ဘုရားသခင်စီမံတော်မူသောဖလှယ်ခြင်း ##အဆက်##



>>အပိုင်း (၂)<<

ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း
= == = = =  = = = = = == = = =  

ထာဝရဘုရားသခင်သည် အရာရာကို ကြိုတင်သိရှိပြီးဖြစ်တော်မူရကား၊ဤအပြု အမူအားလုံးကို ယေရှု၏အပြီးသတ် ယဇ်ပူဇော်ရမည့် အရိပ်နိမိတ်ကို ပြသရန် ကြိုတင်ပုံ ဆောင်ခြင်းဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် လူသားအားလုံး၏အပြစ်ကို ယေရှုအား လွှဲပြောင်းပြီးဖြစ်ပါသည်။
            ထာဝရဘုရားသခင်သည် အရာရာကို ကြိုတင်သိရှိပြီးဖြစ်တော်မူရကား၊ ဤအပြု အမူအားလုံးကို ယေရှု၏အပြီးသတ် ယဇ်ပူဇော်ရမည့်အရိပ်နိမိတ်ကို ပြသရန် ကြိုတင်ပုံ ဆောင်ခြင်းဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် လူသားအားလုံး၏အပြစ်ကို ယေရှုအား လွှဲပြောင်းပြီးဖြစ်ပါသည်။ ဖြစ်ပေါ်လာသောအကျိုးဆက်ကို ဟေရှာယ၊၅၃း၁၂တွင် ဖော်ပြ ထားပုံမှာ ထိုသို့ မိမိအသက်ကို သေခြင်း၌သွန်းတော်မူ၏။ ကိုယ်တော်ယဇ်ပူဇော်ခံခြင်းနှင့် အစားထိုးအသေခံခြင်းအားဖြင့် ယေရှုသည် ပုထုဇဉ်လူသားအားလုံး၏ အပြစ်အတွက် အသေခံတော်မူ၏။
            ၂ကော၊ ၅း၂၁ တွင် ရှင်ပေါလုသည် ဟေရှာယ၊၅၃း၁၀ ကို ရည်ညွှန်းပြီး တစ်ချိန် တည်းမှာပင် ဖလှယ်ခြင်း၏အသွင်အပြင် အကျိုးပြုပုံကိုလည်း ဤကဲ့သို့ တင်ဆက်ပါသည်။
            အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည့်အကြောင်းတည်း။
            ဤတွင်ရှင်ပေါလုသည် မိမိတို့၏ကြိုးစားအားထုတ်မှုဖြင့် ရရှိနိုင်သောဖြောင့်မတ် ခြင်းကို မပြောဘဲ အပြစ်ကို မထိမတွေ့ဖူးသည် ဘုရားသခင်၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းမျိုး ကိုသာ ပြောနေသည်။ ဤဖြောင့်မတ်ခြင်းမျိုးကို မည်သူမျှမိမိကောင်းမှုကုသိုလ်၊ ကြိုးစား အားထုတ်မှုဖြင့် မရရှိနိုင်ပါ။ ဤဖြောင့်မတ်ခြင်းမျိုးနှင့် ကျွန်ုပ်တို့သည် ကောင်းကင်နှင့်မြေ ကြီးပမာ ကွာဝေးလျက်ရှိသည်။ ယုံကြည်ခြင်းတစ်ခုဖြင့်သာ ရရှိနိုင်သည်။
            ဖလှယ်ခြင်း တတိယအသွင်အပြင်ကို အောက်ပါအတိုင်း ပေါင်းစပ်နိုင်သည်။
            ယေရှု၏ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရယူနိုင်ရန် ကျွန်ုပ်တို့၏အပြစ်ဟူသမျှဖြင့် ယေရှုကို အပြစ်သားအဖြစ် ခံယူစေတော်မူသည်။
            ဤဖလှယ်ခြင်း၏အသွင်အပြင်နောက်တစ်ခုမှာ စောစောက ဆွေးနွေးခဲ့သော အသွင်အပြင်ကို ဆက်စပ်ဆင်ခြင်သုံးသပ်ခြင်းဖြစ်သည်။ သမ္မာကျမ်းမှ အပြစ်တရား၏ အခကား သေခြင်းဖြစ်သည်ဟု အလေးအနက်ဖော်ပြသည်။ ယေဇကျေလ၊၁၈း၎ တွင် သခင်ဘုရားကိုယ်တိုင်က “ပြစ်မှားသောဝိညာဉ်သည် သေရမည်”ဟု မိန့်တော်မူခဲ့ပါသည်။
            ယာကုပ်၊ ၁း၁၅ တွင် “ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဘွားတတ်၏” ယေရှုသည် ကျွန်ုပ်တို့၏ဒုစရိုက်အပြစ်နှင့် ထပ်တူထပ်မျှဖြစ်သောအခါ ဒုစရိုက်အပြစ်၏ အကျိုးဆက်ဖြစ်သော သေခြင်းကို ခံစားထိုက်သည်ဟု မြေကြီးလက်ခတ်မလွှဲပါ။
            ဤအကြောင်းအရာကို အတည်ပြုခြင်းအဖြစ် ဟေဗြဲ၊၂း၉ တွင် “ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်ပြီးမှ အသေခံရသော ကြောင့်. . .”ဟု ဖော်ပြထားသည်။ ကိုယ်တော်သည် လူအပေါင်းတို့၏အပြစ်ကို ယူတင် ဆောင်ရွက်တော်မူသည့်ကာလ လူအပေါင်းတို့ခံစားရမည့် သေခြင်းတရားကိုလည်း ခံ တော်မူပါသည်။
            ကိုယ်တော်ခံရသောသေခြင်းအား တုံ့ပြန်သည့်အနေဖြင့် ကိုယ်တော်၏ကိုယ်စား ယဇ်ပူဇော်ခံဖို့ လက်ခံသူတိုင်းအား ယေရှုသည် ထာဝရအသက်ဆုကျေးဇူးကို ကမ်းလှမ်း လျက်ရှိတော်မူသည်။ ရောမ၊၆း၂၃ တွင် ရှင်ပေါလုသည် ဆန့်ကျင်ဘက်နှစ်ခုကို ပြိုင်တုတင် ဆက်ထားပုံမှာ - “အပြစ်တရား၏အခကား(တရားသဖြင့် ရရှိသောဆု) သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော(လုပ်အားဖြင့်မရရှိသော)ဆုကျေးဇူးတော်ကား ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။
            ယင်ူကဲ့သို့ ဖလှယ်ခြင်း၏စတုတ္ထအသွင်အပြင်ကို အောက်ပါအတိုင်းပေါင်းစပ်နိုင် ပါသည်။         
            ကိုယ်တော်၏ အသက် ကို ရရှိနိုင်အံ့သောငှါ
            ယေရှုသည် ကျွန်ုပ်တို့၏ သေခြင်း ကို ခံယူပေးတော်မူသည်။
+ + + + + + + + + 
### ဆက်လက်ဖော်ပြသွားပါမည်။ ###
+ + + + + + + + 

မှတ်ချက်-
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်



 

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့