင်မြင်တွေ့ရမှာဖြစ်တယ်၊
တစ်ချို့ခါးသီးမှုတွေက
သူမရဲ့သာယာတဲ့ မိ သားစုလေးရဲ့ဘဝမှာ "လမ်းခွဲကြစို့"
ဆိုတဲ့စကားသံကို သူ့မိသားစုတွေရဲ့ နှုတ်ဖျားကနေကြားလိုက်ရချိန်ကစဖြစ်နေခဲ့တာ။ သူမရဲ့ခါးသီးမှုနာကျည်းမှု
တွေကို သူ့ပထွေးဂျွန်ပေါ်မှာ ပုံမချသင့်ဘူးဆိုတာကိုလည်း
မေရီသဘော
ပေါက်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီအတွေးတွေကို
သူ့ခေါင်းထဲကနေမေရီဟာထုတ်
မပစ်နိုင်ခဲ့ဘူး။
မေရီဟာ သူမရဲ့စိတ်အလိုမကျမှုတွေ၊
မိသားစုစည်းကမ်းတွေနဲ့
ပတ် သက်ပြီး
ကက်ကက်လန်ရန်တွေ့အော်ဟစ်တာတွေ၊
အမုန်းစကားလုံးတွေ
ကို သုံးစွဲနေတာတွေကို
မထိန်းချုပ်နိုင်ဘူးဖြစိနေတယ်။
ဘာဖြစ်လို့လဲဆို တော့
ဒါတွေရဲ့နောက်ကွယ်
စိတ်အတွေးတွေကို
မထိန်းချုပ်နိုင်လို့ပေါ့။
သူမရဲ့စိတ်နှလုံးအတွေးအခေါ်ထဲမှာ
စာတန်ခြေကုပ်ယူထားတဲ့
ခံတပ်တွေ ကို မဖယ်ထုတ်နိုင်လိုပေါ့။
စာတန်က
သူမကိုထိထိရောက်ရောက်ကြီးလှည့်ဖြားထားတယ်။
သူမရဲ့ မိဘရင်းတွေကွာရှင်းတဲ့ကိစ္စနဲ့
ပတ်သက်ပြီးစဉ်းစားမိတိုင်း
စိတ်အတော်ဆိုး
နေမိတော့တယ်။
ဒါပေမဲ့ သူရဲ့အမျက်ဒေါသတွေကို မိဘရင်းနှစ်ဦးအပေါ်မှာ
မပုံချရရက်ဘူး။ ဘာကြောင့်လဲဆိုတော့
မေရီကသူတို့နှစ်ယောက်လုံးကို အရမ်းရိုသေလေးစားတယ်။ သူမသိပ်ပြီးရိုသေလေးစားရတဲ့
ပုဂ္ဂိုလ်နှစ်ဦးဟာ
သူမခံစားနေရတဲ့ စိတ်ပျက်နာကျည်းမှုတွေရဲ့
အရင်းခံပုဂ္ဂိုလ်တွေလို့ သူမ မ စဉ်းဟားရဲဘူး။
မယူဆချင်ဘူး။
အဲဒီအချိန်မှာ
စာတန်က သူရဲ့လိမ်ညာမှု
မဟာဗျူဟာ စတင်တော့တာ ပဲ။ "မေရီမင်းမိဘရင်းတွေကွာရှင်းရတာ
အဓိကတရားခံကမင်းဘဲ...သူတို့က မင်းကြောင့်စကားများကြရတာ။
မင်းကြောင့်
သူတို့ငွေကုန်ကြေးကများရ တယ်။ မင်းရဲ့ကျောင်းစရိတ်တွေနဲ့ ပညာရေးအတွက်
သူတို့စိတ်ပူပင်ကြရ
တယ်။ မင်းကြောင့်
သူတို့တွေ စိတ်ဖိစီးကြရတယ်။
ဒါကြောင့်
သူတို့မကြာခ ဏရန်ဖြစ်ကြရတာ"
သည်ဟုဆို၏။
ဒါတင်မကသေးပါဘူး
စာတန်က "မင်းမိဘတွေဟာ
တစ်ယောက်နဲ့တစ်
ယောက်
မချစ်ဘဲနဲ့ညားခဲ့ကြတာထင်တယ်။
မင်းအမေကတစ်ပါးသူတစ်
ယောက်နဲ့လက်ထက်ချင်ခဲ့တာ။
မင်းရဲ့အဖေလည်းအဲသလိုပဲပေါ့။
ငါထင် တာကတော့
သူတို့နှစ်ယောက်ဟာ
တစ်ယောက်ကိုတစ်ယောက် အယုံအ ကြည့်ကင်းမဲ့နေကြတယ်။"ဆိုပြီးတော့
လိမ်ညာပြန်ရော။
အကျိုးရလဒ်အနေနဲ့
မေရီရဲ့အတွေးထဲမှာ
ဖြစ်နိုင်ခြေနှစ်ချက်လောက်ကို ယူဆတွေးထင်လာတော့
တယ်။ အဲဒါတွေက...
၁။
"ငါရဲ့အမူအကျင့်စရိုက်တွေက အိမ်ထောင်ရေးတစ်ခုကို ပြိုကွဲစေနိုင်
ခဲ့တယ်ဆိုရင်
နောက်ထပ်ဒီအဖြစ်မျိုးဖြစ်နိုင်သေးတယ်။ ငါ့ပထွေးဂျွန်ကို
စိတ် ပျက်အောင်လုပ်နိုင်မယ်ဆိုရင်
သူလည်းဘဲ ထွက်သွားလိမ့်မယ်။
ဒါဆိုငါ့အ ဖေရင်းနဲ့အမေတို့ပြန်ပေါင်းထုတ်နိုင်ပြီပေါ့။"
၂။
"ငါ့အထင်မှာ ဂျွန်ဟာငါ့အဖေနဲ့အမေတို့
အိမ်ထောင်ရေးပြိုကွဲအောင်
ထိုးနှက်ခဲ့တာဘဲဖြစ်မှာ။
သူဟာဥာဏ်များပြီး စဉ်းလဲတဲ့လူဘဲ။
သူဟာငါတို့ ဘဝကိုဝင်မနှောင့်ယှက်သင့်ဘူး။
သူလုပ်ခဲ့တာတွေအတွက်
သူပြန်ပေးဆပ်ရ
မယ်။
စာတန်ရဲ့လိမ်ညာမှုတွေက
မေရီရဲ့အတွေးထဲမှာ
လွှမ်းမိုးနေတာ လ အတန်ကြာ
စဉ်ဆက်မပြက်ဖြစ်လာတာ။
မှန်းဆကြည့်နိုင်ပါတယ်။
သူမရဲ့ပ ထွေးဂျွန်အပေါ်
ခံပြင်းနာကျည်းမှုတွေနဲ့
သူမိဘရင်းတွေ
ကွာရှင်းသွားရတဲ့ အကြောင်းအရင်းတွေကို
စိတ်စွဲနေတဲ့
ထင်မြင်ယူဆချက်တွေ မေရီရဲ့စိတ် အတွင်းဆုံးနက်ရှိုင်းတဲ့နေရာမှာ
စွဲပြီနေခဲ့ပြီ။ တစ်ချိန်က
သိပ်ပြီးယဉ်ကျေး သိမ့်မွေ့တဲ့မေရီ၊
မိဘတွေကို သိပ်ရိုသေကိုင်းရှိုင်းတဲ့မေရီ
နေကြမ်းခတ်ထန်
တဲ့ မေရီအဖြစ်ကို
ပြောင်းလဲသွားတာမဆန်းပါဘူးလေ။
သူမရဲ့စိတ်ပျက်စရာ
အခြေအနေထဲကနေ
မေရီဘယ်လိုရုန်းထွက်လာနိုင်မလဲ။
သင်ကော၊ မေရီ
ရဲ့နေရာမှာဆိုရင်
ဘယ်လိုလုပ်မလဲ။
သင့်လက်နက်တွေကိုပစ်လွတ်ပါ
"သင့်တို့သည် ငါ၏ဒေသနာ၌တည်လျှင်ငါ့တပည့်
အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်းသိကြသဖြင့်
၊
ထိုတရားသည်သင်တို့ကို လွတ်လိမ့်မည်။"
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈း၃၁-၃၂
အထက်ပါကျမ်းပိုဒ်တွင်
သခင်ယေရှုကစာတန်
ကျွန်ုပ်တို့ကိုတိုက်ခိုက်
လွှမ်းမိုးချုပ်ကိုင်ဖို့ကြိုးစားသောအခါ
၎င်းကို တန်ပြန်တွန်းလှန်နိုင်မည့်နည်း
လမ်းကိုဖော်ပြထားပါသည်။
ကျွန်ုပ်တို့၏စိတ်နှလုံးအတွေးအခေါ်များကို
ဘု ရားသခင်၏ သမ္မာတရားကို သိကျွမ်းခြင်းအားဖြင့်
ဖြည့်စေရမည်။
ကိုယ် တော်၏
နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို
အသစ်ပြုပြင်ကြ
ရမည်။ ဘုရားသခင်၏
နှုတ်ကပတ်တော်၊ သမ္မာကျမ်းစာသည်
ကျွန်ုပ်တို့၏ လက်နက်ဖြစ်သည်။
ကျွန်ုပ်တို့၏စိတ်နှလုံးစစ်မြေပြင်ကို အောင်ပွဲဆင်နိုင်ရန်
လိုအပ်သောလက်နက်မှန်သမျှ
နှုတ်ကပတ်တော်ထဲတွင်ရှိသည်။
ဒီနေ့ခေတ်ကာလမှာ
အသက်ရှင်နေတဲ့ ကျွန်ုပ်တို့အတွက်
အခွင့်
ကောင်းက
ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သမ္မာတရားကို သင်ယူကျင့်ကြံ
နိုင်ဖို့ အရင်းအမြစ်တွေအများကြီးရှိနေတာပါဘဲ။ ကျွန်ုပ်တို့မှာ
အင်တာနက် တွေ၊ ခရစ်ယာန်ဂီတတွေ၊
လူငယ်အသင်းအဖွဲ့တွေ၊
လူငယ်ညီလာခံဓမ္မသ ဘင်တွေ၊ ဧည်သည်တရားဟောဆရာတွေ၊
ရေဒီယိုအသံလွှင့်ချက်တွေ၊ တီဗွီ ရုပ်သံလိုင်းမှတရားဟောခြင်းအစီအစဉ်တွေ၊ လမ်းညွှန်လက်သင်ခန်းစာ
စီဒီ ချက်တွေနဲ့ခရစ်ယာန်စာပေစာအုပ်မျိုးစုံတွေပေါ့။
ဒီအရင်းအမြစ်တွေက ကျွန်ုပ်တို့တစ်တွေ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း
အသက်ရှင် လျှောက်လှမ်းနိုင်ဖို့ကူညီပေးပါတယ်။
ဆိုလိုချင်တာက သင့်အသက်တာထဲ
မှာ လက်တွေ့နာခံလိုက်လျှောက်ကျင့်သုံးပါ။
ဆက်လက်ပြီးခံယူပါ။
နောက်ပြီးတော့
အခြားလက်နက်(၂)မျိုးလောက်လိုနေသေးသလား။
ချီးမွမ်းခြင်းနဲ့ဆုတောင်းခြင်းလက်နက်တွေကို သုံးကြည့်ပါလား။ ချီးမွမ်းခြင်း
က အချိန်မရွေးစာတန်ကို
အမြှီးကုပ်ပြေးသွားစေနိုင်ပါတယ်။
သင်ဘုရားသ ခင်ကို
ချီးမွမ်းနေတဲ့အသံကို
စာတန်နားမခံနိုင်ဘူး။
ချီးမွမ်းခြင်းအသံတွေက
စာတန်ရဲ့ နှလုံးသားမျက်နှာပြင်ကို
သိမ်းငှက်ခြေသည်းနဲ့ကုတ်ခြေပစ်နေသ လိုဖြစ်နေတယ်။ ချီးမွမ်းခြင်းက
စာတန်ကိုဝပ်တွားခယကြောက်ရွံတုန့်ဆုတ်
သွားစေသည်။
နားနှစ်ဖက်ကို
ပိတ်ပြီးသင်းခွေချပ်လိုကွေးရစ်ကာ
ချီးမွမ်းသံ
တွေအဝေးရောက်သွားဖို့
မျှော်လင့်ပြီး
တုန်လှုပ်နေစေတယ်။
ဒါပေမဲ့ သင့်နှ
လုံးသားက ထွက်ပေါ်လာတဲ့ စစ်မှန်တဲ့ချီးမွမ်းသံမှနော်။
စိတ်မပါတပါမြွတ်ဆို
တဲ့ သီချင်းသံတွေ၊
ကပျက်ကချော်ကရော်သီချင်းဆိုသံတွေ၊
သူများဆိုလို့ လိုက်ယောင်ဆိုတဲ့
ချီးမွမ်းသံတွေလောက်နဲ့တော့မရဘူး။
ဆုတောင်းခြင်းမှာလည်း
ထိုနည်းလည်းကောင်းလဲ။
စစ်မှန်တဲ့ဆု
တောင်းခြင်းဖြစ်ဖို့လိုတယ်။
တစ်ချို့လူတွေက
ပုဏ္ဏားတွေ မန္တန်ရွက်ဖတ်သရ
ဇ္စျောယ်သလို
ပဌာနာတော်ဆုတောင်းခြင်းကို
အခေါက်ခေါက်အခါခါရွတ်ဆို
ဆုတောင်းတတ်ကြတယ်။
ဘုရားသခင်က မန္တန်၊
ဂါထာရွတ်ဖက်သလို
ဆု တောင်းသံတွေကို
မလိုချင်ဘူး။ သင်ရဲ့အတွင်းနှလုံးသား
နက်နဲတဲ့နေရာက
ထွက်ပေါ်လာတဲ့ စကားသံတွေကိုဘဲကြားချင်တာ။
ကိုယ်တော်က
သင့် ကို အတွင်းနှလုံးပါတဲ့
စိတ်နဲ့ဆုတောင်းစေချင်တာ။
ကိုယ်တော်နဲ့ရင်းနှီးကျွမ်းဝင်
မှုကြောင့်
တို့ထိခံစားရတဲ့ဆုတောင်းခြင်းမျိုးနဲ့
ဆုတောင်းသံကို
ဘုရားသခင် လိုချင်ကြားချင်တာဖြစ်တယ်။
ဘုရားသခင်ဆီကို
ဆုတောင်းခြင်းနဲ့တိုးဝင်ချဉ်းကပ်တဲ့အခါ
သင့်ကိုသိပ် ချစ်တဲ့
ဖခင်ရင်းဆီတိုးဝင်သလိုချဉ်း
ကပ်သင့်ပါတယ်။
ကိုယ်တော်ဟာ
သနား ခြင်းဂရုဏာကြွယ်ဝတယ်။
သင့်ကိုကူညီမစချင်တယ်။
စဉ်းစားကြည့်
ပါ။ လူ တစ်ချို့ကသင့်အပေါ်မှာ
ဝတ္တရားအရကူညီကြတယ်။ အချို့ကပြစ်ကြွေးဆပ် သလို၊ တစ်ချို့ကတစ်ချိန်ချိန်မှာ
သင်သူတို့ကိုပြန်ပြီးတုန့်ပြန်လာဖို့
မျှော်လင့်
ရင်းကူညီကြတယ်။
ဘုရားသခင်ကအဲသလိုမဟုတ်ဘူး။
ကိုယ်တော်က
သင့်ကိုအမှန်တကယ်ကူညီချင်တာပါ။
သင့်ကိုကူညီနိုင်မယ့်
အခွင့်အရေးတွေကို
ကိုယ်တော်ရှင်အရမ်း
နှစ်သက်ပါတယ်။
နောက်တစ်ဆင့်တက်ပြီးတော့
ခရစ်တော်ဘုရားနဲ့ရင်နှီးကျွမ်းဝင်မှုရယူပါ။
အကယ်၍ သင့်မှာခရစ်တော်ရဲ့စကားစုတွေကို
အနီရောင်နဲ့ခြယ်မှုန့်ထားတဲ့
ကျမ်းစာအုပ်မျိုး(မြန်မာပြန်ကျမ်းတွင်မရှိ)ရှိမယ်ဆိုရင်
ခရစ်တော်မိန့်တော်မူတဲ့
စကားလုံးတွေကို တစ်လုံးချင်းအသေအချာဖတ်ရှုဆင်ခြင်ပါ။
ကိုယ်တော်ရှင်ယေရှုဟာသင့် အတွက်
အကောင်းဆုံးနှင့်ဥာဏ်ပညာကြွယ်ဝဆုံးအဖော်မွန်မိတ်ဆွေဖြစ်ကြောင်း
သင်သဘောပေါက်လာပါလိမ့်
မယ်။ ကိုယ်တော်ဟာ သင့်ကိုချစ်လွန်းလို့သင်အတွက်
ကိုယ်စားအသေခံပေးခဲ့တယ်။
နောက်ဆုံးအဆင့်အနေနဲ့...သင့်ထဲမှာ
ကိန်းဝပ်တော်မူတဲ့
ဘုရားသခင် ရဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားနဲ့ အကျွမ်းတဝင်ရှိအောင်
သင်ယူပါ။ (အကယ်၍
သင့်နှလုံးသားထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကိန်းဝပ်
နေခြင်းကို
သံသယရှိနေရင်
သင်ဦးဆုံးလုပ်ရမှာက
ကိုယ်တော်ကိုခေါ်ဖိတ်ပါ။
ကိုယ်တော်သင့်အထဲမှာ
ဝင်ရောက်ကိန်းဝပ်တော်မူပါလိမ့်မယ်။)
ဘုရားသခင်ရဲ့ဝိညာဉ်တော်က သင်ဆုတောင်းတဲ့အခါမှာ
မစတော်မူ
လိမ့်မယ်။
တစ်ခါတစ်လေဆုတောင်း
ဖို့စကားလုံးရှာမရဖြစ်နေတဲ့ အချိန်မျိုး
တွေမှာ ကိုယ်တော်ဘုရားသင့်ကို
လမ်းပြပါလိမ့်မယ်။
ဝိညာဉ်တော်ဘုရားက
သင့်ရဲ့အနကိရှိုင်းဆုံးနှလုံးသားခံစားချက်တွေ စကားလုံးနဲ့မဖော်ပြတတ်တဲ့
သင်ရဲ့ခံစားချက်တွေကို အနက်ဖွင့်ပြီး
ခမည်းတော်ဘုရားထံ
ပို့ဆောင်ပေးဖို့ တတ်နိုင်တော်မူတယ်။
သင်ရဲ့အထဲမှာ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကိန်းဝပ်ပါရှိနေခြင်းက
သင်ရဲ့ဆုတောင်းခြင်းကို
အနက်ပြန်ပေးနိုင်တဲ့ပုဂ္ဂိုလ်
တစ်ပါးအတူရှိနေခြင်းပါဘဲ။
ဆုတောင်းခြင်းနဲ့ပတ်သက်တဲ့လမ်းညွှန်မှုတွေ၊
ဥာဏ်ကွန့်မြူမှုတွေကို
သင်ပိုသိချင်တယ်ဆိုရင်
သမ္မာကျမ်း စာထဲမှာ အပြည့်ပါဘဲ။
ဥပမာအနေနဲ့ ဆာလံကျမ်းကို
ဖတ်ရှုဆင်ခြင်ပါ။
ဆာလံကျမ်းမှာဆုတောင်းခြင်းလမ်းညွှန်
တွေ ဒါဇင်နဲ့ချီပြီးရှိပါတယ်။
အတွင်းနှလုံးသားကထွက်ပေါ်လာတဲ့ ချီးမွမ်းခြင်းတွေ၊ကူညီမစဖို့အပူတပြင်းတောင်း
လျှောက်သံတွေနဲ့
ရိုးသားဖြောင့်မတ်စွာ
အပြစ်ဝန်ချတောင်းပန်တာတွေ...စသဖြင့်...
မေရီအနေနဲ့
ဒီလက်နက်တွေကို
အသုံးပြုဖို့လိုတယ်။ သူမ ဆုတောင်းခြင်းနဲ့
ဘုရားသခင်ထံချဉ်းကပ်တဲ့အခါ
တိုင်းမှာ သူမရဲ့နှလုံးသားမှာ လွှမ်းမိုးချုပ်ကိုင်ထားတဲ့
စာတန်ရဲ့ခြေကုပ်စခန်းတွေကို
ဖြိုချဖယ်ရှားနိုင်မှာ
ဖြစ်တယ်။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သမ္မတရားရဲ့ ကိုယ်တော်ရဲ့တန်
ခိုးတော်စွမ်းအားတွေက
သူမကို လွတ်ခြင်းအခွင့်ရစေမှာဖြစ်တယ်။
အဲဒီအခါမှာ
မေရီအနေနဲ့အဖြစ်အမှန်ကိုမြင်တတ်လာမှာဖြစ်တယ်။
တကယ်တော့ ဂျွန်ပထွေးက
သူမအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့
သူမမိခင်အတွက်
ခင်ပဂျွန်ကောင်းတစ်ယောက်ဖြစ်နိုင်ဖို့
အကောင်းဆုံးကြိုး
စားလုပ်ဆောင်နေတာကို သူမြင်တတ်လာမှာဖြစ်တယ်။
ရောပြွမ်းစပ်ယှက် နေတဲ့ မိသားစုအဖြစ်း
အသက်ရှင်ရတာ မလွယ်ပါဘူး။
အယောက်စီတိုင်း
တစ်ဦးအပေါ်တစ်ဦးကြင်နာမှုတွေ၊
နားလည်ပေးမှုတွေ၊
စေတနာတွေ
အတုံ့ အပြန်ထားနိုင်ဖို့လိုပါတယ်။
ဝုန်းဒိုင်းကြဲဒေါသပုန်ထတာတွေ
နာခံမှုမရှိခြင်း တွေက
အပေါင်းလက္ခဏာဆန်တဲ့
ပြောင်းလဲမှုတွေကိုဖြစ်ပေါ်စေဖို့နည်းလမ်း
မှန်မဟုတ်ပါဘူး။
ဂျွန်မှာလည်း ပြဿနာရှိနေတယ်။...
"ငါ့မယားပါသမီး ငါ့ကိုအခွင့်အရေးနဲနဲမှ မပေးဘူး။"
...ဆိုတဲ့ခံစားချက်ပေါ့။
ကောင်းပြီး၊
အခုဒီမိသားစုရဲ့ဇာတ်လမ်းထဲက
အဓိကဇာတ်ဆောင်
ပုဂ္ဂိုလ်ကို ကြည့်ကြရအောင်။
ဂျွန်ကတော့
အရွယ်ရောက်ပြီးတဲ့
လူကြီးဆို တော့
သူဟာပြဿနာရဲ့ အရင်းအမြစ်မဟုတ်ဘူးလို့
မဆိုနိုင်ပါဘူး။
သူ့မိသားစုထဲမှာ
ဦးစီးဦးဆောင်သူအနေနဲ့
တာဝန်ယူရမယ်မှန်း
ဂျွန် ကောင်းကောင်းသဘောပေါက်ပါတယ်။
ဒါပေမဲ့ မေရီက
သူ့ကိုအမြဲပဲကျဆင်း
အောင်လုပ်နေတယ်။ ဂျွန်ဟာ
မေရီရဲ့ကက်ကက်လန်အော်ဟစ်ရန်တွေ့တာ တွေ၊
တံခါးဆောင့်ပိတ်သံတွေနဲ့အေးစက်စက်အကြည့်တွေကြောင့်
စိတ် ပျက်နွမ်းလျနေပါပြီ။
သူဘယ်လိုဘဲစည်းကမ်းတွေသတ်မှတ်ပါစေ
မေရီကတော့
အမြဲတမ်းဖောက်ဖျက်နေတာကြောင့်
စိတ်ဓာတ်တွေအကြီး အကျယ် ကျနေတော့တယ်။
ဒါနဲ့ဘဲ နောက်ဆုံးကျတော့
ဂျွန်ဟာ အလုပ်ကနေအိမ်ကို
ပြန်လာတိုင်း
ဧည့်ခန်း
ကတီဗွီရှေ့မှာ ထိုင်ပြီးအားကစားအစီအစဉ်တွေကို ကြည့်ရင်းအစီအစဉ်တွေထဲမှာ စီးမြေနေတော့တာပဲ။
ဂျွန်ဟာတာဝန်ခံမှုတွေကို
ရှောင်ပုန်းဖို့ကြိုးစားတော့တယ်။
ဘာဖြစ်လို့လဲဆိုတော့
သူစိတ်ထဲမှာ သူဟာထိပ် တိုက် ရင်ဆိုင်ရတာကို
မလို့လားဘူး။ အထူးသဖြင့် ပိုကောင်းလာဖို့အလားအလာမရှိဘူးလို့ထင်ရတဲ့အခါမျိုးတွေ
မှာပေါ့။ ဒါနဲ့ဘဲ ဂျွန်ကသူ့ကိုယ်သူ
ဒီလိုနှစ်သိမ့်နေခဲ့တယ်။
"ကောင်းပြီး...
မေရီကိစ္စမှာ ငါဟာခဏတစ်ဖြုတ်ဖာသိဖာသာနေလိုက်မယ်ဆိုရင်
ပြဿနာ တွေက အလိုလိုပြေလည်သွားမှာပါ။
အချိန်တန်ရင်
သူငါ့ကိုနားလည်လက်ခံ
လာမှာပါ။ ဟုတ်တာပေါ့။
ဒီအတွက်ငါဆုတောင်းရမှာပေါ့။
ဒါပေမဲ့လည်း
ဆုတောင်းရုံကလွဲပြီး
ငါတစ်ခြားဘာလုပ်နိုင်မှာမို့တုန်း...။"
နောက်ဆုံးအပိုင်းက
သင်သတိထားမိရဲ့လား။ ဂျွန်ဟာသူလုပ်ရမယ့်အပိုင်းကို ရှောင်ပုန်းဖို့ဆင်ခြင်ပေးနေသည်။
ဆုတောင်းခြင်းကသူ့ရဲ့အကြောင်း ပြချက်ပေါ့။ ဆုတောင်းခြင်းဆိုတာ စာတန်နဲ့ရင်ဆိုင်ရတဲ့
တိုက်ပွဲအတွက် အ စွမ်းထက်တဲ့လက်နက်လို့ ဖတ်ဖူးပြီးပြီနော်၊ ဒါပေမယ့် တာဝန်ခံယူရမယ့်
အပိုင်းကိုခါချချင်လို့ ဆုတောင်းခြင်းနဲ့ ဆင်ခြေပေးဇောဝိကတက်မယ်ဆိုရင် စာ တန်ကို ရင်ဆိုင်တိုက်ဖို့
အစွမ်းထက်တဲ့လက်နက်ဖြစ်မလာနိုင်ဘူးပေါ့။ ဒီလိုပုံစံမျိုးနဲ့ ဆုတောင်းခြင်းကို အလွှဲသုံးမယ်ဆိုရင်
စာတန်က သင့်လက်နက်နဲ့ သင့်ကိုတန်ပြန်ဖို့အခွင့်ပေး လိုက်သလိုဖြစ်နေမယ်။
ဂျွန်နှင့်မေရီတို့ရဲ့အဖြစ်မျိုးမှာ
ဂျွန်ဟာဘုရားသခင်
သူ့ကိုခွဲခန့်ထားတဲ့ အိမ်ထောင်ဦးစီးတာဝန်ကို
အပြည့်အဝယူရမယ်လို့
ကျွန်ုပ်ပြောခဲ့တာနဲ့ပတ်သက်ပြီး
ရှင်းလင်းဖို့လိုမယ်လို့
ကျွန်ုပ်ယူဆမိပါတယ်။
ဆိုလိုတာ က ဂျွန်ဟာ အိမ်ထောင်ဦးစီးဦးဆောင်သူဆိုတော့
TV ရုပ်သံဇာတ်လမ်းထဲက
စုံထောက်မေးသလိုမျိုးစကားကြီး စကားကျယ်နဲ့
အမြဲတမ်းဟိန်းဟောက်နေရမယ်လို့
ပြောတာမဟုတ်ဘူး။
သမ္မာကျမ်းစာထဲမှာ ခရစ်တော်သည်
အသင်းတော်ကို
ချစ်သကဲ့သို့
ယောက်ျားသည်
မိမိအိမ်သူအိမ်သားများကို
ချစ်ရမည်လို့ဆို
ထားတယ်။ ခရစ်တော်သာ ဩဇာအရှိဆုံး၊
အအောင်မြင်ဆုံးခေါင်းဆောင် ကောင်းတစ်ဦးဖြစ်သလို
အင်မတန်နှိမ့်ချတဲ့
အစေခံ ပုဂ္ဂိုလ်လည်းဖြစ်တယ်။
ကိုယ်တော်ဟာ
သူရဲ့သက်တောင့်သက်သာမှုအတွက်ထက်
အခြားသူတွေရဲ့ လိုအပ်ချက်တွေကို အမြဲရှေ့တန်းတင်ခဲ့တယ်။
ဒါကြောင့်
ခရစ်တော်နည်းတူ
ဂျွန်၊မေရီအပါအဝင်သူရဲ့မိသားစုဝင်
အားလုံးကို ချစ်ခင်ကြင်နာပြီးတာဝန်ယူကျေပွန်မှုကို
ထိန်းသိမ်းဖို့ကြိုးစားရမှာဖြစ်တယ်။
ဂျွန်အနေနဲ့မေရီဟာ
မိဘရင်းတွေရဲ့ကွာရှင်းမှုကြောင့်
နာကြင်ခံစား
နေရပေမဲ့
သူ့ခံစားချက်တွေကို ဘုရားသခင်ရဲ့မေတ္တာတော်လက်ထဲမှာ
အပ်နှံထားပြီး သူ့ပထွေး
ဟာလည်း သူမကို ချစ်ပြီး၊
တာဝန်ယူမှုအပြည့်အဝရှိတဲ့
ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် အကောင်း
ဆုံးကြိုးစားနေပါတယ်ဆိုတာ
နားလည်သဘောပေါက်လက်ခံလာအောင်
ကြိုးစားရမှာဖြစ်တယ်။
ဒါတင်မကဘဲ မေရီရဲ့မိဘရင်းတွေကွာရှင်းရတာဟာ
ဂျွန်နဲ့ဘာမှမပတ်သက်ကြောင်း သူ့အနေနဲ့
ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ဖို့နဲ့
မေရီအပေါ်မှာ
ဖခင်ကောင်း
ပီသနိုင်ဖို့ကိုသာ အမြဲတစေကြိုးစားနေကြောင်း
ယုံကြည်လောက်အောင် သက်သေပြရမှာဖြစ်တယ်။
ဂျွန်ဝတ္တရားကလည်း
မလွယ်လှပါဘူး။ မေရီလိုပါဘဲ။
သူ့အတွေးအခေါ်
ထဲမှာလည်း ရန်သူစာတန်ခြေကုပ်ယူထိန်းချုပ်ထားတဲ့
အခန်းကဏ္ဍတွေရှိနေ
ပါတယ်။ ဂျွန်ဟာကလေးဘဝတုန်းက
မကြာခဏဆိုသလို စကားလုံးတွေနဲ့ အနိုင်ကျင့်တာကိုခံခဲ့ရပါတယ်။
သူ့ရဲ့အုပ်ထိန်းသူမိခင်ဟာ
အင်မတန်မှ
အ ပြောကြမ်းပါတယ်။
ပြီးတော့ဂျွန်ကို
သူကမကြာခဏဆိုသလို "ဂျွန်... မင်းဟာ
တကယ်ကိုအစွမ်းအစမရှိတဲ့
သူပဲ...ဘာမှအရည်အချင်းမရှိဘူး။
ဆန်ကုန်မြေ လေး။ တာဝန်ရှောင်ရေသာခိုသမား၊ မင်းဘယ်တော့မှကြီးပွားမှာမဟုတ်ဘူး။
အလုပ်ကောင်းလည်းရမှာမဟုတ်ဘူး။
မင်းဟာအမြဲလိုလိုရေသာခိုတဲ့လူ...
ဘယ်နေရာမှနေလိုရမှာမဟုတ်ဘူး။"လို့
မြည်တွန်တောက်တီးလေ့ရှိတယ်။
ဂျွန် ဟာသူအမေကျေနပ်အောင်နေနိုင်ဖို့ကြိုးစားတယ်။
ဘာဖြစ်လို့လဲဆို
တော့ သူမိခင်ဖြစ်သူရဲ့ချီးမွမ်း
သံ၊အသိအမှတ်ပြုမှုတွေကို
သိပ်ပြီးတောင့်တမိ
လို့ပဲ။ ဒါပေမယ့်
သူကြိုးစားလေလေ၊
အမှားတွေကို လုပ်မျလေလေဖြစ်နေ တယ်။ ဂျွန်ရဲ့ဟန်ပန်အမူအယာကသိပ်ပြီးမပြေပြစ်လှတော့
သူမိခင်ကသူကို တစ်ချိန်လုံးလိုလို
"ဂျွန်...မင်းဟာလက်ကြောမတင်းတဲ့ကောင်၊
ပျာယာခတ် နေတာဘဲ"လို့ပြစ်တင်တယ်။
သင်စဉ်းစားကြည့်ပါ။
ဂျွန်ဟာပစ္စည်းတွေကို
ကိုင်ရင်မကြာခဏလွတ်ကျတတ်သလို
ကပျာကယာနဲ့ပြေးလွှားနေလိမိ့မယ်။
ပြီးတော့
အထူးသဖြင့် သူ့အမေနားမှာရှိနေရင်
ဂျွန်ဟာပိုပြီးတော့
ကတုန်က ယင်ဖြစ်နေတတ်တယ်။
သူ့ရဲ့ပြေပြစ်မှုမရှိလှတဲ့
ဟန်ပန်နဲ့
မိမိကိုယ်ကို ယုံကြည်မှုနည်းပါးတာတွေကြောင့်
အခြားသူတွေနဲ့ပေါင်း
သင်းဖို့ခက်ခဲတယ်။
အပေါင်းအသင်းမဝင်
ဆံ့ဘူး။ ဒါနဲ့ပဲအထက်တန်းကျောင်းသားဘဝမှာ
သူအင်မတန်စွဲလန်း
နှစ် သက်ရတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့သည်။
သူတို့တွေ ခဏတော့ချစ်
သူတွေဖြစ်သွားကြတယ်။
ဒါပေမဲ့ မကြာဘူး။ ကောင်မလေးကသူ့ကိုမပြောမ
ဆိုထားခဲ့ပြီး သူ့ထက်ရုပ်ရည်ဟန်ပန်ပြေပြစ်ပြီး ထက်ထက်မြက်မြက်ရှိတဲ့
တစ်ခြားကောင်လေးတစ်ယောက်နဲ့တွဲသွားခဲ့တယ်။
ငြင်းပယ်ခံရမှုတွေနဲ့မခြေမငံပြောခံခဲ့ရတာဆွေ
ကြုံရတိုင်းစိတ်ဓာတ်ကျ
စရာတွေဖြစ်လာတိုင်း
အဲဒါတွေဟာ ဂျွန်ရဲ့စိတ်နှလုံးသားထဲမှာ
စာတန်ခြေ ကုပ်ယူဆောက်နေတဲ့ ခံတပ်အတွက်နောက်ထပ်အုတ်ချပ်လေးတွေဖြစ်လာ
တယ်။ မကြာခင်မှာ
ဂျွန်ဟာသူ့ဘဝကို ရင်ဆိုင်ဖို့ရဲရင့်မှုတွေမရှိတော့သလို့
ဘဝကို အကောင်းမြင်တတ်တဲ့စိတ်တွေလည်း ပျောက်ဆုံးကုန်တော့တာပါပဲ ဂျွန်ဟာအရှက်ကြီးတဲ့သူ၊
ခပ်မဆိတ်နေတတ်တဲ့သူနဲ့ လူတောမတိုးဝံ့တဲ့သူ
ဖြစ်လာတယ်။
ဘဝကိုလည်း ဘာမှအရေးမပါသလိုမျိုးခံယူလာတယ်။
ဂျွန်ဟာ သူကိုယ်သူ
"မင်းဘာတွေစဉ်းစားသလဲ၊
ဘယ်လိုထင်သလဲ၊
ဘာ တွေဖြစ်ချင်လိုချင်သလဲဆိုတာကို
လူတွေကိုပြောပြလည်း
အလကားပါကွာ ဘယ်သူမှမင်းကိုအရေးစိုက်မှာမှဟုတ်တာ။
လူတွေမင်းကိုလက်ခံစေချင်
တယ်ဆိုရင်
သူတို့အကြိုက်ကိုသာ လိုက်ပေးလိုက်" လို့ပြောနေခဲ့တော့ပါ
တယ်။ တကယ် ပါဘဲ။
သူဟာ ပထမဆုံးမိဘနေရာကို
တာဝန်ယူရတဲ့အချိန်မှာ
သူရဲ့တာဝန်ဝတ္တရားတွေကို
ကျေပွန်ဖို့အကောင်းဆုံးကြိုးစားရပ်တည်ခဲ့ပါ
တယ်။ ဒါပေမဲ့
မေရီကအဲဒီအတွက်ကြောင့်ဘဲ သူ့ကိုမုန်းနေခဲ့တယ်။
မေရီက သူ့ကိုရိုင်းပြတဲ့စကားလုံးတွေနဲ့မချေမငံဆက်ဆံခဲ့တယ်။
တကယ်ကို သူ့မိခင် ကြီးကသူ့အပေါ်ဆက်ဆံခဲ့သလိုမျိုးဘဲ။
ဂျွန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့
အ ထက်တန်းကျောင်းသားဘဝက
ချစ်သူကိုဆုံးရှုံးခဲ့ရသလိုမေရီကိုလည်း
ဆုံး ရှုံးသွားမှာကြောက်နေမိတယ်။ ဒါနဲ့ပဲ နောက်ဆုံးမှာ
ဂျွန်က အရှုံးပေးခဲ့တယ်။
သူ့အကြောင်းပြချက်က
"မေရီဖြစ်ချင်လိုချင်တာတွေကို
ငါလိုက်လျောပေး
လိုက်မယ်ဆိုရင်၊
သူ့ငါ့အပေါ်မှာကြိမ်းမောင်းအော်ဟစ်နေတာတွေရပ်သွားပါ
လိမ့်မယ်။
ဒါတင်ဘယ်ကမလဲ။
ဘယ်လိုဘဲဖြစ်ဖြစ်
ဒီအခြေအနေကို
ငါက အောင်မြင်မှာမဟုတ်တာ။
မအောင်မြင်မယ့်အတူတူပိုပြီး
စိတ်ပျက်စရာတွေ
ဖြစ်အောင်
ဘယ်လိုလုပ်မလဲ"
ဆိုပြီးဖြစ်တယ်။
ဂျွန်နဲ့မေရီတို့ရဲ့အိမ်မှာဖြစ်ပျက်နေတာဘာနဲ့တူလဲလို့ သင်ခန့်မှန်းကြည့်
ပါဦး သူတို့ရဲ့ပဋိပက္ခကိုပုံဖော်နိုင်သလား။
မှန်ပါတယ်။
စကားလုံးတွေနဲ့
အော်ဟစ်နေတာတွေ အခိုက်အတန့်ရပ်တန့်သွားပါမယ်။
ဒါပေမဲ့ ပဋိပက္ခက ပြီးဆုံးသွားတာမဟုတ်ဘူး။
အိမ်ထောင်မိသားစုအတော်များများမှာ
ပဋိပက္ခ ဖြစ်ရတဲ့အရင်းခံတွေက
အမျက်ဒေါသတွေကြောင့်ပါ၊
အများစုက ဒါကိုသ ဘောပေါက်ကြပါတယ်။
ဒါပေမဲ့ ဘယ်သူကမှ
ဒါကို မကိုင်တွယ်မဖြေရှင်းလို
ကြဘူး။ ပြီးတော့ပဋိပက္ခတွေဖြစ်နေ၊ ရှိနေတယ်ဆိုတာကို
လက်မခံချင်ကြ
ဘူး။
မေရီရယ်၊ သူ့အမေရယ်၊
သူ့ဘထွေးရယ်
သုံးယောက်
ဘယ်လိုဖြစ်သွား
မလဲလို့ သင်ယူဆပါသလဲ။ စစ်မြေပြင်မှာ ထောက်ချောက်မိသလို ပိတ်မိနေ
တဲ့ ခရစ်ယာန်မိသားစုမျိုးရဲ့အခြေအနေပါ။
သူတို့ဒီတောင်ကျော်နိုင်ပါ့မလား။
အိမ်ထောင်နောက်တစ်ဆက်
ထပ်ပြီးပြိုကွဲပြီး နောက်မိသားစုတစ်စုပျက်စီး
သွားမယ့်အရေးဟာ
ရှက်စရာပါလား။ သူတို့ကျော်လွှားနိုင်မှာပါ။
ဒါပေမယ့်
မိသားစုကို နှစ်သိမ့်အကြံပေးဆွေး
နွေးပေးမယ့်
သူနဲ့၊ သူတို့ရဲ့သင်းအုပ်ဆရာတွေအားဖြင့်တော့မဟုတ်ဘူး။
အ ဓိကက သူတို့မိသားစုအပေါ်မှာဘဲ မူတည်နေတာပါ။ သူတို့ဟာ
ယောဟန် ၈း ၃၁-၃၂ ကို နှလုံးသားထဲမှာ နေရာပေးရမှာပါ။
"သင်တို့သည်
ငါ၏ဩဝါဒတ ရားကိုလည်းသိသဖြင့်
ထိုတရားသည် သင်တို့ကိုလွတ်ခြင်အခွင့်ပေးလိမ့်
မည်။" သူတို့တွေ
ကိုယ်တော်ရဲ့နှုတ်ကပတ်တော် သမ္မာတရားကို ပိုင်းခြား
နားလည်တတ်ဖို့
ပိုပြီးလေ့လာဆည်းဖူးရပါမည်။
ပြီးတော့ သူတို့ဟာနှုတ်က
ပတ်တော်အတိုင်းလိုက်လျှောက်အသက်ရှင်ရမယ်။
သို့မှသာ သမ္မာတရားက သူတို့ကိုပျက်ဆီးခြင်းလမ်း
ထဲက၊ လွတ်မြောက်စေမှာဖြစ်တယ်။
သူတို့အ တိတ်ကိုပြန်ပြီးရင်ဆိုင်ရမယ်။
ပြီးတော့ သူတို့ဟာဘာကြောင့်
အဲဒီလိုခံစားခဲ့ သလဲ လုပ်ဆောင်ခဲ့သလဲဆိုတာကို
အမှန်တကယ်အမှတ်ရနေမှာဖြစ်ပါတယ်။
ကိုယ်ရဲ့အတိတ်က
ဖြစ်ခဲ့တာတွေနဲ့
အမှားတွေကို ပြန်တွေးရင်ဆိုင်ဖို့ဆို
တာ သိပ်ကိုနာကျင်လှပါတယ်။
ပြီးတော့အဲဒါကိုဖြေရှင်း
ရဦးမယ်။ လူအတော်များများဟာအတိတ်က
မိမိရဲ့အပြုအမူများတွေနဲ့မကောင်းတဲ့
စိတ်နေစိတ်ထားတွေကို
ဖုံးဖိတာ၊ထုချေတာ၊ ဆင်ခြေပေးတာတွေကို
အရမ်းနှစ်ခြိုက်ပါတယ်။
စည်းကမ်းချက်အနေနဲ့ပြောရရင်
ဒါဟာ အလုပ် မဖြစ်ပါဘူးလို့
ဆိုရမှာဘဲ။ ပြီးတော့ ထိခိုက်ခံရသူတွေအတွက်
တရားမျှတမှုမရှိသလိုဖြစ်နေ မယ်။
သင်တို့ထဲက အချို့လိုပဲ ကျွန်ုပ်လည်းငယ်ငယ်တုန်းက
အနိုင်ကျင့်ခံခဲ့ရ
ပါတယ်။ ကျွန်ုပ်ဟာစိတ်ခံစားမှုပိုင်းဆိုင်ရာမှာ
စကားလုံးတွေနဲ့ အနိုင်ကျင့်ခံ
ဖူးရုံမျှမက၊ လိင်ပိုင်းဆိုင်ရာမှာလည်း
အနိုင်ကျင့်စော်ကားခံခဲ့ရပါတယ်။
ဒါ ကြောင့်အတိတ်ကအဖြစ်အပျက်တွေကို ရှင်းချက်ထုတ်နိုင်ဖို့လိုတယ်ဆိုတာ
ကျွန်ုပ်နားလည်သဘောပေါက်ပါတယ်။
ဒါပေမယ့်အဲဒီအတိတ်က
ကျွန်ုပ်နဲ့
သင့်အတွက်
ဘဝမှာရှုံးနိမ့်မှုတွေ၊
အနက်လက္ခဏာဆောင်တဲ့အရာတွေနဲ့
နှောင်ကြိုးအောက်မှာ
နေနေဖို့အတွက်
အကြောင်းပြချက်မဖြစ်သင့်ဘူး။
သင့်ကိုလွတ်ခြင်းအခွင့်ပေးမယ်ဆိုသည့်၊
သမ္မာကျမ်းစာကတိတော်တွေ ပြည့်စုံစေဖို့
ခရစ်တော်ဟာသင့်
အတွက် မတ်မတ်ရပ်တည်နေပါတယ်။ အက ကယ်၍
သင်ဟာကိုယ်တော်ရှင်ရဲ့ဦးဆောင်မှုနောက်မှာလိုက်ပါဖို့
ဆန္ဒရှိမယ် ဆိုရင်
ကိုယ်တော်ဟာ
သင့်ဘဝရဲ့ ကဏ္ဍအသီးသီးမှာ လွတ်မြောက်ခြင်း
ခံ စားရနိုင်ဖို့ ဦးဆောင်လမ်းပြပါလိမ့်မယ်။
ကျွန်ုပ်ဟာ
ဒီသမ္မာတရားမှန်ကန်
ကြောင်း
သက်သေပြပါ။
အောင်နိုင်ခြေရှိသောစစ်ပွဲ
လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာသင်တို့သည်
ခံရကြ၏။ ဘုရားသခင်သည်သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍
သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို
သင်တို့၌ရောက်စိမ့်သောငှါအခွင့်ပေးတော်မမူ
သင်တို့သည်ခံနိုင်မည်
အကြောင်း
စုံစမ်းနှောင့်ယှက်ခြင်း
အရာနှင့်တကွ
ထွက်မြောက်ရာသောလမ်းကိုလည်း
စီရင်ပြုပြင်တော်မူလိမ့်မည်။
၁ကော
၁၀း၁၃
ဂျွန်နှင့်မေရီတို့ရဲ့အဖြစ်အပျက်
ဇာတ်လမ်းက
စာတန်ဟာကျွန်ုပ်တို့ရဲ့
ဘဝအခြေအနေတွေကို
အခွင့်ကောင်းယူအသုံးချပြီးစိတ်နှလုံးထဲမှာခြေကုပ်
ယူဖို့ ကျူးကျော်ဖို့နဲ့
ထိန်းချုပ်နိုင်ဖို့
ကြိုးစားနေတယ်ဆိုတာ
သင်နားလည်မြင်
တွေ့နိုင်မယ်လို့
ကျွန်ုပ်မျှော်လင့်ပါတယ်။
ကျွန်ုပ်တို့၎င်းရဲ့စိတ်နှလုံးအတွေးအခေါ်တွေကို
လွမ်းမိုးထိန်းချုပ်ဖို့ကြိုး
စားနေတဲ့ စာတန်ရဲ့ခြေကုပ်စခန်းတစ်ခုစီကို
ဖြိုခွင်းနိုင်ဖို့
ဘုရားသခင်ပြင် ဆင်ပေးထားတဲ့လက်နက်စုံတွေသင်နဲ့
ကျွန်ုပ်မှာရှိတဲ့အတွက်
ဘုရားသခင် ကို ကျေးဇူးတင်ပါတယ်။
ဘုရားသခင်ဟာ ကျွန်ုပ်တို့ကိုစစ်မြေပြင်အလယ်မှာ
စွန့်ပစ်ထားခဲ့မှာမဟုတ်ပါဘူး။
၁ကော ၁၀း၁၃၌ ကတိတော်ကို
အမြဲအမှတ်ရ
နေပါ။ ဘုရားသခင်က
သင့်ကိုစစ်ပွဲရှိန်ရဲ့လွှမ်းမိုးမှုအောက်မှာ
ချန်မထားပါ ဘူး။ စာတန်က
သင့်အပေါ်စုံစမ်းနှောင့်ယှက်ဖို့ကြိုးစားသမျှကို
သင်ခံရပ်နိုင်
မှာပါ။ ဘုရားသခင်ဟာ ထွက်မြောက်ရာလမ်းကို
အမြဲတစေပြင်ဆင်ပေးပါ လိမ့်မယ်။
အခုချိန်မှာ
သင်ဟာဘယ်လိုတိုက်ပွဲမျိုးကိုကြုံနေရပါစေ၊
ဒါမဟုတ် အ နာဂတ်မှာ
ကြုံရမယ့်အခက်အခဲမျိုးဖြစ်ပါစေ၊
ကိုယ်တော်ဘုရားရှင်ဟာ
သင် နှင့်အတူပါရှိမယ်ဖြစ်၍
သင်ဟာဘယ်တော့မှ ဆုံးရှုံးမှာမဟုတ်ဘူး။
Comments