ယေရှုခရစ်တော်၏ ဘာသာအယူဝါဒ



ယေရှုခရစ်တော်၏ ဘာသာအယူဝါဒ
(မာကု၊ ၉း ၁ - ၂၉)
====================================
            “ယေရှုခရစ်တော်၏ ဘာသာအယူဝါဒ” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (မာကု၊ ၉း၁-၂၉) ဖြစ်ပါသည်။
            များစွာသောသူတို့က “ဘုရားတဆူတည်းကို ကိုးကွယ်သည့်အသင်းတော်သည် အဘယ်ကြောင့် ဂိုဏ်းဂဏများစွာ ကွဲနေရပါ သနည်း”ဟု ကျွန်တော်တို့ တစ်ကြိမ်ပြီးတစ်ကြိမ် မေးမြန်းကြသည်။ ထိုသို့သော မေးခွန်းကို ထပ်တလဲလဲ မေးခြင်းမှာ မဖြေနိုင်ဘဲ အကြပ် အတည်းနှင့်တွေ့ဆုံစေရန် ကျွန်တော်ကို ချောက်တွန်းခြင်းပင်ဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အခြားသောဘာသာတို့ထက် ပို၍`ကြီး မြတ်သောကြောင့် ဂိုဏ်းဂဏများစွာကွဲပြားခြင်းဖြစ်သည်ဟု သူတို့ကို ကျွန်တော်ပြန်ဖြေပါသည်။
            ဆောင်းရာသီအလယ်ခန့်၌ တစ်ခုနှင့်တစ်ခုပုံစံချင်းမတူသကဲ့သို့၎င်း၊ လူတစ်ယောက်စီသည် မျက်နှာမတူသကဲ့သို့၎င်း၊ တဆူ တည်းသောဘုရားသခင်ကို ကျွန်ုပ်တို့ယုံကြည်သော်လည်း ယုံကြည်ခြင်းကို နည်းအမျိုးမျိုးဖြင့် ဖော်ပြနိုင်ပါသည်။ ဂိုဏ်းဂဏများစွာရှိသော် လည်း ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ယေရှုခရစ်တော်၏အယူဝါဒကို လိုက်ရမည်ဖြစ်သည်။
            ခရစ်ဝင်ကျမ်းအခန်း(၉)သည် မြင့်သောတောင်ပေါ်၌ ယေရှု၏အသွင်ပြောင်းခြင်းကို မိတ်ဆက်ပေးသည်။ ဤအဖြစ်အပျက်သည် ဘာသာအယူဝါဒသုံးမျိုးရှိကြောင်းကို ကျွန်ုပ်တို့အား သွန်သင်သည်။ ယနေ့တွင် ထိုဘာသာအယူဝါဒသုံးမျိုးကို စစ်ဆေးပြီး ကျွန်ုပ်တို့ ရွေး ချယ်ရမည့်ဘာသာအယူဝါဒကို စဉ်းစားကြပါစို့။
            ပထမ မှော်၊ မိစ္ဆာဒိဌိအယူ၊ တန်ခိုး(Mysticism)၊ ဣဒ္ဓိပါဠ်တို့နှင့် စပ်ဆိုင်သောအယူဝါဒ။
            ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းမခံရမှီ၊ ပေတရု၊ယာကုပ်နှင့်ယောဟန်တို့ကို မြင့်သော တောင်ပေါ်တစ်နေရာ သို့ ခေါ်သွားပြီး သူတို့ရှေ့၌ ထူးခြားသော အဆင်းအရောင်ပြောင်းလဲလက် အသွင်ပြောင်းတော်မူသည်။ တပည့်တော်သုံးယောက်တို့ သည် ထိုမြင်ကွင်းကြောင့် သတိလစ်မတတ်ဖြစ်ကြသည်။ ယေရှုသည် ချက်ချင်းအသွင်ပြောင်းသည်။ သူ၏အ၀တ်တော်တို့သည် မျက်စိ ကျိန်းလောက်အောင် ဖြူဆွတ်သည်။
            တပည့်တော်များအတွက် ပို၍အံ့ဩဘွယ်ကောင်းပေသည်မှာ ယေရှုသည် ရှေ့နှစ်ပေါင်းတစ်ထောင်ငါးရာအချိန်၌ ကွယ်လွန်ခဲ့ သည့် မောရှေနှင့်၎င်း၊ မီးလျှံရထားဖြင့် ကောင်းကင်သို့တက်ကြွသွားသည် ဧလိယနှင့်၎င်း စကားပြောနေခြင်းပင်ဖြစ်သည်။ တပည့်တော် များသည် အလွန်ထိတ်လန့်ကြောက်ရွံ့ကြကာ ပါးစပ်အဟောင်းသားနှင့် ရှိနေကြသည်။
            သမ္မာကျမ်းစာသည် လူ၏ဥာဏ်နှင့်မမှီနိုင်သော နက်နဲခြင်းများနှင့် ပြည့်နှက်သည်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းခြင်းမှာ နက်နဲသောအရာဖြစ်သည်။ မာရိအား အပျိုစင်ဖြစ်ခြင်းကို မပျက်စေဘဲ သူ့အားဖြင့် ယေရှုမွေးဖွားခြင်းသည် နက်နဲသော အရာဖြစ်သည်။ ယေရှုသည် ဂါလိလဲရေအိုင်ပေါ်၌ လမ်းလျှောက်ခြင်းမှာ နက်နဲသောအရာဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းမှ နက်နဲ သောအရာတို့ကို ဖယ်ရှားမည် ဆိုပါက ယုံကြည်ရမည့်အရာရှိမည်မဟုတ်တော့ပါ။ သမ္မာကျမ်းစာ၌ပါရှိသော နက်နဲသည့်အရာတိုင်းကို ကျွန်ုပ်တို့ ယုံကြည်သည်။
            သို့သော်လည်း ကျွန်ုပ်တို့သည် မှော်၊မိစ္ဆာဒိဌိ(Mysticism) တန်ခိုး၊ဣဒ္ဓိပါ၌သမားများမဟုတ်ပါ။ နက်နဲသောအရာကို ယုံကြည် ခြင်းနှင့်မှော်၊ တန်ခိုးဣဒ္ဓိပါ၌သမားတစ်ယောက်ဖြစ်ခြင်းသည် အလွန်ဝေးကွာလှသည်။
            တောင်ပေါ်၌ ထိုသို့သော် အဆင်းအရောင်ပြောင်းခြင်းတစ်ခုကို ခံစားတွေ့ကြုံပြီးနောက် ပေတရုသည် ယေရှုအား “ရဗ္ဗိ၊ ဤနေ ရာသည် နေချင်စဘွယ်ကောင်းပါ၏။ ကိုယ်တော်အတွက်တဲတဆောင်၊ မောရှေအတွက် တဲတဆောင်၊ ဧလိယအတွက်တဲတဆောင် ဆောက်လုပ်ပါရစေ”ဟု ဆို၏။
            ပေတရုသည် - မောရှေ၊ဧလိယတို့နှင့် တတန်းတည်းဖြစ်သော တဲတဆောင်ကို ယေရှုအတွက် ဆောက်ပေးမည်ဟု ပြောခြင်းဖြင့် ယေရှုအား လူနှင့်အဆင့်အတန်းအတူတူထားခြင်းဖြစ်သည်။
            မှော်၊တန်ခိုး၊ ဣဒ္ဓိပါ၌(Amystic)မိစ္ဆာဒိဌိအယူသမားတစ်ယောက်ဆိုသည်မှာ နက်နဲသောအရာတစ်ခုကို တွေ့ကြုံခံစားရပြီး နောက် ယေရှုကို လူနှင့်တန်းတူထားခြင်းအားဖြင့် လူကို ဘုရားနေရာ၌ထား၍၊ ကိုးကွယ်သောသူဖြစ်သည်။ မိစ္ဆာဒိဌိတစ်ယောက်သည် ယေရှုကိုယ်တော်ကိုနှစ်သက်ခြင်းထက် နက်နဲသောအရာများကို ပို၍ နှစ်သက်ကြသည်။ နက်နဲလျှို့ဝှက်သောအရာ၌ နစ်မွန်းနေရာ မိမိ၏ မိသားစုနှင့် ဆွေမျိုးအသိုင်းအ၀ိုင်းတို့ကို စွန့်ပယ်သောသူဖြစ်သည်။ ၎င်းအားလုံးတို့သည် မိစ္ဆာဒိဌိအယူဝါဒဘာသာဖြစ်ပါသည်။ နောက်ဆုံး သောကာလ၌ ထိုသို့သော အယူဝါဒသည် ပေါ်လာပြီး ယုံကြည်ခြင်းကို ပျက်ပြားစေမည်ဖြစ်သည်။ ထို့ကြောင့် ထိုသိုပသောသူတို့ကို ကျွန်ုပ်တို့ စောင့်ကြည့်ကြရန် ဖြစ်သည်။
            ဒုတိယ -  ခေတ်ပေါ်အယူဝါဒ
            ယေရှုသည် တောင်ပေါ်မှာ ဆင်းကြွလာသောအခါ အခြားသောတပည့်တော်တို့သည် ကျမ်းတတ်ဆရာများနှင့် အငြင်းအခုံဖြစ် နေကြသည်။ တပည့်တော်များသည် မျှော်လင့်ရာမဲ့စွာဖြင့် မျက်နှာဖြူဖတ်ဖြူယော်ဖြစ်နေကြသည်။ စကားအသော နတ်ဝင်သည့်ကလေး ငယ်တစ်ယောက်သည် တစ်ကိုယ်လုံးဒဏ်ရာပြည့်လျက် ထိုင်နေသည်။ ထိုကလေးငယ်အနီး၌ ငိုနေသောသူ၏ဖခင်ရှိသည်။ ယေရှုက “မည်သည့်အကြောင်းကို ငြင်းခုံကြပါသနည်း”ဟု မေးမြန်းသည်။
            လူအုပ်ကြီးအလယ်၌ပါသောဖခင်က “ဆရာ၊ ကျွန်ုပ်တို့ကို သနားမစပါ။ ကျွန်ုပ်၏သားသည် နတ်ဆိုးဘမ်းစားပြီး၊ ရေထဲသို့၎င်း၊ မီးထဲသို့၎င်း၊ တွန်းချပါ၏။ တစ်ကိုယ်လုံးသည် ဒဏ်ရာနှင့်ပြည့်လျက်ရှိ၏။ ဘေးအန္တရာယ်ကိုအကြိမ်ကြိမ်ကျော်ဖြတ်ခဲ့ပါပြီ။ ထိုနတ်ဆိုးနှင် ထုတ်ရန် တပည့်တော်များကို ကျွန်ုတော်တောင်းပန်သော်လည် သူတို့မတတ်နိုင်ကြပါ။ ကျွန်ုပ်သား၏ရောဂါနှင့် ပတ်သက်၍ ကိုယ်တော် ၏တပည့်တော်များနှင့် ကျမ်းပြုဆရာများ၏ ငြင်းခုံခြင်းသည် မည်သို့အကျိုးကို ပေးမည်နည်း”ဟု ပြန်ဖြေ၏။
            ကျမ်းစာ၌ တတ်ကျွမ်းသော ကျမ်းတတ်ဆရာဖါရိရှဲတို့နှင့် ယေရှု၏တပည့်တော်များ ငြင်းခုံခြင်းသည် ခေတ်သစ်အယူဘာသာပင် ဖြစ်သည်။ သူတို့၌ ဘာသာရေးအခမ်းအနားများ၊ စည်းမျဉ်းစည်းကမ်းနှင့် ၀ိနည်း စသည်တို့ရှိကြသော်လည်း လူ၏စိတ်ဝိညာဉ်ကို ပြောင်း လဲစေနိုင်သောတန်ခိုး၊ ဖိနှိပ်ညှင်းဆဲခြင်းမှလွတ်မြောက်စေနိုင်သော တန်ခိုး၊ အချုပ်ခံသောသူအတွက် လွတ်ရာလမ်းကို ပြင်ဆင်ပေးသည့် တန်ခိုးမရှိကြပါ။ ဒဏ်ရာအနာတရဖြစ်သောသူများစွာတို့သည် သူတို့ထံသို့လာကြပြီး၊ အကူအညီတောင်းကြသော်လည်း ထိုစိတ်သောက ရောက်သောသူတို့ကို မစနိုင်သည့် တန်ခိုးအစွမ်းသူတို့၌မရှိပါ။
            ထိုခေတ်၏၀ါဒလမ်းကြောင်းကိုယူသော အသင်းတော်သည် ဘုရားသခင်၏ နက်နဲသောတန်ခိုး၊ အံ့ဘွယ်ရာနိမိတ်လက္ခဏာ တန်ခိုးတို့မရှိပါ။ သူတို့သည် အသက်ရှင်သောဘုရားကို တောင်းတသောသူတို့၏ငတ်မွတ်ခြင်းကို မပြေစေနိုင်ကြပါ။ သူတို့သည် အသစ် တဖန်မွေးဖွားစေခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စေခြင်း အနာရောဂါငြိမ်းစေခြင်း၊ ကောင်းချီးမင်္ဂလာရရှိစေခြင်းနှင့် လာမည့် ခေတ်ကာလအတွက် မျှော်လင့်စေခြင်းစသည်တို့ကိုမပြုနိုင်ကြပါ။ သစ်ပင်တစ်ပင်သည် ရောဂါရပြီးပြိုလဲသကဲ့သို့ လူတို့ကို ပျက်စီးယိုယွင်း ခြင်းတွင်းနက်ကြီးထဲသို့ တွန်းချကြသည်။
            တတိယယေရှုခရစ်တော်၏အယူဘာသာ
            ယေရှုသည် မြင့်သောတောင်ပေါ်၌ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့၏ရှေ့မှောက်တွင် မောရှေ၊ ဧလိယတို့နှင့်တွေ့ဆုံကာ ဘုရားသခင်၏ ဘုန်းအသရေတော်၌ အရောင်အဆင်း ပြောင်းလဲသွားရသည်။ သို့သော်လည်း ယေရှုသည် တောင်ပေါ်၌မိမိအတွက်တဲကို ဆောက်လိုသော အယူဝါဒသမားတစ်ယောက်မဟုတ်ပါ။ ထိုနက်နဲရာကို တွေ့ကြုံခံစားပြီးနောက် ယေရှုသည် အပြစ်ဒုစရိုက်ရှိသောနေရာ သေခြင်းရှိသောနေရာ၊ မျှော်လင့်ရာမဲ့ခြင်း၊ ဆင်းရဲဝေဒနာခံစားခြင်း၊ မျက်ရည်ကျခြင်းစသည်တို့ရှိနေသော နေရာသို့ပြန်ဆင်းလာသည်။
            တောင်ခြေရင်း၌ သီအိုရီတစ်ခုတည်းကိုသာပေးသည်။ ခေတ်ပေါ်ဝါဒမဟုတ်ပါ။ ယေရှုခရစ်တော်၏အယူပါဒသည် ဘုရားသခင် ၏အံ့ဩဘွယ်ရာတန်ခိုးတော်ကိုခံထားပြီးနောက် လက်တွေ့ကျသောအသက်တာသို့ပြန်လာရန် မိန့်ဆိုသည်။ ၎င်းဝါဒသည် ဖခင်ကအလုပ် ပြန်ဆင်းရန် မိခင်သည် မိသားစုထံသို့ ပြန်လာရန်နှင့် ကျောင်းသားတစ်ယောက်သည် သူ၏ကျောင်းသို့ ပြန်လာရန်တောင်းဆိုသည်။
            ယေရှုခရစ်တော်၏အယူဘာသာရပ်သည် မိမိအားအပ်နှံထားသောနေရာ၌ ခရစ်တော်၏ ဘုန်းအသရေတော်ကို ပြန့်နှံ့စေသော ဘာသာရပ်ဖြစ်သည်။ လောကကြီးသည် သေခြင်း၊ ညစ်ညမ်းခြင်း၊ မျက်ရည်ကျခြင်း၊ ဝေဒနာခံခြင်းတို့နှင့် ပြည့်သော်လည်း ယေရှုခရစ် တော်၏ဘာသာသို့ ကျွန်ုပ်တို့ပြန်လာပြီး၊ ၎င်းထဲ၌နေထိုင်သောအခါ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကျွန်ုပ်တို့အား သေခြင်းမှ အသက်ရှင်ခြင်းသို့ရောက်စေသည်။ မှောက်မိုက်မှ အလင်းသို့ရောက်စေသည်။ အနာရောဂါတို့ကို ငြိမ်းစေသည်။ မျှော်လင့်ရာမဲ့ရာမှ မျှော် လင့်ခြင်းရှိသောသူဖြစ်စေသည်။ ၎င်းသည် ယေရှုခရစ်တော်၏အယူဝါဒပင်ဖြစ်သည်။
            ဘုရားသခင်သည် ယေရှုခရစ်တော်၏ဘာသာမဟုတ်သော မိစ္ဆာဒိဌိအယူဘာသာခေတ်ပေါ်အယူဝါဒတို့ကို ပယ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုကို ယုံကြည်ကြသော်လည်း လောက၌ အမှန်တကယ်ရှိပြီး ဖြစ်သောအရာတို့ကို ငြင်းပယ်ရန်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ခေတ်သစ်မော်ဒန်ဝါဒ၊ မိစ္ဆာဝါဒသမားမဖြစ်သင့်ပါ။ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာလျှင် ဘုရားသခင် ၏ အကန့်အသတ်မရှိသော နက်နဲရာတို့ကို တွေ့ကြုံခံစားကြမည်ဖြစ်ပါသည်။
            ထိုသို့ဆိုသော် ဘုရားသခင်၏ နက်နဲသောအရာတို့ကို ကျွန်ုပ်တို့မည်သို့ ခံစားနိုင်ကြမည်နည်း။
            ဘုရားသခင်၏နက်နဲသောအရာတို့ကို ခံစားတွေ့ကြုံရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝပါ။ ထိုဝိညာဉ်တော်အား ဖြင့် ပညာ၊ ထိုးထွင်းသောဥာဏ်၊ ယုံကြည်ခြင်း၊ အနာရောဂါငြိမ်းခြင်း၊ အံ့ဘွယ်တန်ခိုးတို့ကိုပြခြင်း၊ ပရောဖတ်ပြုခြင်း၊ စိတ်ဝိညာဉ်ကိုပိုင်း ခြားတတ်ခြင်း၊ ဘာသာစကားအမျိုးမျိုးကိုပြောခြင်း၊ ဘာသာစကားများကို အနက်ပြန်ခြင်းစသော ဆုကျေးဇူးများကိုရပါ။
            သင်သည် နက်နဲသောအရာတစ်ခုကို တွေ့ကြုံခံစားရသော်လည်း ကိုယ့်ကိုယ်ကို မချီးမြှောက်ပါနှင့်။ အမှန်တရားမှ လွဲမသွားပါ နှင့်။ ပြဿနာပေါင်းစုံရှိပြီး ငြီးငွေ့ဘွယ်ကောင်းသော လောကကြီးထဲသို့ ဆင်းကြွလာသောယေရှုကို သင်၏ကယ်တင်ရှင်အဖြစ်ထားပါ။ သင်၏အသက်တာ၌အလွန်ကြီးမားသော၊ နက်နဲသောတန်ခိုးအားဖြင့် အသိုင်းအ၀ိုင်းထက်ပို၍ ကောင်းသော လူတစ်ယောက်ဖြစ်ပါ။
            အကောင်းမြင်သောသဘော၊ အမှန်အတိုင်းဝန်ခံတတ်သောသဘော၊ အပြုသဘောနှင့် ဖြစ်ထွန်းစေတတ်သောသဘောရှိသော ယုံကြည်ခြင်း၏ ကြီးမားသောအစွမ်းကို အသုံးပြုပါ။
            ထိုသို့ပြုသောအခါ၌ သင်သည် ကျန်းမာခြင်းကိုခံစားပြီး သင်သွားရာနေရာတိုင်း၌ သင်၏စိတ်ဝိညာဉ်ကောင်းစားသည့်အတိုင်း အရာခပ်သိမ်းတို့၌ အဆင်ပြေပြီး အကြံထမြောက်မည်ဖြစ်သည်။ သင်သည် အသက်တာနှင့်ပြည့်စုံကြွဝသော အသက်တာကို ခံစားနိုင် မည်ဖြစ်သည်။ ဘုရားသခင်သည် သင့်အား အမြီးမဖြစ်စေဘဲ၊ ဦးခေါင်းဖြစ်စေမည်ဖြစ်သည်။ ထိုသို့သောကောင်းကြီးမင်္ဂလာများကို သင့် အားပေးမည်ဖြစ်သည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့