အလိုတော်နှင့်အညီ အသက်ရှင်ခြင်းအသက်တာ
ငြိမ်ဝပ်စွာနှင့်လုပ်ဆောင်ရန်အချိန်
ဝတ်ပြုရာ ၂၃း၇-၈
၇၊ ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကိုပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
၈၊ ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအားမီးဖြင့်ပူဇော်သက္ကာကိုပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်းဝေးခြင်း ကိုပြုရမည်။ လောကီအလုပ်ကိုမလုပ်ရဟု မိန့်တော်မူ၏။
လုကာ၊ ၁၅း၃၂
၃၂၊ သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။
မဿဲ၊ ၁၄း၂၃
၂၃၊ စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌနာပြုအံ့သောငှါ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ တယောက်တည်းရှိနေတော်မူ၏။

Comments