ပြုပြင်ပြောင်းလဲသောအသက်တာ




 မြတ်သောပုလဲ


        ဘုရားသခင်၏အကြောင်းအရာခပ်သိမ်းသည် ကျွန်ုပ်တို့ တွေးတောနိုင် သော အတိုင်းအတာထက် ကြီးမြတ်တော်မူသည်။ ကိုယ်တော့်အကြောင်းထက် ကိုယ်တော်၏ ချစ်ခြင်းမေတ္တာက သာ၍ကြီးမြတ်တော်မူသည်။ ဘုရားသခင်၏ ဇာ တိပကတိပင်လျှင် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်။ ဘုရားသခင်၏ ချစ်ခြင်း မေတ္တာတော်အကြောင်းဖော်ပြရန် “အနှိုင်းမဲ့” စကားလုံးကို ရွေးချယ်ပါသည်။ သုံး လေ့သုံးထမရှိသော စကားလုံး၊ ဘာသာရေးအာဘော်မဟုတ်သော ဝေါဟာရကို တမင်တကာ ရွေးချယ်ခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုံတူဆင်တူယိုးမှား အထပ်ထပ်ကူးယူခြင်းကို မနှစ်ခြိုက်သောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ မေတ္တာတော်သည် အနှိုင်းမဲ့ဖြစ်ပါသည်။
          ကျွန်ုပ်တို့ ပုထုဇဉ်လူသား၏ မေတ္တာတရားသည် တိမ်ကောလှပါသည်။ ကပ်စေးနှဲနှမြောတွန့်တိုတတ်သည်။ အတ္တဆန်လွန်းသည်။ သို့သော် ဘုရားသခင် ၏ မေတ္တာတော်သည် ဤကဲ့သို့မဟုတ်ပါ။ ဘုရားသခင်၏ မေတ္တာတော်သည် ကြီး မားလှပါသည်။ အတိုင်းမရှိ၊ ဘောင်မရှိ၊ အလွန်အကျွံတရားလွန်သည်။ (ဧဖက်၊ ၃း၁၄-၁၉)မှ ရှင်ပေါလု၏ ဆုတောင်းပတ္ထနာကို ပြန်လည်သတိရကြရန်-

          အထက်ဆိုခဲ့သောအကြောင်းကြောင့်၊ ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသောအိမ်ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာ ဖြစ်တော်မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည်  ဆုတောင်း လေ့ရှိ၏။ ဆုတောင်းသောအချက်ဟူမူကား ၀ိညာဉ်တော်အားဖြင့် သင်တို့သည် အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည့်အကြောင်း (ကျွန်ုပ်တို့အတွက် ဘုရားသခင်တွင် မည်သည့်အရာရှိသည်ကို စိတ်အာရုံပြုရန်၊ ကျွန်ုပ်တို့ကို ရှေးဦးစွာ သန့်ရှုင်းသောဝိညာဉ်တော်မှ ခိုင်းစေဖို့လိုအပ်ပါသည်။ ကျွန်ုပ်တို့အတွင်း၌ ကိုယ်တော်ထားလိုသောအရာကို ထားနိုင်ရန် ကျွန်ုပ်တို့၏ အတွင်းပိုင်းတွင် တစ်ခုခု ပြုပြင်ဖန်တီးဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့အတွင်း၌ ကိုယ်တော်ထားလိုသောအရာကို သိရှိနိုင်ရန် ရှင်ပေါလု၏ ဆုတောင်းချက်ကို ဆက်လက်နားထောင်ကြည့်ပါ။) ဘုန်းတော်ကြွယ်ဝပြည့်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးသနားတော်မူ၍ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်းရှိသဖြင့် သင်တို့သည် သန့်ရှင်း သူအပေါင်းတို့၏နည်းတူ အနံ၊ အလျား၊ အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှါ၎င်း၊ ကိုယ်ဥာဏ်နှင့်မသိနိုင်သော ခရစ်တော်၏မေတ္တာကို သိနားလည်ခြင်းငှါ၎င်း၊ သင်တို့ သည်တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းရှိသမျှနှင့်အညီ ပြည့်စုံ ပါမည့်အကြောင်း ငါ၌ဆုတောင်းလေ့ရှိ၏။
         
          သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ချစ်ခြင်းမေတ္တာအပြည့်အစုံကို ကိုယ် တော်ဖန်တီးသောတန်ဆာ ကျွန်ုပ်တို့ထဲသို့ ဘုရားသခင်ထည့်ထားလိုပါသည်။ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာတော် အတိမ်အနက်၊ အကျယ်အ၀န်း၊ အနိမ့်အမြင့် ကို ကျွန်ုပ်တို့အား သိစေလိုပါသည်။ လူ့ဥာဏ်ဖြင့် မသိရှိနိုင်သော မေတ္တာတရား အကြောင်းကို ကျွန်ုပ်တို့အား သိစေလိုပါသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို လူ့ဥာဏ်ပညာဖြင့် တိုင်းတာ၍ မရနိုင်သော်လည်း သမ္မာကျမ်းနှင့် သန့်ရှင်းသော ၀ိညာဉ်တော်၏ဖော်ပြခြင်းအားဖြင့် ရင်ထဲတွင် ပိုက်ယူနိုင်ပါသည်။
          ဘုရားသခင်၏မေတ္တာတော်ကို တိုင်းတာရန် စံချိန်စံနှုန်းအဖြစ် လယ်ထဲ၌ ၀ှက်ထားသောဘဏ္ဍာဥပမာစကားကို အသုံးပြုခဲ့ပါသည်။ ထိုဥပမာစကားမှာ -

          ကောင်းကင်နိုင်ငံတော်သည် လယ်၌၀ှက်ထားသောဘဏ္ဍာနှင့်တူပါ၏။ ထိုဘဏ္ဍာကိုတွေ့သောသူသည် တဖန် ဖုံးအုပ်၍ ၀မ်းမြောက်သောစိတ်နှင့် သွားပြီး လျှင် ရတတ်သမျှကို ရောင်းချ၍ ထိုလယ်ကို ၀ယ်တတ်၏။

          ထိုဥပမာစကားကို ဤအတိုင်း ကျွန်ုပ်အနက်အဓိပ္ပါယ်ပြန်ဆိုပါသည်။ တွေ့ သောသူသည် ယေရှုဖြစ်သည်။ လယ်သည် ကမ္ဘာမြေကြီးဖြစ်၍ ဘဏ္ဍာသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်၏လူများဖြစ်ပါသည်။ ယေရှုအမှန်တကယ်အလို ရှိသောအရာမှာ လယ်မဟုတ် လယ်ထဲ၌၀ှက်ထားသောဘဏ္ဍာကို ရယူနိုင်ရန် လယ်ကိုဝယ်ယူခြင်းဖြစ်ပါသည်။ ပေးရမည့်ဈေးမှာ ကိုယ်တော်၌ရှိသမျှပစ္စည်းဖြစ်ပါ သည်။ သူပိုင်ဆိုင်ရမည့်ဘဏ္ဍာကို ချစ်သောကြောင့် ၀မ်းမြောက်စွာဆောင်ရွက်ခဲ့ ပါသည်။ ထိုသတင်းစကားတစ်ခုလုံးကို ဤကဲ့သို့ အလေးအနက်တင်ပြလိုပါသည်။ ကိုယ်တော်ပေးရသောဈေးမှာ ကိုယ်တော်၌ရှိသမျှအားလုံးဖြစ်ပါသည်။
          ဤဥပမာစကား၏နောက်မှကပ်ပါလာသော ဥပမာစကားကို အာရုံပြုကြရ အောင် - ပထမဥမာစကားဖြစ်သည့် လယ်၌၀ှက်ထားသောဘဏ္ဍာသည် သူ့လူများ အပေါ်ထားရှိသော ခရစ်တော်၏ ချစ်ခြင်းမေတ္တာပမာဏကို စုံအောင်ဖော်ပြပါ သည်။ သို့သော် မြတ်သောပုလဲဥပမာစကားသည် ပုထုဇဉ်လူသားတစ်ယောက် ချင်း၏ ၀ိညာဉ်အတွက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာပမာဏကို ဖော်ပြပါသည်။ အဖွဲ့အစည်း အစုအပေါင်းမျှနှင့်မဟုတ်ဘဲ တစ်ယောက်ချင်းအနေဖြင့် ဘုရားသခင် သည် ကျွန်ုပ်တို့ကို ချစ်တော်မူသည့် အကျိုးကျေးဇုးကို သုံးသပ်နိုင်ရန် တစ် ယောက်ချင်းအတွက် အရေးကြီးပါသည်။ (မဿဲ၊ ၁၃း၄၅-၄၆)။

          “တနည်းကား ကောင်းကင်နိုင်ငံတော်သည် မြတ်သောပုလဲတို့ကို ရှာသော ကုန်သည်နှင့်တူ၏။ ထိုကုန်သည်သည် အလွန်အဘိုးထိုက်သော ပုလဲကိုတွေ့သော အခါ သွား၍ မိမိရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ၀ယ်လေ့ရှိ၏။”

        ဖော်ပြပြီးခဲ့သော ဥပမာစကားနှင့်တစ်ပြေးညီ၊ ထိုကုန်သည်သည် ယေရှု ပင်ဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ကိုယ်တော်သည် ကမ္ဘာကို အပျော်လှည့် လည်သောသူမဟုတ်ပါ။ လမ်းဘေးဈေးဆိုင်များကို လိုက်လံကြည့်ရှုသောသူ မဟုတ်ပါ။ သူလိုချင်သောပစ္စည်း၏တန်ဖိုးကို မှန်ကန်စွာ အကဲခတ်တတ်သော ပုဂိုလ်ဖြစ်ပါသည်။ ကိုယ်တော်သည် တန်ဖိုးရှိသောပုလဲတစ်လုံးကို တွေ့ရှိသော အခါ ရှိသမျှပစ္စည်းများကို ရောင်းချ၍ရသောငွေဖြင့် ပုလဲကို ၀ယ်လိုက်လျှင် ဈေး ကိုက်မည်ဟု သူသဘောပေါက်သည်။ ကျွန်ုပ်တို့၌ မည်သူသည် ထိုကဲ့သို့ လုပ်ကြ သနည်း။ တန်ဖိုးကြီးသော ကျောက်မြတ်ရတနာ တစ်လုံးတည်းကို ပိုင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့အထဲမှ တစ်စုံတစ်ဦးသည် မိမိ၌ရှိသမျှကို ရောင်းပစ်လောက်အောင် ထို ကျောက်မြတ်ရတနာ၏တန်ဖိုးကို မှန်းဆအကဲဖြတ်တတ်မည်နည်း။
          ထိုပုလဲလုံး၏တန်ဖိုးသည် ဘဏ္ဍာရှိသော လယ်ကွင်း၏တန်ဖိုးနှင့် ထပ်တူ ထပ်မျှဖြစ်ပါသည်။ ကိုယ်တော်၌ရှိသမျှအားလုံးကို စွန့်လွှတ်၍ ယေရှုအတွက် မည်သည့် အဓိပ္ပါယ်ရှိသည်ကို ဦးစွာ ဝေဖန်သုံးသပ်ပါမည်။
          ပုလဲတစ်လုံးက မည်သို့အဆိုပြုသနည်း။ သမ္မာကျမ်းစာထဲတွင် ပုလဲအဆို ပြုသောအရာတစ်ခုမှာ ဒုက္ခဝေဒနာဖြစ်ပါသည်။ ယေရုရှလင်မြို့သစ်သို့ ၀င်သော လမ်းအားလုံးကို ပုလဲခင်းထားခြင်းမှာ စိတ်ဝင်စားစရာကောင်းပါသည်။ ယေရုရှ လင်မြို့သစ်တွင်းသို့ ၀င်သောလမ်းသည် ဒုက္ခဝေဒနာလမ်းမှလွဲ၍ အခြားလမ်းမရှိ ဟု ဆိုလိုပါသည်။ အခြားဝင်လမ်းမရှိပါ။ ကျွန်ုပ်နားလည်သဘောပေါက်သည့် အတိုင်းဆိုပါက ပုလဲသည် မုတ်ကောင်၏ကိုယ်တွင်းသို့ အမှိုက်စတစ်ခု ထည့်ပေး ခြင်းဖြင့် ယားယံကာ အနာတရဖြစ်ပြီးမှ ပုလဲဖြစ်လာသည်။ မုတ်ကောင်၏ကိုယ် တွင်း၌ ဝေဒနာခံစားရခြင်းဖြင့် ပုလဲဖြစ်ပေါ်လာသည်။
          ထိုပုလဲလုံးသည် ဈေးကွက်ထဲသို့ရောက်လာရန် အဆင့်ဆင့်ဆောင်ရွက် ရာတွင် အတော်ပင် လက်ဝင်ပါသည်။ နက်ရှိုင်းသောပင်လယ်ထဲတွင် မုတ်ကောင် များကို မွေးမြူဖို့ရန် လိုအပ်ပါသည်။ မုတ်ကောင်ထဲမှ ပုလဲကို ထုတ်ယူရမည်။ ဤမျှ နှင့်မပြီးသေးပါ။ အချောကိုင်ဖို့ အဆင့်ဆင့်လိုသေးသည်။ လယ်ထဲက ၀ှက်ထား သောဘဏ္ဍာနှင့် သဏ္ဍာန်တူလှပါသည်။ ရောင်းချသည့်အဆင့်သို့ ရောက်ရှိလာရန် ခွန်အားများစွာ စိုက်ထုတ်ရပါသည်။ ယေရှုသည် လယ်ကို ၀ယ်ယူပြီးနောက် သူ့ အတွက် ဘဏ္ဍာပြင်ဆင်ဖို့ရန် အစေခံများကို လယ်ထဲသို့အပ်နှံခဲ့ပါသည်။ အလား တူသူ့အတွက် ပုလဲလုံးအသင့်ဖြစ်လာစေရန် အစေခံများ၏လက်ထဲ၌ အပ်နှံခဲ့ပါ သည်။
          ယေရှုက ပုလဲလုံးတစ်ခုကို လက်ထဲတွင်ကိုင်၍ မေတ္တာတရားဖြင့် ၀မ်း မြောက်ပီတီဖြစ်သော မျက်နှာတော်နှင့်ရှုစားကာ “သင့်အတွက် ငါဈေးကြီးကြီးပေး လိုက်ရတာ ငါ့မှာရှိသမျှကုန်လေရော”ဟု မိန့်တော်မူသည်ကို စိတ်ထဲတွင် မြင် ယောင်ကြားယောင်ကြည့်ပါ။ ဤပုလဲဥပမာစကားသည် တစ်ယောက်ချင်းစီနှင့် အမှန်တကယ်သက်ဆိုင်ပါသည်။ အဖွဲ့လိုက် စုပေါင်းခြင်း၊ အုပ်စုလိုက်သဘောမျိုး မဟုတ်ပါ။
          ရှေ့သို့ တစ်လှမ်းတိုးကြည့်ပါ။ ဤအကြောင်းအရာသည် အလွန်အရေး ကြီးပါသည်။ တစ်ယောက်တည်း ရေရွက်ကြည့်ပါ။ “အဲဒီပုလဲဟာ ငါဖြစ်တယ်။ အဲ့ဒီ ပုလဲက ငါပဲ။ င့ါကို ကယ်နုတ်ဖို့ အခြားသူမရှိတဲ့ကြားထဲမှာ ငါ့အတွက် ယေရှု အသေခံသွားပါလား”ဆိုပြီး သင့်အား ကွက်ကွက်ကွင်းကွင်း သဘောပေါက်စေချင် ပါသည်။ ကျွန်ုပ်တို့အများစုသည် တန်ဖိုးမရှိသောစိတ်၊ မစုံလင်သောစိတ်၊ အပယ် ခံသောစိတ်တို့ဖြင့် နပန်းလုံးနေကြပါသည်။ လူဖြစ်ရခြင်းကို ဘုရားသခင် အမှန်တ ကယ် အလိုရှိသလားဟု သံသယ၀င်နေကြပါသည်။ ကျွန်တော်တို့အယောက်တိုင်း သည် ယေရှုက ရှိသမျှအကုန်ခံ၍ ၀ယ်ယူသော ပုလဲတစ်လုံးစီဖြစ်သည်ကို သဘောပေါက်ရှုမြင်တတ်ရန် အရေးကြီးပါသည်။
          လွယ်ကူရှင်းလင်း၍ အလွန်အရေးကြီးသော ဘုရားသခင်၏မေတ္တာတော် လေးပါးအကြောင်း ဝေငှလိုပါသည်။ ပထမ- ဘုရားသခင်၏မေတ္တာတော်သည် တစ်ဦးချင်းနှင့်ဆိုင်သည်။ ဒုတိယ- နိစ္စထာဝရဖြစ်သည်။ တတိယ- ရှေးမဆွကဖြစ် သည်။ စတုတ္ထ- တားဆီး၍မရအောင်ဖြစ်သည်။ ဘုရားသခင်၏မေတ္တာတော်သည် တစ်ဦးချင်းနှင့်ဆိုင်သော ပုဂ္ဂလိကအပိုင်ဖြစ်သည်။ မကုန်မခမ်းနိုင်သော နိစ္စထာဝရ ဖြစ်သည်။ ဘုရားသခင်၏မေတ္တာသည် ရှေးမဆွကပင်ဖြစ်ကာ ဆီးမရတားမရ အောင် လူသားကို ချစ်တော်မူသည်။ ဤအချက်လေးချက်ကို ညွှန်ပြသော ကျမ်း ပိုဒ်များကို လေ့လာကြည့်ကြပါစို့။

ဘုရားသခင်၏ မေတ္တာတော်သည်
တစ်ဦးချင်းအတွက်ဖြစ်၍ နိစ္စထာဝရဖြစ်သည်။
          ထာဝရဘုရားသည် အဝေးကပင် ထင်ရှား၍ (အသစ်မဟုတ်၊ ခေတ် ဟောင်းအတိတိဟောင်းက) မိန့်တော်မူသည်ကား အကယ်စင်စစ် ထာဝရမေတ္တာ နှင့် သင့်ကိုငါချစ်၏ ထို့ကြောင့် ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
(ယေ၊ ၃၁း၃)။

          ဘုရားသခင်၏မေတ္တာတော်သည် ရှေးမဆွကဖြစ်လာခဲ့သည်။ ပုဂ္ဂလိက တစ်ဦးချင်းကို ချစ်တော်မူသည်။ မကုန်မခန်းနိုင်သော နိစ္စထာဝရမေတ္တာတော်ဖြစ် သည်။ သူ၏ချစ်ခြင်းမေတ္တာကြောင့် ကျွန်ုပ်တို့ကို သူ့ထံတော်သို့ ဆွဲခေါ်ခြင်းဖြစ် သည်။

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ရှေးမဆွကပင်ဖြစ်သည်။
        ငါတို့သည် ဘုရားသခင်ရှေ့တော်၌ မေတ္တာတော်အားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက်ရှမည့်အကြောင်း ဤကမ္ဘာမတည်မရှိမှီ ငါတို့ကို ခရစ်တော် ၌(ဘုရားသခင်) ရွေးကောက်တော်မူသည်နှင့်အညီ၊ကောင်းကင်ဘုံနှင့်ဆိုင်သော အရာတို့၌ ခပ်သိမ်းသောဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနား တော်မူသော ငါတို့သည် ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် ချစ်တော် မူသောသားတော်ကြောင့် သားအရာကို ရမည့်အကြောင်း ရှေးမဆွကပင် ခွဲခန့် မှတ်သားတော်မူ၏။
(ဧဖက်၊၁း၃-၅)
ဤကျမ်းပိုဒ်မှ အဓိပ္ပါယ်နှစ်မျိုး ကောက်နုတ်နိုင်ပါသည်။ ဘုရားသခင်ရှေ့ တော်၌ မေတ္တာတော်အားဖြင့် သန့်ရှင်းလျက်၊  အပြစ်ကင်းလျက် သို့မဟုတ် ဘုရား သခင်ရှေ့တော်၌ ဘုရားသခင်တည်ရှိတော်မူသည့်ကာလပတ်လုံး သူ၏ရှေ့တော် ၌ သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်၊ ချစ်တော်မူသောသားတော်ကြောင့် ရှေးမဆွ ကပင် ခွဲခန့်မှတ်သားတော်မူ၏။ သို့သော် မည်သည့်အဓိပ္ပါယ်ကို ကောက်ယူစေ ကာမူ ဘုရားသခင်၏မေတ္တာတော်သည် ရှေးမဆွကပင်ဖြစ်သည့်အကြောင်းမှာ ခိုင် လှုံပါသည်။ ဤကမ္ဘာကို မဖန်ဆင်းမီကတည်းက ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ရွေးကောက်တော်မူပြီး ခွဲခန့်တော်မူခဲ့ပါသည်။ မျက်နှာတော်ကို ထောက်၍ ကိုယ်တော်၏မေတ္တာတော်ကို ခံစားရန် ကျွန်ုပ်တို့၏သက်တမ်းကို ခွဲခန့် တော်မူခဲ့ပါသည်။

ဘုရားသခင်၏မေတ္တာတော်သည် တားဆီး၍မရပါ

ဤအကြောင်းကို (သီ၊၈း၆) ၌ ရိုးရိုးလေး သီကုံးဖွဲ့ဆိုထားပါသည်။ မေတ္တာ သည် သေခြင်းနှင့်အမျှ တန်ဖိုးကြီးပါ၏။ သေခြင်းသည် တားဆီး၍မရပါ။ သေခြင်း ရောက်လာသည့်အခါ နောက်ပြန်လှည့်ခိုင်း၍မရပါ။ ငါသေဖို့ အဆင်သင့်မဖြစ်သေး ဘူး။ ငါလက်မခံနိုင်သေးဘူးဟု ငြင်းဆို၍မရပါ။ မည်သူကမျှ သေခြင်းတရားကို တားဆီးဖို့ တန်ခိုးအာဏာမရှိပါ။ ရှောလမုန်က “မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါသည်ဟု ဆိုပါသည်။ ဓမ္မသစ်ကျမ်းက ခြေတစ်လှမ်းပိုသည်။ ယေရှု သည် သေဆုံး၍ သေခြင်းမှ ထမြောက်သည့်အခါ မေတ္တာသည် သေခြင်းထက်ပို၍ အားသန်ကြောင်း သက်သေပြတော်မူခဲ့ပါသည်။ မဆီးမတားနိုင်သော စင်္ကြ၀ဠာ၏ အနုတ်လက္ခဏာစွမ်းအားကို တားဆီး၍မရနိုင်သော စင်္ကြ၀ဠာ၏အပေါင်းလက္ခဏာ စွမ်းအားက အနိုင်ယူခဲ့သညါ။ ထိုစွမ်းအားကား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ တော်ဖြစ်ပါသည်။ ကျွန်ုပ်ကြားဖူးခဲ့သော အင်္ဂလိပ်ခေတ်ဟောင်းသီချင်းတစ်ပုဒ်က ဤကဲ့သို့ဆိုပါသည်။
တောင်တန်ကြီးပေါ်ဖြစ်လင့်ကစား
ရေအိုင်အောက်မှ ဖြစ်လင့်ကစား
မေတ္တာ၏လမ်းကြောင်း တွေ့ကိုတွေ့လိမ့်မည်။

မေတ္တာသည် သူ၏ရည်မှန်းချက်ကို အောင်မြင်စမြဲဖြစ်သည်။ တားဆီး၍ မရနိုင်ပါ။ အဟန့်အတားကို ဂရုမစိုက်ပါ။ မည်သည့်အခက်အခဲကိုမဆို ဖြတ်သန်း သွားပါလိမ့်မည်။ သူသွားလိုသောခရီးကို ပေါက်ရောက်လိမ့်မည်။ ဘုရားသခင်၏ မေတ္တာသည် အလားတူဖြစ်ပါသည်။
စဉ်းစားကြည့်ပါဦး။ ဘုရားသခင်၏မေတ္တာတော်သည် လူတစ်ဦးချင်းနှင့် သက်ဆိုင်သည်။ ထာဝရဖြစ်သည်။ ရှေးမဆွကဖြစ်သည်။ တားဆီး၍မရနိုင်ပါ။ တစ် ဖန် မိမိကိုယ်ကို ယေရှု၏လက်ဖ၀ါးထဲက ပုလဲလုံးအဖြစ် စိတ်ထဲတွင် မြင်ယောင် ကြည့်ပါ။ ကိုယ်တိုင်ရေရွတ်ကြည့်ပါ။ ကိုယ်တော်၏မေတ္တာသည် ငါ့အတွက်ဖြစ်၍ ထာဝရမေတ္တာဖြစ်သည်။ ရှေးမဆွကထားခဲ့သောမေတ္တာဖြစ်သည်။ ငါမလိုချင်ဘူး ဟု ငြင်းဆန်၍ရသောမေတ္တာမဟုတ်ပါ။ တစ်ဆက်တည်းမှာပင် သတိရပါ။ ထိုပုလဲ လုံး၏တန်ဖိုးမှာ သူ့မှာရှိသမျှအကုန်ဖြစ်သည်။ “ကျေးဇူးတင်ပါတယ် ကိုယ်တော်” ဟု ခံစားချက်အပြည့်ဖြင့် ကျေးဇူးတော်ချီးမွမ်းပါ။
+ + + + + + + + + + + 
ပြုပြင်ပြောင်းလဲသောအသက်တာ
ဒေရက်ပရင့်စ်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့