ဘုရားသခင် စီမံတော်မူသောဖလှယ်ခြင်း အပိုင်း(၃)



အပိုင်း (၃) 
ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း
= = = = = = = = = = = = = = = 
 
ဖလှယ်ခြင်း၏နောက်ထပ် အသွင်အပြင်တစ်ခုကို ၂ကော၊ ၈း၉ တွင် တွေ့ရသည် မှာ “အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲတော်မူ ခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကိုခံ တော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏။” ဖလှယ်ခြင်းသည်ရှင်းလင်းပြတ်သားပါ သည်။ ဒုက္ခဆင်းရဲခြင်းထဲမှ ကြွယ်ဝခြင်းသို့ဖြစ်သည်။ ကျွန်ုပ်တို့၌ ကြွယ်ဝစွာ အသက်ရှင် ရန်အလိုငှါ ယေရှုသည် ဆင်းရဲခြင်းခံတော်မူသည်။
            မည်သည့်အချိန်မှာ ယေရှုဆင်းရဲခဲ့လို့လဲ။ လောကတွင် အမှုတော်ဆောင်သည့် ကာလတစ်လျှောက် ကိုယ်တော်ဆင်းရဲနွမ်းပါးသည်ဟု လူအချို့က ထင်ကြေးပေးကြသည်။ ကိုယ်တော်ကိုယ်တိုင်က အိတ်အပြည့် ငွေမယူဆောင်ခဲ့သော်လည်း ချို့တဲ့ဆင်းရဲချိန်မရှိခဲ့ ပါ။ တပည့်တော်များကို စေလွှတ်သောအခါလည်း အလားတူချို့တဲ့ငတ်ပြတ်သည်ဟူ၍ မရှိ ခဲ့ပါ (လုကာ၊ ၂၂း၃၅ ကို ကြည့်ပါ)။ သို့ဖြစ်သောကြောင့် ဆင်းရဲငတ်မွတ်ဖို့ နေနေသာသာ ကိုယ်တော်နှင့်တပည့်တော်များသည် ဆင်းရဲနွမ်းပါးသူများအား ပေးကမ်းစွန့်ကြဲသည့် အလေ့အထရှိလေသည်(ယော၊၁၂း၎-၈၊ ၁၃း၃၉ ကို ကြည့်ပါ)။
            မှန်ပါသည် ယေရှု၏အသက်ရှင်မှုသည် သူတပါးနှင့်မတူ တမူထူးခြားသည်။ သို့ သော် အသပြာကို ဘဏ်တိုက်မှ ထုတ်ယူသည်ဖြစ်စေ၊ ငါးပါးစပ်မှထုတ်ယူသည်ဖြစ်စေ၊ တန်ဖိုးအားဖြင့် ထပ်တူထပ်မျှပင်ဖြစ်ပါသည်(မ၊၁၇း၂၇)။ ကိုယ်တော်၏ (အမျိုးသမီးများနှင့် ကလေးများကို မရေတွက်သော)လူ(၅၀၀၀)ကို ငလင်အောင်ကျွေးနိုင်ခြင်းမှာ ဆင်ခြင် ကြည့်လျှင် အမှန်ပင်အံ့ဩဖွယ်ဖြစ်သည်။ (မဿဲ၊၁၄း၁၅-၂၁ ကိုကြည့်ပါ)။
            ဤမြေကြီးပေါ်တွင် အမှုတော်ဆောင်သည့်ကာလတစ်လျှောက် သမ္မာကျမ်းထဲ၌ ဖော်ပြသည့်အတိုင်း ယေရှုသည် “ကြွယ်ဝခြင်း”ကို တိတိကျကျ ပုံဆောင်တော်မူခဲ့ပါသည်။ ဘုရားသခင်၏အလိုတော်ကို ဆောင်နိုင်ရန် လိုအပ်သမျှ အမြဲရှိနေပါသည်။ ကိုယ်တော် ကိုယ်တိုင် သုံးစွဲဖို့သာမက သူတစ်ပါးအား အခါမလပ် စွန့်ကြဲပေးကမ်းသည့်တိုင်အောင ကိုယ်တော်တွင် ကုန်ခမ်းသည်ဟု မည်သည့်အခါမျှ မရှိခဲ့ပါ။
            ဤသို့ဆိုသော် ယေရှုသည် ကျွန်ုပ်တို့အတွက် မည်သည့်အချိန်က ဆင်းရဲခဲ့သလဲ။ အဖြေမှာ လက်ဝါးကပ်တိုင်ပေါ်၌ဖြစ်သည်။ တရားဟော၊၂၈း၄၈ တွင် မောရှေသည် လုံးဝ ချွတ်ခြုံကျခြင်းကို လေးမျိုးဖြင့် ဖော်ပြထားသည်။ ၎င်းတို့မှာ အစားအစာငတ်ခြင်း၊ ရေငတ် ခြင်း၊ အ၀တ်ချည်းစည်းရှိခြင်းနှင့် အခြားလူသုံးပစ္စည်း ချို့တဲ့ဆင်းရဲခြင်းတို့ဖြစ်သည်။ ယေရှု သည် လက်ဝါးကပ်တိုင်ပေါ်တွင် ဤဆင်းရဲနွမ်းပါးခြင်း လေးမျိုးကို အပြည့်အ၀ ခံစား တော် မူခဲ့ပါသည်။
            ကိုယ်တော် အစာငတ်ပြတ်တော်မူသည်ဟု ဆိုနိုင်ခြင်းမှာ (၂၄)နာရီနီးပါး ဘာမျှ မသုံးဆောင်ခဲ့ပါ။
            ကိုယ်တော်ရေငတ်တော်မူသည်ဟု ဆိုနိုင်ခြင်းမှာ ကိုယ်တော်၏နောက်ဆုံးဟစ် ကြွေးသောအသံမှာ “ရေငတ်သည်”ဖြစ်ပါသည်။ (ယော၊၁၉း၂၃)
            ကိုယ်တော်သည် အ၀တ်ချည်းစည်းဖြစ်တော်မူသည်ဟု ဆိုနိုင်ခြင်းမှာ ရောမစစ် သားများက ကိုယ်တော်၏အ၀တ်အစားအားလုံးကို ချွတ်ယူသွားသည် (ယော၊၁၉း၂၃)။
            ကိုယ်တော်သည် အရာခပ်သိမ်းချို့တဲ့ဆင်းရဲတော်မူပါသည်။ မည်သည့်အရာမျှ မပိုင်ဆိုင်ခဲ့ပါ။ သေဆုံးပြီးသည့်နောက်မှာပင် သူတစ်ပါးထံမှ ငှားသော အ၀တ်နှင့်သူတစ်ပါး ထံမှငှားသော သင်္ချိုင်းထဲ၌ သင်္ဂြိုဟ်ခြင်းကိုခံတော်မူခဲ့ပါသည် (လု၊၂၃း၅၀-၅၃)။ ယင်းကဲ့သို့ ယေရှုသည် ကျွန်ုပ်တို့အတွက် ဆင်းရဲနွမ်းပါးခြင်းကို ခံတော်မူခဲ့ပါသည်။
            ၂ကော၊၉း၈-၉ တွင် ရှင်ပေါလုသည် ဖလှယ်ခြင်း၏အကောင်းဘက်ကို ပိုမိုပြည့်စုံ စွာ တင်ဆက်ပုံမှာ၊ “သူသည် စွန့်ကြဲပြီ။ ဆင်းရဲသောသူတို့အား ပေးကမ်းပြီ။ သူ၏ဖြောင့် မတ်ခြင်းသည် အစဉ်အမြဲတည်တတ်၏ဟု လာသည်နှင့်အညီ သင်တို့သည် အရာရာ၌ သုံး လောက်သော ဥစ္စာအမျိုးမျိုးအစဉ်ရှိ၍ ကောင်းသော အကျင့်အမျိုးမျိုးနှင့် အထူးသဖြင့် ပြည့်စုံမည်အကြောင်း၊ အမျိုးစုံသော မင်္ဂလာကျေးဇူးနှင့်အထူးသဖြင့် ပြည့်စုံစေခြင်းငှါ ဘုရားသခင်တတ်နိုင်တော်မူ၏” ဤဖလှယ်ခြင်း၏တစ်ခုတည်းသောအခြေခံအုတ်မြစ်မှာ ဘုရားသခင်၏ကျေးဇူးတော်သာဖြစ်ကြောင်း ရှင်ပေါလုသည် သူ၏ဩ၀ါဒတစ်လျှောက်လုံး တွင် အလေးအနက်သဘောထားရန် သတိပြုလေသည်။ ဤကျေးဇူးတော်ကို လုပ်အားဖြင့် မည်သည့်အခါမျှ မရယူနိုင်ပါ။ ယုံကြည်ခြင်းဖြင့်သာ ရယူနိုင်ပါသည်။
            ကျွန်ုပ်တို့၏ “ကြွယ်ဝချမ်းသာခြင်း”သည် မြေကြီးပေါ်တွင် ယေရှုရှိတော်မူစဉ်မှာ ကဲ့သို့ အကြိမ်ကြိမ် အလားတူဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ငွေထုတ်ကြီးပိုက်သောသူများ ဘဏ်တွင် မြောက်မြားစွာ ငွေစုဆောင်းထားသူများ မဟုတ်သည့်တိုင်အောင်နေ့စဉ်အသက် ရှင်သန်နိုင်ရန် သုံးစွဲဖို့ရှိရုံသာမက သူတစ်ပါးကို ကူညီမစ၍ အပိုအလျှံအနည်းငယ်ရှိသူများ ဖြစ်ကောင်းဖြစ်ကြပါမည်။
            မချမ်းသာ၊ မကြွယ်ဝ၊ မဆင်းရဲ၊ မငတ်ပြတ်သည့် အဆင့်တွင် အရေးကြီးအ ကြောင်းပြချက်တစ်ချက်ကို တမန်၊ ၂၀း၃၅ တွင် ယေရှုကိုယ်တော်တိုင်၏ စကားမှာ “အစွန့် အကြဲခံခြင်းအရာထက်၊ စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိသည်။” ဘုရားသခင်၏အကြံ အစည်မှာ သာ၍မင်္ဂလာရှိသော စွန့်ကြဲခြင်းကို ကိုယ်တော်၏သားသမီးများခံစားဖို့ဖြစ်ပါ သည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လိုအပ်ချက်များကို ကာရုံမျှအတွက်နှင့် အပိုအလျှံ ကလေးများရှိစေ၍ သူတစ်ပါး၏ချို့တဲ့ဆင်းရဲမှုကို ကူညီပံ့ပိုးနိုင်ရန် ကိုယ်တော်ပြင်ဆင်ပေး တော်မူခြင်းဖြစ်ပါသည်။
            ဤပဉ္စမအသွင်အပြင်ကို အောက်ပါအတိုင်း ပေါင်းစပ်နိုင်ပါသည်။
            ယေရှုသည် ကျွန်ုပ်တို့၏ဆင်းရဲနွမ်းပါးခြင်းကို ခံပေးခြင်းဖြင့် ကျွန်ုပ်တို့သည်
            ကိုယ်တော်၏ ကြွယ်ဝချမ်းသာခြင်းကို ဝေမျှခံစားနိုင်ရန်ဖြစ်သတည်း။
+ + + + + + + + + 
###အပိုင်း (၄) ကို ဆက်လက်ဖော်ပြသွားပါမည်။ ###
+ + + + + + + + 

မှတ်ချက်-
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့