ဇာတ်လမ်း (၉)
ဇာတ်လမ်း (၉) အာဗြံကို ဘုရားခေါ်တော်မူခြင်း
ကမ္ဘာဦးကျမ်း ၁၂း၁-၅,၇
ထာဝရဘုရားသည်လည်း
အာဗြံကို ခေါ် တော်မူ၍ သင်၏ပြည်နှင့်တကွ အမျိုး သားချင်းပေါင်းဘော်များထဲက ထွက်ပြီး
လျှင်၊ ငါပြလတံ့သောပြည်သို့သွားလော့။ ၂ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။
ငါကောင်းချီးပေး၍ သင်၏နာမကို ကြီး မြတ် စေမည်။ သင်သည် ကောင်းချီးခံရသော သူဖြစ်လိမ့်မည်။
၃သင့်ကို ကောင်းချီးပေးသောသူကို ငါကောင်းချီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို
ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်း တို့သည် ကောင်းချီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၄ထိုသို့ထာဝရ ဘုရားမိန့်တော်မူသည်အတိုင်း၊
အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံသည် ခါရန်မြို့မှ ထွက်သွားသောအခါ၊ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။
၅အာဗြံ သည် မယားစာရဲ၊ အစ်ကို့သားလောတနှင့် ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌
ရသော လူတို့ကို၎င်း ယူပြီးလျှင်၊ ခါနာန်ပြည်သို့ရောက်ခြင်းငှါ ထွက်သွား၍ ထို ပြည်သို့ရောက်ကြ၏။
၇ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊
ဤပြည်ကိုသင်၏ အမျိုး အနွယ်အားငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရ
ဘုရားဖို့ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လေ၏။
ဘုရားသခင်သည် ယုံကြည်ခြင်းရှိသူ
လူတစ်ယောက်ကို
ရွေးချယ်တော်မူ၏။
ကမ္ဘာဦးကျမ်းကြီးကို ကျွန်ုပ်တို့လေ့လာပြီးခဲ့သမျှအတိုင်းအတာနဲ့ဆိုရင်၊
ဘုရားသခင်ဟာ ကမ္ဘာလောကတစ်ခုလုံးအတွက်အဖြေပေးခဲ့တာပါ။ ယခု နောက် ပိုင်းအခန်းကြီးတွေမှာ
ဘုရားသခင်ဟာ မဟာလူသား(၄)ဦးအကြောင်းနဲ့ ဖြေရှင်း ပြခဲ့ပါတယ်။ သူတို့ဟာ အာဗြဟံ၊ (ဘုရား
အမည်သစ်မ ပေးမီက သူဟာအာဗြံ ဖြစ်တယ်)။ ဣဇာက်၊ ယာကုပ်နဲ့ယောသပ်တို့ဖြစ်တယ်။ သူတို့များဟာ
ပြည့်ဝတဲ့ လူတွေမဟုတ်ပါဘူး။ ဘုရားကိုချစ်၍ ဘုရား အသုံးပြုလို့ရတဲ့ လူတွေပဲဖြစ်တယ်။
သူတို့အကြောင်းတွေကို သင်လေ့လာသွားတဲ့အခါ သူတို့လုပ်ဆောင်ခဲ့တဲ့ နမူနာ တွေအရ ၀ိညာဉ်တော်ဘုရား
သင့်ကို ဘာလေ့လာမိစေလိုကြောင်း သွန်သင် တော်မူပါရန် ဆုတောင်းဖို့လို မယ်။ ``၁၀ထိုအကြောင်းအရာရှိသမျှတို့သည်
ပုံသက်သေဖြစ်အံ့သောငှါ ထို သူတို့၌ရောက်ကြ၏။ ကပ်ကာလအဆုံးတွင် ဖြစ်သော ငါတို့ကို ဆုံးမစရာဘို့
ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။´´(၁ကော ၁၀း၁၁)။
``၈အာဗြဟံသည် အမွေခံရလတံ္တသာပြည်သို့
ထွက်သွားမည်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်
တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ထွက် သွားလေ၏။´´(ဟေဗြဲ ၁း၈)။ ရောမဩ၀ါဒစာ(၁၀း၁၇)အရဆို ယုံကြည်ခြင်းဟာ
ဘုရားစကားတော်ကြားရ ခြင်းအားဖြင့်ရပါတယ်။ သို့ပါသော်လည်း ယုံကြည်ခြင်းသက်သေခံဖို့ကနာခံမှုရှိခြင်း
ကို ပြနိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့
``၂၆၀ိညာဉ်နှင့်ကင်းသောကိုယ်သည်အ သေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည်
အသေဖြစ်၏။´´လို့ ကျမ်းစာကပြောပါတယ်။ (ယာကုပ်
၂း၂၆)။ ဘုရားစကားတော်ကို သင် နာခံတတ် သောကြောင့်၊ တကယ်ပဲ သင့်ယုံကြည်ခြင်းကို လူတွေက
သိမြင်နိုင်မတဲ့လား။
ဘုရားသခင် ကျွန်ုပ်တို့ကို ရွေးကောက်ခဲ့တယ်။
ယေရှုမိန့်တော်မူခဲ့တယ်။ ``၁၆သင်တို့သည်
ငါ့ကို ရွေးကောက်ကြသည်မ ဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍တည်ကြသော
အသီးကို သီးမည်အကြောင်းနှင့် ငါ့နာမကို အမှီပြု၍ ခမည်းတော်မှာ တောင်းသမျှ တို့ကို ရမည်အကြောင်း
သင်တို့ကို ငါခန့်ထား၏။´´(ယော ၁၅း၁၆)။
``၂၁တဖန် ယေရှုက ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည်နည်းတူ သင်တို့ကို ငါစေ
လွှတ်သည်ဟု မိန့်တော်မူပြီး-´´(ယော ၂၀း၂၁ခ)။
သင်ဟာ အားနည်းတယ်၊ မိုက်မဲ လွန်းတယ်လို့ထင်နေတယ်ပါမယ်။ ဒါပေမဲ့ ဘုရားက သင့်ကိုကယ်တင်ပြီး
ရွေး ကောက်ခဲ့ပြီပဲ။ ``၅ငါချစ်သည့် ညီအစ်ကိုတို့ နားထောင်ကြလော့။ လောကတွင်
ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသ ခင်ကိုချစ်သောသူတို့အားပေးမည်ဟုဝန်ခံတော်မူသော
နိုင်ငံတော်၏အမွေခံ ဖြစ် စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည်မဟုတ်လော။´´(ယာကုပ် ၂း၅)။ ဘုရားသခင်ဟာ အာဗြဟံကို အမွေခံရမယ်လို့
ကတိတော်ပေးခဲ့သလို၊ သင့် ကိုလည်း ဘုရားနိုင်ငံတော်မှာ အမွေခံတစ်ယောက်အဖြစ် ရွေးကောက်ထားတယ်။
အာဗြဟံဟာ ဘုရားပြောတဲ့နောက်လိုက်ဖို့အားလုံးကို စွန့်လွှတ်ခဲ့တယ်။ ယနေ့ သင့်ကို ဘုရား
ဘာပြောနေတယ်ထင်သလဲ။ ဘုရားအတွက် ဘယ်နေရာသွားအ လုပ်လုပ်ဖို့ ဘုရားခေါ်နေသလဲ။ ``၃ထိုသို့အလိုငှါ
သင်သည်၊ ယေရှုခရစ်ထံ၌ ကောင်းသောစစ်သူရဲကဲ့သို့ ဆင်းရဲဒုက္ခကိုသည်းခံလော့။ ၄စစ်သူရဲမည်သည်ကား၊
မိမိကို စစ်သူရဲအရာ၌ ခန့်ထားသောသူကို နှစ်သက်စေခြင်းငှါ လောကီမှုရေးနှင့် ပြွမ်းနှောရှုပ်ထွေးခြင်းကို
ပယ်ရှားတတ်၏။´´(၂တိ ၂း၃-၄)။
အလေးထားလုပ်ဆောင်ရန်
ဘုရားသခင်က အာဗြဟံအတွက် ကတိတော်(၇)ချက်ပေးခဲ့တယ်။
အဲဒါ ဘာတွေလဲ။
၁။ ငါသည်
သင့်ကို ဖြစ်စေမည်။(၂)
၂။ ငါ
ပေးမည်။(၂)
၃။ သင်၏
ကို ကြီးမြတ်စေမည်။(၂)
၎။ သင်သည်
ခံရသောသူ ဖြစ်လိမ့်မည်။(၂)
၅။ သင့်ကို
ပေးသောသူကို ငါ ပေးမည်။(၃)
၆။ သင့်ကို
သောသူကို ငါ မည်။(၃)
၇။ သင်အားဖြင့်လည်း
သည် ကို ခံရကြလိမ့် မည်။(၃)
Comments