ဇာတ်လမ်း(၁) ဖန်ဆင်းခြင်းထဲမှာ ယေရှုပါရှိခဲ့တယ်။
ဖန်ဆင်းခြင်းထဲမှာ ယေရှုပါရှိခဲ့တယ်။
“၄ငါတို့၏ဘုရားသခင်ထာဝရဘုရားသည်
တစ်ဆူတည်းသော ထာဝရဘု ရားဖြစ်တော်မူ၏။”(တရား
၆း၎ခ)။ ဒီတစ်ဆူတည်းသောထာဝရဘုရားရဲ့အဖြစ် တော်ထဲမှာပဲ ကျွန်ုပ်တို့
ဥာဏ်မမှီနိုင်တဲ့ နက်နဲဆန်းကျယ်မှုတစ်ခုရှိနေပါတယ်။ “၂၆ တဖန် ဘုရားသခင်က
ငါတို့ပုံသဏ္ဌာန်နှင့်တညီ တသဏ္ဌာန်တည်း လူကိုဖန်ဆင်း ကြစို့။”(ကမ္ဘာ ၁း၂၆က)။ တစ်ဆူတည်းသောဘုရားက ကိုယ်တော်တိုင် ဗဟုဝုစ်ကိန်း
နဲ့စကားပြောခဲ့တယ်။ ဒါကဘာလဲဆိုတော့ ကျွန်ုပ်တို့ရဲ့ကောင်းကင်ဘုံရှင်ခမည်း တော်၊သန့်ရှင်းသောဝိညာဉ်တော်နဲ့ယေရှုဟာ
တစ်ဆူတည်းဖြစ်တည်လို့ ဆိုလိုတာ ပဲ။ “၉အကြောင်းမူကား၊ ဘုရားသခင်၏ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်း
သည် ခရစ်တော်၌(ယေရှု၌) ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။”(ကောလောသဲ ၂း၉) ယေရှုအတွက် နာမတော်တစ်ခုမှာ နှုတ်ကပတ်တော်ဖြစ်တယ်။ ၁အစအဦး၌
နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်က ပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
၃ထိုနှုတ်ကပတ်တော်သည် ခပ် သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့်ကင်းလွတ်လျက်
ဖြစ်သောအရာတစုံတခုမျှမရှိ။ ၁၄နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍
ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေ တော်မူသည်ဖြစ်၍၊
ခမည်းတော်၌တပါးတည်းသောသားတော်၏ဘုန်းကဲ့သို့ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
(ယောဟန် ၁း၁,၃,၁၄)။ ဘုရားသခင်ဟာ လူသားယေရှုအဖြစ်ရောက်ရှိလာတာ
ဘယ်လောက်အံ့သြဖွယ်ကောင်းလိုက်လေ သလဲ။ ဒါမှလည်း ကျွန်ုပ်တို့ကို ကိုယ်တော်တိုင် သူ့ထံဆွဲယူတော်မူခြင်းအားဖြင့်
ကျွန်ုပ်တို့အား ထာဝရအသက်ပေးတော်မူပါတယ်။
ဘုရားသခင်သည် နှုတ်မြွတ်တော်မူသည့်အတိုင်း
ပြု၏။
“အလင်းဖြစ်စေ”ဟု ဘုရားနှုတ်မြွတ်တော်မူပြီးတဲ့အခါ
အလင်းဖြစ်လာတာ သင် သတိပြုလိုက်မိပါသလား။ “မိုဃ်းမျက်နှာကြက်ဖြစ်စေ”ဟူ၍
ဘုရားသခင်နှုတ် မြွတ်တော်မူပြီးသည်နှင့် မိုဃ်းမျက်နှာကြက်ကို ဘုရားသခင်ဖန်ဆင်းတော်မူခဲ့တယ်
ဘုရားသခင်နှုတ်မြွတ်တော်မူသမျှအတိုင်းလည်း ဘုရားသခင်ပြုတော်မူလိမ့်မယ်။ ဘုရားသခင်ပြုလုပ်ပါတယ်။
စစ်သည်တော်ကြီးယောရှုသေခါနီးမှာ သူ့လူတွေကို သူပြောခဲ့ပါတယ်။ “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည်
သင်တို့အဖို့ မိန့် တော်မူသော ကောင်းကျိုးတစုံတပါးမျှမယုတ်မလျော့၊ အကုန်အစင်ပြည့်စုံကြောင်း
ကို သင်တို့သည် စိတ်နှလုံးထဲမှာ သိကြ၏။”(ယောရှု
၂၃း၁၄ခ) “ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသည် ကြိမ်ဆို၍မိန့်တော်မူသည်ကား၊
ငါကြံစည်သည်အ တိုင်းဖြစ်၍၊ ငါ့စီရင်ချက်လည်း တည်ရလိမ့်မည်။”(ဟေရှာယ ၁၄း၂၄)။ ကျွန်ုပ်တို့ ဟာ ဘုရားသခင်၏ကတိတော်၌တည်မှီနေရခြင်းက ဘယ်လောက်အံ့သြဖွယ်
ကောင်းလိုက်လေသလဲ။ အဲဒီလိုပဲ စိတ်အားကြီးစွာနဲ့ ကိုယ်တော်သတိပေးခြင်းကို သတိထားရပါမယ်။
ကိုယ်တော်ဟာ နှုတ်မြွတ်တော်မူတဲ့အတိုင်း ပြုတော်မူလိမ့်
မယ်။
သင့်ဘ၀အထဲမှာ ဘုရားသခင်ကို သင်ယုံကြည်ကိုးစားရလောက်အောင်
ဘုရားကတိတော်တစ်စုံတစ်ရာတွေ့မိပါသလား။ ဘုရားသခင်ရဲ့အလိုနဲ့ကိုက်ညီရင် ကတိတော်ပေးသမျှ
အားလုံး
ကို လုပ်ဖို့ရာ ဘုရားကို သင် မှီခိုနိုင်ပါတယ်။
ဖန်ဆင်းခြင်းမှတ်တမ်းအရ ၀ိညာဉ်ရေးရာသွန်သင်ချက်များ
သမ္မာကျမ်းစာထဲက ဘုရားသခင်အကြောင်းနဲ့
လမ်းခရီးတော်များအ ကြောင်းကို ကျွန်ုပ်တို့ လေ့လာရယူနိုင်ပါတယ်။ ဘုရားသခင်၏ ဖန်ဆင်းတော်မူ
ခြင်း ရူပလောကကမ္ဘာ့ဇာတ်လမ်းထဲမှာ ဘုရားသခင်ဖွင့်ပေးခဲ့တဲ့ ၀ိညာဉ်ဘုံလော ကနယ်ပယ်အကြောင်းကို
ကျွန်ုပ်တို့များစွာလေ့လာယူနိုင်ပါတယ။ အဲဒီ အသိအ မြင်ကို နားလည်ပြီးခံစားမိဖို့ သန့်ရှင်းသောဝိညာဉ်တော်ဖွင့်လှစ်မစတော်မူပါရန်
ဆု တောင်းဖို့လိုပါတယ်။ ကိုယ်တော့်စကားသံတော်ကို စိတ်ရှည်ရှည်နဲ့လေ့လာပြီး၊ နား လည်ရလိုက်တဲ့အရာတွေကို
နာခံလိုက်လျှောက်သွားရင် သင့်ကို ဘုရားသခင်မစ တော်မူပါလိမ့်မယ်။ ကမ္ဘာဦးကျမ်းကို လေ့လာနေစဉ်တစ်လျှောက်မှာ
သင်ခန်းစာ (၁)ကို ပြန်ပြန်ကြည့်ဖို့လိုမယ်။ ဘုရားသခင်ဟာ သူ့ကို သင်အဖို့ဘာမြင်စေချင်သ
လဲ၊ သင့်အား ဘုရားဘာဖြစ်စေချင်သလဲဆိုတာ သင့်အနေနဲ့ကောင်းကောင်းသိမြင် တတ်တဲ့ဥာဏ်စဉ်သစ်ကို
ရလာလိမ့်မယ်။ သင်ဟာ ဘုရားသခင်ဆီက ကြီးစွာသော အမွေကို လက်ခံရဖိုရှိပါတယ်။ ဘုရားသခင်ကလည်း
သင့်ကို ပို၍ကြီးမားသော အတိုင်းအတာနဲ့ရယူပိုင်ဆိုင်စေလိုတယ်။ “မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြ
နှင့်” (တရားဟော ၁း၂၁ခ)။
Comments