ဇာတ်လမ်း(၈)
ဇာတ်လမ်း(၈) ဗာဗုလုန်ရဲတိုက်
ကမ္ဘာဦးကျမ်း ၁၁း၁-၉
၁မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း ၂အရှေ့မျက်နှာမှ ခရီး သွားသဖြင့်
ရှိနာပြည်၌ မြေညီရာအရပ်ကို တွေ့၍ နေရာချကြ၏။ ၃သူတို့ကလည်းလာ ကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန် အံ့ဟု တစ်ယောက်ကိုတစ်ယောက်
ပြောကြ၏။ ထိုသို့ကျောက်အရာ၌အုတ် ကို၎င်း၊ သရွက်အရာ၌ ရေညှိတစ်မျိုးကို၎င်း ရပြီးလျှင်၊ ၄လာကြ၊
မြေကြီး တစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍ မြို့ကို၎င်း၊ မိုဃ်းကောင်းကင် သို့
မှီရသောရဲတိုက်ကို၎င်း တည်လုပ်သဖြင့် ကျော်စေကိတ္တိရှိစေခြင်းငှါ ပြု ကြကုန်အံ့ဟုပြောဆိုကြ၏။
၅ထိုသို့ လူသားတို့ တည်လုပ်သောမြို့နှင့် ရဲ တိုက်ကို ကြည့်ရှုခြင်းငှါ တာဝရဘုရားသည်
ဆင်းသက်တော်မူ၏။ ၆ထာဝရ ဘုရားက ကြည့်ရှုလော့။ လူတစ်မျိုးတည်း စကားတစ်မျိုးတည်းရှိသည်ဖြစ်၍
သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတား မရှိ သူတို့ပြုကြလိမ့်မည်။
၇လာကြ၊ ဆင်းသက်ကြကုန်အံ့၊ သူတို့သည် အ ချင်းချင်းနားမလည်စေခြင်းငှါ သူတို့စကားကို
ရှုတ်ထွေးကြကုန်အံ့။ သူတို့ သည် အချင်းချင်းနားမလည်စေခြင်းငှါ သူတို့စကားကို ရှုတ်ထွေးကြကုန်အံ့
ဟု မိန့်တော်မူ၏။ ၈ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်
သူတို့သည် မြို့ကို မတည်ဘဲနေကြ၏။ ၉သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏
စကားကို ရှုတ်ထွေး၍ သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့်
ထို့မြို့သည် ဗာဗုလုန်မြို့ ဟူ၍ တွင်သတည်း။
လူတို့၏မာနကိုဘုရားရိုက်ချိုးတော်မူခြင်း
နောဧ၏မျိုးဆက်မဟာမြေးမြတ်တော်သူ နိမ်ရောဒဟာ
မြေကြီးပေါ် မှာ အဦးအစွမ်းထက်သူ တစ်ယောက်ဖြစ်လာတယ်။ ဘုရားအလိုတော်ဆန့် ကျင်သူဖြစ်လာတယ်။
နိုင်ငံလုပ် အုပ်စိုးလာခဲ့တဲ့အထဲမှာ ဦးစွာသောဗာဗယ် ကို နောင်အခါ ဗာဗုလုန်ဟုခေါ်၍ ဗဟိုပြုခဲ့တယ်။
(ကမ္ဘာ ၁၀း၈-၁၀) မှာ ဖတ်ကြည့်ပါ။
ဒီဇာတ်လမ်းထဲမှာ ဗာဗုလုန်နိုင်ငံကလူတွေက
သူတို့ကျော်ဇောကိ တ္တိရှိလိုကြတယ်။ သူတို့ဟာ မိုးကောင်းကင်တက်ထိုးပြီး မှီနိုင်တဲ့ရဲတိုက်တစ်
ခုဆောက်လိုကြတယ်။ ဒါက လူတွေ မြေတစ်ပြင်လုံးကို နှံ့ပြားရောက်စေရ မည်ဆိုတဲ့ ဘုရားပညတ်ထားခဲ့တာကို
မလိုချင်ကြဘူးပေါ့။ ဒီလိုမာနထားပြီး သူတို့ဟာ ဘုရားမကြိုက်တဲ့မိစ္ဆာဘာသာရေးတစ်ခုကို
စလိုက်တာပဲ။ သူတို့ ဟာ သူတို့လုပ်နေတာပြီးစီးသွားနိုင်တဲ့ အကြောင်းကို ကြွားပြောကြတယ်။
ထာဝရ ဘုရားသခင်ဟာ သူနဲ့ဆန့်ကျင့်ပြီး၊ မြေကြီးအောက်မှာ အုပ်စုဖွဲ့ကြ တာကို အလိုတော်မရှိဘူး။
ဒါကြောင့် လူတွေကို ဘာသာစကားအမျိုးမျိုး ပြောကြစေရန် လုပ်ပစ်လိုက်တယ်။ လူတွေ သူတို့စကားပြောတာ
နားလည် ခြင်းရှုတ်ထွေး လာကုန်လို့ သူတို့ဆောက်လုပ်နေတာရပ်ပစ်လိုက်ရတယ်။ (ယော ၁၅း၅ခ) ထဲမှာ `ငါနှင့်ကွာလျှင်
သူတို့သည် အဘယ်အမှုကိုမျှမတတ် နိုင်ကြ။´ လို့ပြောခဲ့တယ်။ ``ထိုမျှမက၊ အချင်းချင်းတစ်ယောက်အောက်
တယောက်နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား ထောင်လွှားစော်ကား
သောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူး ပြုတော်မူ၏။
၆ထိုကြောင့်၊ ကာလအချိန် တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊
တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကို ကိုယ်နှိမ့်ချကြလော့။´´ (၁ပေ ၅း၅ခ-၆)။
ဘုရားသခင်ဟာ သူ့လူတွေကို စည်းလုံးမှုရှိစေလိုပါတယ်။
မှတ်မိပါ လိမ့်မယ်။ ယေရှုလက်ဝါးကပ်တိုင်ပေါ်အသေခံတော်မူပြီးတဲ့အချိန် နောက် ပိုင်း၊ ပသခါပွဲနေ့ပြီးရက်(၅၀)မြောက်နေ့မှာ
လုပ်တဲ့ ပင်တေကုတ္တေနေ့တစ် နေ့မှာ၊ ယေရှုတပည့်တွေအားလုံး ``စိတ်နှလုံးတညီတညွတ်တည်း´´
အ တူတကွစုဝေး နေကြစဉ်မှာ သန့်ရှင်းသောဝိညာဉ်တော် သူတို့အပေါ်ကျ ရောက်လာခဲ့ပါတယ်။ အဲဒီနေ့မှာ
လူတွေ တအံ့တဩဖြစ်ကုန်ခဲ့ကြရတယ်။ ဘာကြောင့်ဆိုတော့ သူတို့ တစ်တွေဟာ ``ငါတို့သည် အသီးသီးမွေးဘွား
ရာ ဌာန၏ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း။´´ဟု ဆိုကြတယ်။ (တမန်တော် ၂း၈)။
မှန်တယ် ယေရှုတပည့်တွေဟာ ၀ိညာဉ်တော်စည်းလုံးမှုကို
ခံယူပြီး၊ တခြားတပည့်တော်တွေနဲ့ သူတို့အချင်းချင်းတိုင်းနိုင်ငံကွဲပြားပြီး ဘာသာစကား
မတူညီသော်လည်း တညီတညွတ်ဆက်ဆံကြတယ်။ ကျွန်ုပ်တို့ဟာ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းရှိကြတယ်။
သို့သော် လူတွေဟာ ဘုရားနဲ့လမ်းခွဲပြီး၊ စုစည်းအုပ်စုဖွဲ့ကြတာ
နောက်ဆုံးမှာ ဘာမျှမရပါဘူး။ ဒါကြောင့် ကျွန်ုပ်တို့ဟာ မိမိနာမထင်ပေါ်ဖို့ လုပ်တာ၊ ဒါမဟုတ်
အုပ်စုအလိုက်၊ ပြုစားခြင်းအလေ့အကျင့်နဲ့ လူ့နာမချီး မြှောက်နေကြတဲ့အထဲ ပါဝင်ပတ်သက်နေတာတွေကို
သတိထားရှောင်ကြဖို့ လိုတယ်။ ``၄အခြားသော ကောင်းကင်အသံကား ငါ၏လူမျိုးတို့၊
သင်၏အ ပြစ်တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း ကင်း လွတ်အံ့သောငှါ
သူ၏အထဲကထွက်ကြလော့။´´ (ဗျာဒိတ် ၁၈း၁၄)။
Comments