ရုန်းကန်ခြင်းမရှိသောအသက်တာ အပိုင်း (၃)



ငါမှန်တယ်လို့ငါထင်တယ်၊ ဒါပေမယ့် ငါမှားနိုင်တယ်
==============================
          ရှင်ယာကုပ်ဩ၀ါဒစာစောင်က ကျွန်ုပ်တို့အသက်တာထဲမှာ ရန်တွေ့ခြင်းနဲ့ဂုဏ်ပြိုင်ခြင်းရှိမယ်ဆိုရင် ကိုယ့်ကိုယ်ကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်လို့ ခံယူအောင် လှည့်စားမယ့်အကြောင်း သွန်သင်ပါတယ်။
          သို့မဟုတ် သင်တို့စိတ်ထဲမှာ ခါးစွာသောဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင် သမ္မာတရားကို မုသာဖြင့် ဆန်၍မ၀ါကြွားကြနှင့်(ယာကုပ်၊၃း၁၄)။
          လက်တွေ့နယ်ပယ်မှာ ဒီလို အဓိပ္ပါယ်ရတယ်။ ဒေးဗ်နဲ့ ကျွန်မဟာ ရန်ဖြစ်နိုင်ပါတယ်။ မာနက ‘ကျွန်မမှန်တယ်’လို့ လှုံ့ဆော်ပြီး ဒေါသထွက်လာမယ်။ အငြင်းပွားလာမယ်။ နောက်ဆုံး ရန်ဖြစ်တဲ့အထိ ဖြစ်လာမယ်။ ဒီလိုဖြစ်တာ ဒေးဗ်က ကျွန်မရဲ့စကားကို နားထောင်ဖို့ ငြင်းဆန်တဲ့အတွက် ဖြစ်တယ်။
          ဥပမာတစ်ခုကို ပေးပါစေ။ တစ်ညနေခင်းမှာ ဒေးဗ်နဲ့ကျွန်မဟာ အခြားဇနီးမောင်နှံနှစ်ယောက်ကို ညစာစားသွားဖို့ ၀င်ခေါ်ဖို့သွားကြပါတယ်။ သူတို့အိမ်ကို ကျွန်မတို့တစ်ခါပဲ ရောက်ဖူးတယ်။ ပြီးတော့ အဲဒီအချိန်က တကယ်ကြာသွားပြီ။ သူတို့ဆီကို ဦးည်သွားနေချိန်မှာ ဒေးဗ်က ကျွန်မဘက်ကို လှည့်ပြီး မေးပါတယ်။ “သူတို့အိမ်ကို ဘယ်လိုသွားရမလဲဆိုတာ ငါမသိတော့ဘူး။”
          “အို၊ ကျွန်မ သိပါတယ်”လို့ ပြောပြီး သူ့ကို လမ်းညွှန်ပေးပါတယ်။ “သူတို့အိမ်သွားတဲ့လမ်း ဟုတ်မယ်မထင်ဘူး”လို့ ကျွန်မ ညွှန်ပြပြီးတဲ့အခါ သူက ပြောပါတယ်။
          “ဒေးဗ်၊ နင် ငါ့စကားဆိုရင် ဘယ်တော့မှ နားမထောင်ပေးဘူး”လို့ ကျွန်မအော်ပြောလိုက်ပါတယ်။ ကျွန်မရဲ့အသံအနေအထားက သူ့ကို ကျွန်မဂုဏ်မပြုနိုင်တဲ့အကြောင်းကို ထင်ဟပ်ပြပါတယ်။ အဲသလို အော်ဟစ်လိုက်မှပဲ ကျွန်မညွှန်ပြတဲ့အတိုင်း ဆက်မောင်းသွားပါတယ်။ သူ့ကို ကျွန်မပြောလိုက်တယ်။ သူတို့က ဘယ်ရပ်ကွက်၊ ဘယ်လမ်းထဲမှာ နေတယ်။ အိမ်က အညို ရောင်နဲ့ဆိုပြီး တစ်လမ်းလုံး ကျွန်မကပြောပြရပါတယ်။
          သူတို့အိမ်လို့ ကျွန်မယုံကြည်ထားတဲ့လမ်းကို ရောက်သွားတဲ့အခါ လမ်းဘေးမှာ စက်ဘီးတစ်စီး လှဲထားတာကို တွေ့လိုက်ပါတယ်။ “ဒီလမ်းဟုတ်တယ်ဆိုတာ ငါသိတယ်”လို့ ပြောလိုက်ပါတယ်။ “ဘာဖြစ်လို့လည်းဆိုရင် နောက်ဆုံးတစ်ခါသွားတုန်းက အဲဒီစက်ဘီးလှဲထားတာကို သတိရလို့ဖြစ်တယ်” ကျွန်မမှန်တဲ့အကြောင်း သက်သေပြဖို့ သိပ်ပြင်းထန်နေတယ်။ ကျွန်မရဲ့ အတွေးထဲမှာ ကျွန်မမှန်ကန်နေကြောင်း လိမ်လည်ခြင်းက အကူအညီပေးခဲ့ပါတယ်။
          မာနနဲ့လိမ်ညာခြင်းဟာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ ကျွန်မတို့ ဆက်သွားပြီး လမ်းဆုံးတဲ့အခါ ဘာဖြစ်သလဲဆိုတာ သင်သိသလား။ ကျွန်မပြောခဲ့သလို အိမ်က အညိုရောင်မဟုတ်ဘူး။
          သင် မှန်ကန်ကြောင်း သက်သေပြဖို့ သင့်အတွေးထဲမှာ အချက်အလက်တွေကို စုဆောင်းခဲ့ဖူးသလား။ အဆုံးမှာတော့ အမှားနဲ့ အဆုံးသတ်ဖူးသလား။ ဘုရားသခင်က ဒီလိုအတွေ့အကြုံကို မာနနဲ့ပြည့်တဲ့ နှလုံးသားက ရန်တွေ့ခြင်းကို ဖိတ်ခေါ်တဲ့တံခါးပေါက်ဖြစ်တယ်လို့ဆိုတာ ပြဖို့ အသုံးပြုပါတယ်။
          ဒေးဗ်နဲ့ကျွန်မ ဒီလိုအဖြစ်မျိုးနဲ့ ကြုံတွေ့တဲ့အချိန်မှာ ဘုရားသခင်က ဒီလိုပြောလာဖို့ စောင့်မျှော်ပါတယ်။ “ငါ မှန်တယ်ထင်တာပဲ၊ ဒါပေမယ့် ငါ မှားနိုင်ပါတယ်။” ဒီလိုရိုးစင်းပြီး နှိမ့်ချတဲ့အပြုအ မူကို အသုံးပြုခြင်းအားဖြင့် အငြင်းပွားစရာ ကိစ္စတော်တော်များများကို ရှောင်လွှဲနိုင်ခဲ့ကြပါတယ်။
          ယုံကြည်သူတွေဟာ ရန်တွေ့ခြင်းကို ရှောင်ရှားရမယ်။     
          “သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညှင်းစွာပြုသောသူ၊ ဆုံးမဩ၀ါဒပေးခြင်းအမှု လိမ္မာသောသူ၊ သည်းခံနိုင်သောသူ ဖြစ်ရမည်” (၂တိ၊ ၂း၂၃)။
          အငယ်၊ ၂၄ ကို စေ့စေ့ကြည့်မယ်ဆိုရင် ရန်တွေ့ခြင်းကို ဘယ်လိုရှောင်လွှဲလို့ ရနိုင်သလဲဆိုတာကို တွေ့ရမှာ ဖြစ်တယ်။
          “မိုက်မဲ၍ ပညာကင်းသော ပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ ပယ်ရှားလော့”(၂တိ၊ ၂း၂၃)။
          ဒီကျမ်းပိုဒ်ရဲ့ တကယ့်ဆိုလိုချက်က ဒီလိုဖြစ်မယ်လို့ ကျွန်မယုံကြည်တယ်။ “ကိုယ့်ကိုယ်ကို ဘာပြောလို့ပြောမှန်းမသိတဲ့သူတွေနဲ့ အကျိုးမဲ့ အရည်မရ အဖတ်မရ ငြင်းခုံနေတဲ့သူတွေကို ခပ် ဝေးဝေးရှောင်ပါ။” မကြာခဏ လူတွေဟာ ဘယ်သူ့အတွက်မှ အကျိုးမဖြစ်ထွန်းစေနိုင်တဲ့ကိစ္စနဲ့ အငြင်းအခုံ လုပ်တတ်ကြပါတယ်။
          လွန်ခဲ့တဲ့ အချိန်တွေတုန်းက ဒေးဗ်နဲ့ကျွန်မဟာ ရှပ်ရှင်ဇာတ်လမ်းထဲက မင်းသားမင်းသမီးတွေရဲ့ အကြောင်းနဲ့ ပက်သက်ပြီး မဆီမဆိုင်
xxxxxxxx
ရုန်းကန်ခြင်းမရှိသောအသက်တာ
}}}}}} Joyce Meyer {{{{{{

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့