ပြုပြင်ပြောင်းလဲသောအသက်တာ




လယ်၌၀ှက်သောဘဏ္ဍာ


        (မဿဲ၊၁၃း၄၄)မှ ယေရှု၏ ဥပမာစကားဖြစ်ပါသည်။ ထိုဥပမာစကားသည် လယ်၌၀ှက်ထားသော ဘဏ္ဍာအကြောင်းဖြစ်ပါသည်။ ဥပမာစကားဆိုသည်မှာ လူ အများသိနေကျရုပ်ပစ္စည်း၊ လောကီအကြောင်းအရာများဖြစ်ပါသည်။ ယေရှု၏ ဥပမာစကားများထဲက အကြောင်းအရာများသည် နားထောင်သောသူများအား ကောင်းမွန်စွာနားလည်စေနိုင်ပါသည်။ သို့သော် ဥပမာစကား၏ ရည်ရွယ်ချက်မှာ မမြင်ရသည့် နိစ္စထာဝရဖြစ်သာ စိတ်ဝိညာဉ်ရေးရာ အကြောင်းအရာများဖြစ်ပါ သည်။ ထို့ကြောင့် အများသိနားလည်နိုင်သော မြင်ကွင်းနှင့် ပုံဝတ္ထုတို့သည် မမြင် နိုင်သော၊ အများနားမလည်မသိနိုင်သော စိတ်ဝိညာဉ်အကြောင်းများကို ထင်ဟပ် စေသည့် ကြေးမုံဖြစ်လာပါသည်။ ယေရှုသည် ဆရာကောင်းပီသသောသူ၏နည်း လမ်းဖြင့်သာ သွန်သင်လျက်ရှိရာ၊ အများသိကျွမ်းသောအကြောင်းအရာကို အခြေ ခံ၍မသိရှိနားမလည်သေးသော အကြောင်းအရာ၊ အမှုအရာများကို သွန်သင်ပြသ လျက်ရှိတော်မူပါသည်။ ကိုယ်တော်သည် သူ့စကားကို နားထောင်သော ပရိသတ် သိကျွမ်းသည့်အကြောင်းအရာများဖြင့် အစပျိုးပြီးမှ တစ်ဆင့်တိုး၍ မသိနားမလည် သေးသော အကြောင်းအရာများကို ဖော်ပြသွန်သင်ဟောပြောလေ့ရှိပါသည်။ ဥပမာ စကားတစ်ခုကို ဖတ်ရှုသည့်အခါ မိမိတို့ကိုယ်ကိုမေးရန် လိုအပ်သောအချက် မှာ ဥပမာစကားထဲက ရုပ်ပိုင်းဆိုင်ရာအကြောင်းများနှင့် ဆက်စပ်ဖော်ပြချင်သော ၀ိညာဉ်ရေးမှာ အဘယ်နည်း။ လယ်ထဲ၌၀ှက်ထားသော ဥပမာစကားကို ဖတ်ရှုပြီးမှ ကျွန်တော်၏ အဓိပ္ပါယ်အနက်ပြန်ဆိုချက်ကို တင်ပြပါမည်။

          “ကောင်းကင်နိုင်ငံတော်သည် လယ်၌၀ှက်ထားသော ဘဏ္ဍာနှင့်တူ၏။
        ထိုဘဏ္ဍာကိုတွေ့သောသူသည် တဖန်ဖုံးအုပ်၍ ၀မ်းမြောက်သောစိတ်
        နှင့်သွားပြီးလျှင် ရတတ်သမျှတို့ကိုရောင်းချ၍ ထိုလယ်ကိုဝယ်တတ်၏”

          ဤဥပမာစကား၏ဆိုလိုရင်းအဓိပ္ပါယ်မှာ အလွန်လွယ်ကူပါသည်။ ဤ လွယ်ကူရိုးစင်းသော ဥပမာစကားဖော်ကျူးလိုသည့် ၀ိညာဉ်ရေးရာ အစစ်အမှန်မှာ အဘယ်နည်း။ သမ္မာကျမ်း အခြေခံမူများနှင့် ကိုက်ညီသည်ဟု ကျွန်တော်ယုံကြည် သည့် ကိုယ်ပိုင်အနက်ပြန်ဆိုချက်ပေးလိုပါသည်။ ကျွန်တော်ပေးကမ်းဝေငှသော အချက်မှလွဲ၍ အခြားအနက်အဓိပ္ပါယ်ဖွင့်စရာမရှိဘူးဟု အကြုံပြုခြင်းမဟုတ်ပါ။
          ထိုလယ်ထဲ၌၀ှက်ထားသောဘဏ္ဍာကို တွေ့ရှိသောသူမှာ ယေရှုပင်ဖြစ်ပါ သည်။ ထိုလယ်ကွင်းမှာ ဤကမ္ဘာမြေကြီးဖြစ်ပါသည်။ (မဿဲ၊၁၃း၃၈)၌ဖော်ပြ သောအခြားဥပမာစကား၌ ဤအတိုင်းပင် တွေ့ရှိရပါသည်။ မဿဲအခန်းကြီး(၁၃) တွင်တွေ့ရှိရသော ဥပမာစကားများ၌ ဤအခြေခံမူအကြောင်းသာဖြစ်ပါသည်။ ဘဏ္ဍာအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုလိုပါသနည်း။ ထိုဘဏ္ဍာသည် ဤ အပေါ်၌ရှိသော ဘုရားသခင်၏လူများဖြစ်၏။ ထိုဘဏ္ဍာကို တွေ့သောသူမှာ ယေ ရှုဖြစ်၍ လယ်မှာ ဤကမ္ဘာမြေကြီးဖြစ်ပြီး၊ ဘဏ္ဍာမှာ ဤကမ္ဘာမြေကြီးပေါ်တွင် ရှိနေ ကြသော ဘုရားသခင်၏လူများဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။
          ထိုလူသည် လယ်ကွင်းထဲတွင် အဖိုးထိုက်တန်သောပစ္စည်းရှိသည်ကို တွေ့သောအခါ အလွန်လိမ္မာပါးနပ်သောအလုပ်တစ်ခုကို လုပ်လိုက်သည်။ အဖိုး ထိုက်တန်သောဘဏ္ဍာကို တွေ့ရှိကြောင်း ချက်ချင်းလျှောက်မပြောပါ။ တကယ့် ဖြစ်ရပ်တွင် ထိုသူက ဘဏ္ဍာကို ၀ှက်ထားသည်ဟု ဆိုပါသည်။ အခြားလူများ သည် လယ်ကွင်းထဲတွင် ဘဏ္ဍာရှိမှန်းသိကြလျှင် သူတို့၏ခိုးထုတ်လုယူခြင်းခံရမည်ကို သူသိသည်။ သူသည် ဖုံးအုပ်၍ ဘဏ္ဍာတည်ရှိသော လယ်ကွင်းတစ်ကွင်းလုံးကို ၀ယ်ယူဖို့ရန် ဆုံးဖြတ်လိုက်သည်။ သူအမှန်တကယ် အလိုရှိသည်မှာ လယ်ကွင်း မဟုတ်ကြောင်း သတိပြုပါ။ သူလိုချင်သောအရာမှာ လယ်ထဲက ဘဏ္ဍာသာလျှင် ဖြစ်ပါသည်။ သို့သော်လည်း ထိုဘဏ္ဍာကိုရနိုင်ရန် လယ်ကွင်းတစ်ကွင်းလုံး အတွက်ပါ အဖိုးအခပေးဖို့လိုအပ်သည်ကို သူကောင်းကောင်းနားလည်ပါသည်။ လယ်ကွင်း၏အဖိုးအခမှာ ထိုလူအတွက် အလွန်မြင့်မားပါသည်။ သူ့မှာရှိသမျှ ဥစ္စာ ပစ္စည်း၏တန်ဖိုးနှင့်ညီမျှပါသည်။ သို့သော် ထိုဘဏ္ဍာမှ သူရရှိမည့်တန်ဖိုးကို သူသိ ထားပြီးဖြစ်သောကြောင့် ရှိသမျှပစ္စည်းအကုန်ရောင်းချ၍ ၀ယ်ယူသည့်တိုင်အောင် အလွန်ဝမ်းမြောက်ဝမ်းသာလျက်ရှိပါသည်။
          ထိုလယ်အနီး၌ နေထိုင်ကြသောသူတို့က အလွန်အံ့အားသင့်ကြပေလိမ့် မည်။ “ဟိုလူက အဲဒီလယ်ကို ဘာလုပ်ဖို့လိုချင်သလဲ။ ဘာအတွက်မှ မကောင်းတဲ့ မြေ၊ ပြန်လည်ရောင်းစားလို့ရမှာလည်းမဟုတ်ဘူး။ ဘာသီးနှံမှ စိုက်လို့ရမယ့်မြေ လည်းမဟုတ်ဘူး။ ဆူးပင်ကလွဲလို့ ဘာအပင်မှမပေါက်ဘူး။ ဒီလောက်တောင် အသုံးမကျတဲ့လယ်ကွင်းကို ဘာကြောင့် ဈေးကြီးကြီးပေးဝယ်သလဲ။”
          အမှန်မှာ သူတို့သည် လယ်ထဲက ဘဏ္ဍာအကြောင်းကို မသိကြပေ။ လယ် ထဲ၌ ဘဏ္ဍာရှိကြောင်းကို သိသောသူမှာ ယေရှုပင်ဖြစ်ပါသည်။ ဤအကြောင်း ကြောင့် လယ်ထဲ၌ရှိသောဘဏ္ဍာကို ပိုင်ဆိုင်ရန် ကိုယ်တော်သည် ကမ္ဘာမြေတစ် ၀န်းလုံးအတွက် အဖိုးအခပေး၍၀ယ်ခဲ့သည်။ ထိုဘဏ္ဍာတော်သည် ဘုရားသခင်၏ လူများဖြစ်ပါသည်။
ဓမ္မသစ်ကျမ်းမှ အလားတူအများသိလွယ်၊ နားလည်လွယ်သော ကျမ်းပိုဒ် တစ်ပိုဒ်ကို ကြည့်ကြပါစို့။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး ခြင်းသို့မရောက်။ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါး တည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ် တော်မူ၏။”                                               (ယော၊ ၃း၁၆)
ဘုရာသခင်သည် လောကီသားတို့ကို ချစ်တော်မူသောကြောင့်၊ လောကီ သားတို့ကို ကယ်နုတ်ရန် သားတော်၏အသက်ကို ပေးတော်မူခဲ့ပါသည်။ သို့သော် လုပ်ဆောင်ချက်မှ ဘုရားသခင် ပြန်လည်ရရှိတော်မူအရာကား ယုံကြည်သူများ သာလျှင် ဖြစ်ပါသည်။ “သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး ခြင်းသို့မရောက်”ဟုဆိုသောကြောင့် သားတော်ကို ယုံကြည်သောသူအပေါင်းတို့ကို ယေရှုတွင်ရှိသော အသက်သွေးချွေးဖြင့် ၀ယ်ယူသောလယ်ထဲက ဘဏ္ဍာများဖြစ် ပါသည်။ ကိုယ်တော်သည် ယုံကြည်သောသူအတွက် တစ်လောကတစ်ကမ္ဘာလုံး ကို ရွေးနုတ်တော်မူခဲ့ပါသည်။
(တိတု၊၂း၁၄)တွင် အလားတူ သမ္မာတရားတစ်ပါးထပ်မံတင်ဆက်သည်ကို တွေ့ရပါသည်။ ယေရှုခရစ်အကြောင်းကို ပြောပြခြင်းပင်ဖြစ်ပါသည်။
ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာ ၎င်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဘို့ စင်ကြယ်စေခြင်းငှါ၎င်း၊ သူ့ကိုယ်ကို စွန့်တော်မူပြီ။
ပိုင်ထိုက်တော်မူသောအမျိုးမှာ ထိုလယ်ထဲက ဘဏ္ဍာဖြစ်ပါသည်။ လောကမှ ရွေးနုတ်သောသူများကို ဆိုးသွမ်းသောအကျင့်မှ ရွေးနုတ်၍ သန့်စင်စေ ပြီး ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးမှာ ကိုယ်တော်၏ ဘဏ္ဍာဖြစ်ပါသည်။ အဖိုးအခမှာ ကိုယ်တော်ပင်ဖြစ်ပါသည်။ ရှိသမျှ ပစ္စည်းမှာလည်း ကိုယ်တော်ပင်ဖြစ်ပါသည်။ ကိုယ်တော်တွင် ပေးဆပ်စရာ ရွှေငွေ မရှိအသက်တာကိုသာပေးလှူခဲ့ပါသည်။ ဘဏ္ဍာဖြစ်သော သူရွေးနုတ်သည့်လူများ အတွက် ထိုဘဏ္ဍာတည်ရှိနေသောလယ်ဖြစ်ပါသည့် တစ်ကမ္ဘာလုံးကို ၀ယ်ယူရန် သူ့ကိုယ်သူ ပေးလှူတော်မူခဲ့ပါသည်။
          တစ်ဖန် လယ်ထဲက ဘဏ္ဍာအကြောင်း ထပ်ဆင့်စဉ်းစားစရာရှိပါ သည်။ ယေရှုသည် လယ်ကို ၀ယ်ယူခဲ့ပြီးဖြစ်သော်လည်း ဘဏ္ဍာတော်ကို ရှာဖွေ သိမ်းဆည်းရန် သူ၏အစေခံများဖြစ်သော သတင်းကောင်း အမှုတော်ဆောင်များ၏ လက်ထဲတွင် အပ်နှံခဲ့ပါသည်။ ထိုကိစ္စတွင် လုပ်စရာများစွာပါဝင်ပါသည်။ ဘဏ္ဍာ ရှိသောနေရာကိုရှာရန် လိုအပ်ပါသည်။ တွေ့သည့်အခါ တူးဖော်ရန် လိုအပ်ပါသည် မြေကြီးထဲမှ ထုတ်ယူရန် လိုအပ်ပါသည်။ မြေကြီးထဲတွင် ကြာရှည်စွာမြုပ်နှံထား ခြင်းခံရသည်ဖြစ်သောကြောင့် သံချေးတက်၊ သုတ်ပစ်၊ မှိုတက်၊ ပွတက်သော ကြောင့် ဆေးကြောသန့်စင်ရန် များစွာလိုအပ်ပါသည်။
အညစ်အကြေးဆေးကြောရန် ယေရှုကိုယ်တိုင် လုပ်ဆောင်နေသည် မဟုတ်ပါ။ ကိုယ်တော်၏ဘဏ္ဍာကို ကြိုးစားပန်းစားရှာဖွေတူးဖော်ရန် ဤကမ္ဘာမြေ ကြီးပေါ်တွင် အစေခံများရှိနေကြသည်။ မယုံမရှိပါနှင့်။ ကိုယ်တော်ထံသို့ လောကီ သားများကို ဆောင်ကြဉ်းရန်နှင့် ဧ၀ံဂေလိတရားတော်ကို ဟောပြောရန်မှာ ခဲယဉ်း သောအလုပ်ဖြစ်ပါသည်။ လယ်ထဲက ဘဏ္ဍာကို တူးထုတ်သည့်အလားခဲယဉ်းခက် ခဲပါသည်။ သို့သော် ဤတာဝန်ကို ဧ၀ံဂေလိအမှုတော်ဆောင်များလက်ထဲတွင် အပ်နှံထားပါသည်။ ကမ္ဘာပေါ်တွင် ဤလုပ်ငန်းလုပ်ဆောင်ရန် ဘုရားသခင်ပိုင်ဆိုင် သောလူများထဲတွင် ကျွန်တော်လည်း တစ်ဦးအပါအ၀င်ဖြစ်ပါသည်။ ကျွန်တော်၏ အသံလွှင့်အမှုတော်ဆောင်ဌာန၏ရည်ရွယ်ချက်သည် ထိုဘဏ္ဍာကိုလယ်ထဲက တူးဖော်၍ ကိုယ်တော်အတွက် ထိုက်တန်စေရန် ဆေးကြောပြုပြင်ဖို့ဖြစ်ပါသည်။
(ကော၊၁း၂၈-၂၉)တွင် ရှင်ပေါလုက သူအမှုတော်ဆောင်ပုံကို ဤအတိုင်း ရေးသားခဲ့ပါသည်။
ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ရောက်၍လူခပ်သိမ်းတို့ကို ဆက်သအံ့သောငှါ၊ ငါတို့သည် လူခပ်သိမ်းတို့ကို သတိပေး၍ ပညာအမျိုးမျိုးနှင့် ဆုံးမသွန်သင်လျက် ခရစ်တော်၏တရားကို ဟောပြောကြ၏။
ရှင်ပေါလုသည် ဘုရားသခင်၏ လူမျိုးအား အောက်ကျနောက်ကျ၊ လူစဉ် မမှီပစ်မထားလိုသောကြောင့် ကြိုးစားပန်းစားလုပ်ဆောင်ခဲ့ပါသည်။ ရှင်ပေါလု ဤ သို့ ဆက်ပြောပြပါသည်။
ထိုသို့အလို့ငှါ ငါသည် အမှုဆောင်ရွက်၍ ငါ၌ တန်ခိုးတော်ပြုပြင် အားထုတ်တော်မူသည်အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏။
ဤကျမ်းပိုဒ်တွင် လုပ်ဆောင်မှုနှင့်ပတ်သက်သော စကားအသုံးအနှုန်းများ ကိုကြည့်ပါ။ ငါသည် အမှုဆောင်ရွက်၍ တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည် အတိုင်း၊ ကြိုးစားအားထုတ်လေ့ရှိသည်။ ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်နှင့် ဦးတည် ချက်အားလုံးတို့၏ ရည်မှန်းချက်ကား အဘယ်နည်း။ ထိုဘဏ္ဍာကို လယ်ထဲမှတူး ဖော်ထုတ်ယူရန်ဖြစ်ပါသည်။ ထိုလယ်ကို အသက်ပေးလှူ၍ ၀ယ်ယူသော အရှင် သခင်အား ထိုက်တန်စွာ ဆက်ကပ်နိုင်ရန် ထိုဘဏ္ဍာကို ဆေးကြောသန့်စင်ပြုပြင် ရန်ဖြစ်ပါသည်။ မည်ကဲ့သို့ လုပ်ဆောင်မည်နည်း။ ရှင်ပေါလု၏အဆိုအရ၊ လူတိုင်း သည် ခရစ်တော်၌စုံလင်ခြင်းသို့ ရောက်နိုင်ရန် သတိပေး၍ ပညာအမျိုးမျိုးဟော ပြောရန်ဖြစ်ပါသည်။ သို့သော် သတိပေးလိုသောအချက်မှာ ထိုလယ်နှင့်ထိုလယ် ကွင်းထဲ၌ရှိသော ဘဏ္ဍာအတွက် ပေးထားခဲ့သော အဖိုးအခဖြစ်ပါသည်။ အဖိုးအခ မှာ ကိုယ်တော်၌ရှိသမျှအားလုံးဖြစ်ပါသည်။ ကိုယ်တော်သည် တစ်ခုမျှချန်မထားခဲ့ ပါ။ သူ၏ချစ်ခြင်းမေတ္တာသည် အတိုင်းအတာမရှိ ရက်ရောလှပါသည်။ ဘဏ္ဍာရှိ သမျှ အကုန်အစင်ပေး၍ ၀ယ်ယူနိုင်လောက်အောင် ချစ်သောကြောင့် ဤလုပ် ဆောင်မှုတွင် ကိုယ်တော်ဝမ်းမြောက်လျက်ရှိပါသည်။
 + + + + + + + + +  +
ပြုပြင်ပြောင်းလဲသောအသက်တာ
ဒေရက်ပရင့်စ်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့