ဖန်ဆင်းခြင်းစတုတ္ထနေ့
ဖန်ဆင်းခြင်းစတုတ္ထနေ့
-
ကမ္ဘာကြီးအထက်ကလှုပ်ရှားနေတဲ့
ရုပ်ပုံကားတစ်ချပ်
ကျွန်ုပ်တို့ကို ရွေးနှုတ်တော်မူခြင်းပြည့်စုံဖို့
ယေရှုဟာ သေခြင်းမှရှင်ပြန်ထမြောက် တော်မူရုံမဟုတ်သေး၊ ယေရှုဟာ“ငါတို့အ တွက်ကြောင့် ယခု
ဘုရားသခင်၏ရှေ့ တော်၌ ကိုယ်ကိုပြခြင်းငှါ ကောင်းကင် ကိုယ်ထဲသို့ ၀င်တော်မူပြီ။”(ဟေဗြဲ၉း၂၄ခ)
ဖန်ဆင်းခြင်းစတုတ္ထနေ့မှာ
ကျွန်ုပ်တို့ရဲ့ စိတ်အာရုံဟာ “အလင်းအိမ်ကြီးနှစ်လုံး”
ဖန်ဆင်းခြင်းဆိုတဲ့ ကောင်းကင်ဆီရောက်သွားတယ်။ မာလခိအခန်း(၄း၂)ထဲက ပြောတဲ့ “တရားတော် နေမင်း”ဖြစ်တဲ့ ခရစ်တော်ကို အမှတ်ရစေပါတယ်။
လမင်း ဟာ နေရဲ့အလင်းရောင်ကို ရောင်ပြန်ယူပြီး၊ ညဘက်မှာ အလင်းပေးသလို၊ ဘုရား သခင်ရဲ့လူတွေဟာလည်း
ယေရှုရဲ့အလင်းနဲ့ ရောင်ပြန်ယူ၍ အမှောင်ကိုထွန်းလင်း စေပါတယ်။ “ညဥ့်ကိုအုပ်စိုးရသော”အလင်းအိမ်ငယ် လကို ဖန်ဆင်းထားခဲ့တယ်။ (ကမ္ဘာ ၁း၁၆)။
ဘုရားသခင်ရဲ့လူတွေဟာလည်း အပြစ်တရားအပေါ် တန်ခိုးရှိရ မယ်။ စာတန်အပေါ်အာဏာနဲ့အုပ်စိုးနိုင်ရမယ်။
ဒါပေမဲ့ ဒီလိုအုပ်စိုးနေနိုင်ဖို့က ကျွန်ုပ်တို့ဟာ “ဘုရားသခင်ရှေ့တော်၌--အပြစ်ကင်းလျှက်”
နေထိုင်မှသာ ရနိုင် မယ်။(ဧဖက် ၁း၃ခ)။ ၀ိညာဉ်သဘောအရဆိုရင် “၁အထက်ဆိုခဲ့ပြီးသည်အတိုင်း၊
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏လ က်ျာတော်ဘက်မှာ ခရစ်တော်သည်
ထိုင်နေတော်မူရာအရပ်၌ရှိသော အထက် အရာတို့ကို ရှာကြလော့။ ၂မြေကြီးပေါ်မှာ
ရှိသောအရာတို့ကို စွဲလမ်းသောစိတ်မရှိ ကြနှင့်။ အထက်အရာတို့ကိုသာစိတ်စွဲလမ်းခြင်းရှိကြလော့။”(ကောလောသဲ
၃း၁၂)
ကမ္ဘာမြေကြီးဟာ လနဲ့နေအကြားရောက်နေရင်၊ လဆီကအလင်းကွယ်လို့
လငပုပ်ဖမ်းသွားပါတယ်။ ကမ္ဘာပေါ်မှာ အမှောင်ဖုံး၏။ ဒီအတိုင်းပဲ ပြောရရင်၊ ကျွန်ုပ်တို့နဲ့ယေရှုအကြားမှာ
လောကကမ္ဘာကြီးရောက်လာတားဆီးနေမယ်ဆိုရင်၊ လောကသို့ ကျွန်ုပ်တို့ရဲ့အလင်းဟာ ငပုပ်ဖမ်းသွားတယ်။
ဒါမှမဟုတ် အမှောင်ဖုံး လွှမ်းသွားတယ်။ မလင်းတော့ဘူး။ ကျွန်ုပ်တို့ဆီမှာ အောင်မြင်ခြင်းမရှိ၊
သက်သေခံ မပြောနိုင်တော့ပါဘူး။ “၁၅လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း မချစ်
ကြနှင့်။ လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကိုချစ်ခြင်းမေတ္တာ မရှိ။”(၁ယော ၂း၁၅)။
“လောကီမိတ်သဟာယသည် ဘုရားသခင်နှင့်ဆန့်ကျင် ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူ
သည် ဘုရားသခင်၏ရန်သူဖြစ်၏။”(ယာကုပ် ၄း၎ခ)။ ဒီလိုပြောလို့ ကျွန်ုပ်တို့က
လောကလူတွေကို မချစ်ရဘူးလို့မဆိုပါ။ ဆိုလိုတာက ကျွန်ုပ်တို့တတွေဟာ လော ကနည်းလမ်းနဲ့အမြင်
အတွေးများကို ဘုရားသခင်၏လမ်းကြောင်းအလိုနဲ့ဆန်ကျင် နေပါက မချစ်မခင်မတွယ်တာဖို့ဆိုလိုတာဖြစ်တယ်။
သင်ဟာ ဘုရားသခင်ရှေ့ တော်မှောက်မှာ အချိန်နဲ့အမျှ သတိရှိရှိနဲ့ “ကောင်းကင်ဘုံနယ်ထဲ၌”
အသက်ရှင် နေထိုင်ခြင်းရှိပါသလား။
Comments