ကမ္ဘာဦးကျမ်းလေ့လာခြင်း (၁၄)
ဇာတ်လမ်း (၁၄) ဟာဂရ နှင့် ဣရှမေလ
ကမ္ဘာဦးကျမ်း ၁၆း၁-၁၀, ၁၃, ၁၅-၁၆
၁အာဗြံ၏မယားစာရဲ၌ သားဖွားခြင်းမရှိသဖြင့်
အဲဂုတ္တုပြည်သူ ဟာဂရအ မည်ရှိသော ကျွန်မတယောက်ရှိသည်ဖြစ်၍၊ ၂စာရဲက အကျွန်ုပ်အား
သားဘွားရ သောအခွင့်ကို ထာဝရဘုရားပေးတော်မူ။ အကျွန်ုပ်၏ကျွန်မထံသို့ဝင်ပါလော့။ သူ့ အားဖြင့်
အကျွန်ုပ်သည် တည်ဆောက်ခြင်းရှိကောင်းရှိပါလိမ့်မည်ဟု အာဗြံအား ပြောဆို၍ အာဗြံသည် စာရဲ၏စကားကို
နားထောင်လေ၏။ ၃ထိုသို့ အာဗြံသည် ခါ နာန်ပြည်၌ ဆယ်နှစ်နေပြီးမှ အာဗြံ၏မယားစာရဲသည်
မိမိကျွန် အဲဂုတ္တုပြည်သူဟာ ဂရကိုယူ၍ မိမိခင်ပွန်း အာဗြံသိမ်းပိုက်စေဘို့ အပ်နှင်းလေ၏။
၎အာဗြံသည်လည်း ဟာဂရထံသို့ဝင်၍ ဟာဂရသည် ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည် မိမိတွင်
ပဋိသ န္ဓေစွဲနေကြောင်းကို သိလျှင် မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏။ ၅စာရဲကလည်း
အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌တည်ရှိပါစေ။ အကျွန်ုပ်၏ ကျွန်မကို ကိုယ်တော်ရင်ခွင်၌
အကျွန်ုပ်အပ်နှင်းပါပြီ။ သူသည် ကိုယ်၌ပဋိသန္ဓေစွဲ နေကြောင်းကို သိလျှင် အကျွန်ုပ်ကိုမထီမဲ့မြင်ပြုပါသည်တကား။
ထာဝရဘုရား သည် အကျွန်ုပ်နှင့်ကိုယ်တော်အမှုကို စီရင်တော်မူပါစေသောဟု အာဗြံအား ဆို လေ၏။
၆အာဗြံကလည်း သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှပြု ပါစေလော့ဟု
စာရဲအားပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညဉ်းဆဲသဖြင့် ကျွန်မ သည် သခင်မထံမှ ထွက်ပြေးလေ၏။
၇ထာဝရဘုရား၏ကောင်းကင်တမန်သည်
ရှုရိမြို့သို့သွားရာ တောလမ်း၌ရှိ သော စမ်းရေတွင်းနားမှာ ဟာဂရကိုတွေ့လျှင်၊ ၈စာရဲကျွန်မဟာဂရ၊
အဘယ်က လာသနည်း၊ အဘယ်အရပ်သို့ သွားမည်နည်းဟု မေးသော်၊ ကျွန်မသည် သခင်မ စာရဲထံမှ ပြေးလာပါသည်ဟုဆိုလေ၏။
၉ထာဝရဘုရား၏ကောင်းကင်တမန်က လည်း သင်၏သခင်မထံသို့ပြန်၍ သူ၏အုပ်စိုးခြင်းကို
ခံလော့ဟု မိန့်တော်ရှိ၏။ ၁၀ တဖန်ထာဝရဘုရား၏ ကောင်းကင်တမန်က သင်၏အမျိုးအနွယ်ကို
မရေတွက်နိုင် အောင် ငါ အလွန်များပြားစေမည်ဟူ၍၎င်း၊ . . . ၊ ၁၃ထိုသို့မိန့်မြွတ်တော်မူသော
ထာဝရဘုရားကို အာတောဧလရောဟူသော အမည်ဖြင့် ခေါ်ဝေါ်၍ ငါ့ကို မြင်တော် မူသောသူကို ဤအရပ်၌ပင်
ငါဖူးမြင်ရသည်တကားဟု ဟာဂရဆို၏။ ၁၅ထိုနောက် ဟာဂရသည် အာဗြံအား သားကို ဖွားမြင်၏။
အာဗြံလည်း ဟာဂရတွင်မြင်သော သားကို ဣရှမေလအမည်ဖြင့်မှည့်လေ၏။ ၁၆အာဗြံသည်
သားဣရှမေလကို ဖွား မြင်သောအခါ အသက် ရှစ်ဆယ့်ခြောက်နှစ် ရှိသတည်း။
အလေးထားအာရုံပြုရန်
ဟာဂရဟာ သူမ၌စိတ်ရှုပ်စရာကောင်းလှတဲ့အခြေအနေကိုတွေ့တော့
ထွက်ပြေးခဲ့တယ်။ သူမ၌ပြဿနာတစ်စိတ်တစ်ပိုင်ဟာ သူလုပ်လို့ဖြစ်တာမဟုတ်။ ဟာဂရခံစားလိုက်ရတာက
အာဗြံနဲ့စာရဲတို့လင်မယားနှစ်ယောက်ဟာ ဘုရားသခင့် နည်းနဲ့အချိန်ရောက်ရင် ပေးမည်ပြောထားတဲ့ကတိတော်အလိုပြည့်စေမယ်ဆိုတာ
ကို ယုံကြည်မှုမရှိခြင်းကြောင့် ဖြစ်လာရတာဖြစ်တယ်။ သို့သော်လည်း ပြဿနာတ စိတ်တပိုင်းကတော့
ဟာဂရလုပ်ခဲ့တာပါ။ သူမဟာ မရိုမသေပြုခြင်းနဲ့ မာနတက်ခဲ့ တယ်။ ဒါတောင် ဘုရားသခင်ဟာ သူမဆီရောက်လာပြီး
အားပေးနှစ်သိမ့်ခဲ့တယ်။ ကိုယ်တော်ဟာ သူမကို အံ့ဩဖွယ်ကတိတော်နဲ့ ပညတ်တော်တစ်ချက်ပေးခဲ့တယ်။
သူမကို သူမရဲ့သခင်မဆီပြန်လှည့်စေပြီး အုပ်စိုးခြင်းကိုခံဖို့ပညတ်လိုက်တာပါ။ ``၂၁ခရစ်တော်ကို
ခန့်ညားသောအားဖြင့်၊ အချင်းချင်းတစ်ယောက်အောက်တစ် ယောက် ကိုယ်ကို နှိမ့်ချလျက်နေကြလော့။´´(ဧဖက်၅း၂၁)။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကိုလည်း
အဲဒီလိုလိုက်နာကြဖို့ အလိုတော်ရှိတယ်။ နှိမ့်ချတယ်ဆိုတာ အောက်တန်းကျတာ၊ လူကြားထဲအရေးမပါတာ
မဟုတ်ပါဘူး။ သတိရပါ။ ယေရှု ဟာ ကောင်းကင်ခမည်းတော်ကို နှိမ့်ချအပ်နှံခဲ့ပါတယ်။ ဒါလည်း
ယေရှုဟာ ခမည်း တော်နဲ့တစ်တန်းတည်းပါပဲ။ အခြေအနေအပေါ်မှာ ကျွန်ုပ်တို့ နှိမ့်ချနေထိုင်ခြင်းဟာ
(ဘ၀ထဲမှာ ဘုရားသခင်ဖြစ်စေလို့ဖြစ်လာတာကို လက်ခံ၍ ၀မ်းမြောက်စိတ်ရှိခြင်း) ဘုရားသခင်၏ဥာဏ်ပညာတော်ဖြင့် အုပ်စိုးစီရင်တော်မူခြင်းကို
အမှန်ယုံကြည်အပ် နှံပေးတာပဲဖြစ်တယ်။ ဒါနဲ့ ကိုယ်တော်က ကျွန်ုပ်တို့ကို ကောင်းချီးပေးတော်မူနိုင်ပါ
တယ်။
Comments