အလိုတော်နှင့်အညီ အသက်ရှင်ခြင်းအသက်တာ



အလိုတော်ကိုနားလည်စွာအသက်ရှင်ခြင်းသည် ငြိမ်သက်ခြင်းဖြစ်သည်။




ဖိလိပ္ပိ ၄း၆-၇
၆၊ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြု သောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။
၇၊ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။

ယေရမိ ၁၇း၉-၁၀
၉၊ စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
၁၀၊ ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။

မာလခိ ၃း၆
၆၊ ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့် ယာကုပ်အမျိုးသားတို့ သင်တို့သည် ဆုံးရှုံးခြင်းသို့ မရောက်ကြ။

ဆာလံ ၇၃း၂၆
၂၆၊ အကျွန်ုပ်၏အသားနှင့်နှလုံးသည် ပျက်ကြပါ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲခံစားရာအဘို့ဖြစ်တော်မူ၏။

၁ပေ၊ ၅း၆-၇
၆၊ ထိုကြောင့် ကာလအချိန်တန်လျှင်၊ ဘုရားသခင်သည် သင်တို့ကို ချီးမြောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။
၇၊ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့