အသက်တာနှင့် နားလည်သိတတ်မှု



အခန်း (၁၂)
ယေရှု၏ကားတိုင်တော်ကို ကြည့်ကြပါစို့
(တောလည်ရာ၊ ၂၁း၎-၉)
====================================
            “ယေရှု၏ကားတိုင်တော်ကို ကြည့်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ ကျေးဇူး တော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (တောလည်ရာ၊ ၂၁း၎-၉) ဖြစ်ပါသည်။
            ဣသရေလတို့သည် ခါနာန်ပြည်သို့သွားရာလမ်း၌ သဲကန္တာရကိုဖြတ်ကျော်ကြရမည်ဖြစ်သည်။ ထိုသဲကန္တာရကိုဖြတ်နေကြစဉ် သည်းမခံနိုင်ကြဘဲ၊ ပင်ပန်းနွမ်းနယ်ကြသည်။ ထိုလမ်းခရီးကြမ်းတမ်းလှ သည်၊ အစားအစာကို လုံလောက်စွာမရ၊ ရေလည်းငတ်ကြသည်။ ခြေထောက်၌နာကျင်ကိုက်ခဲသော် လည်း ဆက်လျှောက်ရသည်။
            ထို့ကြောင့် ဘုရားသခင်နှင့်မောရှေအား ဆန့်ကျင်လျက် “ဤသဲကန္တာရထဲ၌ သေစေရန် အဘယ်ကြောင့် အဲဂုတ္တုပြည်မှ ခေါ်ဆောင်လာခဲ့သနည်း။” “အဲဂုတ္တုပြည်၌ သင်္ချိုင်းမရှိသလော” “ဤကဲ့ သို့သော နေရာမျိုး၌ရေငတ်ပြီး သေစေရန် အဘယ်ကြောင့် ပြုသနည်း။” စသည်ဖြင့် ပြောဆိုလာကြ သည်။     
            ဘုရားသခင်အား အပြစ်တင်လျက် မြည်တမ်းသောစကားပို၍များပြားလာသောအခါ အဆိပ် ပြင်းသောမြွေတို့သည်နေရာတကားမှ ပေါ်လာကာ လူတို့ကို ကိုက်သတ်ကြသည်။ လူတို့သည် ဝေဒနာခံ စားရင်း သေလုနီးပါးဖြစ်ကြသည်။
            ဘုရားသခင်အား သူတို့ပြစ်မှားသည်ဖြစ်ကြောင်းကို ယခုသူတို့သိလာကြသည်။ ထိုအခါ မော ရှေအား “ဘုရားသခင်နှင့် ကိုယ်တော်ကို ပြစ်မှားပါပြီ။ ဘုရားသခင်၏မြွေများကို ဖယ်ပေးရန် ဆုတောင်း ပေးပါ” ဟု ဆိုလာကြသည်။
            သူတို့ နောင်တရကြသည်ကို မောရှေမြင်သောအခါ လူများအတွက် ဘုရားသခင်ကို ဆုတောင်းပေးသည်။ ဘုရားသခင်သည် မောရှေအား မြွေရုပ်ကိုလုပ်ပြီး တိုင်ပေါ်၌ မြှောက်ထားပါ။ “မြွေ ကိုက်ခံသောသူသည် ၎င်းကိုကြည့်ပါက ချမ်းသာရာရမည်”ဟုဆို၏။ ထို့ကြောင့် မောရှေသည် ကြေးဝါ မြွေရုပ်ကိုလုပ်ပြီး မြွေကိုက်ခံရသောသူတိုင်းကြည့်နိုင်ရန် တိုင်ပေါ်၌ မြှောက်ထားသည်။
            ထို့နောက် သန့်ရှင်းသောဝိညာဉ်တော်သည် အံ့ဩဘွယ်ကောင်းစွာဖြင့် သူတို့ထံသို့ ရောက် လာသည်။ သေလုနီးပါးဝေဒနာခံစားရသော်လည်း ကြေးဝါမြွေရုပ်ကို ကြည့်သောသူတို့အား အနာရောဂါငြိမ်းစေပြီး သူတို့၏အသက်ကို ကယ်တင်သည်။
            မောရှေထားသော မြွေရုပ်သည် ယေရှုကားတိုင်တော်၏ကောင်းမှုကို ပုံဆောင်ခြင်းဖြစ်သည်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းကို ခံရသောအားဖြင့် လူတို့၏အပြစ်ဒုစရိုက်တို့ကို ဖြေရှင်းပေးသောကြောင့် သူ့ကို ယုံကြည်သောသူတိုင်းသည် အပြစ်ဒုစရိုက်များမှ ဆေးကြောခြင်းကို ခံရ သည်။ ယေရှု၏ကားတိုင်တော်နှင့် ကျွန်ုပ်တို့၏ကယ်တင်ခြင်းဆက်စပ်ပုံကို ကျွန်တော်ဟောပြောလိုပါ သည်။ ယနေ့ဟောပြောရမည့်အကြောင်းအရာကို နည်းငါးနည်းဖြင့် ထပ်မံခွဲလိုပါသည်။
            ပထမအနေနှင့် - လက်ဝါးကပ်တိုင်ကို ကြည့်သောအခါ ကျွန်ုပ်တို့၏တဖန်မွေးဖွားခြင်းကို ယုံ ကြည်နိုင်သည်။
            မြွေကိုက်ခံရသော ဣသရေလတို့သည် သဲကန္တာရထဲ၌ သေရမည်ဖြစ်သည်။ ထိုနည်းတူ သေမျိုးဖြစ်သော လူသည် လောကသဲကန္တာရကြီးထဲ၌ မြွေကိုက်ခြင်းခံရသည်။
            လူသည် မည်မျှပင် အဆင့်မြင့်နေပါစေ၊ သေရမည်သာဖြစ်ပါသည်။ ထိုသေမျိုးဖြစ်သောလူကို မည်မျှ ကယ်တင်နိုင်မည်နည်း။
            (ယော၊၃း၁၄)၌ “မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့ လူသားသည်လည်း မြှောက်ထားခြင်းကိုခံရမည်” ဟူ၍ မှတ်တမ်းတင်ထားသည်။
            ဤကျမ်းပိုဒ်အရ - လက်ဝါးကပ်တိုင်ပေါ်၌ မြှောက်ထားခြင်းခံရသောယေရှုကို ယုံကြည်ခြင်း ဖြင့် ကြည့်သောသူတိုင်း ကယ်တင်ခြင်းရနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကျွန်ုပ်တို့၏အပြစ် ဒုစရိုက်များ၊ မကောင်းမှုများ၊ ကျိန်ဆဲခြင်းများနှင့် စိတ်ဓာတ်ကျဆင်းခြင်းတို့ကို သယ်ဆောင်သွားသော ကြောင့်ဖြစ်သည်။ ဒုတိယမွေးခြင်းသည် မဖြစ်နိုင်သောအရာတစ်ခုကဲ့သို့ဖြစ်သော်လည်း လက်ဝါးကပ် တိုင်ပေါ်၌တင်သတ်ခြင်းခံသောယေရှုကို ယုံကြည်ခြင်းဖြင့် သင်သည် ဒုတိယမွေးခြင်းကို ခံနိုင်သည်ဖြစ် ရာ ၎င်းမှာ လွယ်ကူသောအရာတစ်ခုဖြစ်ပါသည်။ ယခုတွင် ထိုသေစေသောအဆိပ်မှ ရောဂါငြိမ်းခြင်းကို ရရှိစေရန်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းကို ခံသောယေရှုအား ကျွန်ုပ်တို့ ကြည့်ရန်ဖြစ် သည်။
            ဒုတိယ - လက်ဝါးကပ်တိုင်ကို ကြည့်ခြင်းအားဖြင့်
နေ့တိုင်ပြုမိသော ဒုစရိုက်အပြစ်များမှ အပြစ်လွှတ်ခြင်းရရှိနိုင်သည်။
            ယေရှုကို ယုံကြည်သောအားဖြင့် ကျွန်ုပ်တို့သည် ဒုတိယမွေးဖွားခြင်းကို ခံရကြသော်လည်း ဤ သဲကန္တာရလောကကြီးထဲ၌ နေရစဉ်တွင် မမြင်နိုင်သောနေရာတို့မှ အပြစ်မြွေတို့သည် ကျွန်ုပ်တို့ကို ခဏခဏတိုက်ခိုက်လာမည်ဖြစ်သည်။ ထိုမြွေတည်းဟူသော အပြစ်သည် ကျွန်ုပ်တို့ကို အလွယ်တကူ ဒေါသထွက်စေနိုင်သည်။ အလွယ်တကူ လိမ်ညာသောစကားကို ပြောစေနိုင်သည်။ စဉ်းစားဆင်ခြင်ခြင်း မဲ့စေသည်။ ကျွန်ုပ်တို့ကို အပြစ်လုပ်စေသည်။ ထိုနည်းအားဖြင့် အချိန်ကုန်သောနေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရန်ပါးစပ်ပင် မဟနိုင်တော့ပါ။ စိတ်ရှည်သည်းခံခြင်းလည်း မရှိတော့ချေ။ ကျွန်ုပ်တို့နှင့်အတူ ဘုရားသခင် မရှိတော့သကဲ့သို့ ခံစားရသည်။
            ယနေ့လူတို့သည် အပြစ်၏အဆိပ်အတောက်ကို မဖယ်ရှားနိုင်ကြဘဲ ပြင်းစွာသောဝေဒနာကို ခံစားနေကြရသည်။ သို့သော်လည်း ယေရှုကို ကြည့်သောသူတိုင်းသည် အနာရောဂါငြိမ်းစေရန် ကြေးဝါ မြွေရုပ်ကဲ့သို့ လက်ဝါးကပ်တိုင်ပေါ်၌ဆွဲထားခြင်းကိုခံသော ယေရှုကိုကြည့်ပါက အနာရောဂါငြိမ်းခြင်းရ မည်ဖြစ်သည်။ သင့်အား အဆိပ်ပြင်းသောမြွေသည် နေ့တိုင်းကိုက်သော်လည်း သင့်ကိုယ်စားသစ်တိုင် ပေါ်မှာ တင်သတ်ခြင်းခံသောယေရှုကိုကြည့်ပါက သင့်အားအနာရောဂါငြိမ်းစေမည်။ ထို့အပြင် သင့်အား စင်ကြယ်စေရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏အနာရောဂါငြိမ်းခြင်းတန်ခိုးသွန်း လောင်းခြင်းကို ခံရမည်ဖြစ်သည်။
            တတိယ - လက်ဝါးကပ်တိုင်ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကို ခိုင်မြဲစေသည်။
            လူသည် မုန့်၊ ရေနှင့် အ၀တ်အစားဖြင့်သာ အသက်မရှင်နိုင်ပါ။ ချစ်ခြင်းမေတ္တာတော်ကို အချင်းချင်းပြောဆိုခြင်းအားဖြင့် အသက်ရှင်ရသည်။ ဒုက္ခရောက်သောသူတစ်စုံတစ်ယောက်၌ မေတ္တာ ပြမည့်သူရှိသည်ဟု စိတ်ချပါက ပုံမှန်အသက်တာ၌ဆက်လက်အသက်ရှင်နေနိုင်သည်။
            ကျွန်ုပ်တို့လောကကြီးထဲသို့ဝင်သည်နှင့်တပြိုင်နက် စိုးရိမ်ပူပန်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ဖမ်းဆုပ်ထားသည်။ ထိုပြဿနာများကို လူသည် မဖြေရှင်းနိုင်သောကြောင့် မိသားစု၌၎င်း၊ စီးပွားရေးလုပ်ငန်း၌၎င်း၊ ဆက်ဆံရေး၌၎င်း၊ ဆုံးရှုံးခြင်းကို ခံရသည်။
            သင်သည် မည်မျှပင် အထီးကျန်နေပါစေ၊ ပင်ပန်းနွမ်းနယ်နေပါစေ၊ လူ၏နှစ်သက်ခြင်းကို ရရန်မရှာပါနှင့်။ လူကိုအမှီပြုပါက သင့်အား ခါးသည်းခြင်း၊ စိတ်ထဲ၌ဟာတာတာဖြစ်ခြင်း၊ ယခင်အတိုင်း ပြဿနာ၏အဖြေကို မရဘဲ ပို၍ဒုက္ခရောက်စေမည်ဖြစ်သည်။ ထို့ကြောင့် အသွေးသွန်းလောင်းသည် အထိ ကျွန်ုပ်တို့ကို ချစ်သော ယေရှု၏ကားတိုင်တော်ကို ကြည့်ခြင်းအားဖြင့် သင်သည် ဘုရားသခင်၏ မေတ္တာတော်ကြောင့် ထာဝရကာလပတ်လုံး အနာရောဂါငြိမ်းနိုင်သည်ဟု ကျွန်တော် အားပေးတိုက် တွန်းလိုပါသည်။
            စတုတ္ထအနေနှင့် -  လက်ဝါးကပ်တိုင်ကို ကြည့်သောအခါ အသက်တာ၌မှန်သော လမ်းစဉ်ကို ကျွန်ုပ်တို့ လိုက်နိုင်သည်။
            ယနေ့တွင် များစွာသော လူတို့သည် မိမိတတ်ကျွမ်းသော ပညာကြောင့် ၀ါကြွားတတ်ကြပါ သည်။ ဘုရားသခင်ရှေ့တော်၌ မိမိ၏လုပ်ဆောင်ချက်များ မှန်ကန်သည်ဟုပြောခြင်းထက်ပို၍ မိုက်မဲ သောအရာမရှိပါ။ အဘယ်ကြောင့်ဆိုသော် လူ၏ဖြောင့်မတ်ခြင်းကို ဘုရားသခင်သည် ဖြောင့်မတ်သည် ဟုမသတ်မှတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ၏ဖြောင့်မတ်ခြင်း တစ်စုံတစ်ခုကိုမျှ အသိ အမှတ်မပြုပါ။ တရားသည့်နည်းတစ်ခုကိုသာ ကျွန်ုပ်တို့သည် ဘုရားသခင်ပြသပါသည်။
            လမ်းတော်အတိုင်းလိုက်သောသူများသာလျှင် သမ္မာတရား၊ အသက်နှင့် လမ်းခရီးဖြစ်သော ယေရှုကို တွေ့နိုင်ကြောင်းကိုသာ ပြသပါသည်။ မည်သည့်နေရာမှလာသည်၊ မည်သည့်အတွက်ကြောင့်  အသက်ရှင်သည်၊ မည်သည့်နေရာသို့သွားမည် စသောသူတို့၏ပြဿနာကို ဖြေရှင်းပေးသည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

သစ္စာစောင့်၍