အလိုတော်နှင့်အညီ အသက်ရှင်ခြင်းအသက်တာ

ငြိမ်ဝပ်စွာ ကိုးကွယ်ရသောအချိန်

ထွက်မြောက် ၂၀း၈-၁၁
၈၊ ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။
၉၊ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကိုကြိုးစား၍ လုပ်ဆောင်လော့။
၁၀၊ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင်ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌ သင်မှစ၍သင်၏ သားသမီး၊ ကျွန်ယောက်ျားမိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တုသည်အလုပ် မလုပ်ရ။
၁၁၊ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထို့ကြောင့်ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီးပေး၍သန့်ရှင်းစေတော်မူ၏။

ဆာလံ ၁၁၈း၂၄
၂၄၊ ဤနေ့ရက်သည် ထာဝရဘုရားစီရင်တော်မူသော နေ့ရက်ဖြစ်၍၊ ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့။

ထွက်မြောက် ၂၃း၁၀-၁၂
၁၀၊ ခြောက်နှစ်ပတ်လုံးလယ်လုပ်၍ အသီးကိုသိမ်းရမည်။
၁၁၊ သတ္တမနှစ်တွင် လယ်ကိုမလုပ်ဘဲ အလွတ်ထားရမည်။ သို့ပြုလျှင် ဆင်းရဲသောအမျိုးသားချင်းတို့သည်၊ စားရသောအခွင့်ရှိလိမ့်မည်။ ကြွင်းသောအရာကိုလည်း၊ မြေတိရိစ္ဆာန်တို့သည် စားရကြလိမ့်မည်။ ထိုနည်း တူ၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်ကိုလည်းပြုရမည်။
၁၂၊ ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်၌ငြိမ်ဝပ်စွာနေရမည်။ သိြု့ပုလျှင် သင်၏နွားမြည်းတို့သည် ငြိမ်ဝပ်စွာနေရသောအခွင့် ရှိလိမ့်မည်။ သင်၏ငယ်သားများ၊ ဧည့်သည်များတို့လည်း သက်သာရကြလိမ့်မည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့