ဘုရားသခင် စီမံတော်မူသော ဖလှယ်ခြင်း
ဘုရားသခင် စီမံတော်မူသော
ဖလှယ်ခြင်း
= = = = = = = =
ဝမ်းမြောက်ဖွယ်သတင်းကောင်း၏အချုပ်အခြာမှာ
“လက်ဝါးကပ်တိုင်ပေါ်တွင် ယဇ်ကောင်အဖြစ် ယေရှုအသေခံတော်မူခြင်း” တည်းဟူသော အကြောင်းအရာအပေါ်၌
သာ ဗဟိုပြုနေပါသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ဟေဗြဲဩ၀ါဒစာရေးသူ၏ အဆိုမှာ “အကြောင်းမူကား၊
စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တခါတည်း (ယဇ်ကောင်အဖြစ်)
ပူဇော်ခြင်းအားဖြင့် (ယေရှုသည်) ပြုတော်မူ ၏” (ဟေဗြဲ၊ ၁၀း၁၄)။ ဤတွင် “စုံလင်ခြင်း”နှင့်
“ထာဝရ” ဟူသော တန်ခိုးနှင့် ပြည့်စုံသည့် စကားအသုံးအနှုန်းနှစ်ရပ် ပေါင်းစပ်ထားပါသည်။
၎င်းစကားနှစ်ရပ်ကို ပေါင်းစပ်ခြင်းဖြင့် လူ သားမျိုးရိုးစဉ်ဆက် တစ်ခုလုံး၏ အားနည်းမှုတစ်ခုစီ
အကျုံးဝင်စေသော ယဇ်ပူဇော်သက္ကာ ပြုခြင်းတစ်ရပ်ကို ရုပ်လုံးဖော်နေပါသည်။ ၎င်းအပြင် ထိုယဇ်ပူဇော်ခြင်း၏အကျိုးရလဒ်သည်
ထာဝရကာလသို့တိုင် ပျံ့နှံ့လေသည်။
ဤယဇ်ပူဇော်ခြင်းအပေါ် အခြေခံ၍ ဖိလိပ္ပိ၊
၎း၁၉ တွင် ရှင်ပေါလုသည် ဤကဲ့သို့ ရေးသားခဲ့ပါသည်။ “ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌
စံပယ်တော်မူသော စည်းစိမ် ရှိသည်အတိုင်း၊ သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့်
ပြည့်စုံစေတော်မူလိမ့်မည်။” သင်တို့အလိုရှိသမျှဟုဆိုရာတွင် သင်၏အသက်တာတစ်ခုလုံးကို
ခြုံငုံပါသည်။ သင်၏ကိုယ် ခန္ဓာ၊ စိတ်ဝိညာဉ်၊ သြတ္တပ္ပစိတ်နှင့် စိတ်အာရုံတို့အပြင် သင်၏ရုပ်ပစ္စည်းနှင့်ငွေကြေးလိုအပ်
မှုများ ပါဝင်သည်။ ဘုရားသခင် ပြင်ဆင်ပေးတော်မူခြင်းတွင် မပါဝင်နိုင်အောင် မည်သည့် အမှုမျှ
ကြီးလွန်းသည်၊ ငယ်လွန်းသည်ဟူ၍ မရှိပါ။ ဘုရားသခင်သည် ပုထုဇဉ်လူသား၏ လို အပ်ချက်ဟူသမျှနှင့်
ခံစားမှုဟူသမျှတို့ကို တစ်ကြိမ်တည်းဖြင့် ပြီးပြည့်စုံစေတော်မူခဲ့ပါ သည်။
ဘုရားသခင်သည် လူအမျိုးမျိုးတို့၏ ပြဿနာပေါင်းစုံအတွက်
ပြည့်စုံလုံလောက် သောအဖြေကို ကျွန်ုပ်တို့အား ကမ်းလှမ်းတော်မူပါသည်။ ကျွန်ုပ်တို့၏
နောက်ကြောင်းရာဇ ၀င် ကွဲပြားစေကာမူ ဘုရားသခင်၏အဖြေကို လက်ခံရရှိနိုင်အံ့သောငှါ ယေရှု၏လက်ဝါး
ကပ်တိုင်ဟူသော နေရာတစ်ခုတည်းသို့သာ ဦးတည်လျှောက်လှမ်းကြရပါမည်။
ထိုလက်ဝါးကပ်တိုင်တွင် ဖြစ်ပျက်သည့်အကြောင်းအရာကို
ပရောဖက်ဟေရှာယ အားဖြင့် စုံလင်စွာသိရှိရပါသည်။ အမှန်တကယ် မဖြစ်ပျက်ခင် အနှစ် (၇၀၀)
မတိုင်မီကပင် ဟေရှာ၊၅၃း၁၀တွင် အပြစ်ဖြေသောယဇ်ကို ပူဇော်သည့် “ဘုရားသခင်၏ကျွန်” အဖြစ်
ဖော် ပြထားသည်။ ဤအမည်နာမ မဖော်ပြသော “ကျွန်” သည် ယေရှုဖြစ်သည်ဟု ဓမ္မသစ်ရေး သားသူများမှ
တစ်ညီတစ်ညွတ်တည်း မှတ်ယူကြပါသည်။ ကိုယ်တော်၏ယဇ်ကောင်အဖြစ် ပူဇော်သက္ကာပြုခြင်းဖြင့်
ဘုရားသခင်၏ အကြံအစည်ထမြောက်တော်မူခြင်းအကြောင်းကို ဟေရှာ၊၅၃း၆ တွင် ဤကဲ့သို့ ဖော်ပြထားသည်။
ငါတို့ရှိသမျှသည်
သိုးကဲ့သို့လမ်းလွှဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွား ကြသည်ဖြစ်၍၊ ထာဝရဘုရားသည်
ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင် တော်မူ၏။”။
ဤသည်မှာ လူသားတစ်ရပ်လုံးနှင့်သက်ဆိုင်သော ပြဿနာ၏အခြေအမြစ်ဖြစ်
သည်။ ငါတို့ရှိသမျှသည် ကိုယ်လမ်းသို့ အသီးသီးလိုက်ကြ၏။ ကျွန်တော်တို့မကျူးလွန်ကြ ဖူးသော
အပြစ်ဒုစရိုက်များစွာရှိပါသည်။ (ဥပမာ၊ လူသတ်မှု၊ လိင်ဖောက်ပြန်မှု၊ ခိုးမှု စသဖြင့်
…) သို့သော်လည်း ကျွန်တော်တို့အားလုံး ကျူးလွန်သော အမူအရာတစ်ခုမှာ မိမိဆန္ဒ အတိုင်း
သွားလာအသက်ရှင်ခြင်းပင်ဖြစ်ပါသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းသည် ဘုရားသခင် ကို ကျောခိုင်းရာရောက်ပါသည်။
ဟေဗြဲစကားအားဖြင့် ဤအပြုအမူကို “avon”ဟုခေါ်ပြီး အင်္ဂလိပ်ခေတ်ပေါ်စကားလုံး “iniquity=
အပြစ်ဒုစရိုက်” ဟု ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ခေတ်ပေါ်စကားလုံး “rebellion” မှာ အဆီလျော်ဆုံးဖြစ်သည်။
လူကို ပုန်ကန်ခြား နားခြင်းမဟုတ်ဘဲ ဘုရားသခင်ကို ပုန်ကန်ခြားနားခြင်းဖြစ်ပါသည်။
သို့ရာတွင် အင်္ဂလိပ်စကား “iniquity” ဖြစ်ပါစေ၊
“rebellion” ဖြစ်စေ ဟေဗြဲစကား လုံး “avon” ၏ဆိုလိုရင်းအဓိပ္ပါယ် အပြည့်အစုံကို မဖော်ပြနိုင်ပါ။
ကျမ်းစာစကားအရ “avon”သည် ဒုစရိုက်ပြုလုပ်ခြင်း အဓိပ္ပါယ်ဖော်ရုံမျှသာမဟုတ်ဘဲ အပြစ်ဒုစရိုက်ပြုလုပ်ခြင်း
၏ အပြစ်ဒဏ်က သို့မဟုတ် ထိုအပြစ်ဒုစရိုက်၏မကောင်းဆိုးဝါးနောက်ဆက်တွဲများကို ဆို လိုပါသည်။
ဥပမာ ကမ္ဘာဦးကျမ်း ၄း၁၃ တွင် သူ့ညီကို သတ်ဖြတ်မှုကြောင့် ဘုရားသခင်သည် ကာဣနအား
ပြစ်ဒဏ်ချမှတ်ပြီးနောက် ကာဣနက “အကျွန်ုပ်အပြစ်သည် မဖြေနိုင်အောင် ကြီးပါသလား”ဟု ဆိုလေသည်။
ဤတွင် “avon”ကို အပြစ်ဟု ဘာသာပြန်ဆိုထားပါသည်။ ဤ “avon”တွင် စကားလုံးတစ်လုံးတည်းဖြင့်
ကာဣန ကျူးလွန်သော အပြစ်ဒုစရိုက်နှင့် အပြစ်ဒဏ်ကိုပါ ခြုံငုံလေသည်။
အပြစ်ဖြေလွှတ်သောနေ့၌ အပြစ်ဖြေရာယဇ်ကောင်နှင့်
ပတ်သက်၍ ၀တ်ပြုရာ ၁၆း၂၂ တွင် “သူတို့အပြစ်ရှိသမျှကို လူမနေသောအရပ်သို့ ဆောင်သွားသော
ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်”ဟု ထာဝရဘုရားမိန့်တော်မူသည်။ ထိုဆိတ်သည် ဣသရေလ လူမျိုးတို့၏
အပြစ်ဒုစရိုက်ကိုသာ ယူဆောင်ခြင်းမဟုတ်ဘဲ အပြစ်ဒုစရိုက်၏ အကျိုးဆက် အားလုံးကိုလည်း ယူဆောင်သွားခြင်းဖြစ်သည်။
ယေရမိမြည်တမ်းစကားအခန်း(၄)တွင် အလားတူ
အဓိပ္ပါယ်ဖော်ဆောင်သော “avon”စကားလုံးနှစ်ကြိမ်ရှိသည်။ အပိုဒ်(၆)တွင် ဘာသာပြန်ထားပုံမှာ
“အဘယ်သူမျှအား မထုတ်ဘဲ ချက်ချင်းပျက်စီးခြင်းသို့ရောက်သော၊ သောဒုံမြို့ခံရသော အပြစ်ဒဏ်ထက်၊
ငါ၏ လူမျိုးသတို့သမီးခံရသော အပြစ်ဒဏ်သည် သာ၍ကြီး၏။” တစ်ဖန် အပိုဒ်(၂၂) တွင် “အို ဇိအုန်သတို့သမီး၊
သင်ခံထိုက်သောအပြစ်ဒဏ် ကုန်ပြီ”။ ဤအမှုအရာ တစ်ခုစီတွင် “avon” စကားလုံးတစ်လုံးတည်းကို
“အပြစ် ဒုစရိုက်၏အပြစ်ဒဏ်”ဟူသော စာပိုဒ်အပြည့်အစုံဖြင့် ဘာသာပြန်ဆိုထားပါသည်။ ထပ်မံဖော်ပြရလျှင်
ဟေဗြဲစကား “avon” တစ်လုံးတည်း၏ အဓိပ္ပါယ်အပြည့်အစုံမှာ “အပြစ်ဒုစရိုက်”သာမဟုတ်ဘဲ အပြစ်ဒုစရိုက်ကြောင့်
ဘုရားသခင် ချမှတ်တော်မူသော နောက်ဆက်တွဲ အကျိုးနည်းဆိုးညစ်မှုအားလုံးလည်း ပါဝင်လေသည်။
ဤအကြောင်းအရာသည် လက်ဝါးကပ်တိုင်ပေါ်တွင်
ယေရှု၏ယဇ်ပူဇော်ခံခြင်း၌ အကျုံးဝင်သည်။ ယေရှုကိုယ်တိုင် မည်သည့်အပြစ်ကိုမျှ မကျူးလွန်ပါ။
ဟေရှာ၊ ၅၃း၉တွင် ထိုပရောဖက်၏အဆိုမှာ “ပြစ်မှားခြင်းကိုမပြု၊ သူ၏နှုတ်၌မုသာမရှိ” အပိုဒ်(၆)
တွင်မူ၊ “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို (avon) သူ့အပေါ်၌ တင်တော်မူ ၏”
ယေရှုသည် ကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များနှင့် ထပ်တူထပ်မျှဖြစ်ရုံသာမဟုတ်ပါ။ ကိုယ် တော်သည်
ထိုဒုစရိုက်အပြစ်၏ ဆိုးယုတ်သောအကျိုးဆက်ဟူသမျှတို့ကိုလည်း ခုခံတော်မူ သည်။ ကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များကို
မိမိတို့အပေါ်ပြန်လည်မကျရောက်နိုင်အောင်၊ အပြစ်ဖြေရာဆိတ်ပမာ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်များကို
ယူဆောင်သွားလေ သည်။
ဤအကြောင်းအရာသည် လက်ဝါးကပ်တိုင်၏ စစ်မှန်သော
အဓိပ္ပါယ်နှင့် အကြံ အစည်ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ဘုရားသခင် ဘိသိတ်ပေးတော်မူသော
ဖလှယ်ခြင်းတစ်ရပ်ဖြစ်ပေါ်လေသည်။ ပထမတွင်၊ ကျွန်ုပ်တို့ ကျူးလွန်သော ဒုစရိုက်အပြစ် အတွက်
ဘုရားသခင် တရားစီရင်တော်မူရာမှ ဖြစ်ပေါ်လာသည့်ဆိုးယုတ်သော အကျိုး ဆက်ဟူသမျှကို ကျွန်ုပ်တို့ကိုယ်စား
ယေရှုသည် ခံတော်မူလေပြီ။ တစ်ဖန်၊ အလဲအလှယ်ပြု ကာ ဘုရားသခင်သည် အပြစ်မဲ့သော ယေရှု၏နာခံမှုမှ
ရရှိလာသည့် ကောင်းကျိုးဟူသမျှ ကို ကျွန်ုပ်တို့အား ပေးသနားတော်မူပါသည်။
ကျွန်ုပ်တို့အပေါ် ကျရောက်လာမည့် အကျိုးနည်းမှု၊
ဆိုးယုတ်မှုများသည် ယေရှု အပေါ်သို့ ကျရောက်ခြင်းအားဖြင့် ယေရှု၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့အား
ပေးအပ်ရန် ဖြစ်ပါသည်။ ဘုရားသခင်သည် သူ၏ထာဝရမျှတခြင်းကို အလျှော့ပေးခြင်းမရှိဘဲ ခရစ်
တော်၏ကောင်းမြတ်ခြင်းကို ကျွန်ုပ်တို့အား ပေးနိုင်စွမ်းရှိတော်မူပါသည်။ အဘယ်ကြောင့်
ဆိုသော် ကျွန်ုပ်တို့ ကျူးလွန်ခဲ့သော ဒုစရိုက်အပြစ်အတွက် တရားသဖြင့် ချမှတ်သည့် အပြစ်ဒဏ်ကို
ကျွန်ုပ်တို့ကိုယ်စား ယေရှုခံတော်မူပြီး ဖြစ်သောကြောင့်တည်း။
ဤအမှုအရာအားလုံးသည် တိုင်းတာ၍မရသော ဘုရားသခင်၏ကျေးဇူးတော်
ကြောင့်သာ ပေါ်ထွက်လာခြင်းဖြစ်ရာ ယုံကြညည်ခြင်းတစ်ခုတည်းဖြင့် ရယူနိုင်ပါသည်။ ကျွန်ုပ်တို့
တစ်စုံတစ်ယောက်မျှ ဤကျေးဇူးတော်ကို ရထိုက်ရန် မစွမ်းဆောင်နိုင်ပါ။
သမ္မာကျမ်းသည် ဖလှယ်ခြင်းအသွင်အပြင်အမျိုးမျိုးနှင့်အသုံးဝင်သည့်
နယ်ပယ် အမျိုးမျိုးတို့ကို ဖော်ပြပါသည်။ အချင်းအရာတစ်ခုစီတွင် မည်သို့ဖြစ်စေကာမူ၊ တူညီသော
အခြေခံမူသည် ဤကောင်းမြတ်ခြင်းကိုသာ ဆောင်နေသည်။ ဆိုးရွားသော အမှုသည် ယေရှုအပေါ် ကျရောက်ခြင်းကြောင့်ဖြစ်ပေါ်လာသော ကောင်းမြတ်ခြင်းကို
ကျွန်ုပ်တို့ လက်ခံ ယူရန်အကြောင်း ဖြစ်စေလေသည်။
ဖလှယ်ခြင်းအသွင်အပြင် ပထမနှစ်ရပ်ကို ဟေရှာယ၊၅၃း၎-၅
တွင် ဤကဲ့သို့ဖော် ပြထားပါသည်။
ထိုသူသည်
ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ (အနာ ရောဂါနှင့်စိတ်ဝေဒနာခံစားခြင်း၊
ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင် ဆုံးမ၍နှိမ့်ချ တော်မူခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု
ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာ
ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံလေ၏။ ငါတို့၏ ငြိမ် သက်ချမ်းသာခြင်းကို ဖြစ်စေသော ဆုံးမခြင်း(ဒဏ်ခတ်ခြင်း)သည်
သူ့အပေါ်သို့ရောက်၍ သူခံရသောဒဏ်ချက်(ဒဏ်ရာများ)အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။
ဤနေရာတွင် တစ်ချက်မှာ ၀ိညာဉ်ရေးနှင့်သက်ဆိုင်၍ အခြားတစ်ချက်မှာ
ကိုယ် ကာယနှင့်သက်ဆိုင်သည်။ ၀ိညာဉ်ရေးဖက်တွင် ကျွန်ုပ်တို့လွန်ကျူးသောအပြစ်များအတွက်
ခံထိုက်သောပြစ်ဒဏ်ကို ယေရှုခုခံပေးခြင်း၏အကျိုးအာနိသင်ကြောင့် ကျွန်ုပ်တို့အပြစ်များ
ကို ဖြေလွှတ်ခြင်းခံ၍ ဘုရားသခင်နှင့် သင့်မြတ်နိုင်ရန်ဖြစ်သည် (ရော၊၅း၁ကိုကြည့်ရန်)။
ကိုယ်ကာယဘက်တွင်မူ ယေရှုသည် ကျွန်ုပ်တို့၏အနာ ရောဂါဝေဒနာများကို ယူတင် ဆောင်ရွက်ခြင်းဖြင့်
ကိုယ်တော်ခံရသော ဒဏ်ရာဒဏ်ချက်များကြောင့် ကျွန်ုပ်တို့သည် အနာရောဂါငြိမ်းရမည့်အကြောင်းဖြစ်လာသည်။
ကိုယ်ကာယပိုင်းဖလှယ်ခြင်း အကျုံးဝင်သည့်အကြောင်းကို
ဓမ္မသစ်ကျမ်းတွင် ကျမ်းပိုဒ်နှစ်ပိုဒ်မှ အတည်ပြုသည်။ ရှင်မဿဲ၊၈း၁၆-၁၇ သည် ဟေရှာယ၊ ၅၃း၎ကို
ရည်ညွှန်းခြင်းဖြစ်ပြီး ယေရှုသည် “ကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်
လေသည်”ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကားပြည့်စုံခြင်းကို မှတ်တမ်းတင်ခြင်း ဖြစ်သည်။ ဟေရှာယပြောသောစကားဟူမူကား၊
-
“ထိုသူသည်
ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။”
တဖန်၊ ၁ပေ၊၂း၂၄ တွင် တမန်တော်ရှင်ပေတရုက
ဟေရှာယ၊ ၅၃း၅-၆ ကို ရည် ညွှန်းခြင်းဖြစ်ပြီး ယေရှုအကြောင်းရေးထားပုံမှာ -
“ငါတို့သည်
အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကို
ကိုယ်တော်တိုင် သစ်တိုင်ပေါ်မှာ ခံတော် မူပြီ၊ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏။”
အထက်တွင် ဖော်ပြသောအဆိုးအကောင်းနှစ်ရပ် ဖလှယ်ခြင်းအကြောင်းကို
အောက်ပါအတိုင်းပေါင်းစပ်နိုင်ပါသည်။
ကျွန်ုပ်တို့၏ အပြစ်ဖြေလွှတ်နိုင်အံ့သောငှါ
ယေရှုသည် ဒဏ်ခတ်တေယ်မူုခြင်းခံရ ၏။
ကျွန်ုပ်တို့၏ အနာရောဂါငြိမ်းနိုင်အံ့သောငှါ
ယေရှုသည် ဒဏ်ရာဒဏ်ချက်ခံတော်မူ ၏။
ဖလှယ်ခြင်း၏တတိယအသွင်အပြင်တစ်ခုကို ဟေရှာယက
၅၃း၁၀ တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။ ထာဝရဘုရားသည် ယေရှု၏အသက်ကို အပြစ်ဖြေသောယဇ်ဖြစ်စေ
တော်မူသည်။ ဤအကြောင်းအရာကို မောရှေခေတ်က အပြစ်ဖြေသော ယဇ်ပူဇော်ခြင်းပုံစံ အမျိုးမျိုးကို
ပြန်လည်သတိရခြင်းအားဖြင့် နားလည်ရပါမည်။ အပြစ်ကျူးလွန်သူသည် သူ့ ယဇ်ကောင်အတွက် ယဇ်ပုရောဟိတ်ထံသို့
သိုးဖြစ်စေ၊ ဆိတ်ဖြစ်စေ၊ နွားဖြစ်စေ၊ အပြစ် ကင်းသောအခြားအကောင်တစ်ကောင်ကောင်ကို ယူလာရန်
လိုအပ်ပါသည်။ ထိုသူသည် ယဇ်ကောင်အပေါ်တွင် သူကျူးလွန်ခဲ့သော ဒုစရိုင်အပြစ်ကို ၀န်ခံ၍
ယဇ်ပုရောဟိတ်သည် တဖန် ထိုသူဝန်ခံသောအပြစ်ကို လူမှ တိရစ္ဆာန်သို့ လွှဲပြောင်းလက္ခဏာပြုပါသည်။
တဖန် ထိုတိရစ္ဆာန်ကို သတ်ပါလိမ့်မည်။ ဤကဲ့သို့ ပြုလုပ်ခြင်းအားဖြင့် ထိုတိရစ္ဆာန်သည်
အပြစ် ကျူလွန်သူ၏ကိုယ်စားအပြစ်ဒဏ်ခံသည်သို့မဟုတ် အပြစ်ကျူးလွန်သူ ခံရမည့်အပြစ်ဒဏ် သည်
ထိုယဇ်ကောင် အပေါ်သို့ လွှဲပြောင်းပြီးပြီဟု သဘောထားပါသည်။
+ + + + + +
ဆက်လက်ဖော်ပြသွားပါမည်။
+ + + + +
မှတ်ချက်=
အသက်တာပြောင်းလဲစေသော
ဝိညာဉ်ရေးရာ တန်ခိုတော်
(DerekPrince) မှ ကောက်နုတ်ဖော်ပြပါသည်
Comments