ဖန်ဆင်းခြင်း ပဉ္စမနေ့နှင့် ဆဋ္ဌမနေ့



ဖန်ဆင်းခြင်း ပဉ္စမနေ့နှင့် ဆဌမနေ့ -
ကောင်းချီအကျိုးလျှံ၍ အုပ်စိုးခွင့်ရသော ရုပ်ပုံကားတစ်ချပ်
ကျွန်ုပ်တို့သဘောဝလောကကိုမြင်ရသည် မှာ သူ့အမျိုးအစားအလိုက် အကျိုးထွက် များများနဲ့ ဆတိုးပွားနေတာတွေ့ရတယ်။ လူကို ဘုရားက မြေကြီးကို ပြည့်စေ၍နိုင် ကြ၊ လှုပ်ရှားတတ်သော သတ္တ၀ါ အပေါင်း တို့ကိုလည်း အုပ်စိုးကြလော့ဟု ထပ်ဆင့် အခွင့်အမိန့်ပေးထားခဲ့တယ်။ သင်ခန်းစာ (၃)မှာ ဒီတာဝန်ကို လူဟာ လုံးလုံးလျား လျားကျရှုံးသွားခဲ့ကြောင်းတွေ့ကြရပါမယ်။ ဒီတော့ လူဟာ သူ့ကိုယ်ပိုင်အမျိုးအ စားအတိုင်း-လူနဲ့တူသူတွေကိုသာ - မျိုးပွားမွေးထုတ်ပေးနိုင်တယ်။ ဘုရားဘုန်း တော်ရောင်နဲ့ လွန်စွခြားနားလျက် မွေးလာတဲ့လူတွေဟာ စာတန်ချည်နှောင်မှု အောက်မှာဘဲရှိခဲ့ပါတယ်။ “ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍ မတတ်နိုင်သောအမှုကို ဘုရားသခင်ပြုတော်မူခြင်းငှါ၊ အပြစ်နှင့်ပြည့်စုံသော ဇာတိ ပကတိ၏သဏ္ဌာန်ကိုဆောင်သော မိမိသားတော်ကို စေလွတ်တော်မူ၍ အပြစ်ဖြေ ရာဘို့ရာဇာတိပကတိ၌အပြစ်ကို ဒဏ်ပေးတော်မူ၏။အကြောင်းမူကား၊ ဇာတိပက တိအတိုင်းမကျင့်၊ ၀ိညာဉ်ပကတိအတိုင်းကျင့်သောငါတို့သည် တရား၌ပါသော ပညတ်တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။”(ရောမ ၈း၃-၄)။ ကျွန်ုပ်တို့သည် လည်း ခရစ်တော်၌ဘုရားသခင်၏သားသမီးများဖြစ်နိုင်ကြတယ်။ ဖြောင့်မတ်ခြင်း အကျိုးကိုဆောင်လျက် သားတော်ရဲ့ပုံသဏ္ဌာန်နဲ့အညီလိုက်လျောနေနိုင်ကြတယ်။ “၁၄ဘုရားသခင်၏၀ိညာဉ်တော်ဆုံးမပဲ့ပြင်တော်မူသမျှသောသူတို့သည် ဘုရားသ ခင်၏ သားဖြစ်ကြ၏။”(ရောမ ၈း၁၄)
          ၂၂၀ိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ ၂၃နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”(ဂလာတိ ၅း၂၂-၂၃က)။“၁၁ယေ ရှုခရစ်အားဖြင့် ဘုရားသခင်၏ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သောဖြောင့် မတ်ခြင်းအကျင့်နှင့် သင်တို့သည် ပြည့်စုံစေပါ။”(ဖိလိပ္ပိ ၁း၁၁က)။ ယေရှုပြောခဲ့ပါ တယ်။ “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင် သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသောအသီး ကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” (ယောဟန် ၁၅း၅)။
          ဘာဖြစ်လို့လဲဆိုတာ ယေရှုဟာသေခြင်းကို အောင်နိုင်ခဲ့တယ်။ ပြောနိုင်ခဲ့ တယ်။ “၁၈ယေရှုသည် အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေ ကြီးပေါ်၌၎င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ ၁၉သင်တို့သွား၍ လူ မျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိ ညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့။ ၂၀ငါသည် သင်တို့အားပေးသမျှသော ပ ညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩ၀ါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့် တော်တို့အား မိန့်တော်မူ၏။”(မဿဲ ၂၈း၁၈-၂၀)။ ကျွန်ုပ်တို့တစ်တွေဟာ ဒီလော ကကမ္ဘာထဲမှာ ခရစ်တော်၏အမှုတော်ကိုဆောင်ဖို့ အခွင့်ပေးခံရပါတယ်။ စာတန် ဟာ အရှုံးသမား,ရန်သူပဲ။ (လုကာ ၁၀း၁၉)မှာ “၁၉သင်တို့သည် ရန်သူများကို နိုင်ရ သောအခွင့်တန်ခိုးကို ငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။”လို့ ဆိုပါ တယ်။ (၁ယော ၄း၎)မှာလည်း “ချစ်သားတို့၊ သင်တို့သည် ဘုရားသခင်နှင့်စပ် ဆိုင်ကြ၏။ ထိုသူတို့ကိုလည်းအောင်ကြပြီး။ အ ကြောင်းမူကား၊ သင်တို့ဘက်၌ရှိသောသူသည် လော ကဘက်၌ရှိသောသူထက်သာ၍ ကြီးတော်မူ၏။” လို့ ပြောတယ် ဒီတော့သင်ဟာ ဘုရားသားသမီး တစ် ယောက်လို အကျိုးရှိရှိ၊ အောင်မြင်သောဘ၀နဲ့ အသက်ရှင်နေထိုင်နေပါသလား။

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

သစ္စာစောင့်၍